မြန်မာပြည် ဦးသိန်းတန် နှုတ်ဆက်ပွဲလေးကို MRTV4 ကနေ တိုက်ရိုက်လွှင့်တာ ထိုင်ကြည့်ဖြစ်တယ်...။ မနက်တစ်နာရီတောင်ခွဲသွားတယ်...။ ဦးသိန်းတန် ပြန်လာပြီးကတည်းက ဒီပွဲအပါအ၀င်သုံးပွဲလုပ်တယ် သုံးပွဲလုပ်တယ် သုံးပွဲစလုံးအောင်မြင်တယ်။ အားပေးတဲ့ ပရိတ်သတ်တွေရုံအပြည့်ပဲ။ ဦးသိန်းတန်းသီချင်းတွေကို ငယ်တုန်းက နားမထောင်ဖူးပေမယ့် မပိုး(ပိုးဒါလီသိန်းတန်)ပြန်ဆိုတဲ့ အချိန်တုန်းက နားထောင်ဖြစ်တယ်...။ အဲဒါကြောင့် သူ့သီချင်းတော်တော်များများကို သိနေတယ်...။ ကြိုက်လည်းအရမ်းကြိုက်တယ်....။ စတူဒီယိုခေတ်ဦးတုန်းက LPJ တီးဝိုင်းအဖွဲ့ဆိုတာ တီဗီမှာတော့ကြည့်ဖူးတယ် ငယ်တုန်းက....။
ခင်မောင်ထူးနဲ့ ဟေမာနေ၀င်းတို့ စုံတွဲဆိုခဲ့ကြတဲ့ ကမ္ဘာ့အပြင်ဘက်ဆိုတဲ့သီချင်းကို ဦးသိန်းတန်သီချင်းမှန်းလုံးဝမသိဘူး...။ အခုပွဲကျမှ ဦးသိန်းတန်က အန်တီချိုပြုံးနဲ့ အသံသွင်းခဲ့ဖူးပြီး စင်ပေါ်မှာ တစ်ခါမှမဆိုဖူးသေးတဲ့ ဒီသီချင်းကို ခုတစ်ခါ အန်တီချိုပြုံးနဲ့ပဲပြန်ဆိုပါတယ်....။ အဆိုတော်ကြီးတွေက ၀ါရင့်တွေဆိုတော့ အသံကဘာမှပြောစရာမလိုဘူးသီချင်းကလည်းအရမ်းကောင်းတာပဲ....။ ဦးသိန်းတန်သီချင်းတွေဖြစ်တဲ့ စနေတောင့်၊ ရွှေမြိုင်မှာပဲနေတော့မယ်၊ ရွှေရုပ်လေးကောက်ရသူ၊ မန်းမြေမှာ၊ မနောမြေတို့ နောက်ပြီး ကချင်ပြည်နယ်နဲ့ပတ်သက်တဲ့ သီချင်းတွေရော သိပ်ကောင်းတာပဲ....။
သုဝဏ္ဏပွဲမှာတုန်းက အဆိုတော်အငယ်လေးတွေတော်တော်များများခေါ်ထားတယ်....။ ကိုညီထွဋ်တို့ အင်ပါယာဝိုင်းနဲ့ ကိုညီထွဋ်ပဲ ပွဲစီစဉ်ပေးတာ....။ အန်တီချိုပြုံး၊ ထွန်းအိန္ဒြာဗို၊ ဖြိုးကြီး၊ အာဇာနည်၊ အယ်လ်လွန်းဝါ၊ အောင်လ၊ အယ်လ်ဆိုင်းဇီ၊ အိမ့်ချစ် စတဲ့အဆိုတော်တွေပါဝင်အားဖြည့်ထားကြတယ်....။ အိမ့်ချစ်က ဦးသိန်းတန်နဲ့အတူ နှစ်ကိုယ်တူချစ်သမျှ မြန်မာသံသီချင်းကို ဆိုသွားတယ်....။ ဆိုနေကျမဟုတ်တော့ ကလေးမလေး တော်တော်ထိန်းပြီးဆိုသွားတာတွေ့ရတယ်...။ ဒီပွဲမှာ အယ်လ်ဆိုင်းဇီတို့က ဆရာမကြီး အသံကတော့ ရှယ်ကောင်းတာ...။ ရွှေချိုးဖြူသီချင်းကို ဦးသိန်းတန်နဲ့စုံတွဲဆိုတာများ ဘာမှကိုပြောစရာမရှိဘူး..။ သိပ်တော်တယ်....။
နောက်ဆုံး နှုတ်ဆက်ပွဲမှာတော့ ငယ်ငယ်တုန်းက လက်တွဲခဲ့ဖူးတဲ့ သူငယ်ချင်း လုပ်ဖော်ကိုင်ဖက် ဂီတမိတ်ဆွေတွေတော်တော်များများလာဆိုတာတွေ့ရတယ်...။ အယ်ပီဂျေအဖွဲ့သားဟောင်းတွေ အကုန်လာတီးပေးတယ်...။ ဧည့်သည်အဆိုတော် ဦးဘိုဘိုဟန် ဇော်ဝင်းရှိန် ခင်မောင်ထူး ချိုပြုံး နော်လီဇာ မေခလာ ဟေမာနေ၀င်း ထွန်းအိန္ဒြာဗို တို့လာရောက်ဖျော်ဖြေတယ်....။ ဦးဝင်းဦးရဲ့ မောင်တို့ချယ်ရီမြေကို ဦးသိန်းတန်ဆိုတော့ စန္ဒားလက်တံကို ဦးသိန်းတန်တို့ခေတ်က စန္ဒရားဦးမျိုးနိုင်က ပိုင်ပိုင်နိုင်နိုင် အေးဆေးတည်ငြိမ်စွာ တီးခတ်သွားတာကို အံ့အားသင့်စရာတွေ့ရတယ်...။ အံ့အားသင့်တယ်လို့ပြောရတာက လက်သံတော်တော်ကောင်းတာ ပြီးတော့ ဘာနုတ်စ်မှမကြည့်ဘူး အလွတ်တီးတာ....။ အဲမှာ ဥက္ကာဦးသာဆို ဗျာများနေတာ.....။ တကယ်ချီးကျူးဖို့ကောင်းတယ်...။ မောင်တို့ချယ်ရီမြေအပြင် သုံးရာသီဆိုတဲ့သီချင်းလဲဆိုသေးတယ် စုစုပေါင်း သုံးပုဒ်တီးပေးသွားတယ်...။ ဦးသိန်းတန်ကပြောတယ် .... စန္ဒရားကိုမင်းနိုင်ဆိုတာဒါပဲ သူ့လက်သံမျိုးဘယ်မှာမှမရှိဘူးတဲ့....။
မပိုးရဲ့ သီချင်းကို ဟေမာနေ၀င်းပြန်ဆိုနေတာ
နော်လီဇာ ငယ်တုန်းက အရမ်းကြိုက်တာ ဘရိတ်ဆိုတဲ့ သီချင်းကို မှတ်မိကြသေးလား (“ကားလေးတစ်စီးလောက်ဝယ်ရင် ဘရိန်ပါပါစေ”...ဆိုတာလေ)
18 comments:
ကြည့်ချင်လိုက်တာ ညီမရယ်...း(
စကားမစပ်... လက်သံ လား လက်တံ လားဟင်...
ဟုတ်..ညီမလည်းကြည့်လိုက်ရတယ်
ကောင်းတယ်အစ်မ
နာမည်ကျော်အနုပညာရှင်တွေတော်တော်များများ
ပြည်ပ.ရောက်ကုန်တာတော့
နှမြောစရာပါရှင်။
လေးစားလျှက်
မိစံ
အဟီးးး အဲဒါပဲပြင်နေတာအခု မွှားတွားလို့ စလုံးပေါင်း ကျေးကျေး မမသက်ဝေ
အစ်မလည်း သိပ်ကြိုက်တယ်... ညဘက်ကြည့်ပြီး မနက်ရုံးမှာ ပွဲကိုက်နေရော...။
ကြည့်ချင်ပါတယ်
နောက်ကျရင်VCD တွေထွက်မလားပဲနော်
ထွက်ရင်တော့ကောင်းသား
မိုးငွေ့လေးက ကိုယ်တို့ကို
လွမ်းပြီးရင်းလွမ်းရအောင်
လုပ်နေတာထင်တယ်
ချစ်ချစ်ခင်ခင် jasmine
မြန်မာပြည်သိန်းတန်ရဲ့ အသံနဲ့ ပရိသတ်အပေါ်မှာထားတဲ့ သူ့ရဲ့ ချစ်ခြင်းမေတ္တာကို ထင်ဟပ်ပေါ်လွင်စေတဲ့ ပွဲလေးပါ...စွဲလမ်းခဲ့ဖူးတဲ့ အဆိုတော်ကြီးတွေကို ကျန်းမာစေချင်မိတယ်...
ပိုးဒါလီသိန်းတန် သီချင်းတွေ ကျွန်တော်တို့ ငယ်ငယ်က နားထောင်ဖူးတယ်...
မြန်မာပြည်သိန်းတန် ဆိုတာတော့ နားမထောင်ဖူးလိုက်ဘူး...
သူလဲ နာမည်ကြီး အဆိုတော် တစ်ယောက်ဘဲ...
အခွေထွက်မယ်ထင်တယ်နော်... အဲဒီကျမှဘဲနားထောင်ရတော့မယ်...
ဂျင်းလည်း သူ့အခွေမျှော်နေတာ....
သားအဖနှစ်ယောက်လုံးကို ကြိုက်တာ....း)
တီတင့်လည်း ကြည့်ပြီးသွားပြီ မိုးငွေ့ရေ။
ငယ်စဉ်ကာလကို ပြန်သတိရမိတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အခွေထွက်မှ နားထောင်တော့မယ်ဗျာ...၊မြန်မာပြည်သိန်း
တန်သီချင်းတွေကြိုက်တယ်...၊အရင်ပို့စ်၂ခုပါပြန်ဖတ်
သွားတယ်...၊တလောက အလုပ်မအားလို့လွတ်သွားတာ
တွေ..........။
နားထောင်ချင်လိုက်တာ
အခွေထွက်ရင်တော့ဝယ်မယ်.
Youtube မှာတင်တာတွေ့ရင်လည်း
ပြောကြပါဦးနော်
စနေဒေါင့်ပန်းလှူမယ်..၊
ဆိုတဲ့သီချင်းအရမ်းကြိုက်တယ်။
အိမ့်ချစ် ဆိုတာလေးနဲ့  အလယ်ကဆိုင်းဇီ ဆိုတာလေး နားထောင်ချင်တယ်။ ပိုးဒါလီသိန်းတန် သီချင်းတွေကို ရင်းနှီးပြီးသားမို့  အဲ့ဒါတွေကိုလည်း နားယဉ်မယ်ထင်ပါတယ်။
ခုထိကိုမကြည့်ရသေးဘူး မိုးရေ
ကြည့်ဦးမပဲဟး)
ညီမရေစန္ဒရားတီးတာမျိုးနိုင်ထင်တယ်နော်.....
အခွေထွက်ရင်ကောင်းမှာပဲ မမိုးရယ်။ အဖေရော၊ သမီးရော အရမ်းကြိုက်ပါတယ်။ သူ့အဖေသီချင်းတွေ ပြန်ဆိုထားတဲ့ ပိုးဒါလီရဲ့ ချစ်ရည်းစားထားချင်တယ် အခွေတစ်ခွေလုံး အလွတ်ရခဲ့တား)) (ဒါမျိုးဆိုသိပ်ရ..းD)
မြန်မာပြည် ဦးသိန်းတန်ရဲ့ အသံလေးနားထောင်ရင်း မြန်မာပြည်ကို လွမ်းသွားပြန်ပြီး(
အဲဒီလို သတင်းတွေကြားရင် မြန်မာပြည်ကိုပြန်လာချင်စိတ်ပေါက်မိတယ်။ ကျွန်တော်တို့ငယ်ငယ်က သူ့သမီးတွေက အ.ထ.က(၂)စမ်းချောင်းသူတွေဆိုတော့ အဲဒီကျောင်းမှာ LPJ နဲ့စတိတ်ရှိုးအမြဲလုပ်တယ်။ သွားနားထောင်ဖူးတယ်။ ခိုင်ထူးတို့ပွဲသိမ်းတဲ့အချိန်တွေပေါ့။ တကယ့်ကို လွမ်းစရာပါပဲ။
Post a Comment