Wednesday, 25 May 2011

မြန်မာမုန့်

ခေါပျဉ်၊ ရွှေထမင်း၊ မုန့်လိတ်ပြာ၊ စလူမုန့်၊ သာကူမုန့်ဦးနှောက် လာဘ်ခေါ်တဲ့ ပစ်တိုင်းထောင်ရုပ်အနီလေးနှစ်ရုပ်ကတော့စားလို့မရဘူးနော်


မုန့်ဗိုင်းနောက်၊ အုန်နို့နဲ့ဆမ်းစားမလား ဒီတိုင်းနှမ်းလေးနဲ့
အုန်းသီးခြစ်လေးနဲ့စားမလား


သီးစုံမုန့်စိမ်းပေါင်း သူလဲ ပစ်တိုင်းထောင်ရုပ်ကလေးနှစ်ရုပ်နဲ့


အဲ...ဒီမုန့်ကဘာမုန့်ပါလိမ့်....


ဒီမုန့်ပုံတွေက အမချစ်ကြီး(ချစ်ကြည်အေး) လာလည်တုန်းက ဗိုလ်ချုပ်ဈေးပတ်ပြီးအပြန် မဂိုလမ်းထဲမှာ စာအုပ်ရှာရင်း မုန့်ဝယ်တုန်းရိုက်ထားတဲ့ပုံလေးတွေ ...။ နည်းနည်းတောင်ကြာသွားပြီ....။ ပြီးခဲ့တဲ့ နှစ်လပိုင်းလောက်ကတည်းကပါ...။ အဲနေ့တုန်းက ကျမတို့ အမချစ်လိုချင်တဲ့ စာအုပ်ရှာရင်း အပြန်မြေနီကုန်းက ရွှေရည်မှာ လက်ဘက်ရည်သောက်ဖြစ်ကြသေးတယ်...။ အဲဒီက မြန်မာမုန့်တွေကိုတော့ ဓါတ်ပုံမရိုက်ထားလိုက်မိဘူး...။ နောက်နေ့ကျတော့ အမချစ်က သူ့ချစ်ချစ်ရှိတဲ့ မန်းကိုခရီးထွက်သွားပြီ...။ ပြန်လာတဲ့အချိန်ကျတော့ ကျမက ချောင်းသာရောက်နေလို့ ထပ်မတွေ့ဖြစ်ကြတော့ဘူး..။ အမချစ်စရောက်တုန်းကတော့ မမြသွေးနီနဲ့ ကိုဏီလင်းညိုတို့နဲ့ ၀ိုင်ကေကေ ကြေးအိုးမှာ ဆုံဖြစ်တယ်....။ မနှစ်က ဒီလိုချိန်ပဲ အဖြူရောင်နတ်သမီး၊ ညလင်းအိမ်တို့နဲ့ဆုံဖြစ်သေးတယ်... ။ ဘာမှသိပ်မကြာသေးသလိုပဲ ခုဆိုတစ်နှစ်ရှိသွားပြီ...။ ပြီးခဲ့တဲ့လကတော့ ညလင်းအိမ်နဲ့ထပ်ဆုံဖြစ်တယ်....။ တစ်နှစ်တစ်ခါ ကိုယ်မမြင်ဖူးသေးတဲ့ ကိုယ်နဲ့ညီအစ်မရင်းလိုခင်မင်ရင်းနှီးတဲ့ ဘလော့ဂါ မောင်နှမတွေနဲ့ တွေ့ဆုံရတာ ၀မ်းသာကြည်နူးစရာပါ...။ နောက်တစ်လနှစ်လလောက်ဆိုရင် ကဗျာဆရာနောက်တစ်ယောက်နဲ့ ဆုံဖြစ်ဖို့ရှိသေးတယ်....။ အဲဒီကျမှ... မြန်မာ့အစားစာကို နှစ်ရှည်လများ ကင်းဝေးနေနဲ့သူ... ဘာတွေအစားသောင်းကျန်းမလဲဆိုတာ ဆက်ပြီးတင်ပါဦးမယ်...။ 


 မိုးငွေ့


12 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ကျွန်မလာရင်လဲ ခုလို လိုက်ကျွေးနော်
ရောက်ရင်အကြောင်းကြားမယ်း)

ချစ်ကြည်အေး said...

ဟယ်.....ညီမ မိုး....။ လွမ်းသွားပြီကွယ်....။ အမ အဲ့ပုံတွေ ယူသွားမယ်နော်...။ တွေ့ကြတဲ့ အကြောင်းတွေကို ပို့စ်တခု ရေးဖို့ဟာ ကြာနေတာနဲ့.....။ အားလုံးနဲ့ တွေ့ခဲ့တဲ့ အကြောင်းတွေ ရေးဦးမှာ....:)

Cameron said...

ဟွန့် အမချစ် ခုမှတရေးနိုး... ညီမလေးက အမရေးမှာကိုစောင့်ရင်း မစောင့်နိုင်တော့လို့ တင်လိုက်တာ...း))

Cameron said...

ချော...လာခဲ့ပါ...စပါယ်ရှယ်ဧည့်ခံပစ်မယ်...ဟိ...

သက်ဝေ said...

အမလဲ လာခဲ့မယ်... မုန့်စိမ်းပေါင်း ဝယ်ကျွေးနော်.....

Cameron said...

ဝယ်ကျွေးမယ် မမသက်ဝေစားချင်တာအကုန်လုံး..

SHWE ZIN U said...

မိုးငွေ့ ရေ

အမ လည်း လာစားမယ် ရှေ့လ ထဲလာဖြစ်ရင် ဝင်ခဲ့ မယ်

Cameron said...

welcome ပါ မမရွှေစင်...း)

khin oo may said...

လာတုံးက မိုးငွေ့ လိုချင်တဲ့ ဘောလုံးမီးလင်းတာလေး ထည့်လိုက်သေးတယ်ပြီးတာ့မှ........ထားပစ်ခဲ့ရတာ.

အနှိုင်းမဲ့ said...

တာမီးလဲ...လာမယ် :P

Unknown said...

မုန့်လုပ်တဲ့နည်းတွေပါတင်ပေးပါ ကျေးဇူးတင်ပါတယ်

Unknown said...

မုန့်လုပ်တဲ့နည်းတွေပါတင်ပေးပါလားအမ ကျေးဇူးပါ