Showing posts with label simply coral's kitchen (coffee). Show all posts
Showing posts with label simply coral's kitchen (coffee). Show all posts

Friday, 7 December 2018

My Latte Art.....




လွန်ခဲ့တဲ့ တစ်နှစ်ခွဲကျော်လောက်က သင်ထားတဲ့ ကော်ဖီဖျော်နည်းတွေက ဖျော်နေကျမဟုတ်ရင် လက်ပြတ်တယ်...။ အထူးသဖြင့် Latte Art လို နို့အမြှုပ်နဲ့ပုံဖော်တာဟာ နေ့စဉ်နဲ့အမျှလုပ်နေတာတောင်မှ လက်မမှန်တတ်ပါဘူး...။ ကျွန်မ သင်တန်းတက်စဉ်ကာလက Rosetta နဲ့ Tulip ပုံတွေကိုပဲ လုပ်နိုင်ခဲ့တာ heart shape ကတော့ ဘယ်ချိန်လောင်းလောင်းမထွက်တာများတယ်...။ ခုတခါ WTC ကို  ...တကယ်တော့ သူငယ်ချင်းတွေကို ကော်ဖီသွားတိုက်တာပါ...။ ဟိုရောက်တော့ ဆရာမနဲ့တန်းတိုးပြီး ကိုယ့်ဘာသာကိုယ်လာဖျော်တဲ့ အဲဒါနဲ့ လက်တုန်တုန်နဲ့ ကိုယ်တိုင်သောက်ဖို့ တစ်ခွက်နဲ့သူငယ်ချင်းအတွက် တစ်ခွက် လုပ်ပေးရတယ် Milk form ကိုတော့ ဆရာမကိုယ်တိုင် ရိုက်ပေးတယ် Latte Art က အီစဖေကိုလောင်းတာ တွေ့လား အသည်းပုံလေးရတယ်... ပျော်စရာကြီး...။ ဆိမ့်သက်နေတဲ့ အကောင်းဆုံးကော်ဖီလေးတစ်ခွက်ကို အမှတ်မထင် ဖျော်ခွင့်ကြုံရပြန်တယ်...း)

















မိုးငွေ့

Friday, 7 September 2018

Coffee Menu.....

 
Ristretto



Espresso



Lungo


Espresso မှာ အခြေခံ menu သုံးမျိုးရှိတာကို အရင်ဆုံးပြောပြချင်ပါတယ်...။ Espresso ကော်ဖီကနေ နောက်ထပ် နှစ်မျိုးထပ်ခွဲထွက်လာတာကတော့ Ristretto နဲ့ Lungo တို့ပဲဖြစ်တယ်...။ ဘာတွေကွာသွားသလဲဆိုတော့  ကော်ဖီအစက်ချရတဲ့ စက္ကန့်နဲ့ ထွက်လာတဲ့ အရည်ရဲ့ ပမာဏမှာပဲကွဲပြားသွားကြပါတယ်...။ Ristretto ဆိုရင်ကော်ဖီစက်ချချိန်က 10-15 Sec မှာ ကော်ဖီရည်ပမာဏက 10-20 ml အတွင်းမှာပဲရှိရတယ်...။ ဒီလိုပဲ Espresso ကျတော့ 20-25 Sec မှာ 20-30 ml နဲ့ Lungo ကတော့ 30-35 Sec မှာ 30-40ml ရှိရပါတယ်...။ Lungo ကတော့ ကော်ဖီအရည်ပမာဏအများဆုံးနဲ့ အချိန်အကြာဆုံးအစက်ချရတာမို့ သူကတော့ နည်းနည်းခါးလိမ့်မယ်...။ ဒီ Espresso အခြေခံ ကော်ဖီသုံးမျိုးကိုတော့ တကယ့် ကော်ဖီအရသာစစ်စစ်ကို သောက်သုံးလိုတဲ့သူ ကော်ဖီသရဲတွေပဲ မှာသောက်ကြလေ့ရှိတယ်...။ သူက နို့မပါ သကြားမပါ ကော်ဖီချည်းသက်သက်လေ...။ 



 Espresso Macchiato



 Espresso Con Panna




Afogato

 

Shakerato



Espresso Macchiato, Espresso Con Panna, Afogto Coffee, Shakerato  ဆိုတဲ့ ကော်ဖီတွေကတော့ Espresso ကနေပဲ ပြောင်းလဲ ခွဲထွက်လာတဲ့ ကော်ဖီအမျိုးအစားတွေဖြစ်တယ်...။ Espresso Macchiato ဆိုတာ Espresso 30ml ထည့်ထားတဲ့ခွက်ထဲကို နို့အမြှုပ် နှစ်ဇွန်းလောက်ခပ်ထည့်ထားတဲ့ ကော်ဖီတစ်ခွက်ပဲဖြစ်တယ်...။ Con Panna ကျတော့ Espresso single/double ထည့်ထားတဲ့ ခွက်ထဲကို ခရင်မ်ဂန်းနဲ့ ခရင်မ်အမြှုပ်တညစ်စာလေးထည့်ထားတာကိုပြောတာ...။ Afogato ကတော့ ဗင်နီလာရေခဲမုန့်တစ်လုံးပေါ်ကို Espresso 30ml လောင်းထည့်လိုက်ရုံပဲ...။ Shakerato ကျတော့ Espresso 60ml ထဲကို suger 2 pumps ရေခဲ တစ်ခွက်နဲ့ shaker ခွက်ထဲရောထည့်ပြီး  shake လိုက်ရင်ရပြီ...။  ဒီလေးမျိုးကိုတော့ Espresso  Variation Menu 1 လို့ ကျွန်မတို့ သင်တဲ့အထဲမှာ ခေါင်းစဉ်တပ်တယ်...။



Americano



 
 Latte Art



 Latte Layer


Coffee Mocha



Cappuccino

Espresso Variation Menu 2- basic မှာလည်း ကော်ဖီအမျိုးအစားလေးမျိုး ထပ်ခွဲထွက်လာပါတယ်...။ Americano, Latte, Cappuccino နဲ့ Coffee Mocha တို့ပဲဖြစ်တယ်...။ ကော်ဖီဆိုင်ထိုင်တဲ့ လူအတော်များများ မှာသောက်လေ့ရှိတဲ့ လူသိများတဲ့ အမျိုးအစားတွေပဲဖြစ်တယ်...။ Americano ကိုတော့ Espresso ကော်ဖီ 30 ml ထဲကို ရေနွေး 250ml ရောထည့်လိုက်တာပါပဲ...။ အင်မတန်လွယ်ကူရိုးစင်းတဲ့ menu တစ်ခုပါ...။ Latte ကတော့ Espresso 30ml မှာ Foam ရိုက်ထားတဲ့ နို့အပူ 160ml ကို Latte Art ပုံဖော်ပေးရပါတယ်...။ Latte Layer ဆိုတာကတော့ ကော်ဖီနဲ့ နို့ကို တလွှာချင်းဆီလောင်းထည့်ရတာပါ...။ Cappuccino ကျတော့ Ristretto 60ml နဲ့ Foam ရိုက်ထားတဲ့ နို့အပူ 240ml ပါဝင်ပါတယ်...။ နို့အမြှုပ်ပေါ်မှာ သစ်ဂျပိုးမှုန့်နဲနဲဖြူးပြီးအလှဆင်...။ Cafe Mocha မှာတော့ Espresso 30ml နဲ့ Choco 2 pumps Foam ရိုက်ထားတဲ့ နို့အပူ 135ml နဲ့ပါ...။ ပြီးတော့မှ အပေါ်ကနေ Chocolate အမှုန့် သို့မဟုတ် အရည်နဲ့အလှဆင်ပါ...။



 Cafe Mocha (Ice)


 Ice Latte

 
Ice Americano



 Ice Caramel Macchiato


Ice Vanilla Latte


အအေး Menu တွေကိုတော့ အောက်က Recipe မှာ ရေးထားပါတယ်...။

Ice Caramel Macchiato

Espresso Double 60ml
Caramel Syrup  2 pumps
Cold Milk  180ml
Ice 1 cup

Ice Latte

Espresso Double 60ml 
Cold Milk 180ml
Ice Tube 1 cup

Ice Americano

Espresso Double 60ml 
Water 200ml
Ice Tube 1 cup


Ice Mocha

Espresso Double 60ml 
Choco Powder 1 Spoon
Choco Sauce 2 pumps
Cold Milk 135ml
Whipping Cream 60ml (decorate with choco sauce and powder )

Ice Vanilla Latte

Espresso Double 60ml 
Vanilla Syrup 2 pumps
Cold Milk 180ml
Ice 1 cup


အိမ်မှာ အလွယ်တကူ ကိုယ်ကြိုက်မယ့်အရသာလေးတွေ ဖျော်သောက်နိုင်အောင် မျှဝေပေးလိုက်ပါတယ်...။ Espresso စက်မရှိရင်တောင် တခြား အိမ်သုံး ကော်ဖီစက်တွေနဲ့ အဆင်ပြေပြေ ဖျော်သောက်နိုင်ပါတယ်ရှင့်..။ ကော်ဖီမွှေးမြမြတစ်ခွက်နဲ့ ဘ၀အမောတွေပြေနိုင်ပါစေ....။

မိုးငွေ့

Thursday, 16 August 2018

Coffee bar for any barista station.....


 
 Espresso Machine


မနှစ်က နှစ်စမှာ ကော်ဖီသင်တန်းတက်ထားပြီး စာပြန်နွေးချင်တာနဲ့ ဒီပို့စ်လေးကို တင်ဖြစ်လိုက်တာပါ..။ ဆိုင်ဖွင့်ဖို့ကလည်း လိုသေးတယ် ပြီးတော့ Practice တောင်မလုပ်ဖြစ်တာ ကြာပြီ...။ အိမ်မှာ French Press တို့ Vietnam Phin တို့ Mister Clever တို့လို အလွယ်တကူနှပ်သောက်လို့ရတဲ့ ကော်ဖီမျိုးပဲလုပ်ဖြစ်နေတာ..။ Espresso စက်ကျတော့ အိမ်သုံး one group ဆယ်သိန်းအောက် ၀ယ်ဖို့စဉ်းစားနေပေမယ့် မ၀ယ်ဖြစ်သေးတာ အဲဒါလေးရှိနေရင်တော့ Milk foam ရိုက်တာတွေ latte art တွေကို ကျင့်နေလို့ရတယ်..။ သင်တန်းဆင်းခဲ့တဲ့ WTC ကိုလည်း မရောက်ဖြစ်တာကြာလှပေါ့..။ အဲလိုတွေ ဘာတွေကို အလုပ်ရှုပ်နေမှန်းမသိ...။ 


 Automatic Coffee Grinder



ကမ္ဘာမှာ ကော်ဖီစေ့ကိုစတင်တွေ့ရှိတာ အီသီယိုးပီးယားနိုင်ငံက ဆိတ်ကျောင်းသားလေး Kaldi ပဲဖြစ်တယ်..။ ကော်ဖီလို့ နာမည်ပေါ်ပေါက်လာတာကတော့ ကျူးလစ်ပန်းတွေ ပွင့်တဲ့ ဟော်လန်(နယ်သာလန်)နိုင်ငံ ကဖြစ်တယ်...။

ကမ္ဘာမှာ ဈေးအကြီးဆုံးနဲ့ အကောင်းဆုံးကော်ဖီလေးမျိုးကတော့..
1. Jamaica Blue Mountain 
2. Hawaii Conna
3. Yemen mocha Matahari
4. Panama Geisha

ကော်ဖီစေ့တွေကို အခြောက်ခံတဲ့နည်းနှစ်နည်းကတော့ ရေနဲ့စက်နဲ့ ပေါင်းပြီးအခြောက်ခံတဲ့နည်းနဲ့ သဘာဝနေလှန်းပြီးအခြောက်ခံတဲ့နည်းတို့ပဲဖြစ်တယ်...။ ကော်ဖီမှာ အမျိုးအစားနှစ်မျိုးရှိတယ် Arabica နဲ့ Robusta ။ Arabica ကတော့ အရည်အသွေးကောင်းတဲ့ ကော်ဖီဖြစ်ပြီး အမြင့်ပေ 1000 ကနေ 1700 အတွင်းပေါက်တဲ့ ကော်ဖီစေ့တွေဖြစ်ပါတယ်...။ ရာသီဥတု (နေ လေ မိုး) သုံးမျိုး ညီမျှစွာရမယ်ဆိုရင်တော့ အကောင်းဆုံးကော်ဖီကိုရပါတယ်...။ Robusta က အခါးဖက်များပြီး အမြင့်ပေ 800 အတွင်းစိုက်နိုင်ပါတယ်...။ မြန်မာပြည်မှာဆို တောင်ကြီး ရွာငံရွာမှာ စိုက်ပျိုးကြပါတယ်..။ သူ့ကိုတော့ 3in1 ကော်ဖီမစ်ထုတ်တဲ့အခါ သုံးပါတယ်..။

အခွံခွာပြီးသားကော်ဖီစေ့ကိုတော့ Green Bean လို့ခေါ်ပြီး လှော်ပြီးသားကိုတော့ coffee bean အလုံးလိုက်လေးတွေကိုတော့ Pea Berry လို့ခေါ်ပါတယ်..။
 


Milk foam picture


Espresso ရဲ့ အရသာမှာ ချို ခါး ချဉ် ခံစားမှုဆိုပြီး လေးမျိုးရှိတယ်...။ Espresso စက်ကနေကျလာတဲ့ ကော်ဖီအရောင်ဟာ ရွှေရောင်ဖြစ်နေရပါမယ်...။ ဒီလိုမှမဟုတ်ဘဲ ကျလာတဲ့ကော်ဖီအရောင်က ဖြူဆုတ်ဆုတ် မဲညစ်ညစ် ဆိုရင်တော့ ကော်ဖီအမျိုးအစား ညံ့လို့ ဖြစ်နိုင်ပါတယ်...။



 Shaker


 Coffee Tamper


Coffee Tamper ဆိုတာ ကျွန်မတို့ Espresso ကော်ဖီနှပ်တော့မယ်ဆိုရင် One shot သို့မဟုတ် Two Shot ခွက်ထဲကို ကော်ဖီမှုန့်တွေထည့်ပြီး ဒီ Tamper လေးနဲ့မျက်နှာပြင်ညီအောင်ဖိပေးရတယ်...။ ဖိတဲ့အခါမှာလည်း ကိုယ်ရဲ့ဝိတ် 28ပေါင်လောက်ထိမှန်းပြီးဖိပေးရတယ် ...။ Tamper ဖိအားများသွားရင်လည်း ကော်ဖီမှုန့်တွေက အရမ်းကျစ်ပြီး စက်ထဲထည့်တဲ့အခါ ရေမကျတော့ဘူး ကျလာတဲ့အရည်က ချိန်ထားတဲ့ စက္ကန့်ထက်ပိုသွားတော့ အဲဒီကော်ဖီက ပိုခါးပြီး အရည်ကလည်း မဲညစ်ညစ်ကြီးဖြစ်နေတတ်တယ်..။ ဒါကြောင့် ရွှေအိုရောင်သန်းတဲ့ Espresso ကောင်းကောင်း တစ်ခွက်ထွက်လာဖို့က သူနဲ့ပတ်သက်တဲ့ လိုအပ်ချက်တွေအားလုံး Balance ညီနေမှရတာ...။ ကော်ဖီကောင်းတစ်ခွက်ရဖို့ တစ်ကျိုက်မော့သောက်ဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ ကိုယ်တိုင်လက်တွေ့ လုပ်ကြည့်တော့မှနားလည်တာ...။




Aluminum  Cream gun


ခရမ်ဂန်းဆိုတာ Topping cream တွေကိုဝယ်လာပြီး ဒီဗူးလေးထဲထည့်  Espresso Con Panna တို့ Ice Mocha တို့  Ice Caramel Mocha coffee တို့ ဖျော်တဲ့အခါ အပေါ်ကနေ ခရင်မ်အမြှုပ်လေးကို ထိန်းပြီးထည့်ပေးရတယ် ပန်းပွင့်ပုံလေးလှလှပပဖြစ်အောင်ပေါ့ ပြီးတော့မှ ချောကလက်အရည်တို့ Caramel တို့နဲ့ အပေါ်ကနေ ထပ်ပြီးအလှဆင်ပေးရတာ...။ အဲဒီဗူးလေးကို အမြှုပ်လှလှပပထွက်အောင် ကျွန်မတော့ကျင့်ရဦးမှာ မလွယ်ဘူးလေ..။



 
 Knock Box

Espresso စက်ကနေနှပ်ပြီးသားကော်ဖီမှုန်တွေကို Knock Box ရဲ့ တန်းလေးမှာခေါက်ပြီး သွန်ပစ်ရတယ်...။ အဲဒီကော်ဖီဖတ်တွေကို လက်တွေ ခြေထောက်တွေ ကိုယ်ခန္ဓာ Scrub လုပ်တဲ့ နေရာမှာသိပ်ကောင်းတယ်...။ အသားတွေကြည်ပြီး ချောမွတ်နေရော...။ ကျွန်မဆို သင်တန်းတက်တုန်းက အမြဲတောင်းတောင်းသွားတတ်တယ်...။ နောက်ပြီး အဲဒီကော်ဖီဖတ်တွေကို အခြောက်ခံပြီး ပိတ်သားအိတ်ကလေးနဲ့ထည့်ပြီး ရေခဲသေတ္တာထဲထည့်ထားရင်လည်း အနံ့စုပ်ပါတယ်...။



 French Press


ဒီ French Press အိုးလေးတွေကိုတော့ ကော်ဖီကြိုက်တဲ့ အိမ်တိုင်း ၀ယ်ထားကြတာများပါတယ်...။ ကော်ဖီမနှပ်လည်း သူ့ကို လက်ဖက်ခြောက်နှပ်ပြီး ရေနွေးကြမ်းအိုးလုပ်လို့ရသေးတယ်...။



 
Mr  Clever


Mr Clever Hand Drip ကတော့ စူပါမားကတ်တွေမှာဝယ်လို့ရတယ် ...။ ကိုယ်ကြိုက်တဲ့ ကော်ဖီမှုန့်နဲ့ အိမ်မှာအလွယ်တကူနှပ်နိုင်ပါတယ်...။ ဈေးကြီးတာကတော့ Hand Drip လုပ်မယ့် သေးသွယ်တဲ့ နှုတ်သီးကောက်ကောက်လေးပါတဲ့ ရေနွေးခရားပါပဲ...။ တအိုးကို ငါးသောင်းလောက် ပေးရတယ်...။ ကော်ဖီကောင်းတစ်ခွက်ရ အရင်းနှီးဘယ်လောက်များလဲ...။ ကော်ဖီဆိုင်တစ်ဆိုင်မှာ ကော်ဖီတစ်ခွက် သုံးထောင် သုံးထောင်ငါးရာပေးရတယ်ဆိုတာ ကော်ဖီအကြောင်းကောင်းကောင်းသိမှပဲ ထိုက်တန်တဲ့သူ့ရဲ့ တန်ဖိုးကိုနားလည်နိုင်တာ..။


Cold Dripper or Dutch Coffee

ကျွန်မသင်တန်းတက်ခဲ့တဲ့ WTC မှာ  Dutch ကော်ဖီလည်း ရောင်းရတယ်...။ သူက အပေါ်မှာပြထားတဲ့ ပုံထဲကလိုပဲ ကော်ဖီတစ်အိုးရဖို့ အစက်ချရတာ 8နာရီလောက်အချိန်ပေးရတယ်...။ အဲဒီကရလာတဲ့ ကော်ဖီရည်ကို ရေခဲလေးထည့်သောက် တခြားဘာမှထည့်စရာမလို ကော်ဖီအရသာလေးက လုံးဝမခါး မချဉ်ဘဲ ဆိမ့်မွှေးအေး...။



 Vietnam Phin Coffee

Vietnam Phin ကတော့ နဲနဲပြင်းတယ်...။ သူ့ကော်ဖီအရောင်ကမဲနက်ပြီး အခါးဖက်များတယ် ဒါကြောင့်သူတို့တစ်ခွက်ဖျော်ရင် နို့ဆီအများကြီးထည့်ဖျော်ကြတယ်...။ သူ့အရသာက ခါးလည်းခါး ချိုလည်းချိုတယ် အားသာချက်ကတော့ အနံ့ကသိပ်မွှေးတော့ သူ့အနံ့ရရင်ကိုပဲ သောက်ချင်စိတ်ကို မထိန်းနိုင်ကြတော့တာ သူကအဲလိုတော့ ဆွဲဆောင်အားကောင်းတယ်...။ မနှစ်က ကျွန်မတို့ ဗီယက်နမ် ဟိုချီမင်းသွားလည်ကြတုန်းက သူတို့ကော်ဖီက လမ်းဘေးဆိုင်သေးသေးလေးတောင် လူများတယ်...။ ဖြတ်သွားတာနဲ့တင် မွှေးနေတာ...။ ကျွန်မတို့တည်းတဲ့ ဟိုတယ်ဘေးနားက အိမ်ဆိုင်လေးမှာ အဖိုးကြီးတစ်ယောက်နှပ်တဲ့ ကော်ဖီလေးတစ်ခွက်သောက်ခဲ့ရသေးတယ်..။ ငယ်ငယ်တုန်းက သောက်ဖူးခဲ့တဲ့ အိမ်ဆိုင်တွေက လက်ဖက်ရည်ကော်ဖီနှပ်နည်းလေးအတိုင်းပဲ ရေစစ်အရှည်လေးနဲ့ ကြွေရည်သုတ်ခရားနဲ့နှပ်တာ...။



 Syphon


ဒီကော်ဖီလေးကိုတော့ ဆိုင်တွေမှာ သိပ်မှာသောက်လေ့မရှိကြဘူးထင်တယ် ...။ မတွေ့ဖူးသေးဘူး...။ အမှန်တော့ တနိုင်ငံနဲ့တနိုင်ငံ လူမျိုးဘာသာကွဲပြားသွားပြီး ကော်ဖီနှပ်သောက်တဲ့ နည်းတွေကွဲသွား တာပါပဲ..။



 Cold Dripper



Cold Dripper ကိုတော့ Dutch ကော်ဖီလို ရှစ်နာရီလည်းစောင့်စရာမလိုဘဲ တခါတည်း ရေခဲကို ရေစစ်မှာထည့်ပြီး 82 နဲ့ 92ဒီဂရီကြားကမှာရှိတဲ့  ရေဆူနဲ့လောင်းပြီးနှပ်ရတာမျိုး...။ သူလည်းသောက်လို့ကောင်းတယ်..။ ရေနွေးခရားနဲ့လောင်းချရမယ့် အနေအထားက ကော်ဖီခွက်နဲ့ ခရား 2.5 စင်တီမီတာအမြင့်အကွာမှာရှိရပါတယ်...။


Aero Press


တကယ်တော့ Aero Press ဆိုတာ ခရီးဆောင် Espresso စက်အသေးစားလေးပါပဲ...။ ဒါကိုတော့ ပုံပဲမြင်ဖူးသေးတယ်... ။ အပြင်မှာမသုံးဖူးသေးဘူး...။ 



Ibrik Coffee


Ibrik coffee လေးက မီးဖိုပေါ်အဲလိုအိုးလေးနဲ့ သကြားလေးထည့်ပြီး ကျိုရတာ...။ ကျိုရတာလို့ပြောရမှာပဲ သူကနှပ်တာမဟုတ်ဘူး...။ အိုးလေးက လက်ကိုင်လေးနဲ့ ကြေးနီနဲ့လုပ်ထားတဲ့အိုး...။



Moka Coffee Pot


ကော်ဖီနှပ်နီးမျိုးစုံထဲမှာ မီးဖိုပေးတိုက်ရိုက်ကျိုရတာ Ibrik coffee ပြီးရင် မိုခါးကော်ဖီပဲ...။ ကျွန်မတို့ မြန်မာကော်ဖီမှုန့်ကို ဒန်ခွက်ကြီးထဲနှပ်သောက်ရတာနဲ့တောင်တူသေးတယ်...။ အနယ်ပါတယ်လေ...။ ရေ 300 ml ကော်ဖီ 20g နဲ့ Cocoa မှုန့်တစ်ဇွန်းကို မီးအေးအေးလေးနဲ့တည်ပြီး ရေဆူလာတာနဲ့ ခနစောင့်ပြီး မီးပိတ်လိုက်ပါ ဇွန်းနဲ့ အနယ်တွေကိုဖယ်ပြီး ခွက်ထဲလောင်းထည့် နို့ foam ရိုက်ထားတာနဲ့ latte art လောင်းလိုက်ရင် ရပြီ...။


Filter Style Grinder


 Cleaning Equipment




 

Milk Temperature


 Coffee Power Weight Skill

ဝိတ်ချိန်စက်ကလေးကတော့ မုန့်လုပ်မှမဟုတ်ဘူး ကော်ဖီအတွက်လည်း သုံးရတယ်...။ အဓိကက ကော်ဖီမှုန့်ချိန်တဲ့နေရာတွေမှာနဲ့ Hand Drip တွေမှာသုံးရတယ်...။


Blander

Blander ကတော့ သစ်သီးဖျော်ရည်နဲ့ ကော်ဖီအအေးတွေအတွက်သုံးရတာပါ...။ သူက ရေခဲကိုလည်းကြေအောင်ကြိတ်နိုင်တော့ Smoothies အတွက် အဓိကကျတယ်...။ ကျွန်မတို့အအေးတွေမှာ သုံးမယ့် Surgar Syrup ကို ရယ်ဒီမိတ်မ၀ယ်ချင်ရင်လည်း Blander နဲ့ ကိုယ့်ဘာသာလုပ်လို့ရတယ်...။ သကြား 1500g ကို ရေနွေး 750 လီတာနဲ့ စက်ထဲ သကြားကြေတဲ့အထိ ကြိတ်လိုက်ရင် မြန်မာလိုအခေါ် သကာရည်ဆိုတာရပြီ...။


မိုးငွေ့

Wednesday, 22 March 2017

Coffee Barista Training Class (5)

Latte Art တစ်ခွက်လောက်ကြွားပါရစေ...း)

 
 Iris Coffee


Macchiato 


Frappuccino


My take away... Frappuccino and Bagel


Hand Drip မျိုးစုံတွေ


Expresso စက်နဲ့ဖျော်ရလို့ ခက်လှချည်ရဲ့ ထင်မှတ်နေခဲ့တာ Hand drip ကပိုတောင်ခက်နေသေးတယ်...။ စိတ်ရှည်ရတယ်...။ ကော်ဖီမှုန့်ပေါ်ကို ရေနွေးလောင်းတဲ့အခါ လိုအပ်တဲ့ အချိန်အတိုင်းအတာ အပူချိန်  ကော်ဖီအကျရည်အတိုင်းတာ အားလုံးကွက်တိဖြစ်ရတယ်။ ထွက်လာတဲ့ ကော်ဖီရည်ကလည်း သောက်လို့ကောင်းတယ်လေ...။ Hand drip သင်ရတဲ့ နှစ်ရက်စလုံးကတော့ ညဖက်အိပ်လို့ကိုမရတော့ဘူး..။ ဒါတောင် သင်ပြပေးသမျှ ကော်ဖီတွေကို တစ်ငုံဆီပဲသောက်ပြီး သွန်ပစ်ရတာ...။ Turkish ကော်ဖီအိုးကိုကျိုရတော့ ငယ်ငယ်တုန်းက ကျွန်မတို့အိမ်နောက်ဖေး တဲအိမ်လေးထဲမှာ အဖိုးကြီးတစ်ယောက် ဘိန်းချက်တာကိုသွားမြင်ယောင်မိတယ်..။ အဲတုန်းက ဘိန်းမဲကို အဲလိုလက်ကိုင်အိုးသေးလေးထဲထည့်ပြီး ဖယောင်းတိုင်မီးလေးနဲ့မြှိုက်ပြီး ဘိန်းကိုချက်စားရတာ ...။

ကော်ဖီကို ကျန်ကျန်ဖန်ဖန် နည်းမျိုးစုံနဲ့သောက်ဖို့ တီထွင်ခဲ့သူတွေ


France Press, Areopress, Mocha Pot, Veit Phin, Turkish Pot ( Left to Right )


Mr Clever


Turkish ကော်ဖီအိုး


အံမခန်းတဲ့ Syphon ရဲ့ အလှတရား (Digital စက်နဲ့)


ရိုးရိုးရေနံဆီမီးနဲ့ကျိုတဲ့ Syphon ကော်ဖီအိုး






Mocha Pot နဲ့ ကော်ဖီကျိုနေတာ


Mocha Latte


 ဗီယက်နမ် Phin coffee

တကယ်ဆို Hand drip နှစ်ရက်သင်ပြီး နောက်တပတ်မှ စာမေးပွဲဖြေရမှာကို ကျွန်မက မလေးခရီးစဉ်ရှိနေလို့ တခါတည်း Hand drip ဒုတိယချိန်ပြီးတာနဲ့ အချိန်တစ်နာရီပေးပြီး စာပြန်နွှေး မီနူးတွေအလွတ်ကျက်ပြီးတာနဲ့ စာမေးပွဲတန်းဖြေလိုက်ရတာ..။ ဆရာမက ခရီးကပြန်ရောက်မှလာဖြေရင် အရမ်းဝေးသွားတော့ မေ့ကုန်မှာစိုးလို့တဲ့...။ ဒါနဲ့ပဲ လက်တုန်ခြေတုန်နဲ့ စာမေးပွဲဖြေလိုက်ရတယ်ဆိုပါတော့..။ Latte Art ဆင်တူနှစ်ခွက်ဖျော်ပေးရတယ် အချိန်ငါးမိနစ်ရတယ်...။ Cappucino တစ်ခွက် အပူက ဒီနှစ်မျိုးပဲ ...။ အအေးက Caramel Frappuccino ရယ် Choco Iris Coffee ရယ်ဖြေရတယ်...။ Hand drip ကတစ်မျိုးပေါ့ စုစုပေါင်းငါးမျိုးဖြေရတယ်..။ အားလုံးအိုကေပါတယ် မဆိုးပါဘူး...။ မီနူးက အလွတ်ကျက်ပေမယ့် ဖုန်းလေးနဲ့ရိုက်ထားပြီး ကြည့်လို့ရတယ်..။ Latte Art က ကိုယ်သန်တဲ့ပုံကိုပဲလောင်းလိုက်တာ သစ်ခက်ပုံပေါ့..။ ကိုယ်လုံးဝမရသေးတာ အသဲပုံပဲ...။ ခရီးသွားပြီး ပြန်ရောက်ရင် စနေအပတ်တိုင်း ပြန်လာလေ့ကျင့်မယ်လို့ပြောထားတယ်...။ မုန့်ရော ကော်ကော်ရောပေါ့..။


Latte Art စာမေးပွဲဖြေနေတာ


 ဆရာမက စာမေးပွဲစစ်နေတာ Latte Art နှစ်ခွက်မှာ Foam ကောင်းလား Cream အရောင်လှလား သစ်ခက်တွေညီရဲ့လား...


 Choco Iris Coffee စာမေးပွဲဖြေနေတာပါ

Caramel Frappuccino လေး သုံးဆောင်ပါဦး...


Congratulation to me .....!!!!
I am now successfully  completed the course of Barista Professional Class


မိုးငွေ့