သူငယ်ချင်းတို့ကို ဘလောက်လေး စဖွင့်တုန်းက မိတ်ဆက်စာလေးရယ် ကဗျာလေးတပုဒ်၊ ဆောင်းပါးလေး တပုဒ်နဲ့ပဲ စပြီးဧည့်ခံခဲ့ရတယ်...။ အကြောင်းကြောင်းကြောင့် ကျမ ဒီဘလောက်ကို ဘယ်တော့မှ ဆက်မရေးတော့ဘူး ဆုံးဖြတ်ထားပေမယ့်လဲ စာရေးချင်တဲ့ပိုးလေးကမနေဘူးလေ။ ဒါကြောင့်ကျမတောင်ကြီးက သူငယ်ချင်းနှစ်ယောက်ရဲ့ ကဗျာကို တင်ဦးမယ်ဆိုပြီး တင်ဖြစ်သွားတာပါ..။ သူငယ်ချင်းအားလုံးကိုလဲ တခြားစာတွေကို ပေးဖတ်ချင်ပါသေးတယ်..။ ကျမ ကြိုးစားပြီးဆက်ရေးသွားမှာပါ...။ ကျမစာ ကိုအားပေးဖတ်ရှုပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်။ မနိုင်းနိုင်းစနေကိုတော့ သိပ်အားကျတာပဲ သူ့လိုပဲ ကျမလဲ ပုံတွေနဲ့ တင်နိုင်ဖို့ကြိုးစားပါဦးမယ်...။ ခုတော့စာအများကြီးရေးနိုင်ဖို့ကျမစာများများဖတ်ရဦးမယ်...။ ကျမအရေးအသားတွေ လိုအပ်တာရှိရင်လဲ ကွန်မန့်လေးပေးသွားနိုင်ပါတယ်..။
မိုးငွေ့

