Showing posts with label ခရီးသွားမှတ်တမ်း. Show all posts
Showing posts with label ခရီးသွားမှတ်တမ်း. Show all posts

Monday, 8 September 2025

Bagan Old City.....သို့အလည်တစ်ခေါက်


























































 





































































































မိသားစုနဲ့ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် အလုပ်ကိစ္စနဲ့မဟုတ်ဘဲ ကိုယ့်ဘာသာ Privately ခရီးသွားတဲ့အခါ ကျနော့်တို့လိုအလုပ်လုပ်နေတဲ့သူတွေ ရုံးပိတ်ရက်ကိုသာ အဓိကထားပြီး ရက်ရွေးကြတာများတယ်မဟုတ်လား....။ ခုတစ်ခါတော့ ကျနော်က ပုဂံကို ပိတ်ရက်မဟုတ်ဘဲ ကြားရက်ကိုရွေးသွားလိုက်တယ်...။ အေးအေးဆေးဆေးသွားချင်တာရယ် လူရှုပ်ကားရှုပ် ဘယ်သွားသွားကားကြပ် ပါကင်မရ ထမင်းဆိုင်မှာ ထမင်းလုစားရတဲ့အဖြစ်ကို ကြုံခဲ့ဖူးပြီးပြီမို့ ကြားရက်မှာ သုံးညအိပ်ခရီးစဉ်လေးသွားဖြစ်ခဲ့တယ်...။ ဟိုရောက်တော့ ဟိုတယ်မှာ ကိုယ်တွေပဲရှိ ကားလမ်းရှင်း....။ ရှင်းဆို အခုကျနော်တို့တည်းတဲ့ ပုဂံမြို့သစ်မှာ သိပ်မကြာသေးတဲ့ ဒလန်အိမ်ကို PDF တွေဝင်စီးနေတုန်း ပတ်ကင်းကားနဲ့ တစ်ပြန်ဆီပစ်ကြရင်း တိုက်ပွဲဖြစ်ခဲ့ကြသေးလို့ ညရှစ်နာရီဆို ကိုယ်တည်းနေတဲ့နေရာနဲ့ ခပ်ဝေးဝေးမသွားဖို့ ဟိုတယ်က သတိပေးထားပါတယ်...။ PDF လေးယောက်ထဲကို လာပစ်ကြတာ စစ်သား 45ယောက်နဲ့ တင့်ကားတွေတောင်ပါသတဲ့ ဘပုရဲ့စတန်းတက်အာမီတွေကတော့ လုပ်လိုက်ရင် $တလွဲတွေချည်းပဲ....။ 

အရင်လို ဧရာဝတီတစ်ဖက်ကမ်းက တန့်ကြည်တောင်ကို ကူးခွင့်မပေးထားဘူး....။ ဟိုဖက်ခြမ်းကလည်း မကြာမကြာ အပစ်အခတ်တွေနဲ့တဲ့ ...။ တောင်သာ မြင်းခြံ မြိုင် ရေလယ်ကျွန်း အဲဖက်မှာက အခြေအနေမတည်ငြိမ်....။ မြင်းခြံကိုပေါက်တဲ့လမ်းဖြစ်တဲ့ မိတ္ထီလာ တောင်သာ ကျောက်ပန်တောင်း ဆိုတာ တြိဂံလိုဖြစ်နေတာ အဲဒါ ထီလာလမ်းကနေခွဲထွက်တဲ့ တောင်သာ မြင်းခြံလမ်းဆို ပိတ်ထားတဲ့လို့တောင်ကြားတယ်....။ လမ်းမှာ ရန်ကုန်ကနေ မိတ္ထီလာထိက အစစ်အဆေးသိပ်မရှိဘူး ကျောက်ပန်တောင်း ပုဂံဖက်ခွဲသွားတဲ့လမ်းကျမှသာ ဂိတ်တွေရှိတယ်...။ ဘယ်သွားမလဲ ဘယ်ကလာလဲ ဘာညာတော့မေးတယ်....။ ပထမဆုံးစစ်တဲ့ ဂိတ်က ကားမောင်းတဲ့ကျနော့်မတ်ကလေးကို မျက်နှာထားတင်းတင်းတဲ့ လေသံမာမာနဲ့ဆက်ဆံတာ ကျနော်နဲ့အမေနဲ့ကအနောက်ခန်းမှာထိုင်တာ....။ အနောက်ခန်းပါမှန်ချလိုက်ပြီး ကျနော်က နေကာမျက်မှန်တပ်ပြီး လှမ်းရှိုးလိုက်တော့ တကောင့်သားက ချက်ချင်းမျက်နှာချိုသွေးလိုက်ပြီး အော် ဘုရားဖူးလာကြတာလား သွားသွား တဲ့....။ သူတို့ကိုကြောက်ပုံပြရင်ဖြဲခြောက်ချင်ကြတဲ့ ဟာစားတွေ....။ ပြည်သူကို ပါဝါအာဏာပြပြီး နိုင်စားချင်တဲ့ ဟာတွေ...။ ကျနော်က တကယ်တော့ ဘုရားစူး စစ်သားသမီးတစ်ယောက် မွေးကတည်းက လူမှန်းသိကတည်းက ဗမာစစ်တပ်ဆို ရွံကို ရွံမုန်းတာ အားလုံး မျက်နှာရူး မျက်နှာပြောင်တဲ့ကောင်တွေချည်းပဲ...။

ကျနော်အရင်ကပြောပြထားတဲ့အတိုင်း ကျနော့်ဘဝမှာ ခရီးသွားခဲ့ဖူးတဲ့နေရာတွေမှာ ပုဂံက အများဆုံးသွားဖြစ်တဲ့နေရာပါပဲ ခုတစ်ခေါက်လဲရောက်ခဲ့ပြန်ပြီ.....။ မိုးရာသီလည်းဖြစ် ကြားရက်လည်းသွားဖြစ်ခဲ့တဲ့ ခရီးစဉ်တစ်ခုပါပဲ...။ ပုဂံရဲ့မိုးရာသီဟာ စိမ်းစိုလှပလွန်းတယ် တချို့ရက်တွေ နေသာ တချို့ရက်တွေ မိုးအုံ့အုံ့နဲ့  နဲနဲတော့ပူတယ်....။ အပူမကြိုက်တဲ့သူတော့ ဆောင်းရာသီမှာ ပိုလည်လို့ကောင်းပါတယ်...။ အခုလောလောဆယ်နိုင်ငံရေးအခြေအနေအရ ခရီးသွားတွေကိုမှီပြီး ရှာဖွေစားသောက်နေရတဲ့မြို့လေးမို့ တစ်မြို့လုံးမှာရှိတဲ့ နယ်ခံတွေရဲ့ စားဝတ်နေရေးပြဿနာကတော့ အကြီးကြီးပဲလို့မြင်တယ်...။ နိုင်ငံခြားသားအဖြူကောင်တွေဆိုတာ တစ်ကောင်တစ်မြီးတောင်မတွေ့ရပါဘူး....။ ကျနော်တို့ပြန်မယ့်သောကြာနေ့ကျမှ ပုပ္ပါး အဘထွက်ပွဲကနေ ပုဂံလာကြမယ့် ကားတွေက လမ်းမှာကြပ်လို့ ပိတ်တောင်ပိတ်သတဲ့...။ အဲပိတ်ရက်မှာသာသွားမိရင် ရှုပ်ရှက်ကိုခတ်နေမှာ....။ ကျနော်က နဂိုကတည်းက လူရှုပ်လူများတဲ့နေရာကိုမကြိုက်တာမို့ အေးအေးလူလူလေး လျှောက်လည် လျှောက်စားရတာကို ကြိုက်တယ်....။ လူများတာကိုကြိုက်တဲ့သူအတွက်တော့ တော်တော်ပျင်းဖို့ကောင်းမှာ....။ ဘယ်ဘုရားသွားသွား ကိုယ်တွေနဲ့ ဈေးသည်တွေပဲရှိတာကိုး....။

ကျနော့်အတွက်တော့ ခရီးသွားရတာ အနားယူလို့အကောင်းဆုံးနေရာနဲ့ အပျော်ဆုံးနေရာကတော့ ပင်လယ်ကမ်းခြေပဲ နောက်တစ်ခေါက်အဲဖက်ကိုသွားမယ်....။ 2020 နောက်ပိုင်း ခရီးအသွားဖြစ်ဆုံးနှစ်ကတော့ 2025ပဲ ပြီးခဲ့တဲ့ ရှစ်လပိုင်းလဆန်းတုန်းက မန္တလေး ပြင်ဦးလွင် ရောက်တယ်....။ အလုပ်ကိစ္စနဲ့ရောက်သွားတာ တစ်ပတ်လောက်ကြာတယ်....။ ကျနော်က တောင်ပေါ်ဒေသကိုတကယ်မနှစ်သက်တဲ့သူတစ်ယောက်ပဲ...။ ကျနော့်မွေးရပ်က ရှမ်းပြည်ကပေမယ့် ကျနော်တောင်ပေါ်ဒေသကို မပျော်ဘူး...။ မိန်ရာသီငါးကလေးကျနော် ရေရှိတဲ့အရပ်မှာပဲပျော်တယ်ဆိုတာ ကောင်းကောင်းလေးသိသွားပြီ....။



Monday, 16 March 2020

Veitnam, Da Nang, Hoi An....


ဂူဂယ်လ်မှယူသည်


ဒီ ဒါနန်းမှာရှိတဲ့ ဟွေ့အမ်းမြို့ဟောင်းလေးကလည်း ကျွန်မတို့သွားမယ့် ခရီးစဉ်မှာ ပါဝင်ပါတယ်....။ တမြို့လုံး ညဖက်ဆို မီးပုံးလေးတွေချိပ်ဆွဲထားလို့ မရောက်ဖူးခင်ကတည်းက မြင်ယောင်ပြီး သိပ်လှမှာပဲလို့ တွေးထားခဲ့မိတယ်....။ တကယ့်အပြင်မှာ မျက်ဝါးထင်ထင်မြင်ရတော့လဲ သိပ်လှပါတယ်...။ Tourist Attraction ဖြစ်တဲ့ နေရာလေးပေါ့ သူက လေးထောင့်ကွက်ကျကျလေးတည်ထားတဲ့ မြို့လေးဖြစ်ပြီး ရှေ့ဟောင်း နှစ်ထပ်အိမ်ပုံစံတွေများတယ်....။ ကော်ဖီဆိုင် လက်ဖက်ရည်ဆိုင်ဆိုတာ မှိုလိုပေါက်....။ ဆိုင်လေးတွေက သေးသေးဟောင်းဟောင်းလေးနဲ့ လွန်ခဲ့တဲ့ နှစ်သုံးလေးဆယ်လောက်က Scent မျိုးရစေမယ့် ဆိုင်တွေချည်းပဲ....။ အထဲမှာလဲ လူဖြူနိုင်ငံခြားသားတွေက အပြည့်....။ နောက်ပြီး သရေလုပ်ငန်းကို အများဆုံးလုပ်ကိုင်ကြတယ်.....။ သရေဖိနပ်တွေ ခါးပတ်တွေ အိတ်မျိုးစုံတွေ....။ 


ဂိုက်က ကျွန်မတို့ကို ညစာမစားခင် ဒီမြို့ဟောင်းကိုအရင်ပို့ပေးတာ ဘာတဲ့ မြို့ထဲကိုကားကြီးနဲ့ပေးမဝင်လို့ ကျွန်မတို့ လူအယောက်သုံးဆယ်ကျော် တုတ်တုတ်ကားလေးတွေထပ်စီးရတယ်...။ ဂိုက်ကကျွန်မတို့က စုရပ်နေရာလေးပြထားပြီး ဘယ်အချိန်ဒီနားမှာပြန်ဆုံမယ်လို့မှာထားတယ်....။ အဲဒီမှာ မီးပုံးတွေရှိတဲ့ ရပ်ကွက်ထဲကိုစဝင်ပြီး လျှောက်ကြည့်ကြတာ သိပ်မကြာဘူး... ကုတ်နဲ့စတိုင်လ်ဘောင်းဘီအနက်ရောင်ဝတ်စုံဝတ်ထားတဲ့ အသက်၃၀ အရွယ်အမျိုးသမီးတစ်ယောက်က ကျွန်မတို့အဖွဲ့ရှမ်းလိုစကားပြောနေတာကိုကြားသွားပြီး ဘယ်ကလာတာလဲ ထိုင်းလင်းကလား Tour နဲ့လာတာလားဆိုပြီး စစ်လားဆေးလားလာလုပ်တယ်...။ လက်ထဲမှာလဲ ဝေါကီတောကီတစ်လုံးကိုင်ထားသေးတယ်...။ ကျွန်မက မဟုတ်ဘူး ငါတို့က မြန်မာတွေလို့ပြောတော့ ခဏဒီနားစောင့်နေ သူပြန်လာမယ်ဆိုပြီး လမ်းတစ်ခုထဲသုတ်သုတ် သုတ်သုတ်နဲ့ ချိုးဝင်သွားတယ်...။ ကျွန်မတို့အဖွဲ့တင်မကဘဲ ကျန်တဲ့သူတွေကိုပါ အဲလိုတွေလိုက်ရစ်တယ်...။ သူတို့ မြို့ဟောင်းဝင်ကြေးကောက်ချင်တာလားဘာလားတော့မသိဘူး ကောက်ချင်တယ်ဆို ဟိုမှာ ဘိုတွေ အဖြူကောင်တေအများကြီးသူတို့ကျသွားမရစ်ဘဲ ကိုယ့် အာရှတိုက်သားအချင်းချင်းလာအနိုင်ကျင့်ချင်နေတာ....။ ခြိမ်းလားခြောက်လားလာမလုပ်နဲ့လေ... တရားဝင်ကောက်ချင်တယ်ဆို အဝင်ဝမှာကတည်းက လာသမျှလူတွေကို အကုန်ကောက်လေ....။ မီးပုံးအလှလေး မြို့အလှလေးတောင် သေချာမခံစားလိုက်ရဘူး စိတ်အနှောက်ယှက်ဖြစ်သွားတာနဲ့ ဆက်မကြည့်တော့ဘဲ ပြန်ထွက်လာလိုက်ကြတယ်....။

အဲမှာ လူတွေမစုံ လူစုကွဲ တစ်ယောက်ကျန်ခဲ့လို့ လိုက်ရှာရတာနဲ့ ညစာတောင် တော်တော်နောက်ကျသွားတယ်....။ ညစာဟင်းပွဲတွေမရိုက်လိုက်မိ...အဲညက ငှက်ကုလားအုပ်သားကို Stir Fried ပုံစံလေး ငရုတ်ပွအစိမ်းနဲ့ကြော်ထားတာပါတယ် အဲဒါကို ငှက်သားမှန်းမသိ အမဲသားထင်ပြီး စားကြတာ ကျွန်မကအမဲသားမစားတော့ မမိလိုက်..အမဲသားစားတဲ့သူတွေလည်း ငှက်ကုလားအုပ်သားမှန်းသိတော့ ထိတောင်မထိကြတော့ဘူး...။






ဟွေ့အမ်းမြို့လေးအကြောင်းနည်းနည်းသိတာပြောပြမယ်...။ ဂိုက်က အဲလောက်စုံအောင်မရှင်းပြတော့ ကိုယ့်ဘာသာကိုယ်ရှာဖတ်...။  ဟွေ့အမ်းမြို့ဆိုတာ ၁၆ရာစုလောက်ကတည်ဆောက်ထားတဲ့ ရှေးဟောင်းဂျပန်တံတား ဈေးဆိုင်တန်းလေးတွေ ရိုးရာကစားနည်းလေးတွေ ရှေးဟောင်းအိမ် ဝါဝါလေးတွေနဲ့ အဝါရောင်လွှမ်းနေတဲ့  လမ်းမထက်မှာ ရိုးရာမီးပုံးအလှလေးတွေနဲ့ မြင်ကွင်းတွေက မရိုးနိုင်အောင် ခရီးသွားတွေကို ဆွဲဆောင်ထားနိုင်တာကြောင့်လည်း Yellow City of Vietnam လို့ တင်စား ခေါ်ကြတာလို့ထင်ပါတယ်...။ ဟိုးအရင် ၁၈ရာစုလောက်က ကုန်သွယ်ခဲ့တဲ့ အချက်အချာ နေရာဖြစ်ခဲ့တယ်လို့လည်း သိရတယ်...။ ဟွေ့အမ်းမှာ မီးပုံးလေးတွေ မျှောရင်း လှေလေးတွေစီးရင် ညအလှကို ခံစားနိုင်သေးတာကြောင့် ဓါတ်ပုံတွေလည်းရိုက်မဆုံးတဲ့ နေရာလေးပေါ့....။ ကိုယ်တွေကသာ ကယက်ထသွားလို့ အဲဒါတွေသိပ်မခံစားလိုက်ရတာ...။

ဟွေ့အမ်းလိုနေရာမျိုးက အဖွဲ့လိုက်ထက် ကျောပိုးအိတ်တစ်လုံးနဲ့ ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေး လျှောက်လည်ဖို့ပဲကောင်းတဲ့နေရာလေးပါ....။





















အဲလိုကော်ဖီဆိုင်လေးတွေလေ













မီးပုံလေးတွေချိတ်ဆွဲထားတဲ့ အိမ်ဝါဝါလေး




ဘာမုန့်လဲတော့မသိ ရေးထားတာတော့ အုန်းသီး အာလူး ပဲ နဲ့ ငှက်ပျောသီးတွေပါတယ်...




Credit to MMHK



Credit to MMHK




Credit to MMHK








ရေထဲမီးပုံးမျှောချင်လဲရတယ်







ဒါနန်းမြို့လည်က ဟန်မြစ်ကိုဖြတ်ဆောက်ထားတဲ့ နဂါးတံတား (Credit to MMHK)



Credit to MMHK


ညစာစားပြီး ကျွန်မတို့တည်းတဲ့ Kay Danan Hotel နဲ့သိပ်မဝေးတဲ့ ညဈေးမှာတချို့နေခဲ့ ဈေးမဝယ်ချင်တဲ့သူတွေကတော့ ဟိုတယ်ပြန်ကြတယ်....။ ညဈေးဆိုတာကလည်း ဘာမှသိပ်မရှိ ကျွန်မတို့ဆီက ဘုရားပွဲက ပစ္စည်းတွေသာသာပဲ... ဟိုချီမင်းနဲ့အဲဒါတွေကွာတယ်...။ ဒါးလက်ညဈေးဆိုတာ ဘရင်းအတုတွေမျိုးစုံရသလို စားစရာတွေ လက်ဆောင်ပစ္စည်းတွေတကယ်အများကြီး...။ ဒါနဲ့ ဘာမှမရခဲ့ဘဲ ဟိုတယ်ကိုလမ်းလျှောက်အပြန်မှာ မီနီမတ်လေးတစ်ခုတွေ့လို့ စားစရာလေးနဲနဲပါးပါးဝယ်ဖြစ်လိုက်တယ်... ဒီနဂါးတံတားကမ်းနားဖက်မှာ ဆိုင်လေးတွေမိုက်တယ် ထိုင်ရအောင်လို့ စိတ်ကူးပြီး လမ်းကူးလိုက်တော့မှ ရေပုတ်နံတွေမခံနိုင်လို့ နောက်ဆုံး ဟိုတယ်ပဲပြန်လိုက်ကြရတယ်...။



နောက်ဆုံးနေ့ ရန်ကုန်ပြန်ရမယ့်နေ့ ဟနွိုင်းမှာလေယာဉ်စီးဖို့ ဒါနန်းလေဆိပ်မသွားခင် ဒီဘုရားကိုပို့ပေးတယ်
















ဘုရားကျောင်းဝင်းတစ်ခုလုံ ဘွန်ဆိုင်းပင်လေးတွေအစုံစိုက်ထားတယ်

















ထုံးစံအတိုင်း ဒါနန်းလေဆိပ်မှာ လေယာဉ်က ကိုယ်စီးရမယ့်အချိန် cancel ဖြစ်ပြီး နောက်တစ်ချိန်ကို ရန်ကုန်ပြန်မယ့်လေယာဉ်ပြန်မီဖို့ လုပ်ရသေးတာ ဂိုက်ကတော့ အသက်ရှူချိန်တောင်မရလိုက်ဘူး တစ်ယောက်ထဲ ယောက်ယက်ခတ်နေတာ....။ ဂိုက်ကို အနည်းဆုံး နှစ်ယောက်လောက်ထည့်ပေးသင့်တယ်....။ လူ၃၃ယောက်အတွက် ဂိုက်တစ်ယောက်ထဲက မနိုင်ပါဘူး...။ ကျွန်မတို့အရင်တစ်ခေါက် ဟိုချီမင်းသွားတုန်းက ခရီးသည် ၂၈ယောက်ကို မြန်မာဂိုက်နှစ်ယောက်အပြင် ဗီယက်နမ်ဂိုက်ကလည်းခရီးစဉ်တစ်ခုလုံးလိုက်ပေးသေးတယ်...။

ပြန်မယ့်နောက်ဆုံးနေ့ဆိုတာကလည်း လေယာဉ်နှစ်ဆင့်စီးတာနဲ့တင် အချိန်ကုန်တာပါပဲ...။ လေးညအိပ်ငါးရက်ဆိုတာ တကယ်လည်ရမယ့်နေ့က သုံးရက်ထဲရယ်....။ ဆိုတော့ အကြံပေးချင်တာက ဗီယက်နမ်ကို Tour နဲ့မဟုတ်ဘဲ ကိုယ့်ဘာသာ လေယာဉ်လက်မှတ် ဟိုတယ်စီစဉ်ပြီး ကိုယ်လည်ချင်တဲ့နေရာတွေကိုပဲ သူတိုဂိုက်နဲ့လည်တာပိုအဆင်ပြေပါတယ်လို့....။ အထူးသဖြင့် ဒါနန်းနဲ့ ဘာနာဟေးလ်လိုနေရာမျိုးက ကိုယ့်အစီစဉ်နဲ့ကိုယ်က အကောင်းဆုံးပါပဲ...။ ဒါကတော့ ဒီတစ်ခေါက်ခရီးသွားလို့ ရလိုက်တဲ့ သင်ခန်းစာတွေထဲကပေါ့...။

လောလောဆယ် ကမ္ဘာကတ်ရောဂါအဆင့်အဖြစ်‌ WHO ကကြေငြာထားတဲ့ COVID 19 ကို ကျွန်မတို့ မြန်မာနိုင်ငံသားတွေအားလုံး မပေါ့ဆကြပါနဲ့လို့ပြောချင်ပါတယ် ....။ နာဂစ်တုန်းကလည်း မုန်တိုင်းလာမယ်ဆိုတာကြေငြာရက်နဲ့ ခပ်ပေါ့ပေါ့နေခဲ့ကြလို့ သေကြေပျက်စီးဆုံးရှုံးခဲ့ရတာတွေ အများကြီးပဲ သင်ခန်းစာအနေနဲ့ရခဲ့ကြပြီးပြီ...။ အခု COVID 19 ကတစ်ကမ္ဘာလုံးမှာဖြစ်နေတာနော် မတွေ့သေးတာဆိုလို့ မြန်မာနိုင်ငံနဲ့လာအိုပဲကျန်တော့တာ...။ ဘယ်လိုတွေ ကပ်လွှတ်နေသလဲတော့ မပြောတတ်ဘူး...။ ဘုရားတရားမြဲလို့လို့ပဲမှတ်ပါတယ်...။ ဘာပဲဖြစ်ဖြစ် အစစအရာရာသတိထားကြပါ... တခုခုကိုင်ပြီးတိုင်း လက်ဆေးပါ...။ ရေမရှိတဲ့နေရာရောက်ရင်တောင် Hand Sanitizer သုံးပါ...။ လောလောဆယ် ဆိုင်တွေမှာ ပစ္စည်းပြတ်နေတယ်ကြားတယ်....။ အနည်းဆုံး အရက်ပျံပုလင်းတော့ဆောင်ထားပါ ...။ အိတ်ထဲမှာ Alcohol pad ဆောင်ပြီး သုတ်ပေးလည်းရပါတယ်....။  Safe yourself... Safe the World...

နောက်ဆုံးမှချင်တာက တခုခုကိုင်တွယ်ပြီးတိုင်း....
၁. လက်ဆေးပါ
၂. လက်ဆေးပါ
၃. လက်ဆေးပါ


Ba Na Hill ကဝယ်ခဲ့တဲ့ Vietnam Phin ကော်ဖီစစ်ခွက်လေးဝယ်ခဲ့သေးတာ ပြဖို့မေ့သွားလို့ ပြန်လာတင်



မိုးငွေ့