2012 က ကိုယ့်အတွက်အကောင်းဆုံးနှစ်မဟုတ်ခဲ့သလို အဆိုးနှစ်လဲမဟုတ်ပါဘူး...။ နေ့စဉ်မှတ်တမ်းရေးလေ့မရှိလို့ တိတိကျကျမမှတ်မိပေမယ့် မှတ်မှတ်ရရတော့ သုံးလပိုင်းလောက်တုန်းက ရှမ်းပြည်ဖက်ကို ခရီးထွက်ဖြစ်ခဲ့တယ်...။ မွေးနေ့တုန်းက အိုင်ပက်တစ်ခုလက်ဆောင်ရတယ်...။ ပြီးတော့ ချစ်သော ဘလော့ဂ်မာင်နှမတွေဆီက လက်ဆောင်အများဆုံးရတဲ့နှစ်ကလေးပေါ့....သူတို့တွေနဲ့လဲ အများဆုံးဆုံတွေ့ဖြစ်တဲ့နှစ်လေ.....။ ဟုတ်တယ် ဒီနှစ်ထဲမှာ ဖြိုး(ဖြိုးမောင်မောင်)၊ အိကု(ကိုညိမ်းနိုင်)၊ ကိုရဲ(ရဲထွန်းဇော်)၊ ကိုတူး(ညလင်းအိမ်)၊ တီတင့်၊ ကိုဇော်၊ သက်တန့်ချို၊ မမြသွေး၊ မချစ်ကြည်အေး၊ မဝါဝါခိုင်မင်း၊ ကိုကြီး၊ မေညို(ကြည်ကြည်ဒိုင်ယာရီ)၊ မောင်ဘကြိုင်(ချဉ်ပေါင်ခြံ)၊ ကိုကိုစိန်နဲ့ ခုဒီဇင်ဘာလမှာနောက်ဆုံး ဆုံဖြစ်တဲ့သူကတော့ ညီရဲသစ်ပါ....။ အလုပ်တွေပုံမှန်လုပ်တယ်... စာတွေပုံမှန်ရေးဖြစ်နေတယ်...။ ခါတိုင်းနှစ်ထက် ဟင်းပိုချက်ဖြစ်သလားပဲ...။ စာအုပ်တွေလဲများများပိုပြီးဝယ်ဖတ်မိတယ်...။ ဟင်းချက်မဂ္ဂဇင်းတွေကိုလစဉ်ဝယ်ဖတ်ဖြစ်တယ်...။ အက်ဆေးလေးတွေပိုရေးဖြစ်လာတယ်...။ ခံစားမှုပြင်းလာတာတော့မဟုတ်ပါဘူး....။ ဒါပေမယ့် ကိုယ်ပိုပြီးရင့်ကျက်လာသလားဆို မရင့်ကျက်ပါဘူး....။ ဒါပေမယ့် လစဉ်လတိုင်းတော့ အကျိုးပြုအလှူလေးတွေကို တတ်နိုင်သလောက်ပုံမှန်လုပ်ဖြစ်တယ်....။ စိတ်ကိုရှင်းရှင်းထားတယ်...။ အော်...ပြီးတော့ ဒီနှစ်ထူးခြားတာကိုကိုယ့်ကိုချစ်တဲ့သူတွေပိုများလာတယ်...။ မိတ်ဆွေသူငယ်ချင်းပြောပါတယ်ကွယ်...။ ကိုယ်ကချစ်တဲ့သူကတော့ ကိုယ့်ကိုချစ်တဲ့သူထဲမပါတာလေးပဲ အဆိုးတစ်ခုရှိတာပါ....။ ဘလော့ဂါတစ်ယောက်ကတော့ပြောတယ် ဒီနှစ်က ဘလော့ဂါတွေအသည်းကွဲတဲ့နှစ်တဲ့....။ ကိုယ်လား အဲဒီထဲမှာမပါပါဘူး...။ ကိုယ့်မှာကွဲစရာအသည်းတောင်မရှိပါဘူး...။ ကိုယ့်အက်ဆေးတွေ စာစုတွေလာဖတ်ရင်း စာဖတ်သူတိုင်းက ကိုယ်နဲ့ကိုယ့်ဇာတ်ကောင်ကိုရောကြတာ ကိုယ့်ရဲ့သက်ဝင်ခံစားမှုအားကောင်းလို့လို့ထင်ပါတယ်...။ အင်းး...အပျိုကြီးးးးလုပ်တော့မှာလားလို့ ဂျေညီညီသီချင်းလေးနဲ့ မေးကြတာခဏခဏခံရတယ်...။ လုပ်မယ်လို့ပြောပြီး မလုပ်ဖြစ်ရင် စကားမတည်ရာကြမယ်လေနော်...။ အူးလေးအိကုပြောသလိုပဲ....ဒီတိုင်းနေတာပဲကောင်းပါတယ်...။
ဒီနှစ် ဒီဇင်ဘာ21ကို ကမ္ဘာပျက်မယ်ဆိုတဲ့ သတင်းကြီးက တစ်ကမ္ဘာလုံးက လူတွေကို တုန်လှုပ်ခြောက်ခြားစေခဲ့တာမဟုတ်လား....။ ကမ္ဘာပျက်မယ်ဆိုတာ ရုပ်ရှင်ထဲကလိုတော့ ဝုန်းဒိုင်းကြီးမပျက်လောက်ဘူးထင်တာပဲ...။ ခုလဲ ဟိုနေရာမှာ ဟိုဟာဖြစ်ဒီဟာဖြစ်နဲ့ မသိမသာ လူဦးရေကိုလျှော့နေတာတွေ ရာသီဥတုတွေဖေါက်ပြန်ပြောင်းလဲလာတာတွေ မိုးခေါင်လာတာတွေ အပူချိန်မြင့်လာတာ လူတွေအကျင့်စရိုက်ဖေါက်ပြန်လာကြတာ ယောကျာၤးစစ်စစ်တွေရှားပြီး ဂေးတွေများလာတာ (ရန်ကုန်မှာပိုဆိုးလာတယ် မြန်မာပြည်ပြန်ပြီး ကြင်ဖော်ရှာမယ့်သူများ သတိထားဖို့ပါ) စတဲ့လက္ခဏာတွေဆိုတာကလဲ ကမ္ဘာပျက်တာပဲပေါ့....။ အိုကေ...ဒီနှစ်မှာလုပ်ချင်တာတွေကိုမလုပ်ဖြစ်ခဲ့ရတာတွေ လာမယ့်နှစ်သစ်မှာ ဖြစ်မြောက်အောင်မြင်စွာလုပ်ဖြစ်အောင်လုပ်ကြပါလို့ ပြောရင်း ဘိုင့်ဘိုင် 2012 လို့နှုတ်ဆက်ခဲ့ပါတယ်....။ လာမယ့် 2013နှစ်သစ်မှာ အသစ်အသစ်တွေနဲ့ အကောင်းဆုံးဖြစ်အောင်အတူ ကြိုးစားလုပ်ဆောင်ကြစို့လား.....။
သတိတရနဲ့ တဂ်လာတဲ့ ညီမပစ်ပစ်ကို ကျေးဇူးအထူးတင်ပါတယ်လို့ပြောချင်ပါတယ်...။
မိုးငွေ့


