Friday, 27 May 2016
Monday, 23 May 2016
ဒီမိုး.....
မိုးစက်တွေ အိပ်စက်နေကြတုန်းပဲ အိန်ဂျယ်......
နွေခေါင်ခေါင်မှာ ကိုယ်တစ်ယောက်တည်းပဲ မိုးတွေရွာချနေခဲ့တယ်...
မင်းကတော့ ပင်လယ်ပြင်မှာ ပေါလောမျောပြီး မုန်တိုင်းကြားထဲ သက်စွန့်ဆံဖျား ခရီးဆက်နေရတုန်းပေါ့...။
မိုးကို ကိုယ်စောင့်နေတယ်...
ဒီမိုးကျရင် မင်းနဲ့ပတ်သက်မယ့် မိုးကဗျာတွေ တသီကြီး ရေးခွင့်ရမယ် ထင်တာပဲ...။
လောလောဆယ်တော့ ....
ကိုယ်ဟာ နွေကန္တာရထဲ အထီးကျန်နေဆဲပေါ့...
အိန်ဂျယ် ဖန်ဆင်းမယ့်နေ့ညတွေကို စောင့်မျှော်နေရင်းပေါ့....
မြက်ပြင်စိမ်းစိမ်းပေါ်က ဖက်ဆွတ်မိုးတွေကို ခြေဗလာနဲ့နင်းဖို့ စိတ်ကူးယဉ်ရင်းနဲ့ပေါ့...
မိုးငွေ့
Friday, 13 May 2016
မလိုချင်ဘူး စစ်.....
ငယ်ငယ်တုန်းက ရှမ်းပြည်မှာ မြန်မာ့တပ်မတော်တွေနဲ့ ဗကပတွေ ခဏခဏစစ်ဖြစ်လွန်းလို့ ကျွန်မတို့နေတဲ့ ရွာမှာဆို အိမ်တိုင်းလိုလို ဗုံးခိုကျင်းတူးထားရတယ်...။ ဒုန်းဒုန်းဒိုင်းဒိုင်း ပစ်ခတ်သံကြားတာနဲ့ ရင်ထိတ်နေကြရပြီ...။ အခြေနေမကောင်းရင် ကျင်းထဲဆင်းပုန်းရသေးတာ...။ ကျွန်မကလေးအရွယ် ကတည်းက အဲအသံတွေကိုကြားနေရတုန်းပဲ နည်းနည်း ငြိမ်းချမ်းရေးရသွားတော့မှ ဗုံးခိုကျင်းလည်း ကျွန်မတို့အတွက် ဆင်းပြီး တူတူပုန်းတမ်းကစားတဲ့ နေရာတစ်ခုဖြစ်လိုဖြစ်သွားရတာပေါ့..။
ကျွန်မရန်ကုန်ကိုရောက်ပြီး နှစ်တော်တော်ကြာ စစ်ဆိုတဲ့စကားလုံးမကြားရတော့ပေမယ့် ခုနောက်ပိုင်း ပြည်တွင်းစစ်တွေ ဟိုနားဒီနားဖြစ်နေကြတယ်...။ ဘာလို့လည်းကွယ်... ဘာလို့ အပြစ်မရှိသူတွေ အသက်ကို သနားညှာတာမှုမဲ့စွာ စစ်တိုက်နေကြရတာလဲ...။ ကမ္ဘာကရွာဖြစ်လာတော့ လူတွေလည်း အမြင်ကျယ်လာ အကုန်လုံးသိလာခဲ့တာ... စစ်ဘေးဒုက္ခသည်တွေအတွက် အဆိုးထဲက အကောင်းလို့ပဲမှတ်ယူရတော့မယ်...။ ပရဟိတစိတ်ပြည့်ဝသူတချို့ရဲ့ ကူညီထောက်ပံ့အားပေးမှုနဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေ အတွက် တော်တော်ကောင်းသွားတယ်...။ ဘာပဲဖြစ်ဖြစ် စစ်ဆိုတာ မရှိရင်အကောင်းဆုံးပေါ့ လောဘ ဒေါသ မောဟတွေနဲ့ လူတွေရှိနေသရွေ့တော့ ငြိမ်းချမ်းရေးဆိုတာရတလှည့် မရတလှည့်နဲ့ လည်နေမှာပါပဲ...။
နီနီ့ရဲ့ စစ် အမ်တီဗီလေးကိုလည်း မျှဝေရင်း ပြောချင်တာလေး နည်းနည်းပြောသွားတာပါပဲ..။
မိုးငွေ့
Tuesday, 3 May 2016
Subscribe to:
Posts (Atom)


