မနှစ်က ဒီဇင်ဘာတစ်ရက်နေ့တုန်းက မင်းဖဘဝေါလ်ပေါ်မှာ ကိုယ်နှုတ်ဆက်ခဲ့ဖူးတယ်........။ ကိုယ့်ရဲ့ greeting က...အဲဒီနေ့က မင်းအတွက်ပထမဆုံးပဲတဲ့ ပြီးတော့ ပထမဆုံးနှုတ်ဆက်တဲ့သူ ကိုယ်ဖြစ်နေတဲ့အတွက် အရမ်းကျေနပ်တယ်လို့ ကိုယ့်ကိုမင်းပြောပြဖူးခဲ့တယ်...။
ဒီနှစ်... ဒီနှစ်ကျတော့ရော.... မင်းဖဘဝေါလ်မှာ သွားရေးပိုင်ခွင့်မရှိတော့ဘူး... ကိုယ်တို့တွေ ဖဘဖရန်းမဟုတ်ကြတော့လို့လေ....။ ဒါကြောင့် ကိုယ်ဒီကနေပဲ နှုတ်ဆက်ပါရစေနော်.........။
Sweet December .....အိန်ဂျယ်
ဒီဇင်ဘာဟာ..အရောင်အဆင်းရှိသလား ...ကိုယ်သေချာမသိဘူး....။ ငယ်စဉ်တုန်းကတော့ မြူနှင်းဖြူဖြူတွေ တဖွဲဖွဲကျဆင်းခဲ့တဲ့ ဒီဇင်ဘာတွေကို ကျော်ဖြတ်ခဲ့ဖူးတယ်...။
ကိုယ်ထင်တယ် ဒီဇင်ဘာမှာသာအရောင်အဆင်းရှိခဲ့မယ်ဆိုရင် နေခြည်နုနု အ၀ါဖျော့ဖျော့အရောင်လေးဖြစ်မှာ....သစ်ရွက်ခြောက်မီးရှို့တဲ့အနံ့နဲ့အတူပေါ့.....။ ဒါပေမယ့် ဒီဇင်ဘာဟာ ဟိုတုန်းကလိုတော့ အေးမြမှုတွေမပေးတော့ဘူး........။ အချိန်အခါရဲ့ပြောင်းလဲမှုက မသိမသာနဲ့လူကိုထိုးနှက်တတ်တယ်ဆိုတာကို သတိထားမိလာစေတယ်...။ ကိုယ့်အတွေးနဲ့ခံစားမှုသက်သက်ပါ...။ ဘာပဲဖြစ်ဖြစ် မင်းအတွက်တော့ ချိုမြိန်လှပတဲ့ ဒီဇင်ဘာလေးဖြစ်ပါစေ....။
မိုးငွေ့
8 comments:
အချိန်အခါရဲ့ပြောင်းလဲမှုက မသိမသာနဲ့လူကိုထိုးနှက်တတ်တယ်ဆိုတာကို သတိထားမိလာစေတယ်...။ ကိုယ့်အတွေးနဲ့ခံစားမှုသက်သက်ပါ...။ ဘာပဲဖြစ်ဖြစ် မင်းအတွက်တော့ ချိုမြိန်လှပတဲ့ ဒီဇင်ဘာလေးဖြစ်ပါစေ....။
ရင်ဘက်ကြီးကို ထိသွားပီ အမမိုးငွေ့ရေ ...း))
ကြည်နူးဖွယ် ဒီဇင်ဘာလေးပါနော်း)
ဒီဇင်ဘာရဲ့ အရောင်ကတော့ ကိုယ့်ရင်ဘတ်ထဲက
အရောင်ပါပဲနော်
ပျော်ရွှင်စေတဲ့ ဒီဇင်ဘာ
ချိုမြိန်စေတဲ့ ဒီဇင်ဘာနဲ့ အတူ
မီးကိုချစ်တဲ့ jasmine
အိန်ဂျယ်သိပါစေနော်.....
ချိုသော ဒီဇင်ဘာဖြစ်ပါစေနော်...... :)
ချိုမြိန်လှပတဲ့ ဒီဇင်ဘာလေးဖြစ်ပါစေနော်
မကြီးမိုးငွေ့ရေ
မကြီးမိုးငွေ့အတွက်
Sweet December ဖြစ်ပါစေလို့
ပစ်ပစ်ဆုတောင်းပေးတယ်နော်..
မမမိုးငွေ့ ဒီဇင်ဘာလည်း ချိုမြိန်ပါစေနော် :)
ဖတ်နေရင်းနဲ့ အရမ်းလွမ်းသွားတယ်။ ဘလော့ပေါ်ကပြောလိုက်တော့လဲခပ်ကောင်းကောင်းပါပဲမမရယ်။
Post a Comment