Empty
ငါ့နှလုံးသားက
မြစ်ဖျားခံလာတဲ့
အဖြူရောင်ရေစီးကြောင်းထဲ
ဗလာသက်သက်ချစ်ခြင်းတွေ
ပျော်ဝင်နေလေရဲ့.....။
ကောင်းလေး.....ရေ
ငါ့မှာပိုင်ဆိုင်သမျှ
အေးစက်စက်ခံစားမှုတွေကြောင့်
ငါတို့ ဝေးသွားခဲ့ရင်တောင်
လွတ်လပ်နေတဲ့
မိုးတိမ်တိုက်တစ်ခုလို
ငါဟာ..မင်းကိုချစ်မိသွားခဲ့ပြီ...။
ငါ့ဘ၀ရဲ့ပြည့်စုံမှုက
မိုးပြာရောင်ကောင်းကင်အောက်
မင်းနဲ့အတူရှိနေခွင့်ရရုံလေးပါ။ ။ HNS (TG)
2 comments:
ကဗျာလေးကို ထပ်တူထပ်မျှခံစားသွားပါတယ်
ကဗျာကောင်းကောင်းလေးတွေဆက်လက်ရေးသားနိုင်ပါစေ
လို့ ဆုတောင်းရင်း
`ငါ့ဘ၀ရဲ့ပြည့်စုံမှု့က
မိုးပြာရောင်ကောင်းကင်အောက်
မင်းနဲ့အတူရှိနေခွင့်ရရုံလေးပါ..။´
good....
Post a Comment