Showing posts with label အနုပညာခံစားမှု. Show all posts
Showing posts with label အနုပညာခံစားမှု. Show all posts

Monday, 15 December 2025

My Doodles Art.....(7)




doodles ရေးဖို့ အဓိကလိုအပ်တာက စာရွက်ဖြူနဲ့ မှင်အနက်ရှိရင်ကိုရပြီပဲ....။ ကျနော်ဆွဲဆွဲနေတဲ့ doodles တွေက Zen Doodles လို့လဲ ခေါ်ကြတယ်....။ သူက အာရုံစူးစိုက်မှုနဲ့ စိတ်တည်ငြိမ်မှုအတွက် လုပ်ရတဲ့  activities တစ်ခုပါပဲ....။ ကျနော် ခုတင်တဲ့ပုံတွေက 2024 မှာဆွဲထားတဲ့ တင်ဖို့ကျန်သွားခဲ့တဲ့ပုံတွေပဲဖြစ်ပါတယ်...။ အစီအစဉ်တကျရှိစရာမလို ဘောင်မရှိ လွတ်လပ်မှုလည်းရှိတဲ့ ပုံလေးတွေဆွဲရတာ ကျနော့်အတွက် အက်ဆေးတစ်ပုဒ်ရေးရသလိုပဲ ပျော်စရာကောင်းတယ်...။ နောက်ပိုင်း ကျနော် အရောင်တွေထည့်ဆွဲတဲ့ပုံတွေပါ နည်းနည်းစဆွဲလာပြီ...။ တကယ်တော့ ကျနော် အသက် 60-70 ရောက်လို့ လုပ်စရာမရှိတဲ့အခါ လုပ်ရမယ့် ကျနော် ရှာဖွေတွေ့ရှိထားတဲ့ activities ဆိုပေမယ့် အဲချိန် မျက်စိမှုန်လို့ ဆွဲလို့မရတဲ့အခါ ကျနော် ရေဒီယိုနားထောင်မယ်လို့ အရံစဉ်းစားထားတယ်...။ လုပ်ဖြစ်မလုပ်ဖြစ်နဲ့ အဲအချိန်ထိ အသက်ရှင်မရှင်ဆိုတာ အာမခံချက်မရှိဘူးလေ...။ ငွေကြေးချမ်းသာဖို့ထက် ကျနော်က စိတ်ချမ်းသာမှုကိုပဲ ရှာဖွေနေတဲ့သူတစ်ယောက်မို့ ကျနော့်စိတ်အဆင်ပြေမယ့်အရာတွေကိုပဲ ကျနော် ဦးစားပေးလေ့ရှိတယ်...။

ခုနောက်ပိုင်း tiktok မှာ ကျနော်ဆွဲထားခဲ့တဲ့ doodles စာအုပ် ခြောက်အုပ်အကြောင်း စကားပြောထားတဲ့ပို့စ်တွေတင်တာ 4 ခုလောက်ရှိသွားပြီထင်တယ်...။ ကျနော်က တစ်သက်လုံး ကင်မရာရှေ့စကားပြောရမှာတို့ စင်ပေါ်တက်ပြောရမှာတို့ လူအများကြီးနဲ့စကားပြောဆိုဆက်ဆံရမှာတို့ဆိုတဲ့အလုပ်တွေကို မလုပ်ခဲ့ဖူးပါဘူး ဖေ့ဘုတ်သုံးခဲ့တဲ့အချိန်မှာလည်း live လွှင့်တာတို့ဘာတို့မလုပ်ခဲ့ဖူးဘူး ကျနော်သုံးစဉ်ကာလမှာလည်း ဖေ့စ်ဘုတ် live လွှင့် စကားပြောတဲ့သူလည်း တော်တော်နည်းသေးတယ်...။ ခုတော့ ကျနော့်ပုံလေးတွေအကြောင်းပြောရင်း tiktok မှာ စကားပြောရတာ နဲနဲ သတ္တိရှိလာပြီဆိုပါတော့...။ ကိုယ်တိုင်စကားပြောတဲ့ ဗီဒီယိုနဲ့အသံကိုလည်း ခုမှကြည့်ဖူး ပြန်နားထောင်ဖူးတာ...။ 

ကျနော်ဟာ တကယ် လူကြောက်တတ်တဲ့ ဆိုရှယ်ဖိုးဘီယားတစ်ယောက်ပါပဲ......။















 

































Friday, 16 February 2024

My Doodles Art (5).....











ကျမ နောက်ဆုံးဝယ်ဖြစ်တဲ့ Doodle ဆွဲဖို့ Sketch Book လေး စာရွက်သားကောင်းပြီး ပိုဆွဲလို့ကောင်းတယ် ...။ သူက အဓိက ရေဆေးပန်းချီဆွဲဖို့ ထုတ်ထားတဲ့ စာရွက်သားတွေ....။ အရင်လောက် Doodle ပုံလေးတွေ ဆက်တိုက်မဆွဲဖြစ်တော့ဘူး အာရုံလာမှပဲ တစ်ပုံစ နှစ်ပုံစ တစ်လလုံးနေမှ အနည်းဆုံးတစ်ပုံ အဲလောက်ပဲ ...။ တကယ်တမ်းက အရမ်းပျင်းနေတဲ့အချိန် ဖိအားများနေတဲ့အချိန်မှာမှ ပိုဆွဲလို့ကောင်းတာ...။


































































 



_______________________
Revolution will prevail
မိုးငွေ့

Saturday, 30 September 2023

My Crush .....(2)




လွန်ခဲ့တဲ့ခြောက်နှစ်ကတည်းက ကျမ Street Art ပညာရှင် အာကာကျော်ပို့စ်တွေတင်ခဲ့ဖူးတယ်... ကိုးဗစ်ကာလကတည်းက သူလည်း အမေရိကားကို ထွက်သွားလိုက်တာ ခုဆို ဟိုမှာ ကျောင်းတွေတက် သူ့အနာဂတ်အတွက်က အာမခံချက်ရသွားခဲ့ပြီ...။ သူ့အနုပညာတွေကို လွတ်လပ်စွာချပြခွင့် ကမ္ဘာကသိအောင်ပြသခွင့်ရနိုင်တဲ့နေရာကို ကောင်းမွန်စွာရောက်သွားတဲ့ ကျမရဲ့ Crush လေးအတွက် တကယ်ဝမ်းသာမုဒိတာဖြစ်ရပါတယ်...။ သူ့လိုအခွင့်အရေးမရှိတဲ့ မရနိုင်ကြတဲ့  လူငယ်တွေအများကြီး အနာဂတ်ပျောက် လမ်းပျောက်နေကြတယ်...။ ခုဆို စုတ်သထက်စုတ်ချာ ပျက်စီးမှုအပေါင်းနဲ့ပြည့်နေတဲ့ နိုင်ငံထဲမှာ အထက်တန်းကျောင်းတွေမှာတောင် မူးယစ်ဆေးဝါးတွေကို သကြားလုံးဝယ်စားသလို လွယ်လွယ်ကူကူဝယ်သုံးလို့ရနေပြီတဲ့...။ ဘာမှမတွေးဝံ့စရာတွေချည်းပဲ...။ ဒီလောက်ပဲ အများကြီးမပြောတော့ဘူးလေ....။

























































































































 







__________________
Revolution will prevail
မိုးငွေ့