Showing posts with label သွားမယ်စားမယ်. Show all posts
Showing posts with label သွားမယ်စားမယ်. Show all posts

Wednesday, 22 October 2025

ဘားမှမဟုတ်.....








အွန်လိုင်းမှာ ကလေးတွေ ခေတ်စားနေကြတာ အရုပ်ကလေးတွေ blind box ဖောက်တယ်ခေါ်ကြတာလား ကိုယ်ဝယ်လာတဲ့ ဗူးထဲက ဘာအရုပ်ဖြစ်မလဲ ဘာအရောင်ကျမလဲဆိုတာ ဖောက်ကြည့်ရတာ ဈေးကလည်း အသေကြီးတာရော အဲအရုပ်တွေက သူတို့ကလေးတွေ ဂိမ်းဆော့တဲ့ထဲက ဇာတ်ကောင်လေးတွေဖြစ်မယ်ထင်တယ် ဒီအရုပ်လေးက ကျနော် ပစ္စည်းတစ်ခုဝယ်လို့ လက်ဆောင်ထည့်ပေးလို့ရတဲ့အရုပ် သော့ချိတ်ကလေး တကယ်က ကျနော်အဝါရောင်မကြိုက်ဘူး ဒါမယ့်အရုပ်လေးရဲ့မျက်လုံးလေးကလှလိုက်တာလို့ သနားကမားရုပ်ကလေး ငိုနေတာထင်တယ် မျက်ရည်လုံးကလေးပါတာ...။ ခုနောက်ဆုံးထွက်တာက skull panda series ထဲက You found me series အရုပ်လေးတွေအကုန်လှတယ် အဲထဲက မျက်နှာမဲမဲနဲ့ အဖြူရောင်လေးကိုကြိုက်လို့ မှာထားသေးတယ် ...။ ကျနော်က blind box မဖောက်ချင်လို့ အရောင်ရွေးယူလို့ 210000/- ကျပါတယ်...။ ပုံမှာ အရုပ်မရွေး ကျတာယူဆို တစ်ရုပ်ကို 190000/- ကျတယ်...။ အမလေး အခုသာ ကျနော် ကလေးဘဝပြန်ရောက်ရင် ကုန်လိုက်မယ့် ပိုက်ဆံတွေ....။ သဌေးအိမ်မှာလူသွားဖြစ်မှ တော်ခါကျတော့မယ်....။ ကျနော်အခုဝယ်တဲ့ စီးရီးထဲမှာ အရုပ်ဆယ်ရုပ်ပါတယ် တကယ်တမ်းမကြိုက်တဲ့အရုပ်က မြေပဲမတစ်ရုပ်ပဲရှိတာ... မှာထားတာရမှာ ပြန်လာပြမယ် အဲခါကျမှ ဆယ်ရုပ်စလုံးရဲ့ပုံနဲ့ နာမည်လေးတွေပါတင်ပေးမယ်...။ 





ကျနော်တို့ ရန်ကင်းမှာ ကော်ဖီဆိုင်ကောင်းကောင်းတွေ အတော်များတာကိုး....။ ဒီဆိုင်လေးက ချောင်ထဲမှာ အတွင်းဒီဇိုင်က အဟောင်းပုံလေးလုပ်ထားတယ် ကော်ဖီစေ့ကောင်းတယ် မုန့်လည်းမဆိုးဘူး ထိုင်လို့ကောင်းတယ် ချောင်းကလေးဘေးနားမှာ  Golden City ရှေ့က တံတားဘေးကနေဝင်သွားရတာ Hidden gem လေးတစ်နေရာပေါ့....။


What's Up Cafe ဆိုင်လေးရဲ့ မျက်နှာကျက်ဒီဇိုင်း တံပြက်စည်းကြမ်း မီးအုပ်ဆောင်းတွေ....



ဒါက အိမ်မှာလုပ်ရောင်းတဲ့ မီနီဘာဂါ အော်ဒါလေးတစ်ခု အရမ်းစားကောင်းသောလေး



မီနီဘာဂါနဲ့ အုန်းသီးကိတ်လေး  set menu လေးလုပ်ရောင်းတဲ့နေ့က



Kudos မုန့်ဆိုင်က လာတေးအပူလေးတစ်ခွက်လောက်သောက်မယ်



အွန်လိုင်းမှာ trend ဖြစ်နေတဲ့ ဆိုင်လေး "ကာကာဆိုင်" တဲ့ old school ပုံလေးပေါ့ 1980 ဝန်းကျင်က လက်ဖက်ရည်ဆိုင် vibe မျိုးလေး ဖန်တီးထားတာ ဒီနေရာက ပုလဲကွန်ဒိုဆိုင် 
နောက်တစ်ဆိုင်က ပြည်လမ်းပေါ်မှာရှိတယ် လှည်းတန်းစင်တာနားက



လက်ဖက်ရည်ခွက်လေးက သေးတော့ သောက်မဝဘူး အရသာကတော့ သိပ်မထူးခြား 
အပြင်အဆင်အသုံးအဆောင်သူများနဲ့မတူတာပဲရှိတာပါ



ထမင်းဖြူတတ်နိုင်သလောက်ရှောင် ဆန်လုံးညိုချက်စားဖြစ်နေတယ် စေးစေးလေးနဲ့ ပြောင်းဖူးစေ့နဲ့တူတယ်
ပုံမှာက လက်ပံပြားကြက်ကြော်နဲ့ ရှမ်းငရုတ်သီးထောင်း



ကျနော့်ရဲ့ တစ်မနက်သော မနက်စာ ကောက်ညှင်ပေါင်းငချိပ်ပဲပေါင်းကို အုန်းဆီချက်နဲ့နယ်ထားပြီး 
စားတော်ပဲပြုတ်လေးဖြူး ကာဖီတစ်ခွက်နဲ့


စကော့ဈေးခုံးတံတားအောက်က အကျိကြာဇံကြော် ခေါက်ဆွဲကြော် ဝက်သားတုတ်ထိုးဆိုင်လေး 
အဲဈေးသွားတိုင်း မရိုးအောင်စားဖြစ်သော


6မိုင်ခွဲ Market Place က The District Cafe က Macha latte 
ဒါနဲ့ အခု သွင်းကုန်တွေအကုန်ပိတ်ခံထိတော့ အဲဒီ green tea macha အမှုန့်လေးတောင်မရတော့ဘူး



အဲမှာ အမေဇုံကော်ဖီဆိုင်မှာသောက်လိုက်ရသေ junction city ဆိုင်က



အိမ်မှာ မုန့်ဟင်းခါးချက်စားတဲ့နေ့က အဒေါ်အငယ်လုပ်ကျွေးသော ရွှေဖရုံသီးနဲ့ထန်းလျက်အချိုပွဲ



စားကြပါဦး ငါးခူမရလို့ ငါးကြင်းနဲ့ပဲချက်စားဖြစ်တဲ့ အိမ်လုပ် မုန့်ဟင်းခါးလေးပါ







အပျိုကြီးပဲတဲ့ ရန်ကုန်အခေါ် အညာမှာတော့ ပဲကျားဆိုလား ပဲစေ့လေးက အစင်းကျားလေးပါတာဗျာ 
အဲဒါ နှစ်ရေလောက်နူးအောင်ပြုတ်ပြီး ကြက်သွန်ဖြူ ဂျင်းဆီသတ် 
ဆား နနွင်းလေး ဘာလေးထည့်နှပ်ပြီး စားရတာ ထမင်းကိုမြိန်ရောပဲ



မနက်ခင်း မုန့်ဟင်းခါးချက်ရင်း ဗိုက်ဆာလာလို့ ငပိရည်လေးနဲ့ ငရုတ်သီးမှုန့်နဲ့နယ်ဖတ်စားတာ 
အမလေးကောင်းချက် ဘာဟင်းမှမလို


အုန်းပင်လေးတွေနဲ့ ကောင်းကင်အရာင်လှလို့ ကန်သာယာမှာ







 

Monday, 22 September 2025

မန်းနဲ့မေမြို့ ခရီးမှာစားခဲ့တာလေးတွေ.....





ပြင်ဦးလွင်က စကောထမင်းမှာစားတာ အဲနေ့က ကျနော်တို့ သဌေးရဲ့ နားနေအိမ်မှာ ဘုန်းကြီးဆွမ်းကပ်ကြတာ...။ ကျနော့်သူဌေးဆိုတာ ကျနော့်ဦးလေးပါပဲ အဒေါ်ရဲ့ယောကျာ်း  သူတို့သမီးရည်းစားဘဝမှာ ကျနော့်အသက် လေးငါးနှစ်ကတည်းက သွားလေရာခေါ်သွားကြတာ ကျနော်ရဲ့ ဒုတိယမိဘတွေဆိုလည်းမမှားပါဘူး...။ ခုနှစ်တန်းရန်ကုန်မှာကျောင်းလာတက်ကတည်း ကျနော့်ကို သူတို့ ကျွေးမွေးစောင့်လျှောက်လာခဲ့တာ ဒီနေ့လုပ်ငန်းခွင်ထဲရောက်တဲ့အထိပဲဆိုပါတော့ ကျနော့်ရဲ့ ကျေးဇူးရှင်တွေပါ...။




ဖားအောက်တောရကျောင်းက ဘုန်းဘုန်းငါးပါးပင့် ဆွမ်းကပ်






































စကားဖြူပန်းလေးတွေကြိုက်တတ်သွားတာ 
ဆရာမဂျူးက ချစ်သူလားစကားတစ်ပွင့်ပွင့်ခဲ့သည် စာအုပ်ဖတ်ကတည်းက



ခြံနဲ့ဝင်းနဲ့အိမ်ပိုင်ရှိရင် စကားဖြူပင်လေးစိုက်မယ်စိတ်ကူးထားတယ် 
ခြံစည်းရိုးအတွက်တော့ သော်ကပန်းတွေစိုက်မယ်










ဘာပန်းလေးတွေလည်းမသိသေးသေးနုတ်နုတ်လေးနဲ့ ချစ်စရာလေး 





















ကြည့် ဘယ်လောက်လှလိုက်လဲ































ပြင်ဦးလွင်ကဆိုင်မှာသွားစားတဲ့ ရှမ်းခေါက်ဆွဲ



ဒါက မန်းလေးကကျနော့်အဒေါ်နောက်တစ်ယောက်အိမ်က ချက်ကျွေးတဲ့ ရှမ်းခေါက်ဆွဲ
သူလည်း ပြင်ဦးလွင် ရတနာပုံ ဆိုင်ဘာစီးတီးမှာအိမ်ခြံဝင်းလေးရှိ
 ရန်ကုန်ကအဒေါ်နဲ့အိမ်ကပ်လျက် ဆင်တူဆောက်ထားကြတာ...



မန္တလေး 68လမ်း နမ်းခမ်းရှမ်းခေါက်ဆွဲဆိုင်က ကြက်ခြေထောက်ပေါင်း နူးအိနေရော အရမ်းစားကောင်း



နမ့်ခမ်းဆိုင်ကပဲ ဆန်ပြားသုပ်



ဒါက ဟာလာဆိုင်က သုံးရောင်ခြယ် ကောက်ညှင်းပေါင်းနဲ့ စီလုံတီး



မန်းလေးရဲ့ ဇာတ်လိုက်ကျော် နန်းလုံးကြီးမုန့်တီသုပ် တော်တော်လေးစားကောင်းတာ ရန်ကုန်လာဖွင့်တဲ့ဆိုင်တော်တော်များများသွားစားဖူးတယ် မန်းလေးအရသာရကိုမရတာ မန်းစာက မန်းမှာသွားစားတာပဲကောင်း









ရှမ်းဆန်တိုဖူး ချဉ်ငံစပ်



မန်းလေးရှမ်းဆိုင်တစ်ဆိုင်က မြေပဲတိုဖူး အတို့



လက်သည်းဆက်တာအလုပ်ကောင်းလို့ အခုလက်သည်းမှိုဖြစ်နေတာ ဆေးထည့်နေရတယ်

















အဖွားဆိုင်က တိုဖူးသုပ်



အဖွားဆိုင်က ဆန်ပြားသုပ်



ပြင်ဦးလွင်ကနာမည်ကြီး အဖွားဆိုင်က ဆိတ်သားခြောက်ပေါင်း စားကောင်းတယ်











ခြံစည်းရိုးနွယ်ပင်အမျိုး လာဗင်ဒါအရောင်နဲ့လှမှလှပဲ
















မနက်စာကို အဲနားကဈေးမှာ လမ်းလျှောက်ပြီးသွားဝယ်ခဲ့တာ အကြော်စုံနဲ့ ငချိတ် အီကြာကွေးလက်ဖက်ရည်




ဝက်မုန်ညှင်းချဉ်ကြော်



လတ်လတ်ဆတ်ဆတ်ဆူကာညွှန့်ကြော်



ဝက်စတူးဟင်း











စင်္ကာပူဗာဒံပင် အရွက်ဖားဖားကြီးကြီးနဲ့ ကျနော်က အဲအပင်ကို indoor စိုက်ချင်နေတာ



ပြင်ဦးလွင်က မြေစာရင်းရုံး အဓိကက အဲရုံးမှာလက်မှတ်ထိုးဖို့ကိစ္စသွားကြတာ




လေယာဉ်ပေါ်ကဆင်းမန်းလေးမြို့ထဲရောက်တာနဲ့ Classic မှာ မနက်စာဝင်စား မလိုင်အီကြာ မရမ်းကောင်းပဲ


ပထမဆုံးရောက်တာနဲ့မှာစားတာကတော့ မုန့်တီသုပ်ပါ



MAI လေယာဉ်ပေါ်ကကျွေးတဲ့မုန့်







ရန်ကုန်လေဆိပ်မှာ