Sunday, 28 February 2021
နွေဦး.....(၁၁)
Monday, 15 February 2021
ဆရာကြီးမင်းသုဝဏ်ရဲ့ကဗျာ.....
"၀မ်းနည်းပါကြောင်း"#မြန်မာနိုင်ငံသားတစ်ယောက် ဖြစ်ပါလျက်နိုင်ငံ့အရေးကို စိတ်မ၀င်စား၊ ကိုယ်နဲ့မဆိုင်သလို နေပြီး ဘ၀ကို ဖြတ်သန်းနေသူတို့အတွက် ဆရာကြီး မင်းသု၀ဏ်ရဲ့ ကဗျာလေး....
"၀မ်းနည်းပါကြောင်း"
*********************
လမ်းဖောက်တော့ သူမပါ
လမ်းပြင်ရာ သူမရောက်
ဖြောင့်ဖြူးစွာ လမ်းပြေချောတော့
ကျော့ကျော့လေးလျှောက် ။
ကန္တူးရာ သူမပါ
ကန်ပြင်ရာ သူမရောက်
မြကန်သာ ရေကြည်သန့်မှ
ခန့်ခန့်လေးသောက် ။
ပန်းစိုက်ရာ သူမပါ
ပေါင်းသင်ရာ သူမရှိ
ပန်းပေါင်းစုံ သင်းကြူမွှေးတော့
ရွေးပန်ချင်၏ ။
ရပ်ရွာရေး ဆွေးနွေးရာ
ဖယ်ရှောင်ခွာ သူမရော
သူထင်ရာ မြင်အတွေးနဲ့
ဘေးထိုင် ဘုပြော ။
လူ့ဘ၀ ခဏတာ
မြင့်မြတ်စွာ လူဖြစ်ခိုက်မှာပေါ့
လူပီစွာ ကိုယ့်အမျိုးတွက်
ကြိုးလိုက်စမ်းပါ ။
သိလျက်နဲ့ သွေရှောင်ခွာ
ဝေဖန်ကာ အမြင်စောင်း
မူမမှန် တယူသန်အတွေးတွေနဲ့
ကလေးလို အရေးဆိုကြမ်းတော့
၀မ်းနည်းပါကြောင်း ။
ဆရာကြီးမင်းသု၀ဏ်
Monday, 1 February 2021
Giveaway for My Beloved Readers.....
Hello!!!! ကျွန်မရဲ့ စာဖတ်သူတွေ မင်္ဂလာပါ...... :)
ကျွန်မရဲ့ဘလော့ကို အခု "မိုးငွေ့နှင့်အတူ"ကနေ "Cameron" ပြန်ပြောင်းလိုက်ရတဲ့အကြောင်းလေးပြောချင်လို့ပါ..။ ပြီးခဲ့တဲ့ ဒီဇင်ဘာလကစပြီး ကျွန်မဘလော့ကို လာဝင်ဖတ်တဲ့ အများဆုံး စာဖတ်သူတွေရှိတဲ့ Mexico နဲ့ India နိုင်ငံကလူတွေ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားကြတာကို စဉ်းစားကြည့်တာ ကျွန်မ ဘလော့ခေါင်းစဉ်ပြောင်းလိုက်လို့ ရှာမရကြတာလို့ထင်ပြီး ခု မိုးငွေ့နဲ့အတူ ကနေ Cameron ကို ပြောင်းကြည့်တော့ တကယ်ပဲ သူတို့တွေ အများကြီးပဲ ပြန်လာဖတ်ကြတာ တွေ့ရလို့ တကယ်ဝမ်းသာမိတယ်....။ မိုးငွေ့နှင့်အတူ ဆိုတာ ကျွန်မဘလော့စလုပ်ခါစကတည်းက ဘလော့ရဲ့ခေါင်းစဉ်လေးပါ....။ ဒီဘလော့ဖြစ်တည်လာရတဲ့အကြောင်းအရင်းကိုလည်း ကျွန်မ ပို့စ်တွေနဲ့ရှင်းပြခဲ့ဖူးပြီးပါပြီ....။ Cameron ဖြစ်ရတဲ့အကြောင်းအရင်းကလည်း ကျွန်မရဲ့ ကဗျာဆရာ မလေးမှာနေစဉ်တုန်းက ကျွန်မကို မိတ်ဆက်ပေးဖူးခဲ့တဲ့ ကျွန်မခုချိန်ထိသွားရောက်လည်ပတ်ချင်တဲ့ မလေးရှားနိုင်ငံရဲ့ လက်ဖက်ပင်တွေ ပန်းမျိုးစုံတွေ စတော်ဗယ်ရီစိုက်ခင်းတွေနဲ့ပြည့်နေတဲ့ တောင်ပေါ်ဒေသတစ်ခုဖြစ်ပါတယ်...။ ကျွန်မစာဖတ်သူအများစု(ခုနောက်ပိုင်း)က ကျွန်မဘလော့ကို Cameron နဲ့ပဲ အသိများလို့ထင်ပါတယ်...။ ဒါကြောင့် ကျွန်မနဲ့ ချစ်ရသော စာဖတ်သူများနဲ့ အဆက်မပြတ်ချင်လို့ ခု ဘလော့ကို "Cameron" လို့ ပြန်ပေးထားပါတယ်....။ စာဖတ်သူရဲ့ rate ဟာ ကျွန်မ စာဆက်ရေးဖို့ အကြီးမားဆုံး အင်အားတစ်ခုမို့လို့ပါ....။ ကျွန်မစာတွေကို စိတ်ဝင်တစားနဲ့ လာဖတ်ပေးကြလို့လည်း တကယ် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်....။ ကျေးဇူးတုန့်ပြန်ချင်လို့ ကျွန်မကို တစ်ခုလောက်ကူညီပေးကြပါလို့ တောင်းဆိုချင်ပါတယ်....။ ကျွန်မကို ဒီပို့စ်မှာ ကော်မန့် လာပေးမယ့်ပထမဆုံး (၁၁)ယောက်ကို "The Guys from Rangoon နဲ့ The Guys from Mandalay" စာအုပ်နှစ်အုပ်ဆီပေးချင်ပါတယ်....။ ကမ္ဘာ့အရပ်ရပ်ကဘယ်နိုင်ငံကမဆို ပို့ပေးပါမယ်....။ ဒီပို့စ်အောက်မှာ ကော်မန့်လာပေးတဲ့ စာဖတ်သူ(၁၁)ယောက်က ကျွန်မအီးမေးလ်ကို စာအုပ်ပို့ပေးလို့ရနိုင်မယ့် နာမည်နဲ့ လိပ်စာအပြည့်အစုံကို ပို့ပေးစေချင်ပါတယ်....။ ဒါကျွန်မရဲ့ အီးမေးလ်လိပ်စာပါ coralnyo@gmail.com ။ ကျွန်မရဲ့ ကိုယ်ပိုင်စာအုပ်လေးမပေးနိုင်သေးတဲ့အတွက်ခွင့်လွှတ်ပါ....။
လောလောဆယ် နိုင်ငံရေးအခြေနေမကောင်းပေမယ့် စာပို့ထားပေးပါနော် စာအုပ်တွေကိုအရောက်ပို့ပေးပါမယ်....။
ကျေးဇူးအများကြီးတင်ပါတယ် I love You all.......
မိုးငွေ့



