Tuesday, 20 September 2016

တစ်ယောက်တည်း..... မိုးထဲ






ကိုညီထွဋ်ရဲ့ 2010တုန်းကထွက်ခဲ့တဲ့ Emperor Unplugged ထဲက ပထမဆုံးတပုဒ် “တစ်ယောက်တည်း” သူ့သမီးလေး ချံချံ Featuring ဆိုထားတယ်...။ 2013မှာ  နောက်ဆုံး ထွက်သွားခဲ့တဲ့ “လူ” Album ရဲ့ အရှေ့ကပါ ..။ 2009တုန်းက ထွက်ခဲ့တဲ့ “မိုးထဲ” စီရီးကိုတော့ လူသိပ်မသိဘူးထင်ပါတယ်.. ကိုညီထွဋ် ခရေဇီတွေကလွဲလို့ပေါ့...။ ကျွန်မခုတလော “မိုးထဲ” နဲ့ “တစ်ယောက်တည်း”ဆိုတဲ့ သီချင်းလေးတွေကို နားထောင်ဖြစ်နေတယ်...။








ဆရာကြီး ရွှေတိုင်ညွန့်ကနေဆင်းသက်လာလိုက်တာ မြန်မာသံအဆိုတော် “ထား”(ဇော်ဝင်းထွဋ်မိခင်) ကနေ ကိုဇော်မျိုးထွဋ်တို့ ကိုဇော်ဝင်းထွဋ်တို့ညီအစ်ကိုတွေအထိ ဂီတအမွေကို ဆက်လက်ထိန်းသိမ်း လာခဲ့ကြတာ...သူတို့သားသမီးတွေကိုလည်း ဂီတမျိုးဆက် လက်ဆင့်အမွေဆက်ခံစေချင်တယ်...။ ရှားရှားပါးပါး ကိုညီထွဋ်သမီးလေး ချံချံ Featuring လေးဝင်ဆိုထားခဲ့ဖူးတဲ့ တစ်ပုဒ်တည်းသော သီချင်းကို ခဏ ခဏနားထောင်နေဖြစ်လို့ ကျွန်မဘလော့ကိုလာလည်တဲ့ စာဖတ်သူများကိုလည်း နားထောင်စေချင်တာနဲ့ တင်ပေးလိုက်တာပါ...။ ဒီသီချင်းဟာ စာသားလေးလည်းကောင်းသလို မယ်လိုဒီ အလိုက်လေးလည်းကောင်းတယ်...။

နားထောင်ပြီးသားလည်းဖြစ်ချင်ဖြစ်နေပေမယ့်... သီချင်းဟောင်းလေးတွေကို မွှေနှောက်နားထောင်တတ် သူများရော နားမထောင်ရသေးတဲ့ လူငယ် လုံမငယ်များအတွက်ပါ တင်ပေးလိုက်ပါတယ်...:)


မိုးငွေ့

No comments: