Showing posts with label စိတ်ခွန်အား. Show all posts
Showing posts with label စိတ်ခွန်အား. Show all posts

Wednesday, 9 August 2023

Love yourself.....

 



မိမိကိုယ်မိမိ ချစ်ဖို့မမေ့ပါနဲ့။

လူတွေက ကိုယ့်ကိုယ်ကို အချစ်ဆုံးဆိုတဲ့ စကားကိုကြားဖူးမှာပါ။ ချစ်တယ်ဆိုတဲ့စကားထဲမှာ ဂရုစိုက်တာ၊ သနားတာ၊ ကြင်နာတာ၊ မြတ်နိုးတာ၊ တန်ဖိုးထားတာနဲ့ တခြားကောင်းတဲ့ အရည်အချင်းတွေပါဝင်မှာပါ။ 

ဒါပေမယ့် ကျွန်တော်တို့ပတ်ဝန်းကျင်ကိုကြည့်လိုက်ရင် လူအများစုက ကိုယ့်ကိုယ်ကိုအချစ်ဆုံးဆိုတာ ဟုတ်ရဲ့လားလို့တွေးစရာတွေဖြစ်လာမှာပါ။

တကယ်လို့ ကိုယ့်ကိုယ်ကို အချစ်ဆုံးဆိုတာမှန်ရင်တောင် ချစ်ပုံချစ်နည်းတွေလွဲမှားနေတာကို တွေ့ရမှာပါ။

ကိုယ့်ကိုယ်ကို ဂရုစိုက်ရမယ့်အစား၊ ပျက်ဆီးအောင် ဖျက်ဆီးနေမိကြတယ်။ ကိုယ့်ခေါင်းထဲကို၊ ကိုယ့်ခန္ဓာကိုယ်ထဲကို မကောင်းတာတွေထည့်မိနေကြတယ်။

ကိုယ့်ကိုယ်ကို တန်ဖိုးထားရမယ့်အစား၊ ပြိုလဲအောင် ဖြိုခွဲနေမိကြတယ်။ ကိုယ့်ကိုယ်ကိုပြန်ပြောတဲ့စကားတွေဟာ ခင်မင်တဲ့မိတ်ဆွေတစ်ယောက်ကိုတောင် မပြောတဲ့စကားလုံးတွေအသုံးပြုကြတယ်။

ကိုယ့်ကိုယ်ကို တိုးတက်အောင်ကြိုးစားရမယ့်အစား၊ အပေါ်ယံတွေနဲ့ အချိန်တွေကုန်နေကြတယ်။ စာဖတ်ဖို့ လေ့လာအားထုတ်ဖို့ ပုံမှန်အချိန်မပေးနိုင်ပဲ အချိန်တွေဟာ အကျိုးမဲ့စွာ ကုန်ဆုံးနေကြတယ်။

ကိုယ့်ဘ၀ရဲ့ အဓိပ္ပါယ်ကိုအကောင်အထည်ဖေါ်ထုတ်ရမယ့်အစား၊ ဘာမှန်းမသိ ပြီးဆုံးသွားကြတယ်။ ပညာရှင်များရဲ့ ခန့်မှန်းချက်အရ လူပေါင်း ၁၀၀ ဘီလီယံဟာ အသက်ရှင်ပြီး သေဆုံးသွားကြပြီးပြီ။ ၁၀၀ ဘီလီယံထဲက သမိုင်းမှာကျန်ခဲ့တဲ့သူတွေဟာ အနည်းငယ်သာရှိပါတယ်။ ကျန်တဲ့လူတွေဟာ သေပြီးနဲ့နောက်မှာ ဘယ်သူ့မှတောင် အမှတ်မရပါဘူးတဲ့။ အသက်ရှင်ခဲ့တာ ဘာအကျိုးရှိမှာလဲ။

ကိုယ့်ကိုယ်ကိုချစ်တယ်ဆိုတာ ဒီ ၄ ခုကို နေ့စဉ်ပြုလုပ်နေဖို့ပါလို့ အတွေးအခေါ်ပညာရှင်တွေက စာတွေထဲမှာ ရေးသားထားခဲ့ပါတယ်။


(၁) ကိုယ့်ကျန်းမာရေးကိုကောင်းအောင် အမြဲသတိပြုနေထိုင် စားသောက်ပါ။ အားကစားလုပ်ပါ။ ကျန်းမာရေးလိုက်စားပါ။ အစားအသောက်ဆင်ခြင်ပါ။ အိပ်ရေး၀၀အိပ်ပါ။ အနားယူပါ။

(၂) ကိုယ့်ရဲ့နှလုံးအိမ်ကို အေးချမ်းအောင်ထားပါ။ ကိုယ့်အတွက်အရေးကြီးပြီး တန်ဖိုးရှိတဲ့ လူတွေနဲ့ဆက်ဆံရေးကို အမြဲကောင်းအောင် ကြိုးစားနေပါ။ သူတို့ကို အချိန်ပေးပါ။ မိမိကိုယ်မိမိပြောတဲ့စကားတွေကို စောင့်ကြည့်ပါ။ မိမိကိုယ်မိမိ အားပေးစကားတွေ၊ တက်ကြွစေမယ့်စကားတွေကို ပြောပါ။ သူများကပြောတာထက် ကိုယ့်ကိုယ်ကိုပေးတဲ့ အားပေးစကားက ပို တန်ဖိုးရှိပါတယ်။ မိမိကိုယ်မိမိပျော်ရွှင်ကျေနပ်အောင်ထားပါ။ စိတ်အားငယ်နေတဲ့အချိန်၊ အဆင်မပြေနေတဲ့အချိန်တွေမှာ ပိုပြီးလိုအပ်ပါတယ်။

(၃) ကိုယ့်အသိဉာဏ်ပညာနဲ့ အတွေ့အကြုံကို တိုးတက်အောင် အမြဲကြိုးစားနေပါ။ စာဖတ်ပါ။ လေ့လာပါ။ စမ်းစစ်နေပါ။

(၄) ကိုယ့်ဘ၀ရဲ့အဓိပ္ပါယ်ကို တည်ဆောက်ပါ။ တချို့တွေအတွက် ဘ၀ရဲ့ အဓိပ္ပါယ်ကို မိမိကိုးကွယ်တဲ့ ဘာသာတရားက ပေးနိုင်ပါတယ်။ တချို့တွေအတွက် ကိုယ့်ဘ၀ရဲ့အဓိပ္ပါယ်ကို အများအကျိုးပြုလုပ်နိုင်စွမ်းက ပေးနိုင်ပါလိမ့်မယ်။ တချို့တွေအတွက် ကိုယ့်ရဲ့ယုံကြည်မှုနဲ့ ဝါသနာကပေးနိင်ပါလိမ့်မယ်။ အဓိကတော့ ဘ၀ရဲ့အဆုံးမှာ ကျေနပ်ဝမ်းမြောက်စွာ နှုတ်ဆက်ခဲ့မလား ဝမ်းနည်းကြေကွဲစွာ နှုတ်ဆက်ခဲ့မလားဆိုတာပါပဲ။

ဒီ ၄ ချက်ကို 7 Habits of Highly Effective People စာအုပ်ထဲမှာ Dr. Stephen Covey က Body, Heart, Mind and Spirit လို့ရှင်းပြခဲ့ပါတယ်....။ ကျွန်တော့်ကိုကျွန်တော့် သတိပေးရင်း မိတ်ဆွေတို့ကိုလည်း ကိုယ့်ကိုယ်ကို စစ်မှန်တဲ့နည်းနဲ့ ချစ်ဖို့ မမေ့ပါနဲ့လို့ သတိစကားလေးပါးလိုက်ပါတယ်။


#AMR 

#LoveYourself

Connecting You With The World's Greatest Minds



__________________
Revolution will prevail
မိုးငွေ့

Monday, 26 June 2023

သိဖို့.....










သူတပါးထဲက မျှော်လင့်တာတွေကို ရပ်ပြီး


လောကဓံကို လက်ခံတတ်လာပြီ ဆိုရင်


ဘဝက ဖြတ်သန်းရ ပိုပြီး လွယ်ကူလာမှာပါ ....


ဒီနေ့ မင်းကို နာကျင်စေသမျှ အရာအားလုံးက


မနက်ဖြန်မှာ မင်းကို သန်မာစေမည့်  အရာတွေပဲ ... ❤️


ကောင်းတဲ့နေရာမှာ ရောက်ဖို့ထက် ....

ရောက်တဲ့နေရာမှာ ကောင်းဖို့လိုတယ်....


တော်တဲ့နေရာမှာ ရောက်ဖို့ထက်....

ရောက်တဲ့နေရာမှာ တော်ဖို့လိုတယ်....


ဘဝမှာ ... နဲနဲ ပြောပြီး ... များများ နားထောင်ပါ ...


အရာရာကို လေးလေးနက်နက် ခံစားပြီး ...


လူတိုင်းအပေါ် မေတ္တာတရား ထားပါ ...


မျက်စိဖွင့် နားစွင့်ပြီး အမှန်တရားကို ရှာဖွေပါ ...


ကြုံဆုံလာသမျှကို Accept လုပ်ပြီး ကြံ့ကြံ့ခံပါ ... ❤️

                 

🍀 Myo Thiha Kyaw ~ Randy 🍀




____________________

Revolution will prevail

မိုးငွေ့


Monday, 5 June 2023

မသင်ကြားခဲ့ရသော လိုအပ်ချက်များ.....




ကျမ အက်ဆေးတွေနဲ့တခြားပို့စ်တွေမတင်နိုင်တဲ့ ကြိုကြားတွေမှာ ကိုမျိုးသီဟကျော်ရဲ့ စာတွေကို ဗဟုသုတအဖြစ်ရော စိတ်ဓါတ်ခွန်အားအနေနဲ့ပါ တင်ပေးဖြစ်နေဦးမှာပါ....။ ရည်ရွယ်ချက်ကတော့ ကျမ တယ်လီဂရမ်မှာ Follow လုပ်ထားတဲ့ Life coach ကိုမျိုးသီဟကျော်ရဲ့ စိတ်ခွန်အားပေးစာတွေ ကိုယ်တိုင်သတိမထားဖြစ်ခဲ့တဲ့ မလုပ်ဖြစ်ခဲ့တဲ့ ဘဝအတွက်လိုအပ်ချက်တွေကို ကိုယ်တိုင်အတွက်ရော ကျမရဲ့စာဖတ်သူတွေအတွက် မျှဝေပေးချင်တာပါ.....။ 


~~~~~~~~~~~~~~~


ဘဝမှာ လူရယ်လို့ စဖြစ်ကထဲက အခုအရွယ်ထိ အခြားသူနဲ့ ယှဥ်ရင် ဘယ်လောက်ထိ တော်ရမယ်၊ တတ်ရမယ်၊ သာရမယ်၊ ပိုင်ဆိုင်ရမယ်၊ လုပ်နိုင်ရမယ် ဆိုတာတွေပဲ သင်ကြားခြင်းခံလာရတော့ ...။


ဦးစားပေးတတ်ခြင်းတွေ၊ ခွင့်လွတ်တတ်ခြင်း၊ စွန့်လွှတ်နိုင်ခြင်းတွေ၊ ရောင့်ရဲတင်းတိမ်တတ်ခြင်း၊ သည်းခံနိုင်ခြင်းတွေမှာ အရမ်းကို အားနည်းသွားကြတယ် ...။


စစ်မှန်တဲ့ ပျော်ရွှင်ခြင်း ဆိုတာကလဲ ဘယ်လောက်ပိုင်ဆိုင်ရတယ် ဆိုတာထက် ဘယ်လောက် စွန့်လွှတ်နိုင်တယ် ဆိုတာက ပိုပြီး ပျော်ရွှင်စရာ ဖြစ်လာတယ်။ များများ ပိုင်ဆိုင်ရလေ Attachment ပိုများလေလေ ဘဝက ပိုလေးလံ လေလေ ပါပဲ။ စွန့်လွတ်နိုင်လေလေ ပိုပြီး ပေါ့ပါးလေလေပေါ့ ...။


ပြီးတော့ ငယ်ငယ်က သေသေချာချာ မသင်ကြားခဲ့ရတဲ့ ယခု လက်ရှိ Life မှာ မဖြစ်မနေ လေ့လာ လေ့ကျင့်ထားသင့်သော အရာတွေက ...။


1. မိမိ၏ လက်ရှိ Emotion, Feeling များကို ခံစားသိရှိနေပြီး မည်သို့ မည်ပုံ ချိန်ညှိ ဆောင်ရွက်ရမည်ကို ကောင်းစွာ သိရှိနားလည်ခြင်း


2. Personal Life, Professional Life များတွင် စည်း၊ ဘောင် ကောင်းကောင်းချ၍ နေထိုင်၊ လုပ်ကိုင်တတ်ခြင်း


3. လေ့ကျင့်ခန်းလုပ်ခြင်း၊ ကောင်းစွာ အိပ်စက်အနားယူတတ်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်မျှတစွာ စားသောက် နေထိုင်တတ်ခြင်း


4. မကောင်းသော အတွေးများ၊ မကောင်းသော အမြင်များ ဝင်ရောက်လာလျှင် ပြန်လည် ချိန်ညှိ Reframing လုပ်တတ်ခြင်း


5. တကိုယ်ရည် ငွေကြေးစီမံခန့်ခွဲမှုကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခြင်း


6. ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီး အပြုသဘောဆောင်သည့် ရေရှည် Relationship များတည်ဆောက်ထားနိုင်ခြင်း


7. မိမိကိုယ်မိမိ ယုံကြည်မှုတည်ဆောက်နိုင်ခြင်းနှင့် မြှင့်တင်နိုင်ခြင်း


8. ကျန်းမာရေး ဗဟုသုတများခြင်းနှင့် မိမိကျန်းမာရေး စနစ်ကို ကောင်းမွန်စွာ စောင့်ရှောက်၊ နေထိုင်တတ်ခြင်း


9. Self Love, Self Care အားကောင်းခြင်း


10. တိကျ မှန်ကန်သော ရည်မှန်းချက် ပန်းတိုင်များ ချမှတ်နိုင်ပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်း


11. ကျဆုံးမှုများ၊ အမှားယွင်းများ ကြုံဆုံရလျှင် မှန်ကန်သော တုန့်ပြန်မှုမျိုး၊ တောင့်ခံနိုင်မှုမျိုး၊ ပြန်လည် ထူထောင်နိုင်မှုများကို သိရှိနားလည်ထားပြီး အကောင်းဆုံး အနေအထားဖြင့် ဆောင်ရွက်နိုင်ခြင်း


တို့ပဲ ဖြစ်ပါတယ်။ Have A Nice Day! 💜💜💜


🍀 Myo Thiha Kyaw ~ Randy 🍀

🔸 Life Coach & Spiritual Guide 🔸




__________________

Revolution will prevail

မိုးငွေ့


Monday, 29 May 2023

စိတ်ထားတတ်ဖို့.....

 ပထမပုံလိုဖြစ်နေရင်တော့သင်ဟာ မပျော်ရွှင်ရတော့ဘူး..... 

ဒါကြောင့် ပစ္စုပ္ပန်တည့်တည့်ကိုပဲအာရုံစိုက်ပါ ပစ္စုပ္ပန်မှာပဲနေထိုင်ပါ


လူတွေမှာ စိတ်ကို ဖြေတတ်ဖို့က အရမ်းကို အရေးကြီးပါတယ်။ စိတ်နဲ့ ရုပ်က ဆက်စပ်နေတာမို့ စိတ်က အဆင်မပြေတဲ့ အကြောင်းအရာ တစ်ခုမှာ Stuck ဖြစ်နေရင် လူက ဘယ်ကိုမှ ဆက်ပြီး Move On လုပ်လို့ မရတော့ပါဘူး ...။


ရုပ်ပိုင်းဆိုင်ရာ အောင်မြင်မှုတွေ ရရှိနိုင်ဖို့ စိတ်ပိုင်းဆိုင်ရာမှာ Powerful ဖြစ်နေဖို့ လိုပါတယ်။ Powerful မဖြစ်တောင် အနည်းဆုံး Relationship၊ လူမှုရေး၊ စီးပွားရေး ပြဿနာ တစုံတရာကြောင့်၊ ဆုံးရှုံးမှု တစ်ခုခုကြောင့် အဲ့ဒီနေရာမှာ ဖြေမဆည်နိုင်ပဲ စိတ်သောကတွေနဲ့ ရပ်တံ့နေလို့ မရပါဘူး ...။


စိတ်က Clear ဖြစ်နေမှသာ ကိုယ်ဖြစ်ချင်တဲ့ အရာတွေ ကိုယ်လုပ်ချင်တာတွေကို စိတ်သွားတိုင်း ကိုယ်ပါ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ် ...။


စိတ်ဖြေတတ်ဖို့ အကြောင်းအရာမျိုး စာတွေ တင်နေတယ် ဆိုတာကလဲ ကိုယ်တွေ့တွေက ရရှိခဲ့ပြီး လေ့လာ ကျင့်သုံးလို့ အဆင်ပြေခဲ့တာတွေကို ပြန်လည် ဝေမျှနေခြင်းပဲ ဖြစ်ပါတယ် ....။


လူတွေ အားလုံးက Social Media မှာတော့ အဆင်ပြေကြောင်းတွေပဲ တင်နေကြတော့ သူတို့ ဘဝလေးက သာယာလိုက်တာ အားကြစရာ ကောင်းလိုက်တာလို့ ထင်ပြီး အခက်ခဲတွေ၊ ပြသနာတွေ မရှိကြဘူး၊ မကြုံဖူးကြဘူး လို့ ထင်ကောင်း ထင်နိုင်ကြပါတယ် .....။


ဒါပေမဲ့ လူတွေ အားလုံး ရှောင်လွှဲလို့ မရတာက လောကဓံ အနိမ့်၊ အမြင့်၊ အတတ်၊ အကျတွေမို့ ဘာတွေပဲ ကြုံလာ ကြုံလာ စိတ်ဖြေနည်း၊ စိတ်ထားနည်းတွေက သိကို သိထားဖို့ လိုအပ်တယ်လို့ ထင်လို့ သိသလောက် တတ်သလောက် တွေကို ဝေမျှပေးရင်း ကိုယ့်ကိုယ်ကိုလဲ Remind လုပ်၊ အခြားသူတွေထဲကလဲ သင်ယူရင်း မရေရာ မသေချာတဲ့ လောကကြီးထဲမှာ ကိုယ်စိတ်ချမ်းသာသလို ဖြတ်သန်းနေတဲ့ လူသားတစ်ဦးပါ ...



~~~~~~~~~~~~~~~~~~~~~~



ရုပ်ဝတ္တုတွေ ကြီးဆိုးလာတဲ့

ခေတ်ကြီးမှာ စွမ်းဆောင်ရည် ရယ် ...

Productivity ရယ် ဆိုတဲ့ ဘယ်လောက်ထိ

ဖြစ်ထွန်းတယ် ဆိုတာကိုပဲ

လူတွေက အာရုံစိုက်လာမိကြတယ် ...


သူက ဘယ်လောက် လုပ်နိုင်တယ်

သူက ဘယ်လောက် အောင်မြင်တယ်

သူက ဘယ်လောက် ပိုက်ဆံရှာနိုင်တယ်

သူက ဘယ်လောက် .... ဘယ်လောက်

ဆိုပြီးတော့ ...


အဲ့ဒီ အချိန်မှာ ကိုယ့်ကိုယ်ကို မမြင်တော့ပဲ

အခြားသူတွေနဲ့ နှိုင်းယှဉ်မိပြီး

စိတ်ဓါတ်တွေ ကျလာတယ်

သူများတွေမှာ ရှိပြီး ကိုယ်မှာ မရှိတဲ့ အခါ

မရတဲ့ အခါကျတော့ မပျော်တော့ဘူး ...


ဒါ့အပြင် ကိုယ့်ကိုယ်ကို အခြားသူနဲ့

မနှိုင်းယှဉ်မိရင်တောင် မိဘတွေ၊

ဆွေမျိုးတွေ၊ သူငယ်ချင်းတွေ၊

ပတ်ဝန်းကျင်က နှိုင်းယှဉ်ထောက်ပြတဲ့

ဒဏ်တွေကြောင့် ရတဲ့ စိတ်ဖိစီးမှုကို

အနည်းနဲ့ အများ တကယ် ခံရပါတယ် ...


ဒီလိုဆိုရင် ကျွန်တော် တို့တွေက

ကိုယ့်ရဲ့ လိုအင်တွေကို Outer World လို့

ခေါ်တဲ့ ပြင်ပ ကမ္ဘာမှာ လိုက်ရှာတတ်ကြတယ် ...


အလုပ်တွေ ပိုကြိုးစားတယ် ..

ပညာတွေ အများကြီး သင်ယူတယ် ..

ပိုက်ဆံတွေ အများကြီး ရှာတယ် ..

အောင်မြင်ရေး နည်းလမ်းတွေ လေ့လာတယ် ..

ရာထူး ဂုဏ်ဒြပ်တွေ ရအောင် ကြိုးစားတယ် ..


~ Myo Thiha Kyaw ~ Randy ~


ဒီလို ပြင်ပ လိုအပ်ချက်တွေ အတွက်

များများကြိုးစားလေလေ ကျွန်တော်တို့

အတွင်း ကမ္ဘာလို့ ခေါ်တဲ Inner World နဲ့

ဝေးကွာလာလေလေ အဆက်သွယ်ပျက်လာလေလေပါပဲ ...


ဒါ့ကြောင့် တချို့ အောင်မြင်သွားတယ်၊

ချမ်းသာသွားတယ်၊ လိုတာတွေ ပြည့်သွားတယ်၊

ဒါပေမဲ့ ဘာလိုအပ်နေမှန်း မသိတာတွေ၊

ဘဝကြီးက ဟာတာတာ ဖြစ်နေတာတွေကို

ကြုံကြရပါတယ် ..


တချို့ကလဲ ခြေကုန်လက်ပန်းတွေ

ကျသွားပြီး အချိန်တစ်ခုကို ရောက်လို့

အနောက်ကို ပြန်လှည့်ကြည့်လိုက်တဲ့ အခါ

ကိုယ့်ဘဝက ဘာမှ အဓိပ္ပါယ်မရှိတာ

လက်ဆုပ်လက်ကိုင်ပြစရာ မရှိတာ မျိုးတွေလဲ ဖြစ်တတ်ကြပါတယ် ...


ဒါ့ကြောင့် တကယ်က ကိုယ့်ရဲ့ အတွင်းစိတ်

အပိုင်းကို သေချာနားလည် သိရှိ ရှာဖွေပြီးမှ

Inner World က ခိုင်မာပြီးမှ Outer World

ကိုယ့်ရဲ့ ပြင်ပ ကမ္ဘာကို ပြန်လည်

တည်ဆောက်တာက အကောင်းဆုံး

ဖြစ်ပါတယ်လို့ အကြံပြု ချင်ပါတယ် ...


ဒါ့ကြောင့် အခုနောက်ပိုင်း

I Grow, I Grow Slow, But I Grow. ဆိုပြီး

ကိုယ့်ကိုယ်ကို အမြဲ Remind လုပ်ဖြစ်နေပါတယ် ...


Have A Nice Day! ♥️♥️♥️


🍀 Myo Thiha Kyaw ~ Randy 🍀


⭐️ Life Coach & Spiritual Guidance

⭐️ Reiki & Energy Healer

⭐️ Balance & Healing Chakra 

⭐️ Own Business Management Trainer

⭐️ Relationship with Money Energy

⭐️ Law of attraction & Manifestation


PS ~ 1 Year Ago ~ Post




__________________

Revolution will prevail

မိုးငွေ့