Tuesday, 27 September 2016
ကျေနပ်တယ်.....
Thursday, 22 September 2016
ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်းခဲ့သော စာရေးဆရာ....
Tuesday, 20 September 2016
တစ်ယောက်တည်း..... မိုးထဲ
Wednesday, 14 September 2016
သုံးသပ်ခြင်း.....
အသက်ကြီးလာလို့လားမသိ စိတ်ကူးယဉ်တဲ့ဖက် အားနည်းနည်းလာတယ်...။ ဆိုလိုချင်တာက အက်ဆေးလေးတွေ စာစုလေးတွေကို ကလေးအကြိုက်(လူငယ်ကြိုက်) စိတ်ကူးယဉ်ပြီး ရေးလို့ မရနိုင်တော့တာကိုပြောတာပါ...။ ဟိုကလေးမလေးတော့ သဘောကျနေဦးမယ်...။ ကျွန်မဘလော့ကို လာဖတ်နေကျ ကောင်မလေးတစ်ယောက်ပါ။ တခါကသူအကြံပေးဖူးခဲ့တယ် (ဝေဖန်ဖူးတယ်ဆိုပါတော့) ။ အဲဒီအချိန်တုန်းက ကျွန်မက အိန်ဂျယ်စာစုတွေကို လက်သွက်သွက်နဲ့ရေး ဆက်တိုက်တင်နေတဲ့ အချိန်ပေါ့...။ ကျွန်မကို သူက အိန်ဂျယ်စာစုတွေရေးတာ မပြီးသေးဘူးလား အန်တီတဲ့(သူ့အဒေါ်အရွယ်မို့)။ တခြားစာတွေပြောင်းမရေးတော့ဘူးလား အိန်ဂျယ်စာစုတွေ ဖတ်ရတာ အီလာပြီ အဲသလို လာဂျီကျသွားခဲ့ဖူးပါတယ်..။ ခုတော့ အဲဒီ ကလေးမလေး ဆုတောင်းပြည့်ပြီပေါ့..။ ကျွန်မ အိန်ဂျယ်စာစုကို ဆက်မရေးတော့ဘူးလို့ မဆိုလိုပါဘူး...။ စိတ်ကူးထွက်ရင်ထွက်လာသလို ခံစားမှုရှိရင် ရှိသလို ပြောက်ကျား(ဦးသုမောင်ရဲ့စကားလုံးကိုအငှားသုံးထား)တော့ ရေးဖြစ်နေဦးမှာပါ...။ ခုတော့ အချစ်အကြောင်း စိတ်ကူးယဉ်စာတွေအကြောင်းတော့ ဦးနှောက်ထဲ ဗလာနတ္ထိဖြစ်နေတယ်...။ ရေးဖော်ရေးဖက် ဘလော့ဂါတစ်ယောက်တော့ လာပြောဖူးပါတယ် စာအနုအရွလေးတွေ ရေးတာ အသက်နဲ့မဆိုင်ပါဘူး...။ ဆရာမောင်သာရတို့ဆို ခြောက်ဆယ်ကေ်ျာ အရွယ်ရောက်တဲ့ထိ အနုလေးတွေရေးတုန်းတဲ့... အားပေးရှာပါတယ်...(ဆရာကြီးတွေကို ကိုယ်နဲ့မနှိုင်းယဉ်သာပါဘူး.. ကိုယ်တွေက စာရူးပေရူး ဝါသနာရှင်အဆင့်သာသာရယ်)...။ ဒါပေမယ့် အချိန်တန်တော့လည်း ဦးနှောက်က သူဘာသာသူ အလိုလိုကန့်သတ် လိုက်တယ်ထင်ပါတယ်...။ ရေးချင်စိတ်ရှိနေရင်တောင် စကားလုံးတွေက ထွက်ကျမလာတော့ဘူး....။
ရေးပြီးသား စာအဟောင်းတွေ ပြန်သွားဖတ်တဲ့အခါ တချို့စာတွေ သိပ်ကလေးဆန်တာပဲလို့ မြင်တတ်လာတယ်..။ ကိုယ့်ကိုယ်ကိုလည်း ရေးတဲ့စာနဲ့အရွယ်နဲ့ မလိုက်ဖက်ဘူးလို့ ထင်လာတယ်...။ တကယ်တမ်းကျတော့ အနုပညာဆိုတာ ဘယ်အရွယ်က ဘာစာရေးဆိုပြီး ကန့်သတ်ထားတာမှ မဟုတ်ဘဲ...။ ဒါပေမယ့် စာရေးသူတစ်ယောက်ရဲ့ စိတ်ဟာ သူရေးတဲ့စကားလုံးတွေပေါ်မှာ တစိတ်တဒေသ ထင်ဟပ်လေ့ရှိတတ်တယ်လေ..။ Project တစ်ခုအတွက် ကျွန်မ အလုပ်တွေပိနေလို့ စာရေးတာကို လတော်တော်ကြာရပ်ထားခဲ့ဖူးတယ်...။ အချိန်ပြန်ရလို့ စာပြန်ရေးမယ်လုပ်တော့ လက်ရည်ကျနေသလိုလို စိတ်ကသာ စာတွေ အမျိုးစုံရေးချင်နေပေမယ့် စိတ်ကူးကထွက်မလာဘူူး...။ အဲလိုချိန်မှာ နေမထိထိုင်မသာနဲ့ စိတ်ကျသလိုလို ခံစားခဲ့ရဖူးသေးတယ်...။ စာရေးချင်တဲ့ရောဂါက သေးတော့မသေးဘူးဘဲ...ကုစရာဆေးမရှိ...။ ဒါနဲ့ စာရေးလို့မရတော့ စာဖတ်မယ်ကွယ်ဆိုပြီး တစ်လတစ်လ စာအုပ်တွေ တော်တော်များများ ဝယ်ဝယ်ဖတ်ဖြစ်ခဲ့တယ်...။ စာရေးခြင်း အကျင့်ကို (စိတ်ကူးပြန်ရစေတာ) စာဖတ်ခြင်းပါပဲ...။ စာတွေဖတ်ရင်းနဲ့ပဲ ကိုယ်ရေးချင် ပြောချင်တာတွေ စိတ်ကူးပြန်ရလာခဲ့တယ်...။ တချို့စာရေးသူတွေကတော့ စာမရေးနိုင်ရင် သီချင်းပါနားထောင်တတ်ကြပါသေးတယ်..။ ကျွန်မက စိတ်နုတယ် စာရေးဆရာတစ်ယောက်ယောက်ရဲ့ စာအုပ်ဖတ်ဖန်များလာရင် သူ့အရိပ်ငွေ့တွေ ကိုယ်ရေးတဲ့စာထဲပါပါလာတတ်တယ်..။ ဒါကြောင့် အဲဒီလို မဖြစ်အောင် သတိထားပြီးရေးပါတယ်...။
ကျွန်မစာဖတ်တဲ့ ပုံစံလေးကို ပြောပြဖူးလားတော့မသိဘူး...။ ကျွန်မက စာအုပ်တစ်အုပ်ဖတ်ရင် ကြာတတ်တယ် တစ်လုံးချင်းစီဖတ်တယ်...။ ပြီးရင် စာရေးဆရာတစ်ယောက်ရဲ့စာအုပ်တစ်အုပ်ကိုဖတ်မိရင် သူရေးတဲ့ စာအုပ်တွေချည်းပဲ ရသမျှ အကုန်ရှာဖွေ ဝယ်ဖတ်တယ်...။ သူ့စာအုပ်တွေကုန်တော့မှသာ တခြားစာအုပ်ပြောင်းဖတ်တတ်ပါတယ်...။ ဟိုအရင်တစ်ချိန်တုန်းကတော့ ဆရာမဂျူးတို့ စာအုပ်ကို စွဲစွဲမြဲမြဲဖတ်ဖြစ်ခဲ့တယ် သူ့စာအုပ်တွေအစအဆုံး အကုန်ဝယ်တယ်...။ ကျန်စာရေးဆရာများရဲ့ ရသစာပေနဲ့ ဘလော့ဂါမောင်နှမတွေ စုပေါင်း ထုတ်ဖြစ်ကြတဲ့ ရသစာများကိုလည်း ကြိုကြားဖတ်ဖြစ်ခဲ့ပါတယ်...။ ဒီမှာလည်း အသက်ကစကားပြောပြန်ပါတယ် စာအုပ်အဟောင်းတွေကိုပဲဖတ်ချင်ပါတယ်တဲ့..။ ခုတလော ဆရာ့ဆရာကြီးများစာအုပ်တွေကို ဝယ်ဝယ်ဖတ်ဖြစ်နေပါတယ်..။
2013 တုန်းက ခင်ခင်ထူးဖတ်တယ်...။ 2014 မှာ ခင်နှင်းယုဖတ်တယ်...။ 2015 ကတော့ ဟိုယောင်ယောင် ဒီယောင်ယောင် အလုပ်များသယောင် (တကယ်လည်းအလုပ်များနေခဲ့ပါတယ်)နဲ့ စာအုပ်တွေ သိပ်မဖတ်ဖြစ်ခဲ့ဘူး...။ အဲဒါပေမယ့် ဆရာဦးသာဓုတို့ မိသားစုအကြောင်းကိုတော့ 2015 အဆုံးပိုင်းလောက်မှာ စဖတ်နေခဲ့ပြီ...။ အခု..2016 သည် ဦးသာဓု Family အလှည့်ကျတယ်ဆိုပါတော့...။ စာရေးဆရာဒါရိုက်တာမောင်ဝဏ္ဏရေးခဲ့တဲ့စာအုပ် စာအုပ်ပြပွဲတစ်ခုကနေ ကျွန်မမဖတ်ရသေးဘူးဆိုလို့ တစ်ယောက်သောသူက (ကျွန်မ ဦးသုမောင်တို့ ညီအစ်ကိုရေးတဲ့ စာအုပ်တွေကို ဖတ်နေတာ ဘယ်လိုသိသွားတယ်မသိ၊ သူက ကျွန်မစာဖတ်ပရိတ်သတ် မဟုတ်ပါဘူး) လက်ဆောင် ဝယ်ပေးခဲ့ပါတယ်...။ ဝမ်းသာလို့မဆုံးပါဘူး...။ အဲလိုစာအုပ်မျိုးက အဟောင်းတန်းမှာပဲသွားရှာရမယ့် စာအုပ်တွေမဟုတ်လား...။ မောင်ဝဏ္ဏရေးတဲ့ သူကိုယ်တိုင်လည်းဒါရိုက်တာလုပ်ပြီး ရုပ်ရှင်ရိုက်ခဲ့ဖူးတဲ့ “ပန်းတွေနဲ့ဝေ”ဆိုတဲ့ တက္ကသိုလ်နောက်ခံ ဝတ္ထုစာအုပ်လေးပါ...။
လက်ရှိ ဆရာဦးသုမောင်ရဲ့ (မူလစာအုပ်(၉)တွဲရှိတာကို နှစ်ပိုင်းခွဲပြီး အတွဲ(၁) ၊(၂) ပြန်ထုတ်ထားတာ) စာမျိုးစုံလင်စာသဘင် အတွဲ(၂)ကိုဖတ်နေပါတယ်...။ အတွဲ(၁)က ဝယ်မရသေးလို့...။ ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ ကျွန်မနည်းနည်းသိထားတာလေးတွေ များများသိထားတာလေးတွေကို မသိသေးတဲ့စာလာဖတ်သူတွေကိုရော သိပြီးသား စာလာဖတ်သူတွေကိုပါ မျှဝေပေးချင်တာ သက်သက်ပါပဲ..။ စာဖတ်သူနည်းနည်း များများမဆိုပါဘူး ကျွန်မစာကိုတစ်ယောက်တည်း လာဖတ်သွားလည်း ကျွန်မအတွက်တော့ စာထပ်ရေးဖို့ ခွန်အားရနေပါပြီ...။ အစဉ်အဆက်မပျက် ကျွန်မစာတွေကို လာဖတ်တဲ့ စာဖတ်သူအားလုံးကို ကျေးဇူးအကြီးကြီးပါလို့....:)
မိုးငွေ့
Friday, 9 September 2016
My Crush.....
အိုဘားမား မိန့်ခွန်းပြောပွဲကို ဘယ်လိုမှ မျှော်လင့်မထားဘဲ တက်ရောက်ခွင့် ရခဲ့
မူလတန်းကျောင်းတစ်ကျောင်းရဲ့ ပထ၀ီဝင်သင်ခန်းစာအတွက် သက်ထောက်ကူပစ္စည်းလုပ်ပေးနေတာပါ
Thursday, 1 September 2016
ယမကာလုလင်.....
ဆရာဦးသုမောင် စာအုပ်တွေဖတ်ပြီး သူ့စာတွေအကြောင်း တစေ့တစောင်း ကျွန်မ ခံစားမိတာလေးရေးချင်ပါတယ်..။ ခေါင်းစဉ်ကိုခုလိုတပ်ရတာ မသင့်တော်ဘူးလို့ ထင်စရာရှိပေမယ့် ဒီခေါင်းစဉ်နဲ့က ဆရာနဲ့ပိုလိုက်ဖက်နေတာရယ်... ဆရာ့ကို လေးစားတာရော ချစ်ခင်မိတာရောကြောင့် (အသက်ရှင်လျက်မရှိတော့ပေမယ့်)ချစ်စနိုးကျီစယ်လိုတဲ့ သဘောနဲ့ ယမကာလုလင်လို့ပေးလိုက်မိတာပါ..။ ဒီလိုရေးလိုက်ခြင်းအားဖြင့် ဆရာ့ကို ဂုဏ်ဖော်လိုက်တယ်လို့ မယူဆစေချင်ပါဘူး..။ ဆရာကိုယ်တိုင်လည်း ဒါကို ဂုဏ်ဖော်တယ်လို့ မြင်မယ့်သူမဟုတ်ဘူးဆိုတာ ဆရာ့စာစုများကို ဖတ်ဖူးသူတိုင်းသိလိမ့်မှာပါ..။ အကယ်၍များ ခုနေခါ ဆရာ အသက်ရှင်လျက်ရှိခဲ့ရင်တောင် သူ့အကြောင်း သူ့စာတွေကိုဖတ်ပြီး မတတ်တခေါက်နဲ့ သေးသေးကလေးဝေဖန်ချင်နေတဲ့ ကျွန်မဘလော့ကိုလာဖတ်ပြီး ရယ်ကျဲကျဲနဲ့ သဘောကျနေလိမ့်မှာပါ...။
“ကျွန်တော်က ငယ်ငယ် မူလတန်းကျောင်းမှာ စာသင်တော့ လက်ရေးသေးတဲ့ ဆရာတွေရဲ့ စာလုံးအရေအတွက်က ကျောက်သင်ပုန်းပေါ်နေရာပိုဆံ့တယ်..။ လက်ရေးကြီးတဲ့ ဆရာတွေရဲ့ စာလုံးအရေအတွက်က ကျောက်သင်ပုန်းပေါ် နေရာနည်းနည်းပဲ ဆံ့တယ်..။ ဒါကိုကြည့်ပြီး သေးလေသေးလေ နေရာများများယူလေ၊ ကြီးလေ ကြီးလေ နေရာနည်းနည်းပဲယူလေ ဆိုတဲ့ အတွေးလေး ခေါင်းထဲ ၀င်လာတယ်...။ လောကကြီးမှာ အသေးငယ်ဆုံးရာတွေကို ရှာဖွေတင်ပြတာဟာ ၀တ္ထုပဲလို့ နောင်တစ်ချိန်မှာ ကျွန်တော်သဘောပေါက်လာတယ်။ ဥပမာအနေနဲ့ ၀တ္ထုတစ်ပုဒ် ထုတ်ပြမယ်..။ ကျွန်တော့်ဖခင်ဟာ အိမ်ထောင် နှစ်ဆက်ကျခဲ့တယ်..။ ဒါပေမယ့် သူဟာ အိမ်ထောင်ရေး ပြုပြင်ရေး စာပေရေးတယ်..။ ဒါ ဘာကြောင့်လဲလို့ ကျွန်တော်သိချင်လို့ အဖေ့ဆီသွားတယ်..။ ဒီမေးခွန်းကို မေးဖို့ပါ။ ဒါပေမယ့် အဖေမရှိဘူး..။ ဆံပင်သွားညှပ်နေတယ်..။ ကျွန်တော်ထိုင်စောင့်နေတယ်..။ အဖေပြန်လာတော့ ဆံပင်ညှပ်မလာရဘူး..။
“အဖေဆံပင်သွားညှပ်တယ်ဆို”
“အေးကွ၊ ဆံပင်ညှပ်ဆရာ ဆံပင်သွားညှပ်နေလို့ ငါ့ဆံပင် မညှပ်ခဲ့ရဘူး”
ကျွန်တော်မေးစရာ မလိုတော့ပါဘူး..။ ဆံပင်ညှပ်ဆရာဟာ သူ့ဆံပင်သူညှပ်လို့ မရပါဘူး..။ ဒါဟာ ကျွန်တော်မေးချင်တဲ့ အဖြေပါပဲ။ ဒါလေး ဥပမာပြပြီး ဆရာက စာတမ်းဖတ်တော့ သူတို့တွေသိပ်သဘောကျသွားကြတယ်..။ ချက်ချင်းပဲ ဆရာ့စာတမ်းကို ဂြိုဟ်တုပေါ်တင်လိုက်တယ်..။ အဲမှာ ထူးခြားတာက ဆရာက စာတမ်းဖတ်ဖို့လာကြတဲ့ နိုင်ငံစုံက စာရေးဆရာတွေကို ဘာမေးခွန်းများမေးစရာရှိပါသလဲလို့မေးတဲ့အခါ အားလုံးက တပြိုင်နက်ပဲထွက်လာတာက “သီချင်းဆိုပြပါ”တဲ့.။ ဆရာက မြန်မာသီချင်း မြနန္ဒာကို ဆိုပြတော့ ဆရာမမြနှောင်းညိုက ကတယ်...။ စာရေးဆရာတွေက လက်ခုပ်တီးတယ်...။ စာရေးဆရာမတွေက ဂါဝန်ကြီးတွေနဲ့ ကကြတယ်တဲ့...။
ဆရာက မြန်မာသံအဆိုရှင်...။ မြန်မာသံကို နားထောင်ခဲတာမို့... ဆရာ့သီချင်းဆို “ချစ်မိုးစွေ”တို့ “ဂုဏ်ကြီးရှင်”တို့ “နဂါးနီ”တို့လောက်ပဲသိတယ်...။ ဆရာမင်းသားလုပ်တဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲမှာတော့ ဒါရိုက်တာကြီးဦးသာဓု ကိုယ်တိုင်သူ့သားကို မင်းသားစတင်တဲ့ကား “အကြင်တို့လင်မယား”၊ ဗိုလ်မှူးဟောင်းစာရေးဆရာတစ်ယောက်ဖြစ်တဲ့ ဆရာမြတ်ထန်ရဲ့ ၀တ္ထုကို ဆရာဒါရိုက်တာမောင်ဝဏ္ဏ ရိုက်ကူးခဲ့တဲ့ စစ်တပ်အခြေခံသုံးပွင့်ဆိုင်ဇာတ်လမ်းလေး “နှောင်းတမြေ့မြေ့” ဆိုတဲ့ အဖြူအမဲကားတွေကြိုက်တယ်...။ ၁၉၈၉ “ခုနှစ်စဉ်အလွမ်း” မှာ ၀တ္ထုမင်းလူ၊ ဒါရိုက်တာမောင်ဝဏ္ဏ၊ မင်းသားသုမောင်၊ ဇာတ်ပို့ မောင်ရူပ ၊ ဇာတ်လမ်းမှတ်တမ်း အာယု (မောင်)တို့ ရှားပါးစွာ တစ်ကားတည်းမှာပဲ ညီအစ်ကို ငါးယောက်ဆုံဖြစ်ကြဖူးသလို မောင်ဝဏ္ဏ၊ သုမောင် နဲ့ ခင်သန်းနုတို့ အကယ်ဒမီ ရကြတယ်...။
ကျွန်မဖတ်ပြီးခဲ့သမျှ ဆရာ့စာအုပ်တွေထဲက ကျန်ရှိသေးတဲ့ စာစုပေါင်းချုပ်စာအုပ်များကိုလည်း အလျဉ်းသင့်သလို ကျွန်မခံစားမိတာများကို ရေးပါဦးမယ်။
မိုးငွေ့