Sunday, 14 July 2024

Butterfly Diary…..(Chaos theory)



သူကျွန်မကိုစတွေ့ဖူးတာ အွန်လိုင်းက ကျွန်မအကောင့်ထဲကဓါတ်ပုံတစ်ပုံကလို့ပြောဖူးတယ်...။ 

တကယ်တော့ ကျွန်မတို့နှစ်ယောက် နှစ်ပေါင်းများစွာ ဝေးကွာရာမှ ပြန်တွေ့ဆုံဖို့ သူပြောတဲ့ တောင်ထိပ်ပန်းလမ်းက Landbay Coffee မှာပဲ ညနေပိုင်း Date ဖို့ အတည်ပြုလိုက်ကြတယ်...။ 

"မင်း သေချာပြီဆို အိုကေပြီနော်"

"သေချာတယ် "

"အဲလို လုပ်ကြတာပေါ့ ကော်ဖီသောက်ပြီး လမ်းခွဲခါနီး မမြူဆွယ်နဲ့နော် ကိုယ့်ကို"

"ဟာ ..."

"ဘာ ဟာလဲ .... မင်း ကကြည့်တတ်တယ် ကိုယ့်ကိုအနေရခက်အောင်"

"ဘယ်လိုကြည့်တာလဲ..."

"မသိဘူး...အကြည့်တခုရှိတယ်လမ်းခွဲကာနီးအဲလိုကြည့်ရင် ပြန်မလွှတ်ချင်တော့ဘူး ပြီးရင် ရန်ဖြစ်ကြရတော့တာပဲ"

"အဲလိုလား  သိတောင်မသိဘူး ကိုယ့်ဘာသာကိုယ်..."

"ကိုယ်ပြောပြမယ် ကိုယ်အွန်လိုင်းမှာပထမဆုံးတွေ့တဲ့ မင်း ပုံလေသိလား အဲပုံထဲကလိုအကြည့်မျိုးနဲ့ဆင်တယ်..."

"အဲလိုမျိုးလား.... ကော်ဖီဆိုင်မှာတွေ့ရင် ကြည့်ကြည့်မယ်လေ..."

"အကြည့်က သူ့တခုတည်းတော့လာတာမဟုတ်ဘူး အဲလိုအကြည့်မျိုးကိုဖန်တီးတော့မယ်ဆိုရင် မျက်နှာပြင်တစ်ခုလုံးက အကြောတွေက ဒီဇိုင်းလိုက်ပြောင်းတယ် နှုတ်ခမ်းတို့ မျက်ခုံးတို့ အားလုံးကလိုက်ပြောင်းတာပေါ့ အော်တို ဦးနှောက်က အလိုအလျောက်ဖန်တီးနိုင်တဲ့အစွမ်းတစ်ခုပဲ..."

"ဓါတ်ပုံရိုက်တာလဲ တစ်သက်လုံးမှာ အဲတစ်ပုံပဲအဲလိုအကြည့်နဲ့ရှိတာပါ ကျန်တာက ဘယ်လိုမှ မနေတတ်မထိုင်တတ် အိုက်တင်မပေးတတ်တဲ့ပုံတွေချည်းပဲ..."

"တကယ်တော့ ထူးဆန်းတယ်နော်....မင်း သာ အဲနေ့ အဲဓါတ်ပုံမရိုက်ခဲ့ဘူးဆိုရင် အခု ကိုယ်တို့နှစ်ယောက် အခုလို စကားပြောဖြစ်ဖို့ဆိုတာ မသေချာဘူး...သိလား ကိုယ်ပြောတာ အဖြစ်ပျက်တွေကို..."

“အခု ကိုယ်ပြောတဲ့ ပုံစံမျိုးနဲ့ ပက်သက်ပြီး ပြင်သစ်တွေရိုက်တဲ့ ရုပ်ရှင်တွေ တော်တော်များများရှိတယ်အဖြစ်အပျက်တွေရဲ့ ဆက်စပ်တိုက်ဆိုင်မှုတွေ ဘယ်လိုသဘောတရားနဲ့ ထပ်ဆင်လဲဆိုတော့ မင်း ဟိုတစ်နေ့က မေးတဲ့ (Chaos Theory)ခေးအော့​သီအိုရီရဲ့ (Butterfly Effect)လိုပဲ ကမ္ဘာတခြမ်းမှာ လိပ်ပြာတစ်ကောင် တောင်ပံခတ်ခြင်းကြောင့် ကမ္ဘာတစ်ခြမ်းမှာ မုန်းတိုင်းတစ်ခုဖြစ်ပေါ်သလိုပေါ့ အဲ​နေ့က ရိုက်မိတဲ့ ဓာတ်ပုံကြောင့် ကိုယ်တို့ ပက်သက်ခဲ့ကြတယ်ပဲဆိုပါတော့"

ကျွန်မက သူမတူ ထူးခြားတဲ့စရိုက် အတွေးခေါ် အသိဉာဏ်ရှိတဲ့ယောကျာ်းကို တစ်သက်လုံးသဘောကျခဲ့တာ သူကအဲလိုယောကျ်ားမျိုး ... ဟုတ်တယ် သူကကျမသဘောကျရတဲ့ ယောကျာ်းမျိုး...။  

တခါတလေ "လူတစ်ယောက်က လူတစ်ယောက်ကိုချစ်တယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ" ဆိုတဲ့ မေးခွန်းမျိုး ထမေးတတ်သေးတာသူက...။ သူ့လိုချစ်သူမျိုးရထားတာ ဦးနှောက်အနားမနေရတာတော့သေချာတယ် အမြဲစဉ်းစားတွေးတောရတယ် သူ့မေးခွန်းတွေကို ဖြေနိုင်ဖို့လေ...။ 

ခင်ဗျားမေးခွန်းကို ဖြေကြည့်မယ်သိလား... လူတစ်ယောက်ကတစ်ယောက်ကို ချစ်တာဘယ်လိုသိရလဲ သိပ်မခက်ဘူးလေ ... Love is in the air တဲ့ ခင်ဗျားကြားဖူးပါတယ်... ယေဘူယျ အချက်ပြ Signals ဆယ်ချက် ရေးပြမယ်... 

 

1. He is interested in Your Love

2. He knows how to make You Smile

3. He’s very thoughtful, sweet and sensitive 

4. He rings your phone without reason

5. He would like to spend more time with You

6. When you talk he looks into Your Eyes

7. He would like to know more about You 

8. He gives You lots of Cuddles and Caresses 

9. When You have a bad day He can comforts

10. He gives You Good presents


အဲအချက်တွေထဲက နံပါတ် ၈ တစ်ခုပဲ မရသေးတာလို့ ကျွန်မပြောတော့ သူက ချက်ချင်းပဲ " နံပါတ် ၈ရဲ့လိုအပ်ချက်ကို ၈ ရက်နေ့မှာလာပေးမယ် ၈ ဂဏန်းသမားဆီကို ၈ဂဏန်းသမားက " တဲ့ တွေ့လား သူဘယ်လောက် Bright ဖြစ်လဲ....။


__________________
Revolution will prevail
မိုးငွေ့


No comments: