မိုးစက်တွေ အိပ်စက်နေကြတုန်းပဲ
အိန်ဂျယ်......။
နွေခေါင်ခေါင်မှာ ကိုယ်တစ်ယောက်တည်းပဲ မိုးတွေရွာချနေခဲ့တယ်...။
မင်းကတော့ ပင်လယ်ပြင်မှာ ပေါလောမျောပြီး မုန်တိုင်းကြားထဲ
သက်စွန့်ဆံဖျား ခရီးဆက်နေရတုန်းပေါ့...။
မိုးကို ကိုယ်စောင့်နေတယ်...။
ဒီမိုးကျရင် မင်းနဲ့ပတ်သက်မယ့် မိုးကဗျာတွေ တသီကြီး
ရေးခွင့်ရမယ် ထင်တာပဲ...။
လောလောဆယ်တော့ ....
ကိုယ်ဟာ နွေကန္တာရထဲ အထီးကျန်နေဆဲပေါ့...
အိန်ဂျယ် ဖန်ဆင်းမယ့်နေ့ညတွေကို စောင့်မျှော်နေရင်းပေါ့....
မြက်ပြင်စိမ်းစိမ်းပေါ်က ဖက်ဆွတ်မိုးတွေကို ခြေဗလာနဲ့နင်းဖို့
စိတ်ကူးယဉ်ရင်းနဲ့ပေါ့...
မိုးငွေ့
1 comment:
အိပ်စက်နေသော မိုးစက်များ စဉ်ဆက်မပြတ်နိုးထနိုင်ကြပါစေ..
ဒါမှကဗျာလှလှလေးတွေပြန်ဖတ်ခွင့်ရမယ်မဟုတ်လား။
Post a Comment