ကျနော့်ကို အရင်က စက်ရုပ်မနဲ့တူတယ်လို့ မကြာခဏပြောဖူးခဲ့တဲ့သူ တစ်ယောက်ရှိတယ်....။ ကျနော်ဟာ ဓါတ်ပုံရိုက်လဲ မပြုံးတတ် အပြောအဆိုမှာလည်း မချောမွတ် မျက်နှာကြောကလဲ တလောကလုံးလုပ်ကျွေးတဲ့ ပုံအမြဲပေါက်တယ် ရုပ်ရှင်စကားနဲ့ပြောရင် ဗီလိန်ရုပ် .... ကြည့် ကြည့် အဲအပေါ်ကရုပ်ကို....။ ဟိုတလောက အဒေါ်က ဗိုင်ဘာမှာ မေးတစ်ခွန်းဖြေတစ်ခွန်းပဲလုပ်လို့ ကျနော့်ကို AI ကျနေတာပဲတဲ့....။ AI ကမှ ကျနော့်ထက် ပိုဖော်ရွေနေဦးမယ်...။ မွေးရာပါ ကျနော့်ပုံစံကိုတော့ ဘယ်သူမှလာပြောင်းလို့မရသလို ကျနော်လဲ ပြောင်းမှာမဟုတ်ဘူး....။
Before
After
ဆိုင်မှာ ဆံပင်မညှပ်ဖြစ်တာတော်တော်ကြာနေပြီ.....။ ဆံပင်အရှည်ကို စုထုံးပြီးချည်ထားတာ ကြာတော့ ပျင်းလာ အမြဲတစေထုံးထားတော့ ခေါင်းအရေပြားနာလာတယ်...။ ဆံပင်က နဂိုကောက်သားမို့လို့ စတက်ပုံပဲ ညှပ်ရတာအဆင်ပြေတယ်....။ အဲဒါ အခုပုံလေးဖြစ်သွားတာ အနောက်ဖက်ကို ဆံပင်စည်းလိုက်ရင် ဂေါ်ဂေါ်လေးဖြစ်အောင် ရှိတ်ထိုးလိုက်တယ်...။ အသက်ကြီးမှ လုပ်ချင်တာ မသေခင်လုပ်တာပဲ ကျန်တာ အရေးမပါတာ ဘာမှမတွေးဘူး....။ ဒါပေမယ့်လှတယ်မဟုတ်လား....?
ညှပ်သာညှပ်လိုက်တာ ပြီးတော့ ဆံပင်မချချင်ဘူး အိုက်တာရယ် ဆံပင်ကောက်ကွေးတွေက ရှုပ်ပွနေတာရယ်နဲ့ ပြန်စည်းထားလိုက်ရတာပါပဲ....။ ဘာညာ ပွဲတက်လေးရှိတုန်းလေးပဲ ရှိုးထုတ်တာကောင်းပါတယ်....။ ကျနော်တို့အသက်အရွယ် ဆံပင်ဖါးလျားချရင် ကြည့်ရတာအဆင်မပြေဘူး ကျနော်ကိုက ကြည့်မရတာ သူများတွေတော့ကြိုက်ချင်ကြိုက်နေမှာ....။

အဲလိုလေး အနောက်မှာရိတ်ထားတာ တကယ်က ဂေါ်ရတာ လွတ်လပ်ပေါ့ပါးတယ်....
ကြိုးစားပြုံးပါသော်လည်း မဲ့ပြုံးဖြစ်သွားသောအခါ
အနီရောင်က လက်ကီးမန်းနီး အရောင်တဲ့ ထိုင်းမှာ လက်သည်းဆို အနီရောင်ပဲဆိုးကြတာ
တကယ်ငွေဝင်တာတဲ့ ဘတ်ခြောက်သန်းထီထိုးထားတယ်
လက်သည်းခြေသည်းတွေ အရောင်မဆိုးဖြစ်တာ ငါးနှစ်ကျော်ပြီ အခုက ဆိုးချင်လို့တော့မဟုတ်ဘူး လက်သည်းဆက်တဲ့ အရသာကို သိချင်တာ....။ ပြောနေကျအတိုင်း မိန်းမတွေလုပ်တတ်တဲ့ အရာတွေမသေခင် မလုပ်ဖူးတာလုပ်ကြည့်တာ...။ နှစ်စတုန်းက လက်သည်းတုကပ်တာ ဘယ်ဖက်လက်လုပ်ဖူးပြီးသွားပြီ အခုက ဂျယ်နဲ့လက်သည်းဆက်တာသွားလုပ်ကြည့်တာ cat eyes ဆိုလား သံလိုက်ပါတဲ့အတံတစ်ခုနဲ့ လက်သည်းထိပ်လေးကို ပုံဖော်ပေးတယ်...။ နှစ်ဖက်လုံးလုပ်တာ ထမင်းတော့ လက်နဲ့စားမရတော့ဘူး ဇွန်းနဲ့ပဲ အခုဒီပို့စ်ရေးတော့ စာရိုက်ကြည့်တာ အစလေးပဲနဲနဲခက် အခုတော့ အဆင်ပြေပြီ...။ မနက်က အင်္ကျီကြယ်သီးတပ်တာ 15မိနစ်လောက်ကြာသွားတယ်...။ ဘောင်းဘီဇစ်တပ်တာရသွားပြီ ကြယ်သီးတပ်တတ်သွားပြီး ဆွဲကြိုးချိတ် တပ်တတ်သွားပြီ....။ လက်မှတ်ထိုးတော့ ဘောလ်ပင်ကိုင်ရတာ အဆင်မပြေသေးဘူး...။ ဖုန်းစာရိုက်တာလဲ မရသေးဘူး... ဟမ်!!!! နားကပ် မဖြုတ်ကြည့်ရသေးဘူး လုပ်ဦး....။
စာလာဖတ်သူအားလုံးကို mini heart လေးပေးတယ်နော်
No comments:
Post a Comment