ညက တိတ်ဆိတ်ညိမ်သက်လို့
အလွမ်းတချို့က ဆူညံ
ချောင်းဟန့်သံတွေကြားက
တိတ်တဆိတ်ယိုကျ
အိပ်ရမှာတောင်
နှမျောတယ်။
ကဗျာတွေထဲကလွမ်း
အိပ်မက်မက်တဲ့အခန်းတောင်
အလွမ်းတွေလျှံကျ
ကိုယ့်ညတွေ အလွမ်းတွေခခဲ့တယ်။
မလွမ်းနဲ့လို့ အမိန့်ပေး
ကိုယ့်အိပ်ရာဝင်တေးတွေမချိုမြလို့
ကိုယ်ငိုချမိလိမ့်မယ်။
ဒီတည လွမ်း
နောက်တညလဲ
အလွမ်းတွေနဲ့
ဆက်နမ်းဖြစ်လိမ့်မယ်။
အလွမ်းတွေကိုမှ
မတွယ်တာရင်
ကြင်နာသူကို
ဖယ်ခွာသလိုဖြစ်နေမှာပေါ့
အလွမ်းတွေကိုပိုက်ထွေး
ကြင်နာသူကို
စိုက်ငေးနေချင်တယ်။
ကိုယ့်အလွမ်းည
တညအတွက်
ကြင်နာသူရဲ့အိပ်မက်ထဲ
ကိုယ့်အရိပ်တွေ
ရစ်ဝဲခွင့်ပြုပါ။
ကြင်နာသူအိပ်မက်
အလွမ်းတွေနဲ့
လတ်ဆတ်ပါစေ။
ကျမ၏ကဗျာဆရာ

11 comments:
ဟုတ်တယ် အစ်မရေ... တချို့ ညတွေဆိုရင် တော်တော်လေး လွမ်းဖို့ ကောင်းတယ်... ကဗျာလေး ခံစားအားပေးသွားပါတယ် အစ်မ...
မလွမ်းရဲရဲ
လွမ်းနေဆဲပါ
ချစ်သူမဲ့သော..ညကမ္ဘာ
မိုးငွေ့နှင့်အတူဘာမှန်းမသိလွမ်းသွားပြီ..
လိမ်မော်သီးတ၀တပြဲထိုင်စားခဲ့သော နေ့ရက်များကို
လွမ်းနေရင်းးး)
ဟုတ်တာပေါ့မိုးငွေ့ရေ------------
(အလွမ်းတွေကိုမှ
မတွယ်တာရင်
ကြင်နာသူကို
အဲလိုဖြစ်မှာစိုးလို့ဂျက်က အလွမ်းကဗျာတွေအမြဲရေးတာလေ
အော်... ဒီကဗျာလေးဖတ်ပြီး
မိုးငွေ့ကိုအလွမ်းတောကနေ
ဆွဲမထုတ်ရက်တော့ပါဘူးကွယ်။
ကျေနပ်တဲ့အထိလွမ်းပေအုံးတော့မိုးငွေ့ရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တဲ့လား....။ရေခဲရိုက်ထားဖို့ အဲ့ကဗျာဆြာကို အကြံပေး
ပါရစေနော်....မမိုး....:D
အလွမ်းတွေကိုမှ
မတွယ်တာရင်
ကြင်နာသူကို
ကြင်နာသူကို
စိုက်ငေးနေချင်တယ်။
ကောင်းလိုက်တဲ့ စာသားတွေ မမရယ်
မမကဗျာဆရာက မမကို သိပ်လွမ်းနေပုံပဲ :D
ကဗျာလေးက ကောင်းလိုက်တာအမရယ်..
အလွမ်းတွေကို
ပိုက်ထွေးရင်း
ကြင်နာသူကို
စိုက်ငေးနေချင်တယ်..
ကဗျာလေး တကယ်ကောင်းတယ်ဂျ..
လသာညတွေမှာတော့ ဘာရယ်မသိ လွမ်းဆွေးတတ်တယ်။ ကဗျာလေးကို ဖတ်သွားတယ် မိုးငွေ့ရေ..း)
(ကျွန်မ၏ကဗျာဆရာမှ)ဆိုလို့ သဘောကျသွားတယ်။
ခင်မင်လျက်
မြတ်
အလွမ်းတွေကို ဖတ်ရင်းနဲ့ ကိုယ်တောင် လွမ်းချင်လာသလိုလို..း))
ခင်မင်လျက်
နေ၀သန်
Post a Comment