Monday, 27 June 2011
ကောက်ညှင်းပေါင်း၊ ကြက်ကြော် နဲ့ မော်ဒန်လက်ဖက်သုပ်
ဒိန်ချဉ်ရေခဲမုန့်
Monday, 20 June 2011
စနေမိုးရေစက်များနှင့်အလှူ
Saturday, 18 June 2011
ထမင်းလက်ဖက်သုပ်နဲ့ မချစ်စု
ညီမလေးကဆိုင်ကပြန်လာတော့ ဗိုက်ဆာတယ် ထမင်းနဲ့ဟင်းလည်းမစားချင်ဘူးတဲ့....။ ဒါဖြင့် ထမင်းလက်ဖက်သုပ် စားမလားသုပ်ပေးမယ်ဆိုတော့... ကြက်ဥပါမိုးပေးဆိုလို့....။ ရေခဲသေတ္တာထဲက ချဉ်စပ်လက်ဖက်ကို ထမင်းပေါ်တစ်ဇွန်းလောက်ခပ်ထည့် ပဲဆီနည်းနည်းဆမ်း ဆားလေးဖြူးပြီး အားရပါးရ နယ်ဖတ်လိုက်တယ်... ပန်းကန်ထဲကို ပုံစံခွက်လေးနဲ့မှောက်ထည့်ပြီး ကြက်ဥ ဟက်ဖရိုက်မိုးပေးလိုက်တယ်...။ ထုံးစံအတိုင်းပေါ့ ကြက်ဥကတော့အမြင်မလှဘူး အဲလိုကျွမ်းတာ...။
မန်းလေးကို ညီမတစ်ဝမ်းကွဲလေး အစည်းဝေးသွားတက်ပြီးအပြန် ၀ယ်ခဲ့တဲ့ လက်ဆောင်ပါ....။ မချစ်စုပေမယ့် ရန်ကုန်မှာလို အမျှင်မများဘူး...။ စိန်တလုံးသရက်သီးအကြီးစားလားထင်ရတယ်....။ ချိုအီပြီး အသားလေးက ချောမွတ်နေတာ ကျောက်ကျောလေးအတိုင်းပဲ.......။ ခုတလော ညစာလျှော့စားနေတော့ အသီးကိုပဲ များများစားလိုက်တယ်...။ ဒါကြောင့် ဒီသရက်သီးတစ်ပွဲလုံးသည် မိုးငွေ့တစ်ဦးတည်းစားဖို့ပါ...။
မိုးငွေ့
Wednesday, 15 June 2011
ခေါင်းစဉ်မပါတဲ့ကောင်းကင်.....
Tuesday, 14 June 2011
ကြက်သားမုန်ညင်းချဉ်ကြော်
ထည့်ပါ... မုန်ညင်းချဉ်ကငံပြီးသားမို့....။ မုန်ညင်းချဉ်ကိုမခြောက်တခြောက် အနေထားထိ အဆက်မပြတ်မွှေပြီးကြော်ပါ...။
Friday, 10 June 2011
ရှမ်းငါးချဉ်စပ်ဟင်းချို
မိုးငွေ့
Thursday, 9 June 2011
အတွယ်အတာ....
အချိန်က ညဆယ်နာရီ ဆယ်မိနစ်… ။ ဗိုက်အရမ်းဆာလာလို့ ခေါက်ဆွဲပြုတ်တစ်ခွက်ကိုသောက်ရင်းက အကြောင်းအရင်းမရှိ ရင်ထဲဝမ်းနည်း စို့နင့်လာသလိုလို ခံစားမှုမျိုး….။ ဒီလို ခံစားမှုမျိုး ကိုယ့်ဆီရောက်မလာတော့တာ နှစ်ပေါင်းများစွာရှိနေပြီပဲ…။ မညီမျှတဲ့ ညီမျှခြင်းတစ်ခုကို အတင်းဆွဲညှိယူလို့မရတာမျိုး… ရင်ထဲတစ်ဆို့ဆို့နဲ့….။
ရစ်ပတ်တွယ်ငင်ခြင်းဆိုတဲ့ ဒီအမျှင်တန်းတွေ…. ကိုယ်ဆီထပ်မရောက်လာပါနဲ့တော့….။ ကိုယ့်အရွယ် ကိုယ့်ရဲ့ ရင့်ကျက်မှုနဲ့ ခံနိုင်ရည်ရှိတယ် ဆိုပေမယ့်လေ….။ တခါတလေ လောကနိယာမတရားကို အချိန်တွေ အသက်အရွယ်တွေက အလွယ်တကူ ချိုးဖေါက်ပစ်တတ်တာမျိုးလဲရှိတာကိုး…။ အဲဒီလိုတွင်းနက်ထဲကို ခုန်ဆင်းဖို့အထိတော့ ကိုယ့်အသိဉာဏ်တွေက ကိုယ့်ကို မိုက်မဲခွင့်မပြုပါဘူး….။ ခေါက်ဆွဲပြုတ်က သံပုရာသီးညှစ်တာနည်းနည်းများသွားလို့ ချဉ်သွားတယ်…။ ဘယ်အရာကိုမှ လွန်လွန်ကျူးကျူး မခံစားမိဖို့ ကိုယ့်ကိုသတိပေးသလိုပါပဲ…။
ကမ္ဘာပေါ်မှာ စိတ်ကူးအယဉ်ဆုံးလူတွေဟာ စာရေးဆရာတွေလား….။ စိတ်ကူးကမ္ဘာထဲ ပျော်မွေ့ပါများတော့ လက်တွေ့ဘဝရဲ့ တန်ပြန်မှုကို ခံနိုင်ရည်မရှိတတ်ကြဘူးတဲ့…။ ခုတလော မီးဖိုချောင်လက် မလှည့်ဖြစ်ဘူး…။ ခံစားချက်တွေများနေတယ်…။ မဖြစ်ဘူး… အလုပ်ကို ထမင်းဗူး ပြန်ထည့်မှပါ…။ အပြင်စာတွေကညစ်ပတ်တယ်…။ စီပိုးတွေကလည်း အဖြစ်များနေတယ်…။ အသက်ကိုဉာဏ်စောင့်၏တဲ့…။ နောက်ဘဝအတွက် ဘာကောင်းမှုကုသိုလ်မှ မလုပ်ရသေးဘဲ လောကကြီးထဲကနေတော့ ပစ္စလက်ခတ်ထွက်မသွားချင်သေးဘူး…။ ကိုယ့်မှာ တွယ်တာစရာတွေက ခပ်များများရယ်…။ ကိုယ့်စာတွေ… ကိုယ့်ပိတ်သတ်တွေ… အဲဒါတွေက ကိုယ့်ဝိဉာဉ်ရပ်တည်နေဖို့ မရှိမဖြစ်တွေလေ…။
ပြီးတော့ ဧရိယာပြင်ပရောက်နေတဲ့ သူနဲ့လည်း စကားသေချာမပြောဖြစ်သေးဘူး…။ ခုတလော အလုပ်များနေတယ်တော်တော်ပဲ…။ ထူးထူးဆန်းဆန်း ဖုန်းတောင်ဆက်ပြီး “ကိုယ်အလုပ်တွေအရမ်းရှုပ်နေတယ်”တဲ့…တုံးတိကြီးပြောတယ်…။ ကိုယ်လဲ “အိုကေလေ… ဒါဆိုလဲ မပြောတော့နဲ့ တာ့တာ” ဆိုပြီး ဖုန်းချပစ်လိုက်တယ်…။ အေးရော….။ အိမ်ကပေးစားမယ့် မိန်းမနဲ့လက်ထပ်ရတော့မယ်ဆိုပဲ….။ အင်းလေ အိမ်ကပေးစားမှ ရမယ့်အခြေအနေကိုးလို့… မခံချင်အောင်ပြောလိုက်တော့ တကယ်ပဲ ကိုယ့်သူငယ်ချင်းလေး ဆတ်ဆတ်ခါထိသွားတာ…။ ခုလဲ ခေါက်ဆွဲစားရင်း သီချင်းနားထောင်ရင်း သူနဲ့အလ္လာဘ သလ္လာဘများပြောမလားမှတ်တယ်…။ ဧရိယာပြင်ပတဲ့…။
မိုးငွေ့
Monday, 6 June 2011
အဝေးကပဲဆက်ချစ်သွားမယ်.....
Wednesday, 1 June 2011
ဆေးတစ်ခွက်
ဒီနှစ်ပိုင်းမှာ အသိထဲကရော အမျိုးထဲကပါ ဆီးချိုရောဂါနဲ့ ဆုံးသွားကြတယ်....။ အမျိုးဆိုတာ ကျမအဖေရဲ့ညီ ဦးလေးပါ...။ အဖေကေတော့ အသက်ငယ်ငယ်နဲ့ဆုံးသွားတော့ အဖေ့ဆီမှာ ဒီရောဂါအမွေတွေရှိ မရှိမသိရပေမယ့် ကျန်မောင်နှမတွေကတော့ ဆီးချိုသွေးချိုရောဂါကို ကန်ထရိုက်ဆွဲထားသလား အောက်မေ့ရတယ်...။ အဖေတို့မှာ မောင်နှမဆယ်ယောက်ရှိတယ်.... ခုဒီဦးလေးဆုံးသွားတော့ သုံးယောက်ပဲကျန်တော့တယ်....။ ဒီရောဂါက မျိုးရိုးလိုက်တတ်တော့ ကျမတို့လည်း အဖေဗီဇကနေရနိုင်တယ်လေ... ဂရုတော့စိုက်ရမယ်...။ လူတစ်ယောက်မှာ ကျန်းမှာရေးက အရေးကြီးဆုံးပဲလေ....။ လူကျန်းမာမှသာ ကိုယ်လုပ်ချင်တာ ဖြစ်ချင်တာတွေကို အကောင်ထည်ဖော်နိုင် မယ်လေ...။ တစ်ခါတစ်လေ အပျင်းကြီးပြီး ရာသီပေါ် ဗိုင်းရပ်စ်တွေပျံ့နှံ့ရင် ငါလည်းဖျားရင် သိပ်ကောင်းမှာပဲ အိမ်မှာ ဇိမ်နဲ့နှပ်ပစ်မယ်လို့ စိတ်ရူးပေါက်တတ်သေး....။ တကယ်တမ်းဖျားနာလာရင် နေလို့ထိုင်လို့မကောင်းတဲ့အပြင် အစားအသောက်လည်းပျက်ဦးမယ်...။ ခုခေတ်ချိန်မှာ အစားအစာတွေက ကျမတို့ငယ်ငယ်တုန်းကလို လတ်လတ်ဆတ်ဆတ်တွေ သိပ်မစားရတော့ဘူူး..။ ဘာမဆို ရယ်ဒီမိတ်တွေ တာရှည်ထားခံတဲ့ဆေးထည့်ထားတဲ့ အစားအသောက်တွေချည်းဖြစ်နေတော့ ရောဂါတွေလည်း ကိုယ်မကြားမသိဖူးတာတွေ အထူးအဆန်းတွေ ဖြစ်ဖြစ်နေကြတယ်...။
ကျမသူငယ်ချင်းတစ်ယောက်လည်း ခဏခဏနေမကောင်းဖြစ်တတ်တယ်...။ သူကအစာအိမ်ရောဂါရှိတယ်... ပါးစပ်ခါးတယ်ဆိုပြီး ဘာမှမစားတော့ပိုဆိုးရော...။ ဒီထက်ပိုဆိုးတာက အိမ်မှာ ချက်ပြုတ်မစားဘဲ အပြင်စာတွေချည်း နိစ္စဓူ၀၀ယ်စာနေတာပဲ...။ အပြင်စာတွေက သန့်တာမဟုတ်ဘူး ဖြစ်သလို ချက်ထားကြမယ်....။ ခံတွင်းမကောင်းဘူးဆိုပြီး အချဉ်အစပ်တွေစားချင်စားလိုက်မယ်...။ အသုပ်ဆိုတာ ဆိုးဆေးပါတဲ့ ငရုတ်ဆီနဲ့ အဲဒါပိုကြောက်ဖို့ကောင်းတာ...။ အခု စီပိုးတွေ ဘီပိုးတွေကလဲ ဖြစ်မှဖြစ်ပဲ...။ ခုလို ကိုယ်ခံအားနည်းနေချိန်မှာ ရောဂါပိုပြီးကူးစက်လွယ်တာပေါ့...။ ခက်ကတာ သူတို့က ဆန်ပြုတ်ကအစ အပြင်ဆိုင်မှာ ဝယ်သောက်တယ်...။ တကယ်ဆို ကိုယ့်ကျန်းမာရေးအတွက် အိမ်မှာ သန့်သန့်လေး ကြက်ပေါင်လေးတစ်ပိုင်းနဲ့ ဆန်လေးပြုတ်ထားလိုက် လတ်ဆတ်သန့်ရှင်းပြီး ပူပူနွေးနွေးလည်းသောက်ရတော့ ဘယ်လောက်အရသာရှိလိုက်သလဲ....။ အထူးသဖြင့် မကြာခဏဗိုက်အောင့်တတ်တော့ အစာအိမ်ထဲမှာ အနာဖြစ်ချင်ဖြစ်နေမယ် ရောင်ရမ်းနေမယ်ဆိုရင် တစ်ပတ်လုံးအစာကြမ်းမစားဘဲ ဆန်ပြုတ်ပျော့ပျော့လေးကို တစ်ပတ်လုံးသောက်လိုက်ရင် ဆေးတောင်ကူဆရာမလိုဘဲ သက်သာတယ်...။ ကျမလည်းဆရာတွေ ပြောတာမှတ်ထားတာပါ...။ ကိုယ်ကတော့အကြံဉာဏ်ပေးတာပဲ လိုက်လုပ်မလုပ်တော့ သူတို့အပိုင်းဖြစ်သွားပြီ...။
လူတစ်ယောက်မှာ ကျန်းမာရေးဗဟုသုတတော့ရှိသင့်တယ်လို့ထင်ပါတယ်....။ ကျမမြင်တွေ့နေရတာတော့ ခေါင်းကိုက်ရင် နှာစေးရင်ပဲ အနာဂျက်ဆင် ပါရာစီတာမော ဘာမီတွမ် ဒီဆေးတွေကိုပဲသုံးနေကြတုန်း....။ ဒီဆေးတွေက ကွမ်းယာဆိုင်မှာ အလွယ်တကူဝယ်သောက်နိုင်တဲ့ ဆေးမီတိုလိုဖြစ်နေပါတယ်....။ တကယ်တော့ သူ့ထက် generation မြင့်တဲ့ ဆေးတွေကို ကျန်းမာရေးဝန်ထမ်းတွေ ညွှန်ကြားတဲ့အတိုင်း သောက်သင့်ပါတယ်....။ ကိုယ့်ဘာသာကို ရမ်းသမ်းမကုသင့်ဘူး...။ မနေ့က ကျမအဒေါ်အငယ် ငိုယိုပြီးဖုန်းဆက်လာပါတယ်....။ တစ်ကိုယ်လုံးနာနေလို့တဲ့...။ နက်ဖြန်မန်းသွားမယ့် အစောဆုံးလေယာဉ်လက်မှတ်ရအောင်လုပ်ပေးပါဆိုလို့....။ သူ့ခင်မျာ မွေးထားတာကသားနှစ်ယောက် တစ်ယောက်ကသဘောၤလိုက်နေတယ်... နောက်တစ်ယောက်က second mate ဖြေနေတယ်...။ သားတွေဆိုတော့ သမီးတွေလောက်တော့ အမေအတွက် အဖော်မရဘူးပေါ့...။ ခုလိုနေထိုင်မကောင်းတဲ့ အချိန်မှာလည်းမနားရဘူး...။ လုပ်နေကျအိမ်အလုပ်တွေကိုလုပ်ရတယ်... ယောက်ကျားစားဖို့ သားစားဖို့ ချက်ပြုတ်ကြော်လှော်ပေးရတယ်...။ အဒေါ်ကနဂိုထဲက ကျည်းပေါင်းလည်းတက်ဖူးတယ်...။ လေးဖက်နာကလည်းရှိတယ်...။ ခုလောလောဆယ်ဖြစ်နေတာက လည်ပင်းမှာ အကျိတ်ဖြစ်နေတာ...။ အကျိတ်ကြောင့်လား လေးဖက်နာကြောင့်လားတော့မသိဘူး တစ်ကိုယ်လုံးနာနေတယ်ပဲပြောနေတယ်...။ ဒါကို သူ့ယောက်ကျားက တကယ်မနာပဲ လုပ်ယူတယ်လို့စွပ်စွဲတယ်..။ ဒီတော့ အဒေါ့်ခင်မျာ မနားရတဲ့အပြင် အာပေးမယ့်သူမရှိ... အဲလိုလဲအပြောခံရတော့ စိတ်ဓါတ်တွေကျပြီး ငိုတာဖြစ်မယ်...။ အဲဒါတွေခက်တာပါ...။ အနောက်တိုင်းနဲ့ အရှေ့ကွာတာ အဲဒါတွေပဲ...။ ကျမတို့ အာရှမှာ မိန်းမတစ်ယောက်ဟာ အိမ်ထောင်ပြုလိုက်ပြီ ဆိုရင်မီးဖိုချောင်ဝင်ရမယ် အိမ်အလုပ်အကုန်လုံးအစအဆုံးလုပ်ရမယ်လို့ အသေသတ်မှတ်ထားကြတာကိုး...။
ယောက်ကျားတွေက ရှာမကျွေးနိုင်တော့ရင်တော့ မိန်းမကိုကူဖို့မပြောနဲ့ အိမ်ဦးခန်းမှာ အခန့်သားနေနေတာမျိုးကိုတော့ ကျမမနှစ်မြို့ပါဘူး...။ အဲဒီလိုခွဲခြားတာကို ပြင်သင့်ပြီလို့ထင်ပါတယ်....။ ဘာပဲဖြစ်ဖြစ်လင်မယားဆိုတာ ဆိုးတူကောင်းဖက်အတူပေါင်းလာပြီးတော့မှ ဘာမဆို ဖေးဖေးမမ မျှမျှတတ လုပ်စရာရှိတာအတူ ခွဲဝေလုပ်သင့်တယ်ထင်ပါတယ်...။ ဒါနဲ့ ဆက်ပါဦးမယ်...။ မန်းမှာက ကျမတို့ ဦးလေးခွဲစိပ်ဆရာဝန်ကြီးရှိတယ်...။ အဲဒီမှာ အဒေါ်ကသူ့ရောဂါကို သွားကုဖို့ ဟိုရက်တွေကတည်းကပြောထားပြီးသား...။ ကျမအမေကို အဖော်ခေါ်သွားမယ်ပေါ့....။ အမေကလည်းသူ့ညီမကို အဖော်လိုက်ပေးမယ်ပြောထားပေမယ့် ခုလိုမြန်မြန်ဆန်ဆန်သွားလိမ့်မယ် မထင်ထားဘူးပေါ့...။ အဒေါ်လည်း မခံစားနိုင်လွန်းလို့ချက်ချင်းသွားမယ်ဖြစ်သွားတာနေမှာ...။
တလောကလည်း ဦးလေးတစ်ယောက်လိမ့်ကျလို့ ခါးရိုးထိပြီး လမ်းမလျှောက်နိုင်တာနဲ့ ဆေးရုံတင်လိုက်ရတယ်...။ ဓါတ်မှန်ရိုက်ကြည့်တော့ အရိုးပါးနေတယ်ပြောတယ်...။ တီဗီမှာ ကျန်မာရေးကဏ္ဍက အရိုးအဆစ်အကြောင်းဆွေးနွေးတာ နားထောင်လိုက်ရတယ်...။ လူကြီးတွေအတော်များများ အရိုးပါးရောဂါဖြစ်ကြတယ်...။ အဓိကက ကယ်စီယမ်နည်းလို့ဖြစ်ကြတာ...။ လူတစ်ယောက်မှာ နေ့စဉ်လိုအပ်တဲ့ ကယ်လ်စီယမ်ကိုစားပေးရတယ်...။ ဥပမာ နွားနို့သောက်ပေးတာတို့ ငါးကလေးကြော်စားတာတို့ပေါ့...။ အာရှဘက်ကလူတွေဟာ ကြမ်းပြင်မှာအထိုင်များတဲ့အတွက် ဒူးကျည်းပေါင်းအဖြစ်များတယ်...။ အနောက်တိုင်းသားတွေကတော့ တင်ပဆုံကျည်းပေါင်းဖြစ်ကြသတဲ့...။ ဘာပဲဖြစ်ဖြစ်................... လူတစ်ယောက်နေထိုင်မကောင်းဖြစ်လာရင်... ဆေးကုတာလည်းကုပေမယ့် အရေးကြီးတာစိတ်ဓါတ်လည်းပါသေးတယ်...။ စိတ်အားငယ်ရင် စိတ်ကျနေရင်နဂိုရောဂါနဲ့ ပေါင်းပြီးပိုဆိုးသွားရော....။ အနားမှာ ကိုယ်ချင်းစာနာစွာနဲ့ အားပေးနှစ်သိမ့်ပေးမယ့်သူရှိနေရင် ဆေးတစ်ခွက်ပါပဲ....။ ဘာနဲ့မှလဲလို့မရတဲ့ ဘယ်မှာမှရှာလို့မရတဲ့ အားဆေးတစ်ခွက်ပါပဲ...။
မိုးငွေ့
.png)

