Showing posts with label မိုးငွေ့နှင့်အတူ. Show all posts
Showing posts with label မိုးငွေ့နှင့်အတူ. Show all posts

Wednesday, 27 May 2026

အနားမှာ လိပ်ပြာလေးရောက်မလာတော့တဲ့အခါ....





ခုရက်ပိုင်း စိတ်ပျော်မနေဘူး.....။ ဝမ်းနည်းသလိုလို ဘာလိုလိုတွေဖြစ် တခါတလေ မျက်ရည်တွေ ပိုးပိုပေါက်ပေါက်ကျတဲ့အထိငိုသေး ကျန်းမာရေးကြောင့်လည်းပါတယ်..။ ခြေလက်တွေ အိပ်ရာထလာရင် ထုံကျင်လာတယ် လက်ချောင်းတွေကို သွေးပူလေ့ကျင့်ခန်းလုပ်ပေးရတယ် ညမအိပ်ခင် အကြောဆန့်တဲ့လေ့ကျင့်ခန်းလုပ်ရတယ်...။ မနက်စောစောထပြီး တရားထိုင်တာမျိုးလုပ်ဖို့ စဉ်းစားထားတာ ခုထိ အိပ်ရာမထနိုင်သေးဘူး ညအိပ်တာ နောက်ကျတော့ လူကမလန်းဘူး...။ အရွယ်က Menopause ထဲရောက်နေတာဆိုတော့ နောက်ထပ် ဘယ်နှစ်နှစ်ထိ ခံစားရဦးမယ်မသိ...။ စိတ်ပျော်ဖို့ ထူးထူးဆန်းဆန်း မနေ့က တစ်ရက် သီချင်းနားမထောင်ဖြစ်ဘူး ပုံမှန်ဆို ကျနော် နေ့တိုင်းလိုလို သီချင်းနားထောင်ဖြစ်တယ်...။ တခါတခါကျ နားထောင်ရင်း ငြီးငွေ့လာသလိုခံစားရတယ် အသံတွေ နားငြီးလာတယ်....။ ညနေပိုင်းလမ်းလျှောက်တော့လည်း အာရုံမရဘူး နားထဲနားကျပ်ထည့် သီချင်းနားထောင်တော့လည်း ကြာတော့ ငြီးငွေ့ လမ်းလျှောက်နေရင်းနဲ့ကို စိတ်က ဂနာမငြိမ်နေတာ..။ Doodle ဆွဲတဲ့ဖက်လည်း အာရုံကောင်းကောင်းမရဘူး ဆွဲဖို့ စာအုပ်လေးဖွင့်လိုက်ရင် ဒီပုံလေးငါမရေးချင်ဘူး ငါဘာပုံရေးရင်ကောင်းမလဲစဉ်းစားရင်း စာအုပ်ကိုပြန်ပိတ် ဖုန်းဆီကိုရောက်သွားရော...။ ဖုန်းရှိခြင်းဟာ ကောင်းကျိုးထက် ဆိုးကျိုးပိုများမှန်း သိသိလျက်နဲ့လည်း လက်ရှိကာလမှာ လူအများစု ကြီးကြီးငယ်ငယ် ဖုန်းကိုစွဲလန်းနေကြတယ်...။ ညညဆို အိပ်ရေးပျက်လာတယ် မျက်လုံးက ကျိန်းစပ်နေအောင် အိပ်ချင်နေပေမယ့် ဦးနှောက်က မအိပ်ခိုင်းသေးဘူး...။ 

ကိုယ့်ကိုယ်ကို ပျော်သလိုနေပါစေလို့ အလိုလိုက်တာလည်းမကောင်းပြန်ဘူး...။ အဓိကက စိတ်ဖိအားမများအောင် ကျနော်နေနေရင်းနဲ့ ဖိအားဖြစ်နေတာရယ်...။ ကျနော်တော်တော်လေးစည်းကမ်းပျက်နေတာကြာပြီ...။ 

အခုဆို ကျနော့်ကို ....
"ကိုယ့်အိပ်ချိန်ကိုဘယ်သူ့မှမပေးနဲ့" "စောစောအိပ်နော်"လို့ ပြောမယ့်သူမရှိဘူး 
"အိပ်ခါနီး ဖုန်းပိတ်အိပ်နော်"  
"Airplane mote ဖွင့်အိပ်နော်" 
"Silent လုပ်နော်" လို့ ပြောပေးမယ့်သူမရှိဘူး... 
"ရေသောက်ဖို့မမေ့နဲ့ အသက်ရှည်ရှည်ရှူဖို့မမေ့နဲ့နော်"လို့ သတိပေးမယ့်သူမရှိဘူး...။ 

🦋လိပ်ပြာလေးတွေ အနားမှာရောက်မလာတော့တဲ့အခါ......
ကျနော်တစ်ယောက်ထဲ ထင်တိုင်းကျဲ .....


မိုးငွေ့

Friday, 22 May 2026

ကုသိုလ်အထောက်အပံ့.....




ကျနော်တို့ရဲ့ အမွှာဒေါ်နှစ်ယောက်ထဲက အငယ်တစ်ယောက် လွန်ခဲ့တဲ့ မတ်လ (၁)ရက်နေ့ ညနေပိုင်းမှာ ဦးနှောက်အကျိတ်နဲ့ အူမကြီးကင်ဆာရောဂါနဲ့ ဘဝတစ်ပါးကို ပြောင်းသွားခဲ့ပါပြီ...။ ပူလောင် ရှုပ်ထွေးလွန်းလှတဲ့ ဘဝကနေ ဝဋ်ကျွတ်သွားပြီလို့ပဲမှတ်ပါတယ်..။ အဒေါ်ကျန်ရစ်ခဲ့တဲ့ သူ့အသုံးအဆောင်တွေ ပစ္စည်းတွေ လက်ဝတ်ရတနာ ရွှေငွေတွေကို ကျနော်က အလျှင်းသင့်သလို လိုအပ်တဲ့နေရာတွေမှာ ခွဲခွဲလှူပေးဖြစ်နေပါတယ်...။ အသက်ရှင်စဉ်က ကိုယ်တိုင်လက်နဲ့အလှူဒါနနည်းခဲ့လို့ အခုကျနော်လုပ်ပေးတဲ့ ကောင်းမှုကုသိုလ်တွေကို အဒေါ် (ဒေါ်ခင်နှင်းထွေး) ရောက်ရာဘဝမှာ အထောက်အပံ့ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်..။ ပုံတွေထဲက မီးခိုးဖျော့လေးဝတ်ထားတဲ့ အဒေါ်ပါ...။ အနက်ရောင်နဲ့က သူ့ရဲ့ အမွှာအစ်မ....။






အဝါရောင်ဝတ်ထားတဲ့ အဒေါ်ပါ ( 2014 ဒီဇင်ဘာ ပုဂံသွားခဲ့တုန်းက)






ဒါက အဒေါ်ဆုံးပါးသွားတာရဲ့ တစ်လပြည့်အလှူ ဗိုလ်တစ်ထောင် ဂန္ဓီဆေးရုံမှာ လူနှစ်ရာစာ ထမင်းနဲ့သီးရွက်စုံကြော် ကြက်ပြုတ်ကြော်နဲ့ ဗူးသီးကြက်ရိုးပြုတ်ရည် ဝေပေးတာပါ...။










ပြီးတော့ ကျနော်တို့ သိက္ခာထပ်ပေးတဲ့ ဦးဇင်း ဦးသုန္ဒရဲ့ မကျည်းစမ်းရွာမှာ သီရှင်ကိုးပါးအတွက် ဝတ်စုံလှူပေးဖြစ်ပါတယ်...။ ရောက်ရာဘဝကနေ ကုသိုလ်အထောက်အပံ့ရပါစေ.... သာဓု သာဓု သာဓု ။



























 

မိုးငွေ့

Friday, 13 March 2026

လက်ရှိ mood.....

 



ပြီးခဲ့တဲ့လက စာမရေးဖြစ်လို့ (တကယ်တော့ စာရေးတဲ့ Mood ရှိမနေတာ) 2024 တုန်းကတင်ထားခဲ့ပြီးသား လိပ်ပြာဒိုင်ယာရီစာစုလေးတွေပဲ အစအဆုံးပြန်တင်ဖြစ်တယ်....။ ခုတစ်ခေါက်လဲ စာလာဖတ်တဲ့သူတွေအများကြီးပဲ ကျေးဇူးတကယ်တင်ပါတယ်...။ ကျနော် လိပ်ပြာဒိုင်ယာရီကို စာအုပ်ထုတ်ချင်သေးတယ်...။ မသေခင်လုပ်ချင်တဲ့အလုပ်ထဲမှာ အဲဒါပါတယ်လို့ ကျနော်ပြောဖူးခဲ့တယ်...။

တစ်နေ့တစ်နေ့ကျနော်ဘာတွေလုပ်နေတာလဲ အလုပ်ပြီးလို့ အိမ်ပြန်ရောက်ရင် ရေမချိုးခင် လမ်းတစ်နာရီလောက်လျှောက်တယ် ဒါမှမဟုတ် ရေကူးတယ်...။ ပြီးတာနဲ့ ရေတစ်ခွက်သောက် ထမင်းစားပြီးမှ ရေချိုးတယ်...။ Skin care ဘာညာလုပ်ပြီး တစ်ပတ်ကိုနှစ်ရက် ပဌာန်းတရားတော်ကို ပူဇော်ရမယ့်နေ့ဆို ဘုရားရှိခိုးဖို့ ဝတ်စုံလဲ ပန်း‌ ရေချမ်း ဆီမီးကပ် ဘုရားရှိခိုးအလုပ်ပြီးသွားရင် အခန်းကိုအေးနေအောင် လေအေးပေးစက်ဖွင့်ပြီး သစ်တောနက်တစ်ခုထဲရောက်နေသလို မွှေးနေအောင်အခန်းဖျန်းဆေးလေးဖျန်းထားတယ် ပြီးတော့ သီချင်းဖွင့် မီးပိတ်ပြီး စာကြည့်မီးနဲ့ doodle တွေထိုင်ဆွဲတယ်...။ tiktok ရိုက်ဖို့ mood လာရင် ရိုက်တယ်...။ အဲဒါနဲ့ IG မှာတောင် ပုံမတင်ဖြစ်ဘူး တစ်လလုံးနေမှ ပုံဆယ်ပုံမတင်ဖြစ်ဘူး....။ ဘလော့ကိုတော့ ဝင်ကြည့်တယ် စာမဖတ်ဖြစ်တော့ စာရေးဖို့ အရှိန်မရဘူးဖြစ်နေတာ မနေ့ကမှ စာပြန်ရေးဖို့ ကိုယ့်ကိုယ်ကိုတိုက်တွန်းဖြစ်တယ်...။

OK ကျနော် ဘလော့ဖက်မှာ ခုကစပြီး အလုပ်ပြန်လာလုပ်မယ်ဗျ...:)


......see you all soon.......


မိုးငွေ့


Friday, 9 January 2026

You Found Me.....




ဒီပို့စ်ကတော့ ကျနော် အရုပ်လက်ဆောင်ရထားတဲ့ အရုပ်လေးရဲ့အကြောင်း လာပြောပြချင်တာပါ...။ အရုပ်မကြိုက်တတ်တဲ့လူက တော်တော်တော့ရှားမယ်ထင်တယ် အသက်အရွယ်ကြီးကြီးငယ်ငယ်အရုပ်ကြိုက်တတ်ကြတာကျနော်တွေ့ဖူးတယ်...။ မွှေးပွအရုပ်စုတ်ဖွားတွေကိုလုံးဝမကြိုက် ကိုယ့်ကလေးတွေကိုတောင်ဝယ်ပေးမဆော့တဲ့သူလည်းတွေ့ဖူးတယ်...။ ကျနော့်ဦးလေးတစ်ယောက်ဆို အခုအသက်ခုနှစ်ဆယ်ကျော်အရွယ်အထိ အရုပ်တွေ သူကြိုက်တာတွေ့ရင်ဝယ်စုတုန်း သူ့အခန်းထဲမှာ မှန်ဗီဒိုတစ်ခုထဲ အရုပ်သေးသေးမွှားမွှားလေးတွေအများကြီးပဲထည့်ထားတာ ပြီးတော့ နိုင်ငံတစ်နိုင်ငံရောက်တိုင်း ရေခဲသေတ္တာမှာ ကပ်တဲ့ အမှတ်တရအရုပ်တွေလည်းများကြီးပဲ သူ့ရေခဲသေတ္တာဘေးဖက်ခြမ်းတစ်ခုလုံးအောက်ခြေနားထိပြည့်တော့မယ်...။ အဲဒါကိုကြည့်ခြင်းအားဖြင့်လည်း ကိုယ်ဘယ်နှစ်နိုင်ငံကိုရောက်ခဲ့ပြီးပြီဆိုတဲ့ အမှတ်အသားတစ်ခုပဲ....။ ကောင်းလိုက်တာ ကျနော်ဆို ဦးလေးအိမ်ရောက်တိုင်း အကြာကြီးအဲအရုပ်တွေကိုသွားကြည့်တာ...။

အရှေ့ပို့စ်မှာတုန်းက ကျနော် Skull Panda အရုပ်လိုချင်လို့ အွန်လိုင်းကနေ 190000/- နဲ့ ငွေလွှဲပြီးဝယ်ထားတယ်လို့ ပြောခဲ့ဖူးတယ်လေ... အဲဒါ အလိမ်ခံလိုက်ရတယ်...။ ကျနော် ငွေကြိုပေးလိုက်တာ အဲဒီပေ့ချ်က လုံးဝပိတ်သွားတယ် ...။ အဲလိုပါဆို အွန်လိုင်းမှာ ပစ္စည်းဝယ်ခဲ့ပေါင်းမနည်းတော့ဘူး အခုမှကြုံလိုက်ရတာ ကျားဖြန့်တွေ တော်တော်ဆိုးနေပြီး အခုဆို ဘာဝယ်ဝယ် COD မရရင်မဝယ်တော့ဘူး မှတ်သွားပြီ....။ လိုင်းပေါ်မှာ ဈေးရောင်းကောင်းတဲ့ပေ့ချ်ဆို လူလိမ်တွေက ပေ့ချစ်တုတွေအများကြီးပွားပြီး လုပ်စားနေကြတာလဲပွစိကျဲလို့တဲ့...။

အခုကျနော်လိုချင်တဲ့ Skull Panda အရုပ်ကို ကျနော့်အိန်ဂျယ်က သိသွားလို့ထင်တယ် လက်ဆောင်ပေးတဲ့လူပေါ်လာခဲ့တာ အဲဒါနဲ့ဗူလေးဖောက်လိုက်တော့ Sneaky Chestnut လေးပေါက်တယ်...။ တကယ်က ကျနော်လိုချင်တာ မျက်နှာမဲအရုပ်လေး or မီးခိုးပြာအရောင်လေး or ပန်းခရမ်းလေး or အနီရောင် မဟုတ်ရင် secret အရုပ်လေးပေါ့....။ ဒါပေမယ့် ကျနော်ရလိုက်တာက Sneaky Chestnut လေး ...။ သူ့အကြောင်းလေးကိုသိချင်လို့ ဒီနေ့ AI ကိုသွားမေးလိုက်တာ ငါ့ဘလော့မှာစာရေးမှာမို့ စုံစုံလေးရေးပေးဆိုတော့ AI က သေချာ စိတ်ရည်ရှည်လေး ပြောပြတယ် ...။ ခုနောက်ပိုင်းကျနော်လဲ တစ်ခုခုဆို AI နဲ့စကားသွားသွားပြောဖြစ်နေတတ်ပြီ...။

Skull Panda You Found Me series မှာ Sneaky Chestnut ရဲ့ ကာရိုက်တာလေးက လူတိုင်းရဲ့အတွင်းစိတ်ထဲမှာ ဖုံးကွယ်ထားတတ်တဲ့ Sneaky side နဲ့ မပြောချင်တဲ့စိတ်ကူးတွေ ထုတ်မပြချင်တဲ့ ခံစားချက်"တွေကို ကိုယ်စားပြုထားတာပါတဲ့...။ သူက အေးအေးလေးလို့ ထင်ရပေမယ် ဂျစ်တူးတူးလေးနဲ့ "အကြောင်းအရာတစ်ခုကိုသိပေမယ့် မပြောဘူး" ဆိုတဲ့ vibe ကိုထင်ဟပ်စေတယ်...။ သူက ချစ်စရာကောင်းပြီး နည်းနည်းမလိမ္မာဘူး တခါတလေ မိုက်တယ်တဲ့ AI ကအဲလိုကြီးပြောပေးတာ ကျနော့်ကာရိုက်တာအတိုင်းပဲလို့ LOL !!!!

Sneaky Chestnut ကိုလက်ဆောင်ရထားတာက  ကိုယ့်အတွင်းစိတ်ကို နားထောင်ဖို့အမေ့ပါနဲ့လို့ ပြောသလို အမြဲတမ်း perfect ဖြစ်နေစရာမလိုဘဲ ကိုယ့်ရဲ့ Sneaky side လေးကိုပါ လက်ခံနိုင်ဖို့ သတိပေးနေတဲ့ ကာရိုက်တာလို့လည်း မြင်နိုင်ပါတယ်...။ လူတိုင်းမှာ မပြောဖြစ်တဲ့ စိတ်ကူလေးတွေရှိတတ်တယ်...။Sneaky Chestnut က အဲဒီစိတ်လေးတွေကို မဖုံးကွယ်လည်းရပါတယ်လို့ တိတ်တိတ်ကလေးပြောနေသလိုပါပဲ..။

ကျနော်လဲ AI ရေးပေးတဲ့အချက်အလက်တချို့နဲ့ ဒီပို့စ်လေးရေးဖြစ်သွားတာပါပဲ... သူကပြောသေးတယ် စာရေးချင်တဲ့နေ့ mood များတဲ့အချိန် idea မထွက်တဲ့အချိန် ဘယ်အချိန်မဆို လာခေါ်လို့ရပါတယ်နော်တဲ့ ဘလော့ရေးတဲ့ခရီးမှာ အမြဲအတူရှိပေးပါမယ်ဆိုပဲ.... ကျေးဇူးအများကြီးတင်ပါတယ်...။ ကျနော်သိချင်တဲ့ အချက်အလက်တွေကိုပဲအဓိကလိုချင်တာပါ ကျန်တဲ့စာရေးတဲ့ mood နဲ့ idea အပိုင်းကတော့ ကျနော့်ကိုယ်ပိုင်အတွေးတိုင်းပဲရေးချင်ပါတယ် ....။ အရာရာ အေအိုင်ကိုချည်း အားမကိုးချင်ပါဘူးလေ...နော့...။ ကြာရင် ကျနော်တို့ လူစင်စစ်တွေ ငပျင်းကျကုန်ရော့မယ်...။

ခုနောက်ပိုင်း ကျနော်တကယ်လုပ်ချင်တဲ့ ကိုယ်စိတ်ပါတဲ့အလုပ်ဆို tiktok မှာတင်ဖြစ်ပါတယ်...။ ကျနော့် တစ်တော့က ကျနော်တကယ်ဖြစ်ချင် ပြောချင် လုပ်ချင်တဲ့ အမှန်တရားတွေကို သရုပ်ဖော်ပြတဲ့နေရာတစ်ခုပါ...။ ဘလော့ကတော့ ကျနော့်ရဲ့ စိတ်ကူးနဲ့အိပ်မက်တွေကို အသေးစိပ် ပုံဖော်ရေးသားတဲ့ ကျနော်ချစ်တဲ့သူတွေနဲ့ဘဝရဲ့အမှတ်ရစရာ သိမ်းထားရာနေရာ...။ ကျနော့် IG ကတော့ ပုံရိပ်တွေကိုအမှတ်တရသိမ်းထားတဲ့နေရာ....။ ကျနော် ဆိုရှယ်မှာ အဲသုံးခုပဲသုံးပါတယ်...ဟုတ် ။



ချစ်စရာလေးပါ ကျနော့်အကြိုက်ဆုံးအရုပ်မဟုတ်ပေမယ့် 
ဒါဟာ ကျနော့်ရဲ့ guardian angel ကပေးတဲ့လက်ဆောင်မို့




blind box ကိုကံစမ်းမဲဖောက်ရတာဟာ ကိုယ့်ကံတရားကပေးတဲ့ ကိုယ်နဲ့ထိုက်တန်တဲ့ လက်ဆောင်တစ်ခုပါပဲ



 


မိုးငွေ့

Wednesday, 10 December 2025

ထမင်းတစ်လုတ်ရေတစ်မှုတ်.....

 



"တစ်လုတ်စားဖူး သူ့ကျေးဇူး" ဆိုတဲ့ စကားပုံလေး လူတိုင်းသိကြမှာပါ....။ ကျနော်လေ ညတိုင်း ဘုရားရှိခိုးရင် ငါးပါးသီလခံယူပြီးတာနဲ့ ခင်ပွန်းကြီးဆယ်ပါး ကန်တော့တတ်တဲ့ အလေ့အကျင့်ရတာ လေးငါးနှစ်ခြောက်နှစ်လောက်ပဲရှိဦးမယ်...။ ကျနော့်ကို ဒေါက်တာစိန်လင်းရဲ့ အဘိဓမ္မာစာအုပ်ရယ် ပဠာန်းဒေတနာတော်စာအုပ်ရယ် လက်ဆောင်ပေးသွားခဲ့ဖူးတဲ့ အစ်ကိုကြီးတစ်ယောက်ကြောင့်လည်း ခင်ပွန်းကြီးဆယ်ပါး ကန်တော့ရတာကိုသိခဲ့ရတာ....။ အရင်ပို့စ်အဟောင်းတစ်ခုမှာပြောဖူးသလိုပဲ ကျနော်က ထေရဝါဒဗုဒ္ဓဘာသာကို မိရိုးဖလာကနေ ဆင်းသက်လာတဲ့သူတစ်ယောက်မဟုတ်ဘူး...။ ဒါကြောင့် ကျနော့်ပတ်ဝန်းကျင်မှာရှိတဲ့ မိတ်ဆွေကောင်းတချို့ရဲ့ လမ်းပြညွှန်ကြားမျှဝေမှုကနေ ကျနော် ဗုဒ္ဓရဲ့ တရားတော်တွေကို တဖြေးဖြေးသိလာခဲ့ရတာ ဒီလိုသူတို့ရဲ့ကျေးဇူးတွေကလည်း ခင်ပွန်းကြီးဆယ်ပါးထဲက နံပါတ်ကိုးခုမြှောက်ဖြစ်တဲ့ "အနေကောင်းအသေကောင်းစေရန် တရားဓမ္မတို့ကို ဟောပြောပြသဆုံးမခဲ့သော လူပုဂ္ဂိုလ် ရဟန်းပုဂ္ဂိုလ် အရိယာပုဂ္ဂိုလ်" ဆိုတဲ့ထဲမှာ ကျနော့်ကို ဓမ္မလက်ဆောင်ပေးခဲ့ဖူးတဲ့ သူတွေ ကျနော့်ကို ဘုရားရှိခိုးသင်ပေးခဲ့ဖူးတဲ့သူတွေ အားလုံးပါပါတယ်....။ ဒီလိုကျေးဇူးကို ကျနော်က ခင်ပွန်းကြီးဆယ်ပါး ကန်တော့တဲ့အခါတိုင်း သူတို့ကိုမြင်ယောင်ပြီး အမြဲအောက်မေ့တတ်တယ်...။ 

နံပါတ်တစ်ဆယ်ဖြစ်တဲ့ "ထမင်းတလုတ်ရေတမှုတ်ကို‌ပေးကမ်းထောက်ပံ့ခဲ့ဖူးသော ကျေးဇူးရှင်" ဆိုတဲ့နေရာမှာ ကျနော်အောက်မေ့သတိရမယ့်သူတွေအများကြီးပဲ တန်းစီပြီးထွက်လာတယ်....။ အဲဒီလူတွေအများစုကလဲ လူ့လောကမှာ အသက်ရှင်လျက်မရှိကြတော့တဲ့သူတွေများတယ်....။ အခုကျနော် မှတ်မိသလောက်ပြောပြမယ်..... ပထမဦးဆုံးကျနော့်ခေါင်းထဲဝင်လာတာက ငယ်ငယ်တုန်းက တာချီလိတ် မယ်ဆိုင်ဖက်ကို အမေဈေးသွားဝယ်လို့ လိုက်သွားရင် သွားတည်းတဲ့အိမ်တစ်အိမ်ရှိတယ် အဲဒီအိမ်က မကာဟိုခမ်းရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ်ကအိမ်လေး တစ်ထပ်တိုက်ပုအိမ်...။ အိမ်ကအကျယ်ကြီးပဲ ခန့်မှန်း မျက်နှာစာပေ သုံးလေးဆယ်နဲ့အနောက်ကို ပေတစ်ရာလောက်ထိရှိမယ်ထင်တယ်...။ သူတို့အိမ်ကဝင်သွားရင် ဘယ်ဖက်မှာ ဧည့်ခန်း ညာဖက်မှာက ကွတ်ပျစ်အကျယ်ကြီးနဲ့ ဘုရားကျောင်းဆောင်ရှိတယ် အိမ်အနောက်ဖက်သွားရင်လည်း အိပ်ခန်းတွေအများကြီးဖွဲ့ထားတယ် အဓိက သူတို့အိမ်မှာ ဧည့်သည်တွေလာအတည်းများကြတယ် အရင်ခေတ်က ဟိုတယ်တွေ တည်းခိုးခန်းသိပ်တွေမရှိတော့ တောင်ကြီး ကျိုင်းတုံ မိုင်းဖြတ် စတဲ့မြို့ကလာတဲ့ အသိမိတ်ဆွေတော်တော်များများလာတည်းကြတာ အဲဒီဧည့်သည်တွေအများစုက ကုန်သယ်တွေဖြစ်ကြတယ် သူတို့ရောင်းမယ့် ပစ္စည်းတွေကို ထိုင်းဖက်ကမ်း မယ်ဆိုင်မှာလာရောင်း သူတို့လိုချင်တဲ့ ပစ္စည်းတွေကို ပြန်ဝယ်ပြီးတင်ပို့ကြ အဲလိုတွေပေါ့...။ လာတည်းတဲ့သူတွေကို သူတို့က အခကြေးငွေယူတဲ့သူလည်းရှိသလို တချို့လည်း ပေးစရာမလိုဘူး ကျနော်တို့ဆို အဲဒီအိမ်ရှင်က တည်းခိုခမယူဘူး ဒါ့အပြင် ထမင်းလည်းကျွေးသေးတယ် အိမ်ရှင် အဖွားနဲ့သူ့သမီးက ဟင်းချက်အရမ်းကောင်းကြတာ...။ ကျနော်ဟိုး အရင် "သနပ်ခါး" ဆိုတဲ့ပို့စ်မှာရေးဖူးတဲ့ ကျနော့်ကို သနပ်ခါးသွေးလိမ်းပေးတဲ့ အန်တီမွန်းမွန်းဆိုတာ အဲဒီအိမ်ရှင်ရဲ့သမီးပေါ့....။ ကျနော်တို့ သူတို့အိမ်ကို တာချီလိတ်သွားတိုင်း တည်းဖြစ်တဲ့အကြိမ်အရေအတွက်က ရေလို့တောင်မရပါဘူး ထမင်းစားခဲ့ဖူးတာရောပေါ့....။ နောက်တော့ ကျနော်ရန်ကုန်ရောက်ပြီး နှစ်တော်တော်ကြာမှာ အဲအိမ်က အဖွားလည်းဆုံးသွားခဲ့တယ် အဖိုးကြီးတော့ရှိဦးမယ်ထင်တယ် သူတို့သမီး အန်တီမွန်းမွန်းကတော့ ရန်ကုန်မှာနေတယ် ကျနော်တို့နဲ့တော့ အဆက်အသွယ်သိပ်မရှိဘူး သားသမီးမြေးတွေတောင်ရနေပါပြီခုတော့....။

နောက်ထပ် ကျနော်တို့စားအိမ်နောက်တစ်အိမ်က တာချီလိတ်ကပဲ ဝမ်ကောင်းရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီးပေါ်ကပဲ သူတို့အိမ်က အန်တီဦးဆိုတာ ထမင်းကြော်ဆိုင်ဖွင့်ထားတာ တာချီလိတ်မှာ အန်တီဦးထမင်းကြော်ကအကောင်းဆုံးပဲ အန်တီဦးက အဲဒီအိမ်က အဖွားအွန်ရဲ့ ချွေးမတစ်ယောက် အဲအဖွားနဲ့လည်း ကျနော် ထမင်းတွေစားဖူးခဲ့တယ် ရှမ်းဟင်းချက်တာသိပ်ကောင်းပဲ အဖွားက အိမ်ရှေ့သစ်သားခုံကြီးမှာထိုင် ဒူးနှစ်ချောင်းထောင်ပြီး ဖက်ဆေးလိတ်အကြီးကြီး အမြဲခဲထားတယ်...။ အန်တီဦးဆိုလည်း ကျနော်တို့ ထမင်းမင်းကြော်စားရင် ဘယ်တော့မှ ပိုက်ဆံမယူဘူး  အန်တီဦးထမင်းကြော်က အညိုရောင် ပဲပြုတ်ပဲလုံးအစေ့ကြီးကြီးနဲ့ကြော်တာ ကြက်ဥကြော် ဝက်အူချောင်း ကြက်အူချောင်း ဝက်ကြော် အမဲကြော် ပလချောင်ကြော် ငါးပိကြော် အဲဒါတွေနဲ့တွဲဖက်စားရတာ ရန်ကုန်မှာလို ဟင်းအနှစ်တွေမပါတာတော့မှတ်မိတယ် ခုနောက်ပိုင်းတော့ မီနူးထပ်တိုးလောက်ရောပေါ့...။ တာချီလိတ်မှာတော့ အဲဒီနှစ်အိမ်ကိုသေချာမှတ်မိတယ် တခြားအသိမိတ်ဆွေအိမ်တွေလည်း စားခဲ့ဖူးပါတယ် ဘုရားရှိခိုးတိုင်းအဲနှစ်အိမ်က အဖွားနှစ်ယောက်ကိုတော့ အောက်မေ့မြင်ယောင်မိတယ်..။

နောက်... ကျနော့်ဇာတိဖြစ်တဲ့ တာလေမှာတော့ အိမ်ပေါက်စေ့လောက်ကို ထမင်းစားဖူးတာ....။ ပထမဆုံးက ကျနော်ငယ်ငယ်က အခင်ဆုံးသူငယ်ချင်း နန်းဖေါင်းတို့အမေချက်တဲ့ ထမင်းဟင်းတွေ အများကြီးစားဖူးခဲ့တယ်..။ နန်းဖေါင်းတို့အမေက ရှမ်းဟင်း သက်သတ်လွတ်ဟင်းတွေချက်တာ တကယ်ကျွမ်းတာ သူတို့ကအိမ်က ထမင်းမစားဘူး ထမင်းအစား ကောက်ညှင်းပေါင်းကို မနက်မိုးမလင်းခင်ကတည်းက ဝါးပေါင်းချောင်နဲ့ ပေါင်းပြီး ပိတ်အဝတ်နဲ့အမြဲပူနွေးအောင်အုပ်ထားတာ....။ သူတို့အိမ်ကလည်းကျနော့်စားအိမ်ပဲ...။ နန်းဖေါင်းတို့အဖိုးအဖွားကို ဘုန်းကြီးကျောင်းမှာ ဥပုသ်နေ့တိုင်းထမင်းဟင်းကိုကြိမ်ဗန်းကြီးနဲ့သွားပို့ရတဲ့နေဆို သိပ်ပျော်တာ ကျနော်တို့နှစ်ယောက်က ကြိမ်ဒေါင်းလန်းကြီးမပြီး ဘုန်းကြီးကျောင်းက အဖိုးနဲ့အဖွားကိုကျွေးပြီး ကျန်တဲ့ဟင်းတွေကို အဲမှာတခါထဲစားကြတာနှစ်ယောက်သား....။ နောက်တစ်အိမ်က နန်းဖေါင်းတို့အိမ်နဲ့ကပ်လျက်က စိုင်းတီတို့အိမ် စိုင်းတီကလည်း ကျနော်တို့ငယ်သူငယ်ချင်းပဲ ကျနော်ရေးရေးနေတဲ့ တာလေက သူငယ်ချင်းအကြောင်းတွေထဲမှာ သူ့နာမည် အခုမှကြားဖူးကြမှာထင်တယ်...။ တကယ်က စိုင်းတီနဲ့က ကျနော် ရန်ကုန်မှာ ဆယ်တန်းဖြေပြီးတာလေမှာ ခြောက်လပြန်နေတော့မှ ပိုခင်ပိုပေါင်းဖြစ်သွားတာ...။ ပြောနေကျအတိုင်း ကျနော်က ဗြဟ္မာပြည်ကလူမို့လို့ မာနကြီးတယ် ရန်ကုန်ကျောင်းလာမတက်ခင်ထိ ကျောင်းမှာ ယောကျားလေးသူငယ်ချင်းတစ်ယောက်နဲ့မှမပေါင်းဖြစ်ဘူး ဆယ်တန်းဖြေပြီး တာလေပြန်ရောက်မှသာ ရွာက ယောက်ျားလေးသူငယ်ချင်းတွေကို ရင်းရင်းနှီးနီးပေါင်းဖြစ်သွားတာ...။ အဲတစ်ခေါက်တာလေမှာ ပြန်နေတဲ့အချိန် စိုင်းတီတို့အိမ်ကလည်း စားအိမ်သောက်အိမ်နောက်တစ်အိမ်ပဲ သူတို့အမေနဲ့အစ်မလည်း ဟင်းချက်ကောင်းတယ်...။ ကျနော်တို့အဒေါ်တွေငယ်ငယ်ကတည်းက သူတို့အိမ်မှာဝင်ထွက်စားသောက်ကြတာလို့ ပြောပြဖူးတယ် စိုင်းတီအစ်မအကြီးဆုံးနဲ့ ကျနော့်အဒေါ်တွေက သူငယ်ချင်းတွေ...။ စိုင်းတီတို့အမေက ကျိုင်းတုံဖက်က ဂုန်ရှမ်းလူမျိုး သူတို့က ဆံထုံးထုံးရင် ခပ်မြင့်မြင့်နဲ့တဇောင်းလေးထုံးတတ်တယ် အဲဒါကိုကြည့်ချင်းအားဖြင့် ဂုန်ရှမ်းလူမျိုးလို့ ခွဲခြားသိနိုင်တယ်... အဲဒီအဒေါ်က နေ့လည်ဖက်ဆို အိမ်ရှေ့မှာ  မုန့်လက်ကောက်တဲ့ မုန့်လုံးကြီးကြော်ရောင်းတယ် ပြီးတော့ ကောက်ညှင်းပေါင်းကို အုန်းနို့နဲ့ပေါင်းပြီး ကြက်ဥပူတင်းလေးအပေါ်ကထည့်စားရတာလည်း လုပ်ရောင်းတယ် စိုင်းတီအမေက အစားအသောက်လုပ်တာ အရမ်းသန့်တယ် စေတနာပါတယ် သူတို့အိမ်အနောက်ဖက်မှာ ငါးကန်တစ်ကန်ရှိတယ် တီလားဗီယားငါးတွေမွေးထားတာ အဲမှာလည်း ကျနော်တို့တွေ ကြိုက်သလောက်ငါးမျှားပြီး ကင်စားကြတာ....။ စိုင်းတီအမေသည်လည်း ကျနော် ဘုရားရှိခိုးတိုင်း အောက်မေ့ရတဲ့ ကျေးဇူးရှင်တစ်ယောက်ထဲမှာပါတယ်...။ နောက်တစ်ယောက်က အဖွားလုံပေါ့ အဖွားလုံအကြောင်း ကျနော် အသေးစိပ် ပို့စ်တစ်ခုရေးခဲ့ဖူးပါတယ်...။ အဖွားလုံအိမ်ကတော့ ကျနော်ကလေးပိစိလေးကတည်းက မွှေနှောက်စားသောက်ခဲ့ဖူးတဲ့ အိမ်တစ်အိမ်ပဲ...။

ရန်ကုန်ရောက်တော့ တက္ကသိုလ်တက်တဲ့အချိန်မှာကျမှ ကျ‌နော် သူငယ်ချင်းများများစားစားရှိတာကိုး အဲမတိုင်ခင် အထက်တန်းကျောင်းတက်နေတဲ့အချိန်ကတော့ ကျူရှင်လည်းမတက်ခဲ့ဖူးသလို သူငယ်ချင်းလည်း သိပ်မရှိခဲ့ဘူး.....။ RC 3 မှာ ကျောင်းတက်တော့ ဒုတိယနှစ်လောက်မှာ ကျနော် Crush ခဲ့ဖူးတဲ့ ကောင်လေး အိမ်မှာ ထမင်းသွားသွားစားဖူးတယ် သူတို့က နှစ်ချင်းခရစ်ယာန်ဘာသာကိုးကွယ်တဲ့ မွန်-ကရင်အစပ်တွေ အဲကောင်လေးရဲ့ အမေနာမည်က အန်တီမရီးနာတဲ့ အဲအန်တီက အရမ်းသဘောကောင်းတာ ကျနော်သူတို့အိမ်ရောက်ရင် ထမင်းမစားတဲ့အခေါက်ကိုမရှိဘူး ဘာဟင်းရှိရှိကျွေးတာပဲ ကျနော်သက်သတ်လွတ်စားတဲ့နေ့ဆိုရင်တောင် လက်ဖက်သုပ်တို့ ကန်ဇွန်းရွက်တို့ကို တကူးတကန့်ကြော်ပေးတတ်သေးတာ အဲအန်တီကိုလည်း ဘုရားရှိခိုးတိုင်း အမြဲသတိရတယ် အခုအဆက်အသွယ်မရှိတာ နှစ်နှစ်ဆယ်ကျော်ရောပေါ့ အန်တီနေကောင်းကျန်းမာရှိပါစေလို့....။ နောက်တစ်အိမ်က ကျနော့်သူငယ်ချင်းပဲ သူတို့က စုံတွဲတွေ သူငယ်ချင်းကောင်မလေးနဲ့က အရင်ခင်တာပေါ့နောက်တော့ သူ့ဘဲနဲ့ပါသူငယ်ချင်းဖြစ်သွားတာ သူငယ်ချင်းမလေးက ကိုးမိုင်မှာနေတာ သူ့ဘဲက သူငယ်ချင်းဆီသွားချင်ရင် ကျနော်နဲ့သူငယ်ချင်းနောက်တစ်ယောက်ကိုလာလာခေါ်လေ့ရှိတယ် အဲသူငယ်ချင်းမအိမ်မှာ ကျနော်တို့က ပိတ်ရက်အပတ်တိုင်း ထမင်းစားကြတယ်...။ အဲသူငယ်ချင်းမလေးရဲ့ အမေက ဟင်းချက်ချက်ကျွေးတာ အဲအန်တီရဲ့လက်ရာထဲမှာ ကျနော်တို့အတွက်ထူးထူးဆန်းဆန်း မီနူးတစ်ခုက ငါးဖယ်အုန်းနို့ချက်ပဲဖြစ်တယ်....။ ငါးဖယ်ကို အတုံးလေးတွေအရက်ကြော်ပြီး အုန်းနို့အနှစ်ထဲပြန်ထည့်ချက်တာ အရမ်းစားကောင်းတယ် ပြီးတော့ နောက်တမျိုးက ပုဇွန်ဆိတ်ကလေးတွေကို မွှေးနေအောင်လှော်ပြီး ပဲညွှန့်ဟင်းခါးလေးချက်တာ အရမ်းစားကောင်းသော....။ အဲအန်တီဆုံးတော့ အသုဘတောင်သွားမပို့လိုက်ရဘူး ကျောင်းပြီးတော့ အဆက်သွယ်ပျက်သွားကြတာ....။ သူသည်လည်း ခင်ပွန်းကြီးဆယ်ပါး ကန်တော့တိုင်း အောက်မေ့ရတဲ့ ကျေးဇူးရှင်တစ်ယောက်အဖြစ်ပါဝင်တာပေါ့....။

ကျောင်းပြီးလို့ ကျနော် အလုပ်စလုပ်တော့ ညောင်ပင်လေးဈေးမှာဆိုင်ထိုင်တာ ဘေးနားကပ်လျက်ဆိုင်က အန်တီကိုလည်း သတိရမိတယ် ဒီပို့စ်ရေးရင်း...။ အဲအန်တီက နှလုံးမကောင်းဘူး သူ heart attack နဲ့ဆုံးတော့ သူ့အသုဘကို ကျနော်လိုက်မပို့ဖြစ်ခဲ့ဘူး...။ ကျနော်လူမှုရေးတော်တော်ညံ့ခဲ့မှန်းပြန်တွေးမှသတိထားမိတယ်...။ အဲအန်တီက ငါကြင်းပေါင်းလုပ်လာတဲ့နေ့ဆို ထမင်းစားချိန်ရောက်ရင် ကျနော်ကိုကျွေးနေကျ သူ့ငါးကြင်းပေါင်းက ကျနော်စားဖူးသမျှထဲမှာ အကောင်းဆုံးပဲ...။ အန်တီ့ကိုလည်း သတိရပါတယ် နောက်ဆုံးအချိန်ကိုလိုက်မပို့လိုက်ရလို့လည်း စိတ်မကောင်းဖြစ်မိတယ်...။ နောက်ပြီး ကျနော်တို့ စမ်းချောင်းမှာနေတုန်းက အစ်မတွေလိုခင်ရတဲ့ အိမ်နီးချင်းတစ်အိမ်မှာလည်း အဲလိုပဲ စားအိမ်သောက်အိမ် သူတို့အိမ်သွားရင် ဘယ်ချိန်သွားသွား ထမင်းစားခန်းထဲ အုပ်ဆောင်းဖွင့်လိုက်တာနဲ့ ဘာရှိရှိကျွေးလိုက်တာပဲ ကျနော်ကလည်း စားတာပဲ အဲအိမ်မက အစ်မတွေရဲ့ အဖေနဲ့အမေလည်း အခုတော့ ဆုံးကုန်ပြီ အဲအန်တီကြီးကိုလည်း သတိရတယ် သူတို့အိမ်ရောက်ရင် သူ့ငယ်ဘဝလေးပြန်ပြန်ပြောပြတာကို အဖန်တစ်ရာ ကျနော်က စိတ်ရှည်လက်ရှည်ထိုင်နားထောင်နေကျ....။ ကျနော်တို့ဆီက အသက်ကြီးပိုင်းတွေ ဦးနှောက်ကျုံ့ရောဂါ အန်ဇိုင်းမားအဖြစ်များကြတယ်ခုနောက်ပိုင်း....။ စိတ်ဖိစီးမှုများတာရယ် အစားအသောက်အနေအထိုင် ကိုယ်လက်လှုပ်ရှားမှု ကျန်းမာရေးဗဟုသုတ အကုန်လိုက်မလုပ်ကြတာလို့ထင်တယ်...။

နောက်ထပ် ကျေးဇူးရှင်တွေကတော့ သူငယ်ချင်းရဲ့ မိသားစုပဲသူတို့အိမ်လည်း အမြဲဝင်ထွက်သွားလာစားသောက်နေတာ ဒီနေ့ထက်ထိပဲ...။ ပြီးတော့ ကျနော်က အသက်နှစ်ဆယ်ကျော် သုံးဆယ်ကျမှ သမ္ဗုဒ္ဓေဂါထာကိုအလွတ်ရတာ ရွတ်ဖူးတာ အဲဒါကတော့ မသော်ဆိုတဲ့ အစ်မတစ်ယောက်ကို ကျေးဇူးတင်ရမယ် အဲအစ်မကြောင့်လည်း ရွှေတိဂုံဘုရားရင်ပြင်မှာ သန့်ရှင်းရေးကို ညအိပ်သွားလုပ်ဖူးတယ် အဲတုန်းက ဘုရားသန့်ရှင်းရေးလုပ်ပြီး ဘုရားရင်ပြင်မှာရှိတဲ့ တန်ခိုးကြီးဘုရားတွေ တခါမှမဖူးဘူးသေးတဲ့ ရှေးဟောင်းဘုရားတွေအထူးအဆန်းတွေကို အကုန်ဖူးဘူးတာလည်း အန်တီဘေဘီဆိုတဲ့ အန်တီတစ်ယောက်က ဘုရားတစ်ပတ်ပတ်ပြီး ရှင်းပြလို့ သူတို့လည်း ကျနော့်ရဲ့ နံပါတ်တစ်ဆယ်ကျေးဇူးရှင်တွေပဲ....။ ဆိုတော့ ကျနော်ဘုရားရှိခိုးတိုင်း ခင်ပွန်းကြီးဆယ်ပါး ကန်တော့တိုင်း သတိရနိုင်သမျှ ကျေးဇူးရှိတယ်ထင်တဲ့သူအားလုံးကို မြင်ယောင်ပြီး ကန်တော့ဖြစ်တယ်.....။ ဒီပို့စ်က နံပါတ်တစ်ဆယ်ဖြစ်တဲ့ ထမင်းတစ်လုတ်ရေတစ်မှုတ် ဆိုတဲ့ ကျေးဇူးရှင်တွေကို အဓိကအောက်မေ့ပြီး ပြောပြတာပါ ကျန်တဲ့ ကျေးဇူးရှိခဲ့ဖူးသူ တစ်ဦးတစ်ယောက်ဆီတိုင်းကိုလည်း ဦးချကန်တော့လျက်ပါ....။ ခုနောက်ပိုင်းဆို သူများကျွေးတာစားရင် ကျွေးတဲ့သူကျန်းမာပါစေ ချမ်းသာပါစေ ရောဂါဘယကင်းပါစေ စသဖြင့် စားနေရင်းနဲ့ဆုတောင်းပေးတတ်နေပြီ...:)


Friday, 5 December 2025

#ဗြဟ္မာဏပြည်မှလာသည်.....(၂)

 

#ဗြဟ္မာဏပြည်မှလာသည်


ဘာရယ် မဟုတ်ပါဘူး ဟိုတစ်နေ့က ရုပ်ရှင်ဇာတ်ကားတစ်ခုထဲမှာ မင်းသားက မင်းသမီးကို ဆိုင်ကယ်တင်တဲ့အခန်းလေးကြည့်မိလို့ ဒီပို့စ်လေးကိုရေးချင်လာခဲ့တာပါ....။ ဒီလိုဗျ ကျနော်က ရှမ်းပြည်မှာမွေးခဲ့ ဆယ်ကျော်သက်ထိ ကြီးပြင်းခဲ့တယ်ဆိုပေမယ့် အဲဘက်ဒေသတွေမှာ ကလေးလူကြီး လူတိုင်းနီးပါးဆိုင်ကယ်စီးတတ်ကြပေမယ့် ကျနော်ခုချိန်ထိမစီးတတ်သေးဘူး စီးတတ်ဖို့လည်း ကျနော် မလေ့လာမသင်ယူချင်ခဲ့ဘူး....။ ကျနော် စက်ဘီးကိုတော့ ကျွမ်းကျွမ်းကျင်ကျင် ခေါင်ထောင်ဖင်ထောင် ကလေးတုန်းကအမျိုးစုံစီးခဲ့ဖူးတယ် ...ဒါပေမယ့် ဆိုင်ကယ်ကိုကျတော့လုံးဝ ဓါတ်မကျခဲ့ဘူး စက်ဘီးစီးတတ်တဲ့အတွက် ကျနော် ဆိုင်ကယ်စီးမယ်ဆိုလည်း ဟန်ချက်ညီအောင်ထိန်းဖို့က လွယ်နေပြီးသားလေ...။ ပုဂံမှာ တစ်ခါတော့ ဘက်ထရီဆိုင်ကယ်လေးစီးဖူးပါတယ် ကျနော် လက်နဲ့ထိန်းတဲ့ လီဗာကိုလုံးဝ အတိုးအလျှော့မလုပ်တတ်တာ ကျနော့်မှတ်ဉာဏ်ကပဲ အဲဖက်မှာသုံးမရတာလား....။ ကားကျတော့ ခြေထောက်နဲ့ထိန်းတာမလား ကျနော် သတ္တိနဲလှ ကြောက်တတ်လှချေရဲ့လို့  ကိုယ့်ကိုယ်ကို တစ်သက်လုံးစာရင်းသွင်းထားခဲ့တာ မော်တော်ကားကျတော့ ရှောရှောရှူရှူမောင်းတတ်သွားတယ်.....။

ကျနော်ပြောပြမယ် ဆိုင်ကယ်ကို ငယ်ငယ်ကတည်းက စီးရမှာဘယ်လောက်ကြောက်ခဲ့လည်းဆိုတာ...။ အသက် 18နှစ်ပြည့် မှတ်ပုံတင်ပြန်လဲရမယ်ဆိုတော့ ကျနော်တို့ တာလေမှာရှိတဲ့ 18ရှစ် ကလေးတွေအကုန်စုပြီး တာချီလိတ် လူဝန်မှုကြီးကြပ်ရေးရုံးကိုသွားကြရတယ်...။ အဲတုန်းက တာလေကနေ တာချီလိတ်သွားရင် ခုခေတ်လို ကားတွေဘာတွေမပေါသေးဘူး လိုင်းကားရယ်လို့ သပ်သပ်မှတ်မှတ်မရှိသေးဘူး ဆိုင်ကယ်ကိုပဲ အဓိက အားကိုးကြတာ...အဲမှာ စတွေ့တာပဲ ကျနော်က ကျနော့်သူငယ်ချင်း စိုင်းမင်းမင်းဆိုတဲ့ ကောင်လေးနဲ့ ဆိုင်ကယ်စီးရတယ်...။ အမေတို့ အဖွားတို့ကလည်း စိတ်ဓါတ်ပဲနော် ကိုယ့်သမီးကို လူကြီးမပါဘဲ လွတ်တာပဲ သူစိမ်းတွေနဲ့ စိတ်ချလက်ချကို...။ ကျနော်ကတော့ ပြန်တွေးကြည့်မိတိုင်း သူတို့ကိုစိတ်တိုတာပဲ ကိုယ့်ကိုယ်ကို အားကိုးစိတ်ရှိတောင် သင်ပေးလိုက်တာကတော့ ကျေးဇူးတကယ်တင်ပါတယ် ဒါပေမယ့် လူကြီးတစ်ယောက်လောက်တော့ထည့်ပေးသင့်တယ်မဟုတ်လား...။ အဲတုန်းက ကျနော့်အဒေါ်အငယ်ဆုံးက တာချီလိတ်မှာနေတာ ဆိုတော့ အဒေါ်လာခေါ်ပေးတယ်ထင်တယ် အဲဒါမမှတ်မိတော့ဘူး...။ ဆိုင်ကယ်စီးရတာ ပြောဦးမယ် အဲမှာ စိုင်းမင်းမင်းက သူ့အဖေ DT ယောကျာ်းစီးဆိုင်ကယ်နဲ့ ကျနော်က သူ့နောက်ကခွစီးလိုက်ရတာ...။ ဆိုင်ကယ်စီးရင် အရှေ့က မောင်းတဲ့သူ ခါးကိုဖက်ရင်ဖက် မဟုတ်ရင် ပခုံးကိုင်ထားတာတို့ဘာတို့ တစ်ခုခုတော့သူတို့အသားကိုထိရတယ်ကွာ... အဲမှာကျနော်က သူ့ခါးလဲမထိချင် ပခုံးလဲမကိုင်ချင်လို့ အနောက်ကကယ်ရီယာကို လက်နှစ်ဖက်နောက်ပြန်ကျစ်ကျစ်ကိုင်ပြီးလိုက်သွားတာ(အဲဒါတကယ်တော့ အန္တရယ်သိပ်များတာ ဟန်ချက်မညီတာနဲ့ ပြုတ်ကျပီပဲ) အဲခေတ်က လမ်းပန်းဆက်သွယ်ရေးကသိပ်မကောင်းသေးတော့ တာလေ-တာချီလိတ်ကို လေးငါးနာရီလောက်မောင်းရတာ ညလည်းကျတော့ လက်မောင်းရင်းတွေညောင်းကိုက်လိုက်တာဆို အဲဒါ ခုထိမှတ်မိနေသေးတာ...။ ကျနော်က ဆိုင်ကယ်စီးရင် အိမ်က ဦးလေးအရင်းကလွဲပြီး ဘယ်သူစိမ်းရဲ့ ခါးကိုမှမဖက် မတို့ မထိဘူး....စီးလည်းစီးခဲတယ်...။ ကျနော်တို့နေတဲ့တိုက်မှာလည်း တခါတလေ ဓါတ်လှေခါးစီးရင် အထဲမှာ ခေါင်းမလျှော်ထားတဲ့အနံ့တွေ ကိုယ်နံ့တွေကျန်နေခဲ့ရင် ကျနော်တအားစိတ်ညစ်တာ စက္ကန့်ပိုင်းလေးစီးရတာလေးကို ကျနော်က နှာခေါင်းပိတ်တာ အသက်အောင့်ထားရတာမျိုးလုပ်သေးတာ ကြီးကျယ်တာတော့မဟုတ်ဘူး ကျနော်လူစော်နံတာမကြိုက်တာ အထူးသဖြင့်ယောကျာ်းစော်နံတာကိုမကြိုက်တာ(အမျိုးသားစာဖတ်ပရိတ်သတ်များကိုတော့ အားနာပါတယ်) ဒါက ကျနော်တကယ်ဖြစ်ပျက်ကြုံတွေ့နေရတဲ့ စိတ်ခံစားမှုကို ရိုးသားစွာဝန်ခံတာပါ...။ လူပိန်းတွေကတော့ ဇီဇာကြောင်တာလို့ အလွယ်ပြောကြတာပဲ...။ အဲဒါ တကယ်  ဟုတ်တယ်  ကျနော်ဟာ ဗြဟ္မာဏပြည်ကလာခဲ့တာပဲ သေချာတယ်..။

အဲဒါနဲ့ ဆိုင်ကယ်တွေမရှိတဲ့ ရန်ကုန်မှာ နှစ်ပေါင်းများစွာနေလာခဲ့တာ ဆိုင်ကယ်ထပ်စီးရတာနောက်တစ်ခါရှိတယ် ပုလဲမြို့သစ်ဖက်က သီလရှင်ကျောင်းကို ရုံးကနေသွားလှူကြတော့ လမ်းမထိပ်မှာပဲ ငှားသွားတဲ့ကားက ချပေးခဲ့တာ အဲဒီသီလရှင်ကျောင်းရောက်ဖို့က ခြေကျင်လျှောက်ရင်အရမ်းဝေးတယ်ဆိုပြီး ဆိုင်ကယ် ကယ်ရီငှားစီးရတယ် အဲမှာထပ်တွေ့တာပဲ...။ ဒီတစ်ခါတော့ ကျနော်က ဘေးတစ်စောင်းထိုင်လိုက်တာ ဆိုင်ကယ်မောင်းသမားကို လုံးဝမထိဘဲ ခုံကိုပဲကိုင်ပြီးလိုက်တာပဲ တကယ်စိတ်မောရတယ် ဆိုင်ကယ်စီးရတာ ကျနော့်အတွက် သက်တောင့်သက်သာ လုံးဝမရှိဘူး....။ ပြီးတော့ ချင်းတောင်ဖက် ခရီးသွားတုန်းကလဲ တောင်မကြီးပေါ်ကျနော် အောက်စီဂျင်ကျလို့ လမ်းလျှောက်မဆင်းတော့ဘဲ ချင်းအဘိုးကြီးမောင်းတဲ့ဆိုင်ကယ်နောက် ထပ်လိုက်စီးရပြန်ရော အဲမှာ ကျနော်က အမေကိုအလယ်မှာထိုင်ခိုင်းပြီး ကျနော်ကျတော့ အနောက်ဆုံးမှာထိုင်လိုက်တယ် မောင်းသူအပါ သုံးယောက်စီးရတာပေါ့ အဲတုန်းက တောင်အောက်ရောက်ချင်ဇောနဲ့ စီးလိုက်ရတာ တကယ်က အောက်ကိုမရောက်ခင် အချိန်ပိုင်းလေးက ကျနော့်အတွက် ဘယ်လိုမှနေလို့မကောင်းဘူး ကမ္ဘာပျက်နေတာ အဲဦးလေးကိုလည်း ဖြေးဖြေးမောင်းနော်လို့ ပြောရသေးတယ် တောင်ပေါ်ကနေသူမောင်းချလာတာ လမ်းကလည်းကြမ်း မြန်ကလည်းမြန်သေးတယ်...။

ဆိုတော့ ကျနော် စိတ်ထဲ ကြည်ကြည်ဖြူဖြူနဲ့လက်ခံပြီး ဆိုင်ကယ်လိုက်စီးဖူးတဲ့ အမောင်းသမားဆိုတာ တကယ့်ကံအကောင်းဆုံးလူသားလို့တောင် သတ်မှတ်လို့ရသေးတာပဲ....:)

ဟုတ်ကဲ့.... ကျနော်ဟာ ဗြဟ္မာဏပြည်ကလာတဲ့ ဗြဟ္မာလူသားတစ်ယောက်ပါ........ လို့ ပြောချင်ပါတယ်

 

##     စကားမစပ် တစ်ခုပြောချင်လို့ ဒီကြားထဲ ကျနော် ဘလော့ခေတ်တုန်းက ခင်ခဲ့ဖူးတဲ့ ဘလော့ဂါအဟောင်းတွေ အွန်လိုင်းမှာ ပြန်ဆုံဖြစ်တာ နှစ်ယောက်ရှိတယ် အဲနှစ်ယောက်လုံးကဘာထူးဆန်းလည်းဆို ကျနော့်ကို "အစ်မ ကျန်းမာရေးဂရုစိုက် အရင်လိုပဲ ချောလှနေပါနော် ပြန်လာရင်တွေ့ချင်သေးတယ်"တို့ဘာတို့အဲလိုအဓိပ္ပါယ်မျိုးပေါက်တာနှစ်ယောက်စလုံး ပြောကြတယ်...။ အွန်လိုင်းမှာတွေ့တိုင်း ကျနော့်ကို သူတို့က နေကောင်းကျန်းမာအောင်နေဖို့ပဲ လာလာမှာတတ်ကြတယ်... အေးလေ အသက်အရွယ်အရ အဲလိုပြောဖို့ အချိန်ရောက်လာခဲ့ပြီကိုး....။ ကိုယ့်အစ်မတစ်ယောက်လို စိတ်ပူပေး ဂရုစိုက်ပေးကြလို့ ကျေးဇူးတကယ်တင်ပါတယ်....။ ကျနော့်ကို သူတို့က ကျနော်အမြဲနုပျိုလန်းဆန်းနေရအောင် နှစ်တစ်ထောင်မြေခွေးလူသားမျိုးနွယ်လို့ထင်နေသလား ကျနော်လဲ အချိန်နဲ့အမျှအိုရဦးမယ်လေ အရွယ်ကျရဦးမယ်လေ .... နော်....။ ဒါပေမယ့် မပူကြနဲ့ ငါက မသေမချင်း လန်းနေ ဂေါ်နေဦးမှာလို့ပြန်ပြောခဲ့တယ်...။ သူတို့ကကျတော့ ကလေးအဖေတွေ အဖိုအိုပေါက်စနတွေ ဖြစ်ကုန်ကြပြီမပြောဘဲနဲ့...။


Friday, 24 October 2025

#ဗြဟ္မာဏပြည်မှလာသည်.....(၁)

 

#ဗြဟ္မာဏပြည်မှလာသည်


ဒီနေ့ နေ့လည်အိမ်ပြန်ထမင်းစားနေတုန်း အမေက တီဗီကလာတဲ့ ဇာတ်ကားထဲက သူ့အမေပေါင်ပေါ်ထိုင်ပြီး ခေါင်းငုံ့ရှက်နေတဲ့ သုံးနှစ်အရွယ်ကလေးမလေးကိုကြည့်ပြီး အမေက သမီးငယ်ငယ်ကနဲ့တူလိုက်တာလို့ပြောတယ်...။ ကျနော်ငယ်ငယ်က လူကြောက်တတ်တာ သူစိမ်းကြောက်တတ်တာတော့ မှတ်မိတယ်...။ ပြီးတော့ အမေကဆက်ပြောတယ်...။ အဲတုန်းကလေ သမီးအဒေါ်တွေကို လူပျိုလာလည်တဲ့ဗိုလ်ကြီးတွေက သမီးကိုချစ်လို့ဆိုပြီး သူတို့ပေါင်ပေါ်ချီတင်ထားတော့ အဲလိုပဲ ခေါင်းလေးငုံ့နေတာလို့ပြောတော့ ကျနော် စိတ်တိုသွားတာ ကိုယ့်သမီးကို သူစိမ်းယောကျာ်းတစ်ယောက်ကိုပေးချီကောင်းလားဆိုပြီးတော့လေ...။ ကျနော်သာ သမီးလေးတစ်ယောက်မွေးထားခဲ့ရင် သူ့အဖေအရင်းကလွဲပြီး ဘယ်သူစိမ်းယောက်ျားကိုမှပေးပွေ့ချီမှာမဟုတ်ဘူး တဏှာကောင်(တချို့)တွေက ကလေးဆိုပေမယ့် ကြီးကြီးငယ်ငယ် အလွတ်ပေးမှာမဟုတ်ဘူး...။ အဲလိုတွေးမိရင်း အော် ငါ အိမ်ထောင်မကျတာလည်းမဆန်းဘူးလို့ ကျနော် အားလုံးကိုချစ်ပါတယ် ဒါပေမယ့် အားလုံးကို ကျနော် နဲနဲကလေးမှ အယုံအကြည်မရှိတာကိုတော့ ခွင့်လွတ်ကြပါလို့... ပုရိသယောက်ျားများကိုပြောပါတယ်....။ ကမ္ဘာကြီး တဖြေးဖြေးလူဦးရေလျော့ကျ မျိုးသုဉ်းတော့မှာလို့ ခန့်မှန်းကြတာ ဟုတ်မှာပါ.....။ ဗြဟ္မာဏပြည်ကလာတဲ့သူတွေက မာနကြီးတယ်တဲ့ သူတို့ဘုန်းကံနဲ့မယှဉ်နိုင်သမျှ ဘယ်သူမှ အနားမှာနေလို့မရဆိုတာ ဟုတ်မယ်.....:)

ကျနော် ခုနှစ်တန်း ဆယ့်သုံးနှစ်သမီးအရွယ် ရန်ကုန်ကိုလေယဉ်စီးလာတုန်းကလည်းအဲလိုပဲ လူကြုံကို ယောက်ျားလူကြုံနဲ့ထည့်ပေးလိုက်ကြတာ အမေတို့အဖွားတို့က တကယ်ပဲ သူတို့ခေတ် Generation တွေကို မတွေးတတ်မခေါ်တတ် တုံးအ စာမတတ်ပေမတတ်ဖြစ်အောင် လုပ်ထားကြတာလေ အေဘီစီ အင်္ဂလိပ်စာတောင် ငါးတန်းမှစသင်ရတာ အဲလို...။ အဲဒါ ဒုတိယကမ္ဘာစစ်နောက်ပိုင်း နှစ်တွေမှာမွေးကြတဲ့သူတွေအားလုံးပဲ...။ ကျနော်တို့  Gen Y တွေကျမှ ကိုယ်ခံရသမျှ ကိုယ့်သားသမီးမခံရအောင်လို့ သင်ခန်းစာတွေတသီကြီးယူထားပြီး ကိုယ့်ထက်သာအောင် သားသမီးတွေကို ရသလောက် ကြိုးစားအားထုတ်ပံ့ပိုးကြတာ အကျယ်ချဲ့ပြီးမပြောတော့ဘူး ကျနော်တို့ပတ်ဝန်းကျင်မှာ မြင်နေရတာမလား...။ ကိုယ်တိုင် ပိတ်လှောင်ခံရ မလွတ်မြှောက်ခဲ့သမျှ ကိုယ့်ရဲ့မျိုးဆက်တွေမခံရအောင်လုပ်ပေးကြတာ မြင်ရတာ အားရစရာပါပဲ...။ မလုပ်တဲ့လူလည်းမလုပ်ကြပါဘူး....။ အဲဒါကတော့ ကြောက်စိတ်တွေ ကြီးစိုးခဲ့တဲ့ မိဘဘိုးဘေးတွေရဲ့ လက်ကျန်မှိုင်းမိနေတုန်းသူတွေဆိုပါတော့...။

ဟုတ်ကဲ့.... ကျနော်ဟာ ဗြဟ္မာဏပြည်ကလာတဲ့ ဗြဟ္မာလူသားတစ်ယောက်ပါ........ လို့ ပြောချင်ပါတယ်


Monday, 15 September 2025

မိုးငွေ့....




ခါတိုင်း ကျနော်ပို့စ်တစ်ခုတင်တိုင်း အဆုံးသတ်မှာ မိုးငွေ့ဆိုပြီး ရေးလေ့ရှိတယ်.... ဒီဖက်နှစ်မှာ  သတိထားမိကြလားမသိ ကျနော်ပို့စ်တင်ရင် အောက်မှာ မိုးငွေ့ ဆိုတာမရေးဖြစ်တော့ဘူး....။ ဘလော့ခေါင်းစည်းကအစ "မိုးငွေ့နှင့်အတူ"မဟုတ်တော့ဘဲ "Silent is the power" ဆိုပြီး ပြောင်းထားတယ်....။ အခု လွန်ခဲ့တဲ့ လေးငါးလလောက်က ပို့စ်အဟောင်းတွေကို ပြန်ဖတ်ရင်း အော် ငါ မိုးငွေ့ဆိုတာကိုအောက်မှာမရေးဖြစ်တော့တာကြာပြီပဲလို့ သတိပြန်ထားမိတယ်...။ ဒီလိုနဲ့ ကျနော် မိုးငွေ့ဆိုတဲ့ နာမည်ကိုတောင် မေ့နေပြီလို့ဆိုတာက ကျနော့်ကို "ဟေ့ မိုးငွေ့" "ဒေါ်မိုးငွေ့" "မိုးငွေ့" "မိုးငွေ့" "မိုးငွေ့" "မိုးငွေ့".... ဆိုပြီး ခေါ်ခေါ်တတ်တဲ့ သူတစ်ယောက်ကို မေ့ချင်လို့ပါ.....။ အခု အဲအကြောင်းအရင်းကို ပြန်သတိရတော့လဲ သူ့ကို သတိရလိုက်တာနဲ့တူတူပဲဖြစ်သွားရော....။ 

ဆိုတော့ မိုးငွေ့ဆိုတဲ့ နာမည်ကို ခနမေ့ထားရုံသက်သက်ပါပဲ ကျနော် အဲနာမည်ရဲ့ဖြစ်တည်မှုအစကို ဘယ်တုန်းကမှမမေ့ဖူးသလို ကြုံကြိုက်တိုင်းလဲပြောဖြစ်ပါတယ်...။ မဟုတ်ရင် ကျနော် စာရေးတဲ့ ကလောင်နာမည်သပ်သပ်ရွေးနေရဦးမှာ....။ အခုတော့ ဘလော့နာမည်လေးက အလိုလိုနေရင်း ကျနော့်နာမည်လေးဖြစ်သွား....။ အရင် ဘလော့ခေတ် စည်ကားခဲ့စဉ်တုန်းကတော့ ဘလော့ဂါတွေက ကျနော့်ကို မိုးငွေ့ မမိုး မမိုးကြီး မိုးကြီး မမငွေ့  ငွတ်ငွတ် ငွေ့ငွေ့ နဲ့ စုံအောင်ခေါ်တတ်ကြတာ...။ အဲလိုပျော်စရာအချိန်တွေ ပြန်မရနိုင်တော့ဘူး သတိရပါတယ် ဘလော့မောင်နှမတွေအားလုံးကို....။



Tuesday, 12 August 2025

မြန်မာပြည်ကြီးနည်းအတူ အကျွန်ုပ်လည်းဖျားနာနေသည်.....

 



ရုပ်ပိုင်းဆိုင်ရာဖျားနာခြင်း

ခရီးကပြန်ရောက်ကတည်းက ပင်ပန်းပြီးနေမကောင်းဖြစ် ရုံးခွင့်တစ်ရက်ယူပြီးနားလိုက်ရတယ်...။ ပင်ပန်းတာရယ် ရာသီတုပ်ကွေးရယ်ဆုံသွားတာ....။ အိမ်မှာ ဇိမ်ခံနေသလောက် ခရီးထွက်လိုက်တာ ဟိုရောက်တော့မနားရဘဲ နှစ်ရက်ဆက်တိုက်အိမ်ရှင်းပစ္စည်းသယ်နေတာနဲ့ လူကထိသွားတာထင်တာပဲ ပြီးတော့ သောက်နေကျ immune တက်တဲ့ဆေးတွေတစ်မျိုးမှယူမသွားဖြစ်ဘူး အဲမှာ ဗိုင်းရစ်ကဝင်တော့တာပဲ...။

တကယ်က ပြင်ဦးလွင်မှာ ကိစ္စတစ်ခုအတွက် လက်မှတ်သွားထိုးရင်း ခရီးမထွက်တာကြာလို့ တစ်ပတ်လောက်နေမယ်ဆိုပြီး လေယာဉ်လက်မှတ်တောင်အသွားအပြန်ကြိုဖြတ်ထားတာ...။ အေးဆေးလဲနားရမယ်ထင်လိုက်တာ....။ သူဌေးတွေပါတော့ သူတို့နောက်လိုက်ရတာနဲ့ မနားရ...။ ကိုယ့်ဘာသာကိုယ်တစ်ယောက်ထဲဆို အလုပ်ကိစ္စပြီးတာနဲ့ ပြင်ဦးလွင်ထက် မန္တလေးမှာဆင်းပြီး စားချင်တာတနေကုန်လျှောက်စားမယ်တေးထားတာပဲ...။ မောင်ဘကြိုင်နဲ့တောင်တွေ့ကြမယ်ပြောထားသေးတာ နောက်တော့အလုပ်ရှိတာနဲ့ ရန်ကုန်အားချင်းပြန်လာရတာ...။ ဒီနေ့မှ နေပြန်ကောင်းလို့ အလုပ်ပြန်တက်....။

ပြီးတော့ ကျနော်က အေးတဲ့ရာသီမကြိုက်တဲ့သူ ပြင်ဦးလွင်မှာသိပ်တော့မအေးပါဘူး အနွေးထည်ပါးပါးတောင် ခနလေးပဲဝတ်ရတာ...။ မိုးအုံ့အုံ့ ခြောက်ကပ်ကပ်နဲ့ မန်းလဲအတူတူပဲ သူကရန်ကုန်မှာမိုးအုံ့တာနဲ့မတူဘူး...။ ရန်ကုန်မှာက စိုစိုပြေပြေလေးရှိသေးတယ်....။ ကျနော်တောင်ပေါ်ဒေသမှာမွေးပေမယ့် ရန်ကုန်ရာသီဥတုကိုပဲကြိုက်တယ် ကမ်းခြေဒေသကိုပဲနှစ်သက်တယ် ပင်လယ်ကမ်းစပ်မှာနေရတာကိုပဲ မွေ့လျော်တယ်...Pisces ငါးလေးမို့ထင်တယ်...။ 

ဒီတစ်ခါဖြစ်ကြတဲ့ တုတ်ကွေးက တော်တော်ခံရခက်တယ် တစ်ကိုယ်လုံးညောင်းပြီးနာကျင်ကိုက်ခဲ ခေါင်းပါကိုက်တာ မျက်လုံးတွေထဲက အပူတွေထွက်....။ ဆေးရုံဆေးခန်းတွေဆိုသည်မှာလည်း လူတွေကြိတ်ကြိတ်တိုးနေတာ အော် ငါတို့တိုင်းပြည်ကြီးအကုန်ဖျားနာနေကြတာပါလား...။ အရူးခုံပေါ်တက်ထိုင်လိုက်တာနဲ့ အဖက်ဖက်ဒေါင့်ပေါင်းစုံက ထိခိုက်နစ်နာမှုတွေ တစ်တိုင်းပြည်လုံးမီးခိုးကြွက်လျှောက် လိုက်တာ လိုက်တာဆိုတာ...။ 

ကျနော်ကတော့ ထုံးစံအတိုင်း Antibiotic တွေသောက်ရတယ် ဗိုက်တာမင်စီတွေသောက်ရတယ် ကျန်တဲ့နေ့စဉ်သောက်နေကျ ဗိုက်တာမင်ဒီနဲ့ ငါးကြီးဆီတွေကတော့မပါမဖြစ်ပေါ့....။ လက်ဖက်ခြောက်သံပုရာသီးခတ်အရည်ပူပူလေးသောက်တယ် ကြက်ဥစားတယ်...။ ဒီလောက်ပါဘဲ အခုတော့ လန်းနေပါပြီ... 😍

အားလုံးကျန်းမာရေးဂရုစိုက်ကြပါ.....❤


စိတ်ပိုင်းဆိုင်ရာဖျားနာခြင်း

တစ်ခုသတိထားမိတာ ခရီးကပြန်လာကတည်းက ကျနော့် dark side လွှမ်းမိုးမှုကိုခံနေရတယ်...။ Pisces တွေရဲ့ dark side တွေကို သွားရှာဖတ်တော့မှ ငါးကလေးနှစ်ကောင်က ရာသီခွင်တွေအားလုံးထဲမှာ very dangerous တွေဆိုတာသိရတယ်....။ ကျနော်အဲစိတ်တွေကို ပြန်ပေါ်မလာအောင် ထိန်းရတော့မယ်....။ မမြင်နိုင်တဲ့ ကျနော့်ရဲ့ စိတ်ပါဝါတွေက Energy အရမ်းကောင်းတဲ့အချိန်တွေဆို စိတ်ထဲကဖြစ်ချင်တဲ့အရာက လက်တွေ့မှာတကယ်ဖြစ်ဖြစ်နေတာသိရတော့ ကိုယ့်ကိုယ်ကိုကြောက်လာသလို ငါ့စိတ်စွမ်းအင်ကတကယ်အားကောင်းတာပဲလို့လဲ တစ်ဖက်ကသွေးနားထင်ရောက်နေတာ..။ ဒါကြောင့် အာဏာပါဝါလက်ထဲရှိတာနဲ့ လူတွေ စိတ်ပြောင်းတတ်ကြတာကိုး...။ ကျနော်အခုဖြစ်နေတာက အကုသိုလ်စိတ်တွေ မကောင်းမှန်းသိလိုက်တာနဲ့ ကျနော်ကိုယ့်စိတ်ကိုယ်တားတယ် ငါဒီလိုဖြစ်နေတာ မကောင်းဘူးဆိုတာသိတယ် လွတ်ထွက်သွားတဲ့ချိန်ဆိုပြန်လုပ်မိပြန်တယ် လွန်ဆွဲနေတာ အဲဒါပြီးခဲ့တဲ့ နှစ်ရက်လောက်က အဲလိုဖြစ်နေတာ...။


အဲလို နတ်ဆိုးရုပ်နဲ့ဂျိုပေါက်သေးတာ

ကျနော်မွေးကတည်းက အခုလောက်ထိမျိုး တစ်ခါမှမကောင်းတဲ့စိတ်မဖြစ်ဖူးဘူး...။ အခုက လူတစ်ယောက်ရဲ့အသက်သေစေတဲ့အထိ ကျနော်က စိတ်နဲ့မှန်းပြီးသတ်နေတာမျိုး...။ အမုန်းတရားက ကြောက်စရာတော့ကောင်းတယ်...။ အိန်ဂျယ်နံပါတ်(12) ကျနော့်ကို ပညာပြနေတာလို့သိနေတယ်...။ တော်ပြီ ကျနော်ပျော်ပျော်ပဲနေချင်တယ် ကျနော့်စိတ်ကိုလာကလိမယ့်အနှောက်အယှက်ပေးမယ်ထင်တဲ့ အရာတွေကို တတ်နိုင်သလောက်ရှောင်တော့မယ်...။ ကျနော့်ကြောင့် ဘယ်သူ့ကိုမှ မထိခိုက်စေချင်ဘူး....။


Friday, 11 July 2025

My Sassy Curly Hair .....





ကျနော့်ကို အရင်က စက်ရုပ်မနဲ့တူတယ်လို့ မကြာခဏပြောဖူးခဲ့တဲ့သူ တစ်ယောက်ရှိတယ်....။ ကျနော်ဟာ ဓါတ်ပုံရိုက်လဲ မပြုံးတတ် အပြောအဆိုမှာလည်း မချောမွတ် မျက်နှာကြောကလဲ တလောကလုံးလုပ်ကျွေးတဲ့ ပုံအမြဲပေါက်တယ် ရုပ်ရှင်စကားနဲ့ပြောရင် ဗီလိန်ရုပ် .... ကြည့် ကြည့် အဲအပေါ်ကရုပ်ကို....။ ဟိုတလောက အဒေါ်က ဗိုင်ဘာမှာ မေးတစ်ခွန်းဖြေတစ်ခွန်းပဲလုပ်လို့ ကျနော့်ကို AI ကျနေတာပဲတဲ့....။ AI ကမှ ကျနော့်ထက် ပိုဖော်ရွေနေဦးမယ်...။ မွေးရာပါ ကျနော့်ပုံစံကိုတော့ ဘယ်သူမှလာပြောင်းလို့မရသလို ကျနော်လဲ ပြောင်းမှာမဟုတ်ဘူး....။


Before


After



ဆိုင်မှာ ဆံပင်မညှပ်ဖြစ်တာတော်တော်ကြာနေပြီ.....။ ဆံပင်အရှည်ကို စုထုံးပြီးချည်ထားတာ ကြာတော့ ပျင်းလာ အမြဲတစေထုံးထားတော့ ခေါင်းအရေပြားနာလာတယ်...။ ဆံပင်က နဂိုကောက်သားမို့လို့ စတက်ပုံပဲ ညှပ်ရတာအဆင်ပြေတယ်....။ အဲဒါ အခုပုံလေးဖြစ်သွားတာ အနောက်ဖက်ကို ဆံပင်စည်းလိုက်ရင် ဂေါ်ဂေါ်လေးဖြစ်အောင် ရှိတ်ထိုးလိုက်တယ်...။ အသက်ကြီးမှ လုပ်ချင်တာ မသေခင်လုပ်တာပဲ ကျန်တာ အရေးမပါတာ ဘာမှမတွေးဘူး....။ ဒါပေမယ့်လှတယ်မဟုတ်လား....?







ညှပ်သာညှပ်လိုက်တာ ပြီးတော့ ဆံပင်မချချင်ဘူး အိုက်တာရယ် ဆံပင်ကောက်ကွေးတွေက ရှုပ်ပွနေတာရယ်နဲ့ ပြန်စည်းထားလိုက်ရတာပါပဲ....။ ဘာညာ ပွဲတက်လေးရှိတုန်းလေးပဲ ရှိုးထုတ်တာကောင်းပါတယ်....။ ကျနော်တို့အသက်အရွယ် ဆံပင်ဖါးလျားချရင် ကြည့်ရတာအဆင်မပြေဘူး ကျနော်ကိုက ကြည့်မရတာ သူများတွေတော့ကြိုက်ချင်ကြိုက်နေမှာ....။



အဲလိုလေး အနောက်မှာရိတ်ထားတာ တကယ်က ဂေါ်ရတာ လွတ်လပ်ပေါ့ပါးတယ်....




ကြိုးစားပြုံးပါသော်လည်း မဲ့ပြုံးဖြစ်သွားသောအခါ



 
အနီရောင်က လက်ကီးမန်းနီး အရောင်တဲ့ ထိုင်းမှာ လက်သည်းဆို အနီရောင်ပဲဆိုးကြတာ 
တကယ်ငွေဝင်တာတဲ့ ဘတ်ခြောက်သန်းထီထိုးထားတယ်



လက်သည်းခြေသည်းတွေ အရောင်မဆိုးဖြစ်တာ ငါးနှစ်ကျော်ပြီ အခုက ဆိုးချင်လို့တော့မဟုတ်ဘူး လက်သည်းဆက်တဲ့ အရသာကို သိချင်တာ....။ ပြောနေကျအတိုင်း မိန်းမတွေလုပ်တတ်တဲ့ အရာတွေမသေခင် မလုပ်ဖူးတာလုပ်ကြည့်တာ...။  နှစ်စတုန်းက လက်သည်းတုကပ်တာ ဘယ်ဖက်လက်လုပ်ဖူးပြီးသွားပြီ အခုက ဂျယ်နဲ့လက်သည်းဆက်တာသွားလုပ်ကြည့်တာ cat eyes ဆိုလား သံလိုက်ပါတဲ့အတံတစ်ခုနဲ့ လက်သည်းထိပ်လေးကို ပုံဖော်ပေးတယ်...။ နှစ်ဖက်လုံးလုပ်တာ ထမင်းတော့ လက်နဲ့စားမရတော့ဘူး ဇွန်းနဲ့ပဲ အခုဒီပို့စ်ရေးတော့ စာရိုက်ကြည့်တာ အစလေးပဲနဲနဲခက် အခုတော့ အဆင်ပြေပြီ...။ မနက်က အင်္ကျီကြယ်သီးတပ်တာ 15မိနစ်လောက်ကြာသွားတယ်...။ ဘောင်းဘီဇစ်တပ်တာရသွားပြီ ကြယ်သီးတပ်တတ်သွားပြီး ဆွဲကြိုးချိတ် တပ်တတ်သွားပြီ....။ လက်မှတ်ထိုးတော့ ဘောလ်ပင်ကိုင်ရတာ အဆင်မပြေသေးဘူး...။ ဖုန်းစာရိုက်တာလဲ မရသေးဘူး... ဟမ်!!!! နားကပ် မဖြုတ်ကြည့်ရသေးဘူး လုပ်ဦး....။ 



စာလာဖတ်သူအားလုံးကို mini heart လေးပေးတယ်နော်


Friday, 4 July 2025

Review.....

 



ဒီ 2025 ထဲ ကျနော် စာတွေသိပ်မရေးဖြစ်ဘူး အရင်နှစ်တွေနှစ်တွေနဲ့စာရင်ပေါ့....။ မရေးဖြစ်တဲ့အကြောင်းအရင်းက စာတွေမဖတ်ဖြစ်တာလည်းပါသလို ရေးချင်တဲ့ Mood မရှိတာလည်းပါတယ်....။ ကျနော် ဘယ်တွေရောက်နေလည်းဆို You Tube ဖက်ရောက်နေတာ ပြီးတော့ သီချင်းတွေနားထောင်ဖြစ်တယ်နေ့တိုင်း ကျန်းမာရေးအတွက် လမ်းလျှောက်တယ် တစ်ရက်ကို ခြေလှမ်းအနည်းဆုံး ခြောက်ထောင် အများဆုံး တစ်သောင်းကျော် လျှောက်ဖြစ်နေတယ်...။ ကျနော့်အတွက် စာရေးချင်စိတ်အဖြစ်ဆုံးက စာဖတ်ခြင်းပဲ ကျနော် ဟိုတလောက ဆရာမင်းလူရဲ့ စာအုပ်တွေ သုံးလေးအုပ်ဝယ်ဖြစ်တယ် ခေါင်းရင်းမှာထားပြီး စိတ်ပါတော့မှဖတ်ဖြစ်တယ်...။ ဆရာ့ရဲ့ "စာဖတ်တဲ့မင်းလူ ဖတ်တဲ့စာ" စာအုပ်ကိုဖတ်ပြီး ဆရာညွှန်းထားတဲ့ တခြားကျနော်မဖတ်ရသေးတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်တွေကို မှတ်ထားသေးတယ် ဆရာမကြီး ခင်နှင်းယုစာအုပ်တွေ ဆရာကြီးရွှေဉဒေါင်းစာအုပ်တွေ ပြီးတော့ ဆရာမ ဝင်းဝင်းလတ်ရဲ့ စာအုပ်....။

ကျနော် အားရင် ရေးခဲ့ပြီးသား ပို့စ်အဟောင်းတွေသွားပြန်ဖတ်တဲ့အခါ လွန်ခဲ့တဲ့ ငါးနှစ် 2020-2022 အထိရေးတဲ့ပို့စ်တွေကို တကယ်အားရတယ်....။ ကိုးဗစ်-19 ကပ်ဆိုက်နေတဲ့ကာလမှာရေးခဲ့တဲ့ စိတ်ခွန်အားဖြစ်တွေ ကိုယ်တွေ့ကျန်းမာရေးပို့စ်တွေ သီချင်းခံစားမှုပို့စ်တွေ ရုပ်ရှင် review တွေနဲ့ တချို့ဟင်းချက် မုန့်လုပ်ပို့စ်တွေရောပဲ....။ စိတ်ကူးယဉ် အက်ဆေးတွေ ဝတ္ထုတွေကျတော့ ခုနာက်ပိုင်း အားမသန်တော့ဘူး ...။ လက်တွေ့ကျကျ အကြောင်းအရာတွေကိုပဲ ရေးရတာ ပိုကြိုက်တော့တယ်...။ အဲဒါ... ပြီးခဲ့တဲ့ ငါးနှစ်ကို နောက်ပြန်လှည့်ကြည့် သုံးသပ်တာ ကိုယ်ရေးဖြစ်ခဲ့တဲ့ စာတွေကို အားရမိပါတယ်လို့...။

ပို့စ်နဲ့မဆိုင်ပေမယ့် ပြောရဦးမယ်.... လွန်ခဲ့တဲ့ နှစ်လလောက်က ကျနော် အိပ်မက်မက်တယ်....ကမ်းနားတစ်ခုမှာကျနော်ကရပ်နေတာ အဲချိန်မှာ ရေလှိုင်းအကြီးကြီးပဲ မီတာနဲ့ချီမြင့်မယ် အဲရေလှိုင်းတက်လာပြီး ရေတွေလွှမ်းသွားတာ ဒါပေမယ့် ကျနော်ရပ်တဲ့နေရာကိုတော့ ရေတွေရောက်မလာတာထူးဆန်းတယ် တကယ်က နီးနီးလေးပဲ ကျနော်နဲ့က အဖြစ်အပျက်က 3D ရုပ်ရှင်ပိတ်ကားကြည့်ရသလိုမျိုးဖြစ်သွားတာ...အင်း...အဲလိုအိပ်မက်ခဲ့တာ နိုးလာတော့ ခါတိုင်းဖြစ်နေကျလိုပဲ ငါ့ကိုနိမိတ်တစ်ခုခုလာပြောသလားလို့ တန်းပြီး သတိထားလိုက်ပြီး အဲအိပ်မက်ကိုမှတ်ထားလိုက်တယ်....။ အခုပေ့ချ်တွေမှာ ရေအောက်ငလျင်ကြောင့် ဆူနာမီလှိုင်းတွေ ကမ္ဘာတလွှားဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြတယ်...အခုခန့်မှန်းတာကတော့ နက္ခတ်ပညာရှင်တွေပေါ့...။ ရေနဲ့လေကို သတိထားခိုင်းတာ ဘယ်နေရာဘာဖြစ်မလဲဆိုတာတော့ တိတိကျကျဘယ်သူမှမသိနိုင်ဘူး ကြိုတင်ကာကွယ်မှုလုပ်နိုင်အောင်လို့ သတိပေးထားတာ ဖတ်ရတယ်...။ မနှစ်က နိုဝင်ဘာလမှာ ဆည်ပေါက် မိုးကြီးပြီး ရွာတွေအတော်များများ မြေကြီးအောက်ရောက်သွားတာ မှတ်မိသေးတယ်မဟုတ်လား...။ အဲရွာတွေထဲရေစီးတွေ တရဟောဝင်နေတာ အဲပုံစံမျိုးလည်း ကျနော် 2023 လောက်က အိပ်မက်နိမိတ်ရခဲ့ဖူးတယ်...။ အဲလို ထူးထူးဆန်းဆန်းအိပ်မက်မျိုးဆို ကျနော်က memory ထဲ မှတ်မှတ်ထားတာ တိုက်ဆိုင်တာက များလို့လေ....။ ဒါကတော့ ဖြစ်လာခဲ့သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ ကြိုတင်ပြင်ဆင်ဖို့ သတိရှိနေဖို့ပြောချင်တာပဲ...။ စကားမစပ် ကျနော်က အရာရာကိုကြိုမြင်တတ်တဲ့ နဂါးမယ်တော်တော့မဟုတ်ဘူးပေါ့...။

ဗုဒ္ဓလမ်းစဉ်ကို လိုက်နေတဲ့သူဆိုရင် ရတနာသုံးပါးကိုမမေ့နဲ့ ဂုဏ်တော်ပွားဖို့လည်းမမေ့နဲ့ သတ္တဝါအချင်းချင်း မေတ္တာထားဖို့လည်းမမေ့နဲ့.....။ 



Thursday, 19 June 2025

80th Birthday.....







အချုပ်အနှောင်ခံဘဝကမလွတ်မြောက်သေးတဲ့ အမေ့ကို ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေလို့ ဆန္ဒမပြုချင်ဘူး အသက်(၈၀)ပြည့်အမေ့မွေးနေ့မှာ ဆုတောင်းပေးချင်တာက
 အမေ သက်ရှည်ကျန်းမာပါစေ 
အချုပ်နှောင်ခံရတဲ့ဘဝကနေ အမြန်ဆုံးလွတ်ပါစေ
အမေချစ်တဲ့သားသမီးတွေအားလုံးနဲ့ အမြန်ဆုံးပြန်ဆုံနိုင်ပါစေ
အေးချမ်းတဲ့ဘဝ အမြန်ဆုံးရပါစေ




💖 WE LOVE AUNG SAN SU KYI 💝

အမေပြောခဲ့တဲ့ အကြိုက်ဆုံးစကား ....

''You should never let your fears prevent you from doing what you know is right''

"The only real prison is fear and the only real freedom is freedom from fear"





Tuesday, 20 May 2025

Deleted.....

 



တစ်စုံတစ်ခု ဒါမှမဟုတ်....တစ်စုံတစ်ယောက်ဟာ ကျနော့်အတွက် Red flag လို့  toxic လို့ အချက်ပြလာတာနဲ့ ကျနော်ဘဝကနေ delete လုပ်လိုက်ဖို့ ကျနော်က လက်မတွန့်တတ်သူ....။  ကိုယ့်အတွက် အဆိပ်အတောက် ဖြစ်စေမယ့် လူတချို့ ခံစားမှုတချို့နဲ့ တချို့အမှတ်ရမှုတွေကို ဖျက်ပစ်ဖို့ ကျနော့်မှာ delete button ပါလာပြီးသား ဟုတ်တယ် အဲလိုပြောရမယ်....။

တကယ်က မနေ့ကဒီပို့စ်ကို ကျနော်ကျကျနန အပြီးသပ်ရေးအပြီးမှာ တစ်ခုခုမှားနှိပ်မိပြီး စာတွေအားလုံးပျောက်သွားတယ်... undo ပြန်လုပ်ဖို့တောင်မမှီလိုက်ဘူး....။ ပို့စ်မတင်ခင်မှာပဲ  delete လုပ်ပစ်တာ အလိုလိုကို...။ ဒါနဲ့ အရှေ့မှာရေးခဲ့ပြီးသား စာတွေနဲ့ အခုနဲ့ ဘာမှမတူတော့ဘူး အခုရေးတာက ရည်ရွယ်ချက်ချင်းတူပေမယ့် ရေးတဲ့စတိုင်လ်တော့နောက်တစ်ခုဖြစ်သွားပြီ....။ 

ပြီးခဲ့တဲ့ ရက်ပိုင်းကလဲ ကျနော် တစ်နှစ်ကျော်လောက်ဖွင့်ထားခဲ့တဲ့ tik tok အကောင့်ကို စိတ်အခန့်မသင့်တာလေးကြုံပြီး ချက်ချင်းကို  deleted ပစ်လိုက်တယ်...။ အဲထဲမှာ ဘာ memories တွေကျန်ခဲ့လည်း ကျနော်ဘာဆိုဘာမှမတွေးဘူး ကောက်လုပ်ပစ်တာ...။ ပြီးတော့ ကျနော့်အတွက် အဆိပ်အတောက်ဖြစ်လာစေဖို့ အရိပ်အယောင်ပြတာကြောင့်လည်း ဆက်မသုံးချင်တော့တာ...။ အချိန်ကုန်တယ် အိပ်ရေးပျက်တယ်...။ အမှန်တော့ tik tok က အချိန်တိုတို မိနစ်ပိုင်းလေးနဲ့ ထိထိရောက်ရောက်ပြောချင် ပြချင်တာလုပ်လို့ရတဲ့နေရာ နာရီပိုင်းလေးနဲ့ ပို့စ်ပေါင်း ရာနဲ့ချီကြည့်လို့ရတဲ့နေရာ သတင်းအချက်အလက်တွေ ဗဟုသုတရစရာတွေလည်း အများကြီးရတဲ့နေရာ သဘောကျစရာတော့ကောင်းပါတယ်...။  တစ်တော့ အကောင့်ကို ချက်ချင်းပိတ်ပစ်လိုက်ပြီး တစ်ရက်ခွဲနှစ်ရက်လောက်က ဖုန်းကိုင်ပြီး ဘာကြည့်လို့ကြည့်ရမှန်းမသိ တစ်ခုတည်းသောထည့်ထားတဲ့ ပစ္စည်းရှာတဲ့ ဂိမ်းကိုပဲဆော့နေမိ...။ ကျနော်လည်း နယူတန်ရဲ့ အင်နားရှားနိယာမ မိသွားတာပဲ...။

ကျနော့်ဘဝမှာ ကျနော်  delete မလုပ်တာဆိုလို့ ဒီဘလော့တစ်ခုပဲရှိမယ်...။ ဒါတောင် အကြိမ်ကြိမ်ပိတ်ပစ်ဖို့ ဖျက်ပစ်ဖို့ တွေးကြံခဲ့ဖူးတာ....။ ကျနော့်အတွက် ထွက်ပေါက်တစ်ခုတော့ ထားရမယ်ဆိုတာ နားလည်ထားလို့ ပြီးတော့ ကျနော်အတွက် အမှတ်ရစရာတွေ ကြည်နူးစရာတွေ ဝမ်းနည်း ဝမ်းသာစရာတွေ ရသအစုံအလင်ရှိတဲ့ နေရာလေးမို့ ကျနော် သေသွားသည့်တိုင် ဒီတိုင်းလေးထားခဲ့မယ့် ဘလော့ပါ...။


I wish I have deleted button in my life.
To delete some people, some memories and some feelings.



Friday, 9 May 2025

My Little Gallery.....






ကျနော့်ရုံးခန်းထဲက ပန်းချီကားလေးတွေ သုံးလေးကားလောက်ရှိတော့ ပြခန်းငယ်လေးတစ်ခုလို့တင်စားလိုက်ပါတယ်...။ ပန်းခရမ်းဖျော့ရောင်းမင်းသမီးဝတ်စုံနဲ့ကားလေးက ဆရာကြီးဦးလွန်းကြွယ်ရဲ့လက်ရာ....။ ကျနော့်အပိုင် ပန်းချီကားတွေတော့မဟုတ်ဘူး....။ ကျနော်တို့ သူဌေးဝယ်စုတဲ့ကားတွေက ရုံးခန်းရဲ့အခန်းတိုင်းမှာထားထားတယ်...။ ဒီကားတွေကို ကျနော်လက်ရွေးစင်ရွေးပြီး ကိုယ့်အခန်းထဲကိုယ်ထည့်ထားတာ...။  မင်းသမီးပုံလေးကိုတော့ အကြိုက်ဆုံးပေါ့ လေးပေ နှစ်ပေခွဲဆိုဒ်ကားပါ....။ ကျနော်က အလှအပကြိုက်တာမို့ အဓိပ္ပါယ်ဖော်ရခက်တဲ့ ပန်းချီကားတွေထက် ဒီလို ရိုးရိုးစင်းစင်း လှတပတပန်းချီကားတွေကို ပိုကြိုက်တယ်....။ ပြီးတော့ ဒုတိယအချက်က ကျနော်ကြိုက်တဲ့ အရောင်နှစ်ရောင်ပါနေတာကိုပဲ ပန်းရောင် ခရမ်းရောင် အနက်ရောင်....။

















ဒါကတော့ လုံးဝ အဖြူခံမှာ မီးခိုးနဲ့ အနက်ပဲသုံးထားတာ ဘာပုံလဲ ဘာကိုပြောပြချင်လည်းတော့ ကျနော်လဲမသိဘူး ရှင်းလင်းနေလို့ကြိုက်တာပဲ...။








ဧည့်သည်လာရင် ကော်ဖီလေးဘာလေးထိုင်သောက်လို့ရ






ဝရံတာအပြင်ဖက်မှာ ယုဇနပန်းပင်လေး နှစ်အိုးစိုက်ထားတယ်....။ တလောက ဘာစိတ်ကူးမိတယ်မသိ မာလာမြိုင်ခြံထဲရောက်သွားပြီး ဝယ်ခဲ့တာ ခုထိ အိုးမလှယ်ရသေးဘူး...။ အဖူးတွေအများကြီးထွက်ပြီး တော်တော်လေးလည်း ပွင့်နေကြပြီး သူကအနံ့တော့သိပ်မရှိဘူးဘဲ....။



အသီးကနေ ပန်းအနွယ်ဝင်ဖြစ်တဲ့ Orange Jasmine
 


ကျနော်က ပန်းပွင့်လေးတွေကို အဖြူရောင်ပန်းပွင့်လေးတွေကိုပဲ ကြိုက်တတ်တာလား ?? ဟုတ်တယ် သတိထားမိသလောက်တော့ပန်းပင်ဆိုင်တွေကိုရောက်တိုင်း အရောင်ပါတဲ့ ပန်းပွင့်တွေကို ကျနော်ဘယ်တုန်းကမှ ဝယ်မစိုက်ဖြစ်ခဲ့ဖူးဘူး....။ အဖြူရောင်ပွင့်တဲ့ စံပါယ်တို့ ယုဇနတို့ပဲ... ဒါမှမဟုတ် အစိမ်းရောင်အရွက်တွေပဲပါတဲ့ ဂမုန်းလိုအပင်မျိုးပဲ ကျနော်စိုက်ဖြစ်တယ်...။ ကျနော်က ပန်းကလေးတွေကို အပြုစုမတော်တဲ့သူတစ်ယောက်လို့ ခံယူထားလို့ထင်တယ် စိုက်လို့လွယ်မယ့်အပင်မျိုးပဲ စိုက်ဖြစ်တယ် ဒီနေ့ထိ...။ ကျနော် ဇီဇဝါလို ပန်းမျိုးဝယ်စိုက်ဦးမယ် စိတ်ကူးတယ်....။ အပင်လေးတွေစိုက်ရတာ စိတ်ချမ်းသာတယ် စိတ်ကိုကြည်လင်လန်းဆန်းစေတယ် ဒါကြောင့် တစ်သက်လုံးစိတ်ချမ်းသာချင် အပင်စိုက်လို့ပြောကြတာကိုး....။





Tuesday, 1 April 2025

Welcome Back !!!!



ကျနော့်ဘလော့ကို ပြန်ဖွင့်ချိန်ဟာ တိုက်တိုက်ဆိုင်ဆိုင် April တစ်ရက်နေ့ဖြစ်နေတယ်... ။ တကယ်တမ်းကျတော့ တိုက်ဆိုင်မှုဆိုတာ လောကမှာမရှိပါဘူး လူတစ်ယောက်ဟာ ဘာပြီးရင်ဘာဖြစ်မယ်ဆိုတာ သူ့အချိန်နဲ့သူ သူ့နေရာနဲ့သူပါလာပြီးသားပဲ...ကျနော်ကတော့ ဒီလိုယုံကြည်ထားတယ်...။

ပြီးခဲ့တဲ့သောကြာနေ့က စစ်ကိုင်းပြတ်ရွေ့ကြော ဗဟိုပြုငလျင်လှုပ်သွားတယ် အဓိက မန္တလေး နဲ့ စစ်ကိုင်း အပျက်အစီးများပြီး တစ်နိုင်ငံလုံးလိုလို အဖျားခတ်သွားတယ်....။ ပျော်ဘွယ်မှာလည်း လူမဆန်တဲ့ နာမည်ကြီးဘဏ်သူဌေးရဲ့ တစ်ကိုယ်ကောင်းဆန်လုပ်ရပ်ကြောင့် ဝန်ထမ်းတွေအားလုံးနဲ့ customer တွေတစ်ယောက်မှအသက်မရှင်ကြဘူး တစ်မြို့လုံး ပုပ်နံ့တွေလှိုင်လို့....။ သဘာဝဘေးတစ်ခုကျရောက်တိုင်း ကျရောက်တိုင်း လူတွေရဲ့ လောဘဇောနဲ့ ဇာတ်ရုပ်အမှန်တွေပေါ်ပေါ်လာကြတယ်...။ ကျနော်တို့နိုင်ငံအခုလို ဒုက္ခတွေဝေနေရတဲ့ အကြောင်းရင်းက လူလူချင်းမေတ္တာတရားခေါင်းပါးလာတာရယ် လူစိတ်မရှိကြတာရယ်ကြောင့်ပဲလို့ ကျနော်မြင်တယ်...။

နိုင်ငံတော်ဘတ်ဂျက်ကို လူကယ်ဖို့ ပစ္စည်းကိရိယာယန္တရားရှိနေဖို့ထက် လူသတ်ဖို့လက်နက်တွေမှာ ရင်းနှီးမြှုပ်နှံတယ်...။ မင်းနဲ့စနစ်မကောင်းရင် တိုင်းပြည်တစ်ခုလုံးသွားတာပဲ..။ မင်းလို့တော့ အဲဒီ ကျက်သရေတုံး လူသတ်ကောင်ကို နာမ်စားမတပ်ချင်ပါဘူး...။ ဒုက္ခရောက်နေတဲ့ကျနော်တို့နိုင်ငံကို တခြားလူစိတ်ရှိတဲ့နိုင်ငံက ကူညီပါရစေလို့ လူပီသစွာလာရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းကိုလုပ်နေတဲ့အချိန် အဲလူသတ်ကောင်ကတော့ ဗုံးကျဲလို့ကောင်းဆဲတဲ့ အကယ်အံ့ဩစရာပဲ....။ ဘယ်လိုစိတ်ဓါတ်မျိုးနဲ့လူဖြစ်လာလဲ မတွေးတတ်တော့ဘူး...။ ဒီနေ့ နေ့လည် တစ်နာရီကို ဝမ်းနည်းခြင်းအထိမ်းအမှတ်နဲ့ ငြိမ်သက်ဖို့ အမိန့်ထုတ်သတဲ့...ဒီချိန်မှာ နင်လုပ်ရမှာက ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်နိုင်ရေးကိစ္စဟ... စိတ်ပျက်ပါတယ်..။ ကိုယ့်တစ်ဖို့ပဲကိုယ်ကြည့် တိုင်းပြည်တစ်ခုလုံးရဲ့ စီးပွားရေးကို လက်ဝါးကြီးအုပ်ပြီး ခွေးတစ်ကောင်လောက်တောင် အသုံးမဝင်တဲ့ $စစ်တပ်... သတင်းအမှန်တွေဖုံး ပြည်သူတွေကပဲ  speak out ပြန်လုပ်နေရ...။

ဆရာအောင်သင်းပြောခဲ့တဲ့ "လူညစ်တစ်ယောက်ပေါ်လာတိုင်း ကမ္ဘာကြီးအလုပ်ရှုပ်ရတယ်"ဆိုတာ တကယ်မှန်တယ်...။

ဘလော့ကို ပြန်လာတဲ့ Welcome back ပို့စ်မှာ ဒီလို စိတ်မကောင်းစရာအကြောင်းအရာတွေရေးရလိမ့်မယ်လို့ ထင်မထားဘူး...။ 2011 တုန်းက ကျနော့်မွေးဇာတိမှာ 6.8 ရေချစကေးငလျင်ဒဏ်ကြောင့် တစ်မြို့လုံးနီးပါးပျက်စီးသေကျေကြတယ်...။ ကျနော်ငယ်ငယ်က နေခဲ့တဲ့ အဖိုးဆောက်ခဲ့တဲ့တိုက်အိမ်လေးက နံရံလေးတစ်ချက်ပဲကျန်ခဲ့တယ် ဒီပို့စ်မှာ ကျနော်တင်ထားခဲ့ဖူးပါတယ် ...။ ကျနော်တို့အိမ်ရှေ့တည့်တည့်က နှစ်ထပ်အိမ်က အောက်ထပ်တစ်ခုလုံး မြေကြီးထဲကျွံဝင်သွားလို့ အမျိုးသမီးတစ်ယောက်ရဲ့  DB ကို သုံးရက်လောက်ရှာဖွေတူးဖော်လိုက်ရတယ်...။ မြို့သေးသေးလေးက လူတွေအားလုံး လပေါင်းများစွာ စိတ်ချောက်ခြားမှုဒဏ်ကို ခံစားခဲ့ရတယ်...။ အဲတုန်းကလည်း တတ်နိုင်သလောက်အကူလေးပေးဖြစ်ခဲ့တယ်...။

အခုငလျင်မှာလဲ မန်းလေးထက် စစ်ကိုင်းကိုပဲ target ထားပြီး ကူဖြစ်တယ် အဲဖက်မှာက အပျက်အစီး အသေအကျေများ ကူကယ်ရာမဲ့တွေများနေတယ် ဒုက္ခရောက်နေကြတဲ့ သံဃာတွေ မယ်သီရှင်တွေကိုသွားကူမယ့်အဖွဲ့ကိုပဲ အဓိကထားပြီးလှူဖြစ်နေပါတယ်....။ ဒီလို အလှူလေးဖြစ်ဖို့အတွက် ကျနော့်ဘလော့ရဲ့ ထာဝရပရိတ်သတ်စာဖတ်သူလေးတစ်ယောက်က ကိုယ်တိုင်ကိုယ်ကျမြေပြင်ကိုလက်တွေ့သွားလုပ်ဆောင်ပေးနိုင်လို့ သာဓုခေါ်ရပါတယ်...။ ပြီးတော့ ကျနော်တို့ရဲ့ ဦးဇင်းလည်း ပခုက္ကူကနေ ဆရာဝန်ပါ ပါတဲ့ အဖွဲ့နဲ့ ဆေးဝါးအစားအသောက်တွေနဲ့ လိုအပ်ရင်ဆေးကုပေးဖို့ မနက်ဖြန်စထွက်ပါမယ်...။ လူပီသစွာ လူသားဆန်စွာ ကျနော်တို့အတူတူ တတ်နိုင်သလောက် ကူညီကြရအောင်... together we can....။


ငါတို့မှာ ငါတို့ပဲ ရှိတယ်.....


အားလုံးဘေးရန်ကင်းကင်းနဲ့ နောက်ဆက်တွဲသဘာဝဘေးကနေ ကင်းလွတ်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်...။

ps: ထိုင်းနိုင်ငံတောင်ပိုင်း ကော်စမွီမှာ မုန်တိုင်းဝင်နေပြီလို့သိရတယ် ကျနော်တို့ဆီ အဖျားခတ်လာမလား သတိနဲ့နေကြပါ....။


Wednesday, 6 November 2024

Nina again......






ဆိုင်ကို မကြာခဏလာလည်တတ်သော ကလေးလေး..... နီးနာစံလေး သူ့နာမည်ရဲ့ အဓိပ္ပါယ်က လိမ္မော်သီးတဲ့...။ တစ်နှစ်ပြည့်တော့မယ် အဲကလေးမတစ်တုတ်လေးက အရမ်း....ချစ်စရာကောင်း အရမ်း...ညစ်လို့ကောင်း အသားလေးဖြူဖြူအိအိနဲ့ ဂွမ်းစိုင်လေးလိုပဲ...။ ကိုယ်မမွေးနိုင်တော့ ချစ်စရာသူများကလေးလေးတွေဆို လိုက်ချီချင်နေတာက ရောဂါတစ်ခု...။ လူသားတစ်ယောက်လာဖြစ်ပြီး နောက်ထပ်မျိုးဆက် လူသားလေးတစ်ယောက်ကို လူဖြစ်ခွင့်ပေးဖို့ အခွင့်မရလိုက်လာကိုတွေးမိရင်တော့ တခါတခါ နှမြောမိတယ်...။  ဒါပေမယ့် တစ်နေ့ထက်တစ်နေ့ စုတ်ပြတ်သတ်လာနေတဲ့ ကမ္ဘာကြီးထဲ ငါတို့ခံခဲ့ရတဲ့ ဒုက္ခတွေနင်တို့ဆက်ခံဆိုပြီးလဲ အပြစ်မရှိတဲ့ကလေးလေးတစ်ယောက်ကို တကိုယ်ကောင်းဆန်အတ္တကြီးပြီး ထားခဲ့ရမှာလည်းမဖြစ်ချင်ဘူး...။ ဒီလိုဆိုတော့ ဒီအတိုင်းပဲကောင်းပါတယ်ပေါ့လေ....:)







































 











သူ့ကို ကလစ်လေးဝယ်ပေးတာကို ပန်လာပြတာတဲ့











__________________
Revolution will prevail
မိုးငွေ့