Monday, 27 June 2011

ဒိန်ချဉ်ရေခဲမုန့်

ဆိုင်နံရံလေးကို ဟောဒီလို ရောင်စုံဒီဇိုင်းလေးပြင်ထားတယ်


ဒါက တခြားတဘက်ကနံရံလေးမှာ ဒီဇိုင်းအမျိုးမျိုး စာသားအမျိုးမျိုးနဲ့ လွယ်အိတ်မှာကပ်တဲ့ တံဆိပ်ဝိုင်းပုံ မီးထွန်းထားတယ်...


ရောင်စုံ crunchy လေးတွေဖြူးထားတဲ့ ဒိန်ချဉ်ရေခဲမုန့်


စပျစ်သီးဖြူးထားတဲ့ ဒိန်ချဉ်ရေခဲမုန့်


ချောက်ကလက်ဒိန်ချဉ်ရေခဲမုန့်


ဒါက ဆိုင်အ၀င်ဝညာဘက်ခြမ်းနံရံကစာသား


ပြည်လမ်းပေါ်က တော်ဝင်စင်တာ မြေအောက်ထပ်မှာရှိတဲ့ စားသောက်ဆိုင်တန်းတွေထဲက ဆိုင်လေးတစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်...။ ဒိန်ချဉ်ရေခဲမုန့်ဆိုင်လေးပါ....။ ဆိုင်နာမည်က “Frolik”တဲ့... “Frolic” မြူထူးဆော့ကစားသည် ဆိုတဲ့ စကားလုံးကလာတာပါ...။ ရေခဲမုန့်ကတော့ ဒိန်ချဉ်တစ်မျိုးတည်းပဲရပါတယ်...။ အပေါ်ကကိုယ်ကြိုက်တဲ့ Topping လေးတွေကိုသာရွေးရတာ...။ အပေါ်မှာပြထားတဲ့ ခွက်က original ပါ အလတ်စားပေါ့... Jumbo size ရှိသေးတယ်.... အော်ခွက်ထက်သေးတဲ့တစ်ဆိုဒ်လည်းရှိပါသေးတယ်...။ အလတ်စားခွက်ကတော့ နှစ်ထောင်ပေးရပါတယ်....။ Topping လေးတွေကတော့စုံပလုံစိနေတာပဲ ...။ အဲ... ဓါတ်ပုံမရိုက်လာမိဘူး...။ သူတို့ခွင့်ပြုမပြုတော့မသိဘူး...။ နောက်တစ်ခေါက်သွားစားဖြစ်ရင် မေးကြည့်ဦးမယ်...။ Chocolate Crunchy တွေပုံစံမျိုးစုံရှိတယ် နွားနို့နဲ့သောက်တဲ့ Corn Flake အရောင်စုံ ရယ်... သီဟိုဠ်စေ့ရှိတယ်... Almond ... မက်မွန်သီး... ဝေဖါမုန့် အပြင် ကြက်ဥခေါက်မုန့်လို အချောင်းလေးတွေလည်းရှိပါတယ်....။ ရေခဲမုန့်မကြိုက်တဲ့ ကျမတောင် အဲဒီဒိန်ချဉ်ရေခဲမုန့်ကို တော်တော်ကြိုက်သွားတယ်...။ အဲဒီနေ့က သူ့နှစ်ဆိုင်ကျော်က ချန်ပီယံကြက်ကြော်သွားစားပြီး အအီပြေဒိန်ချဉ်ရေခဲမုန့်ဝင်စားတာ...။ ကြက်ကြော်က သုံးတုံးကိုနှစ်ထောင်ကျတယ်....။ အဲ... ဒိန်ချဉ်ဆိုင်မရောက်ခင် Pizza Conner က take away ဆိုပြီး ချိတ်ထားတာတွေ့လို့ ...။ Hawain regular တစ်ခုပါဆယ်ကို ဒိန်ချဉ်ဆိုင်လာပို့ပါဆိုပြီးမှာခဲ့တယ်...။ ၀ိတ်လျှော့နေတယ်...။ အစားကြီးလှချေလား မထင်ပါနဲ့....။ အဟဲ......တကယ်လည်းစားပါတယ်ရှင်.....။ ကြိုက်တာကိုးလို့....။

မိုးငွေ့

7 comments:

Mon Petit Avatar said...

Fried Chicken, pizza, ice-cream, what is not to like, right? I love yogurt ice-cream but 2000 Kyats for a regular size, it is expensive for me.

Cameron said...

ဟုတ်တယ်မွန်...သူတို့က ဒီမှာ ပထမဦးဆုံးလာရောင်းတော့ တောသားတွေကို ဘတ်နေတာလေ...။
တကယ်တော့တစ်ခွက်နှစ်ထောင်ဆိုတာ သိပ်ဈေးကြီးလွန်းနေပြီ...။

သဒ္ဓါလှိုင်း said...

စားချင်လိုက်တာမမိုးရေ.

SHWE ZIN U said...

စားချင်စရာလေးတွေ တခါမှ မစားဘူးဘူး

အဖြူရောင်နတ်သမီး said...

ဒိန်ချဉ်ရေခဲမုန့်ကြိုက်တယ်...

Angelhlaing(May everybody be happy and healthy! said...

စားချင်လယ်မမ...:)

လင်းခေတ်ဒီနို said...

ဟိဟိ ကြက်ကြော် ဒိန်ချိန် ပီဇာ . . . အောင်မြတ်လေး ကယ်လိုရီ ၃၀၀၀ လောက်တော့ရှိသွားပြီးး)))