Saturday, 8 November 2014

ငှက်ပျောပေါင်း.....

 
အစ်မစိုးမာလာဆီကနည်းနဲ့ပေါင်းထားတဲ့ ငှက်ပျောပေါင်းလေးပါရှင့် :)



ငှက်ပျောသီးဆယ်လုံး+အုန်းသီးခြစ်တစ်လုံးရဲ့ သုံးပုံနှစ်ပုံ+သကြားတစ်ခွက်+ပြောင်းကော်မှုန့်တစ်ခွက်





ငှက်ပျောသီးအားလုံးကိုခြေထားပြီးရင် ကြိတ်စက်ထဲကို အုန်းသီးဖတ်နဲ့သကြားထည့်ကြိတ်ပါမယ် အုန်းသီးခြစ်တွေကို မုန့်ပေါ်ဖြူးဖို့ နည်းနည်းချန်ထားပါ...။ ပြောင်းကော်မှုန့်ကိုရေနဲ့ခပ်ပျစ်ပျစ်လေးဖျော် ဆားထည့်ပြီး ကြိတ်ထားတဲ့ အုန်းသီးနဲ့သကြားထည့်ရော ငှက်ပျောသီးထည့်ရောပြီး သမအောင်မွှေ ပေါင်းမယ့်ခွက်လေးတွေကို ဆီသုပ်ပြီး မုန့်နှစ်ကို ခွက်မပြည့်ခင်လေးထိထည့်ပြီး အုန်းသီးခြစ်လေးဖြူ ပေါင်းအိုးထဲကို မိနစ် 20 လောက်ပေါင်း မုန့်ကျက်မကျက်ကို သွားကြားထိုးတံလေးနဲ့ထိုးကြည့် မုန့်နှစ်တွေကပ်ပါမလာရင် ရပါပြီ...။






ပိတ်ရက်ကလေးမှာ နေ့ခင်းစာ အစာပြေပဲဖြစ်ဖြစ် ထမင်းစားပြီးအချိုတည်းဖို့ပဲဖြစ်ဖြစ် အလွယ်တကူလုပ်စားနိုင်ဖို့ ငှက်ပျောပေါင်းပူပူလေးကို မျှဝေပေးလိုက်ပါတယ်ရှင့်....။




ပျော်ရွှင်အေးချမ်းသော ပိတ်ရက်ကလေးဖြစ်ပါစေ....:)


မိုးငွေ့

3 comments:

စံပယ္ခ်ိဳ said...

အေးအေးချမ်းချမ်းနဲ့ ဌက်ပျောပေါင်းလေးစားခြဲ့ပီ

Aunty Tint said...

ဒီတစ်ခေါက်တော့ မိုးငွေ့ရဲ့ ငှက်ပျောပေါင်းမျိုး ပေါင်းစားဘို့ ဆုံးဖြတ်လိုက်ပြီ...

Unknown said...

ငှက်ပျောပေါင်းဆို ငှက်ပျောသီးအလုံးလိုက်ကို အုန်းနို့တို့ နွားနို့တို့နဲ့ပေါင်းတာမျိုးပဲသိတာ။ ခုလိုချေပြီးပေါင်းတာမျိုးတော့ မသိသေးဘူး။ ပေါင်းစားကြည့်အုံးမယ်။