Monday, 9 January 2012

တစ်နေ့တာ...(ပစ်ပစ်လေးရဲ့ တဂ်ပို့စ်)

ဟုတ်ပါ့ ပစ်ပစ်ရေ....2012 ရဲ့ ပထမဆုံး tag post လေးပါပဲ..... အိပ်ယာကနိုးနိုးချင်းအရင်ဆုံးဘာလုပ်သလဲ နှိုးစက်ထမြည်တဲ့ မနက်ရှစ်နာရီနိုးနိုးချင်း ဆေးသောက်တယ်..... မနက်စာကို ဘယ်လိုအစားအစာ စားရတာကြိုက်ပါသလဲ ဘိတ်မုန့်ဟင်းခါးနဲ့ ထမင်းနဲ့စားရတာကြိုက်တယ်...ဒါမှမဟုတ် လက်ဖက်ရည်နဲ့ အီကြာကွေး.... လောလောဆယ်နေ့တိုင်းစားဖြစ်နေတဲ့ မနက်စာ... ထမင်းကြမ်းနဲ့ဟင်း...... နေ့လည်စာကို ဘယ်လိုနေရာမျိုးမှာစားရတာကြိုက်ပါသလဲ ဖြစ်နိုင်ရင်အိမ်မှာပေါ့.... အလုပ်သွားတော့ရုံးမှာချက်စားကြတယ်.... အခုလက်ရှိအစားချင်ဆုံးဟင်းကိုပြောပြပါ ရှမ်းဝက်လက်အေးဟင်းနဲ့ ကောက်ညှင်းပေါင်းပူပူလေး.... အလုပ်မှာကော်ဖီ ဘယ်နှစ်ခွက် သောက်ပါသလဲ မိုးငွေ့ကြိုက်တဲ့ ကော်ဖီခါးခါးတခွက်....(မသောက်ဖြစ်တာများပါတယ်) ညနေစာကိုဘယ်မှာစားတတ်ပါလဲ အိမ်မှာပဲအစားများပါတယ် တခါတလေတရုတ်တန်းက ဆူရှီဝယ်စားတယ်..... ညနေစာစားရင်းနဲ့ အများဆုံးစဉ်းစားဖြစ်တတ်တဲ့ အကြောင်းအရာ ဒီညအင်တာနက်လိုင်းကောင်းပါ့မလား ဘာစာရေးရင်ကောင်းမလဲ ဆိုတာပါ အလုပ်ဆင်းတဲ့အချိန်မှာခံစားချက်.. ပထမဆုံးခံစားမိတာက တနေ့တော့ပြီးသွားပြီဆိုတာပါ ဒုတိယခံစားမိတာက ပင်ပန်းတယ်ဆိုတာပါ တတိယခံစားမိတာက ဘဝရဲ့အလုပ် လုပ်ရမဲ့နေ့ရက်တွေကထဲက တရက်တော့လျော့သွားပြီလို့ (ပစ်ပစ်နဲ့တူတူပဲ) အိမ်ပြန်ရောက်ရောက်ချင်းဘာအရင်လုပ်တတ်သလဲ လွယ်အိတ်ကိုခုံပေါ်ပစ်တင်ပြီး ညနေစာဘာချက်လဲလို့ နောက်ဖေးပြေးပြီး အုပ်ဆောင်းအရင်ဆုံးဖွင့်ကြည့်တယ်....။ အိမ်ကချက်တဲ့ဟင်းဆို ငရုတ်သီးထောင်းနဲ့ပဲဖြစ်ဖြစ် ကြက်ဥကြော်နဲ့ပဲဖြစ်ဖြစ်စားမြိန်တယ်.... ဒုတိယလုပ်မိတာလေး.. နက်ဖြန်ရုံးတက်ရင်ဝတ်ဖို့ ၀တ်စုံကိုမီးပူတိုက်တယ်..... ညမအိပ်ခင်ကော်ဖီသောက်တတ်ပါသလား.. သောက်တတ်တယ်တခါတလေမှပါ....အရမ်းသောက်ချင်တဲ့အခါမျိုးမှ ပုံမှန်တော့ နို့တစ်ခွက်အမြဲသောက်တယ်... ညအိပ်ယာထဲဝင်ဝင်ခြင်းအချိန်ဘာအရင်ဆုံးလုပ်ပါသလဲ... ကိုယ့်ရဲ့ Mp4 နားထဲထည့် သီချင်းလေးနဲ့အိပ်စက်တယ်.. အိပ်မပျော်တဲ့ညတွေမှာ ဘာလုပ်သလဲ သီချင်းပဲနားထောင်ဖြစ်တယ် ....တခါတလေ ခေါက်ဆွဲပြုတ်ထသောက်တယ် စာရေးဖြစ်တယ်ဒါပါပဲ...။ တအားစိတ်ဓါတ်ကျလာတဲ့အခါမျိုး စိတ်အားငယ်တဲ့အခါမျိုးတွေမှာ ဘာလုပ်တတ်သလဲ ငိုပလိုက်တယ်.... အစားတွေအများကြီးစားပလိုက်တယ်....ဟင်းတွေချက်တယ်......ရှော့ပင်တွေထွက်ပလိုက်တယ် အပြင်သွားတဲ့အခါ အမြဲတမ်းသတိထားပြီးယူတတ်တဲ့ပစ္စည်း အိမ်သော့...ဖုန်း...ပိုက်ဆံအိတ်...နေကာမျက်မှန် မိသားစုဝင်တွေထဲမှာ အချစ်ရဆုံးသောလူ ကိုယ့်ကိုယ်ကို အချစ်ဆုံး ပြီးမှအမေကိုချစ်တယ်.....။ တော်တော်အသက်ကြီးတဲ့အထိတစ်ဦးတည်းသောသမီးဖြစ်ချင်ခဲ့တယ်...။ သူစိမ်းတွေအထဲမှာ မိမိအယုံကြည်ရဆုံးသူ မရှိသေးဘူးခုထိ... အလုပ်ထဲမှာကိုယ်အခင်ဆုံးသူ အားလုံးကိုခင်ပါတယ်....... ကိုယ်မှာရှိတဲ့ပစ္စည်းတွေထဲကအကြိုက်ဆုံးပစ္စည်းလေးတခု.. ကြိုက်တာတွေက သိပ်များနေတယ်ကွယ်.... လက်ဆောင်ရထားတဲ့အထဲကအကြိုက်ဆုံးပစ္စည်းလေးတခု သော့ချိတ်ကလေးတစ်ခုပါ ခုထိတော့ လက်ထဲမရောက်သေးဘူး အဲဒီလက်ဆောင်လေးက.... ကိုယ့်ပတ်သက်ဖူးတဲ့သူတွေထဲမှာကိုယ့်ကို နားလည်ခွင့်လွှတ်ပေးနိုင်ဆုံးသူ ကိုယ့်ရဲ့ချစ်သူ...ထင်တာပဲ ....(ဘယ်တစ်ယောက်လဲမသိဘူး မေးကြည့်ဦးမယ် ကိုကြီးအောင်သာငယ် ညီမပီသအောင်လို့ပါ) အခုလောလောဆယ်အဖြစ်ချင်ဆုံးဆန္ဒ ကိုယ့်မွေးနေ့မတိုင်ခင် ကိတ်မုန့်လှလှလေးတစ်လုံးလောက်လုပ်တတ်ချင်တယ်(ခုထိသင်တန်းမတက်ရသေး) .... ကဲ ဂျယ်လီပစ်ပစ်လေးရေ.... သာမီးတဂ်လိုက်တဲ့ တစ်နေ့တာကို မမရေးပေးလိုက်ပီနော်.....။ ကျေနပ်အားရလိမ့်မယ်လို့ ယုံကြည်ပါတယ်.....။ တခြားဘလော့ဂါတွေကိုဆက်မတဂ်တော့ပါဘူး ကျမတဂ်ရင် မအောင်မြင်တတ်လို့ပါ... ဟ ဟ ကိုယ့်အရည်ချင်းကိုယ်သိနေတယ်.....။ မေတ္တာအားဖြင့် မိုးငွေ့

13 comments:

Anonymous said...

စိတ်ညစ်ရင်ငိုးရင်းမုန့်စားတယ်
ကိုရီးယား စတိုင်လေ ဟိဟိ

အင်ကြင်းသန့် said...

အိမ်ပြန်ရောက်ရင် ဒုတိယလုပ်မိတာလေးက နက်ဖြန်ရုံးတက်ရင်ဝတ်ဖို့ ၀တ်စုံကိုမီးပူတိုက်တယ် ဆိုတာလေး တူနေတယ်။ :)

မဒမ်ကိုး said...

ဝက်လက်အေး ဆိုတာဘယ်လိုဟာလဲ မမိုးရေ
စားကြည့်ချင်တယ် ..

ချစ်တဲ့

မဒိုးကန်

ညီလင်းသစ် said...

စိတ်ဓါတ်ကျနေတဲ့ အခါမျိုးမှာ အစားတွေ အများကြီး စားတယ်ဆိုတာ တကယ်လုပ်သင့် တယ်ဗျ၊ ဟုတ်တယ်၊ အထူးသဖြင့် အချိုပါတဲ့၊ မဂ်နီဆီယမ် ပါတဲ့ အစားအစား တွေက စိတ်ကို ပြန်ပြီး ရွှင်မြူး၊ တက်ကြွစေတယ်..၊း)

စံပယ်ချို said...

စိတ်ညစ်ရင်ဘာတဲ့ မုန့်စားတယ်လား
အဲတာအကောင်းဆုံးပဲ
ဗိုက်လဲဝတယ်

ဘိုဖြူ said...

တစ်နေ့တာလေးစိတ်ဝင်တစားဖတ်ခဲ့ပါတယ်
စိတ်ညစ်ရင်ငိုးရင်းမုန့်စားတယ်-----
အဲတာကောင်းတဲ့အလေ့အထပါဗျာ

ညိမ်းနိုင် said...

ဝက်လက်အေး...ဟုတ်လား......ဝက်ဆိုတဲ့အသံကြားတာ
နဲ့ တုန်တောင်တက်လာတယ်....။စားလိုက်ရမှ ငြိမ်သွား
မှာ....:) ဒီတော့ ညန်မာပြည်အလည်ပြန်လာရင် ဧည့်သည်
လာလုပ်ဦးမယ်...ရမား....:)))

Angelhlaing(May everybody be happy and healthy! said...

ကိုရီယားမင်းသမီးလေးနဲ့တူတယ် စိတ်ညစ်ရင် ပိုစားတယ်ဆိုတော့.....ကျန်မာရေးနဲ့ ညီညွတ်တယ်မမေ၇....:):)

...အလင်းစက်များ said...

ပစ်ပစ်တို့  ရိုက်ချက် ကမ္ဘာပွက်လေတယ်။ ဟီးဟီး

ညီရဲသစ် said...

ဟုတ်ပ အစ်မ ပြောမှ သတိထားမိတယ် လူဆိုတာ ကိုယ့်ကိုယ်ကို အချစ်ဆုံး ဆိုတာကို...

အလင်းသစ် said...

မနက်စာကို မုန့်ဟင်းခါးကြိုက်တာနဲ့ လ္ဘက်ရည်နဲ့အီကြာကွေး ကြိုက်တာ တူနေပါရောလား...ဟေဟေ့

blackroze said...

မကြီးစားချင်တဲ့ မနက်စာလေး
ဖတ်လိုက်ရတော့
သူများတောင် အီကြာကွေးနဲ့လဘက်ရည်
သောက်ချင်လာပြီ
မနက်ဖန်ဈေးသွားဝယ်ပေးရင်းနဲ့
မြန်မာတန်းကနေ အီကြာကွေးနဲ့လဘက်ရည်
ဝယ်စားမယ်..
ဝက်လက်အေးဆိုတာခါမှမစားဘူးသေးဘူး
ဘယ်လိုမျိုးလဲမကြီး...

San San Htun said...

ဝက်လက်အေးဆိုတာ ဘယ်လိုတုန်း..လင်းစမ်းပါဦး..