Wednesday, 12 December 2012

ကြင်နာသူကမ်းမယ့်လက်.....



နေ့တိုင်းနားထောင်ဖြစ်နေတဲ့အထဲမှာ ဒီသီချင်းလဲပါတယ်....။ အရင်တုန်းက နားထောင်ဖူးပေမယ့် အခုကိုယ်နဲ့တိုက်ဆိုင်သွားလို့လားမသိဘူး ပိုအဓိပ္ပါယ်ရှိနေသလိုပဲ...။ ရှင်ဖုန်းသီချင်းကို တစ်ကိုယ်တော်စီးရီးထွက်တော့ နားမထောင်ဖြစ်ဘူး... သူ့သီချင်းတွေကို စုပေါင်းစီးရီးတွေထဲက ဟိုတစ်ပုဒ် ဒီတစ်ပုဒ် ကောင်းတာလေးတွေပဲရွေးနားထောင်ဖြစ်ခဲ့တာ...။ ခုဒီတစ်ပုဒ်ကိုကြိုက်လို့ သယ်ရင်းတို့ကိုလည်း နားထောင်ကြည့်စေချင်လို့....။

သွားခွင့်ပြုပါတယ် မင်းလေးသွားချင်လည်း တားခွင့်မှမရှိဘဲ တိတ်တိတ်ကလေးငိုမယ် အမှောင်ထဲမှာ ကြေကွဲစွာ တစ်ယောက်တည်းပါ...ကိုယ်ဘယ်လိုဖြေသိမ့်ရမလဲ...     


မိုးငွေ့


6 comments:

mstint said...

နေ့တိုင်း နားထောင်ဖြစ်တဲ့ သီချင်းတွေထဲမှာ သတ်သတ်မှတ်မှတ် တစ်ပုဒ်ပါတာကို ပြောပုံထောက် အစွဲအလန်းကြီးတယ်ထင်ပါ့း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လရိပ်အိမ် said...

ခံစားချက်တွေ ခံစားချက်တွေ ပျောက်ဆုံးပါရစေ။

Phyu Lwin said...

သီချင်းလေးကောင်းတယ် မမ.

Candy said...

သီချင်းလေး အရမ်းကောင်းတယ် Share ပေးလို့ ကျေးဇူး မမမိုးငွေ့ရေ :D

ညီလင်းသစ် said...

မမိုး အခုလို တင်ပေးမှပဲ ကျနော်လည်း သီချင်းကောင်းလေးတွေ နားထောင်ဖြစ်တော့တယ်၊ ကိုယ့်ဟာနဲ့ကိုယ်ဆို သိချင်မှသိမှာ...၊ ကျေးဇူးပါ ညီမရေ...။

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ဘာစားရင်ကောင်းမလဲလို့ စဉ်းစားမရရင် မိုးငွေ့ရဲ့ ဘလော့ဂ်လေးကို အရင် ပြေးမြင်တယ်..

ခုလည်း ဘာသီချင်း နားထောင်ရမှန်မသိဖြစ်နေရင် သူ တင်ပေးထားတာလေးတွေကို နားထောင်လိုက်တယ်..

ကောင်းလိုက်တာ..။

ကျေးဇူးပဲ ဒေါ်မိုးငွေ့လေး


ချစ်တဲ့
ၽWT