ပစ်ပစ်ကတဂ်လာလို့သာရေးလိုက်ရတာ အမှန်တော့ ကိုယ့်ဘဝတစ်လျှောက်လုံးမှာ အိပ်ပျက်သွားတဲ့ည ဆိုတာ မရှိသလောက်ပါပဲ...ပြန်တွေးကြည့်ရင်တောင် ခပ်ရေးရေးတောင် မထင်တော့ဘူး..။
ကိုယ်တို့ခေတ်တွေတုန်းက ခုလို ခုနှစ်တန်း ရှစ်တန်းနဲ့ ရည်စားထားရကောင်းမှန်းလည်း မသိကြသေးဘူး...။ ကျောင်းစာလုပ်မယ် ကစားမယ် အိမ်အလုပ်ကူမယ် ဒါလောက်ပဲ...။ တက်တော့လည်း မိန်းကလေးကျောင်းမှာဆိုတော့ ပိုဆိုးတော့တာပေါ့...။ ကျူရှင်တက်ချိန်လောက်ပဲ ယောကျာ်းလေး သူငယ်ချင်းတွေရှိတာလေ...။ အဲတုန်းကတော့ စာလိုက်ပေးတာတို့ဘာတို့ရှိတာပေါ့...။ ကိုယ်တိုင်ကစိတ်မှမဝင်စားတာ မဝင်စားဆို လာလိုက်တဲ့ တကောင့်သားတွေကလည်း ရုပ်မရှိ မဲမဲသည်းသည်း ပေစုတ်စုတ်တွေဆိုတော့ နဂိုစိတ်မဝင်စားတာကနေ ပိုပိုဆိုးသွားတာပေါ့...။ အဲဒါက ဒီအထက်တန်းကျောင်းမှာတင်မဟုတ်ဘူး ကိုယ်တက္ကသိုလ်မတက်ခင် သင်တန်းတွေတက်နေတဲ့ အချိန်မှာရော ကြည့်မြင်တိုင် RC3 စတက်ချိန်တွေမှာရော လာလိုက်ကြတဲ့ ဘဲတွေက အဲလို ငနာတွေချည်းပဲ တကယ်စိတ်ပျက်ဖွယ်ပါ...။ ကိုယ့်ဘဝမှာ တည်ကြည်သန့်ပြန့် ယောက်ျားပီသမယ့် ယောက်ျား တစ်ယောက်နဲ့တွေ့ဖို့ ကံကိုပါမလာတာ လည်းဖြစ်မယ်...။ ဒီလိုနဲ့ ကိုယ့်ကို အိပ်ပျက်ညတွေဖန်တီးပေးမယ့် ယောက်ျားတစ်ယောက်ဆိုတာ ရှားသထက်ရှားပါးလာတော့တာပေါ့... စဉ်းစားကြည့်လေ...။ အချိန်တန်လို့ အဒေါ်တွေက ပေးစားဖို့ လာကြည့်တယ်ဆိုတဲ့သူကိုလည်း မကြိုက် ကိုယ်ကပဲချေးများသလားမသိတော့ပါဘူးကွယ်...။ အဲ တစ်ယောက်တော့ကြုံဖူးတယ် ကိုယ့်ဘဝမှာ ခုချိန်ထိ ကိုယ်မြင်ဖူးခဲ့သမျှယောက်ျားတွေထဲမှာ ကိုယ်ဆယ်တန်းအောင်ပြီး ရွာခဏပြန်တုန်းက ဆုံဖူးခဲ့တဲ့ အင်းသားအစ်ကိုကြီးတစ်ယောက်ကတော့ အချောဆုံးပဲ...။ ဟုတ်တယ်...။ တကယ်တော့ 2010 တုန်းက ညီမလေးပစ်ပစ်တဂ်ခဲ့ဖူးတဲ့ ပထမဆုံးရင်ခုန်သံ ဆိုတဲ့ပို့စ်နဲ့ ခုတဂ်ပို့စ်က ရေးရတာခပ်ဆင်ဆင်လေးပါ...။
ကိုယ့်ကို ရင်ခုန်စေတဲ့ယောက်ျားဆိုတာ မရှိသလို မွေးလာတော့မှာလည်း မဟုတ်ပါဘူး...။ ဆိုတော့ အိပ်ပျက်ညဆိုတာ ဝေလာဝေးပေါ့ကွယ်....။
မိုးငွေ့



