Wednesday, 27 May 2026
အနားမှာ လိပ်ပြာလေးရောက်မလာတော့တဲ့အခါ....
Monday, 25 May 2026
Myself.....
ဆယ်နှစ်လောက်ရှိတော့မှာပေါ့ ကျနော် ဒီလို ဆွဲဆောင်မှုရှိပြီး Sexy ကျတဲ့ ရေမွှေးအမျိုးအစားအသစ်ကို မသုံးဖြစ်ခဲ့တာ....။ ကျနော် ဟိုးအရင် 2017 လောက်က Perfume ဆိုတဲ့ ရေမွှေးတဲ့ပတ်သက်တဲ့ အက်ဆေးလေးတစ်ပုဒ်ရေးခဲ့ဖူးတာ ကျနော့်ဘလော့ကို စဉ်ဆက်မပျက်ဖတ်လာတဲ့သူတွေဆိုသိမှာပါ...။ ပြန်ဖတ်ချင်သူတွေအတွက် လင့်ခ်လည်းပြန်ချိတ်ပေးထားပါတယ်...။
ခုနောက်ပိုင်း ရေမွှေးတွေကို 50ml 100ml တွေတောင် ဝယ်မသုံးနိုင်တော့ဘူး ဈေးတွေက မိုးပေါ်ပျံ လက်ဆောင်လည်း ဈေးကြီးတော့ ဘယ်သူမှသိပ်မပေးကြတော့ဘူးလေ...။ ကျနော်လည်း အွန်လိုင်းမှာ ရောင်းတဲ့ Decant ကို 10ml 30ml လေးတွေပဲ ဝယ်သုံးဖြစ်တော့တယ် ပုလင်းကြီးဆို လေးငါးသိန်းအောက်ထစ်ဖြစ်နေပြီ....။ အခု YSL Myself Eau De perfum ကို ဒီလိုပဲ သူတို့ review တွေဖတ်ပြီး အသေးလေးတွေဝယ်ဆွတ်ကြည့်ရင်းက အနံ့လေးကြိုက်လို့ ပြီးခဲ့တဲ့မတ်လ ချင်းမိုင်သွားတုန်းက Central Festival Shopping Mall , YSL ကောင်တာကနေ ဝယ်ခဲ့တာ...။ ဘတ်ငါးထောင်ကျော်ပေးလိုက်ရတယ်...။ အနံ့ကိုအရမ်းကြိုက်တော့ တစ်ခါထဲ ဗူးကြီးဝယ်လိုက်တာ သူ့အနံ့က တော်တော်လေး မွှေးပြီး Sexy ဖြစ်တယ်...Fresh ဖြစ်တယ်...။ အဓိကက မအီတာကိုကြိုက်တာ...။ ကျနော်က သစ်သားနဲ့ သစ်သီးနံ့ပါတာကြိုက်တယ် ပန်းနံ့ကနဲနဲလေးပါရုံပဲကြိုက်တာ အီတဲ့ဗင်နီလာပါတာမကြိုက်ဘူး...။ သစ်သီးမှာတောင် Citric ပါတာကြိုက်တာ..။ ဒီရေမွှေးရဲ့အခြေခံအနံ့က woody floral လိမ္မော်ပန်းနံ့ ကျနော်ပြောခဲ့ဖူးသလိုပဲ ယုဇနပန်းပင်ရဲ့ အရွက်ကိုချေလိုက်ရင်ထွက်လာတဲ့အနံ့လေးလည်းပါတယ်...။ ယုဇနပန်းဆိုတာလည်း လိမ္မော်သီးနဲ့ မျိုးရင်းတူတွေလေ...။ ယုဇနပန်းလေးအကြောင်း 2022 တုန်းကတင်ခဲ့တဲ့ Dear Angel 3 မှာရေးခဲ့ဖူးပါတယ်...။
YSL Myself edp မှာပြောထားတာလည်း This Woody fragrance has a blend of Fresh Accord, Orange Blossom Absolute Heart, Woods Heart အဲလို...။ သူက နွေဦးနဲ့ နွေရာသီ ရနံ့လေးပေါ့ ချွေးထွက်ရင်တောင် မွှေးနေတာ....။ ခုတော့ Myself လည်းကျနော် ကျနော်လည်း Myself တစ်သားထဲဖြစ်နေပြီ...။ ကျနော်နဲ့တွေ့ဖြစ်ရင် အချင်းချင်းနှုတ်ဆက် hug လုပ်ရင်း "ခုဘာရေမွှေးသုံးဖြစ်နေလည်း"လို့ မေးတတ်တဲ့သူအတွက် ဖြေပေးလိုက်ပါတယ်...။
Friday, 22 May 2026
ကုသိုလ်အထောက်အပံ့.....
မိုးငွေ့
Wednesday, 20 May 2026
အဘိဓမ္မာစိတ်ပိုင်း(၈).....
Monday, 11 May 2026
အထွေထွေဓမ္မမှတ်စုများ.....(၃၃)
နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ
နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ
ပူဇော်သမျှကိုခံယူတော်မူထိုက်သော အလုံးစုံသောတရားတို့ကို မဖောက်မပြန်
ကိုယ်တော်တိုင်သိတော်မူသော မြတ်စွာဘုရား ရှိခိုးကန်းတော့ပါ၏ဘုရား
ဝိမုတ္တိယုဂစသော ခေတ် ၅-မျိုးတို့ ရှိကုန်၏။
ယုဂ ၅ မျိုး (သာသနာတော်၏ ယုဂ ၅ မျိုး)
- ၁။ ဝိမုတ္တိယုဂ- ဝိမုတ္တိယုဂခေတ်, မဂ်, ဖိုလ်, နိဗ္ဗာန်ကို ရနိုင်သည့် ခေတ်ကာလ၊
- ၂။ သမာဓိယုဂ- ဈာန် သမာပတ် ရနိုင်သည့် ခေတ်ကာလ၊
- ၃။ သီလယုဂ-သီလဆောက်တည်နိုင်သည့် ခေတ်ကာလ၊
- ၄။ သုတယုဂ- ပိဋက အကြားအမြင် ရနိုင်သည့် ခေတ်ကာလ၊
- ၅။ ဒါနယုဂ- အလှူပြုနိုင်သည့် ခေတ်ကာလ။
ထို၅-မျိုး တို့တွင် ဝိမုတ္တိယုဂခေတ် ကွယ်ပျောက်သောအခါ သမာဓိယုဂခေတ်ဖြစ်၏၊ သမာဓိယုဂ ခေတ်ကွယ်ပျောက်သောအခါ သီလယုဂခေတ် ဖြစ်၏၊ သီလယုဂခေတ် ကွယ်ပျောက်သောအခါ သုတယုဂ(ပရိယတ္တိ ဗဟုသုတ) ခေတ် ဖြစ်၏၊ သုတယုဂခေတ် ကွယ်ပျောက်၍ အသွင်မျှသာ ကျန်သောအခါ ဒါနယုဂခေတ် ဖြစ်လေတော့သည်။
ဝိမုတ္တိယုဂ ခေတ်
(၁) ဝိမုတ္တိယုဂ ဟူသည် မြတ်စွာဘုရား ပရိနိဗ္ဗာန် ဝင်စံတော် မူပြီးနောက် ရဟန္တာ ပုဂ္ဂိုလ်များ ထင်ရှားရှိနေသော ကာလကို ဆိုသည်၊ မဂ်တရား၊ ဖိုလ်တရား များကို ကျင့်ကြံ ကြိုးကုတ်၍ ရနိုင်သော ခေတ်ကောင်း ခေတ်မြတ်ကြီးပင် ဖြစ်သည်။ ပညာသိက္ခာ ထွန်းကားသော ခေတ်ဟု ဆိုလိုသည်။
သမာဓိယုဂ ခေတ်
(၂) ထိုရဟန္တာခေတ် ဟုဆိုသော ဝိမုတ္တိယုဂ ခေတ်ကြီး ကုန်ဆုံးကွယ်ပ သွားသောအခါ သမာဓိယုဂ ခေတ်သို့ ရောက်၍လာ၏၊ မဂ်တရား ဖိုလ်တရားများကို အားထုတ်ကြသော ခေတ်ဖြစ်၏၊ ထိုခေတ်၌ မဂ်ဖိုလ်ကို မရနိုင်တော့ဘဲ လောကီဈာန် အဘိညာဉ် တို့ကိုသာ ရနိုင် ပေတော့သည်၊ ပညာသိက္ခာ ကွယ်ပျောက်၍ သမာဓိ သိက္ခာ ထွန်းကားသော အချိန်ဟု ဆိုလို၏ ။
သီလယုဂ ခေတ်
(၃) လောကီဈာန် အဘိညာဉ် ခေတ်ဟု ဆိုအပ်သော သမာဓိယုဂခေတ် ကုန်ဆုံး ကွယ်ပ ပြီးသည့်နောက် သီလယုဂ ခေတ်သို့ ရောက်လာရ၏၊ ထိုခေတ်တွင် ဈာန်သမာပတ် အားထုတ်မှု မရှိတော့ဘဲ သီလကိုသာ အားထုတ် ကြရတော့၏ ။ ရဟန်း သံဃာများ ပျောက်ကွယ် မသွားသေး၊ သီလတရား အားထုတ်မှု ပျောက်ကွယ် မသွားသေးသဖြင့် စတုပါရိ သုဒ္ဓိသီလ စသော သီလတရားများ ၊ (၁၀)ပါး (၈)ပါး (၅)ပါး သီလများ ထွန်းကား နေသေးသော ခေတ်ဖြစ်၏ ။ အထူးအားဖြင့် သိက္ခာ သုံးပါးတွင် သီလ သိက္ခာသာ ကျန်ရှိတော့၍ ရဟန်းတို့ အဖို့ သီလတရား မှတပါး ဈာန်တရား မဂ်တရားတို့ကို အားထုတ် ကြိုးစားခြင်း လုံးဝ မရှိတော့သော ခေတ် ဖြစ်လေသည်။
သုတယုဂ ခေတ်
(၄) ထိုသီလယုဂခေတ် ကုန်ဆုံး သွားပြီးသည့် နောက်တွင် သုတယုဂ ခေတ် ဖြစ်ပေါ်လာ၏။ ထိုခေတ်တွင် ရဟန်းတို့သည် သီလကို စင်ကြယ်အောင် ထိန်းသိမ်းခြင်းပင် မပြုတော့ဘဲ စာပေ ကျန်းဂန် သင်အံ့ ပို့ချမှုမျှသာ ရှိတော့၏။ တနည်း ဆိုရသော် သီလ စင်ကြယ်သူ ဟူ၍ပင် မရှိ၊ စာပေ ကျန်းဂန် တတ်ကျွမ်းမှု ကိုသာ အကောင်းဆုံး ထား၍ ကိုးကွယ်ရသော ခေတ် ဖြစ်လေသည်။
ဒါနယုဂ ခေတ်
(၅) နောက်ဆုံးတွင် ထိုစာပေကျန်းဂန် သင်အံပို့ချမှုပင် မရှိတော့ဘဲ ( ဝါ - သုတယုဂ ခေတ်ကြီး ကုန်ဆုံး ပျက်ပြုန်း၍ သွားသော အခါတွင်) ထိုခေတ်ပေါ် ရဟန်း သံဃာတော် တို့သည် ပစ္စည်း လာဘ်သပ္ပကာ တို့ကိုသာ ရှာမှီး၍ ဒါနပြုခြင်း တတ်နိုင်သမျှ လှူဒါန်း ပေးကမ်းခြင်း မျှကိုသာ ရဟန်း တရားအနေဖြင့် အားထုတ်ကြသော ခေတ် (ဒါန ယုဂခေတ်) သို့ ရောက်ရှိ လာရလေတော့သည်။ အကျင့် တရားဟူ၍ မည်မည်ရရ မရှိ၊ ရဟန်း အသွင်မျှသာ ကျန်ရှိနေပြီး စွန့်ကြဲ ပေးကမ်းမှု ကိုသာ အမြတ်ဆုံးတရား အနေဖြင့် အားထုတ်နေရသော ခေတ်ကြီးတည်း၊ အလှူအတန်း ပေးကမ်းစွန့်ကြဲ တတ်သော ရဟန်းကိုပင် အကောင်းဆုံး အမြတ်ဆုံး ထား၍ ကိုးကွယ်ရသော ခေတ်ဟု ဆိုလိုပေသည်။
ဖော်ပြပါ ယုဂငါးမျိုးဟု ဆိုအပ်သော သာသနာ ခေတ်ငါးမျိုးကို ထေရဂါထာ အဋ္ဌကထာ ဒုတိယအုပ် ဖုဿ ထေရဂါထာ အဋ္ဌကထာ အဖွင့်၌ အဋ္ဌကထာ ဆရာ အရှင်ဓမ္မပါလမထေရ် “ နောက်အနာဂတ် ကာလ၌ ဤ တရားဆိုးများ ဖြစ်ပေါ် လာလိမ့်မည်” ဟူသော စကားတွင် ပါသော အနာဂတ် ကာလ အဓိပ္ပါယ်ကို ဖွင့်ဆို ဖော်ပြရင်း ဖွင့်ဆိုချက် မျှသာ ဖြစ်လေသည်။ ဤနေရာမှ တပါး အခြား အဋ္ဌကထာ ဋီကာတို့၌ ဤယုဂ ငါးမျိုး ဖော်ပြထားချက် တို့ကို မတွေ့ရပေ။
ဤဖုဿ ထေရဂါထာ အဋ္ဌကထာ ၌လည်း ဖော်ပြပါ ယုဂငါးမျိုးကို အမည်မျှသာ ထုတ်ပြပြီး မည်သည့် အချိန်၌ မည်သည့်ယုဂ ဖြစ်ပေါ်၍ ယုဂတစ်မျိုး တစ်မျိုး၌ မည်မျှ ကြာနေမည် စသော စကား အရိပ်အမြွတ်မျှ မပါမရှိပေ၊ ယုဂငါးမျိုး တစ်ခုပြီး တစ်ခု ဖြစ်လာနိုင်သည် ဟူ၍သာ ဖော်ပြ ထားပေသည်။ စင်စစ်မှာ သာသနာ ကွယ်ပျောက်ရာ၌ ဤယုဂငါးမျိုး အစဉ်အတိုင်း ဖြစ်ပေါ်လာပြီး နောက်ဆုံး သာသနာ ကွယ်ပျောက် သွားနိုင်ပုံကို ဖော်ပြထားခြင်း ဟုသာ နားလည် ထားသင့်ပါသည်။
သို့သော် နောက်ဆရာတို့ကား ဤယုဂ ငါးမျိုးကို နှစ်အပိုင်းများ ဖော်ပြလျက် တစ်ခုပြီး တစ်ခု ဖြစ်ပေါ်လာပြီး နောက်ဆုံးယုဂ ငါးမျိုးလုံး စုံသွားလျှင် ပထမ ဝိမုတ္တိယုဂသို့ ပြန်လှည်၍ လာရမည့် အကြောင်းဖြင့် ရေးသားဟောပြော လာလေသည်၊ မည်သည့် ကျမ်းဂန် အထောက်အထားမျှ ခိုင်ခိုင်လုံလုံ မရှိသဖြင့် အာစရိယ ပရံပရ ပရိယတ္တိ ဝိသာရဒ ပုဂ္ဂိုလ်တို့၏ ထောက်ခံမှုကို မရရှိခဲ့ပေ။
ထိုဆရာတို့ ရေးသား ဟောပြောပုံကား “ယုဂတစ်မျိုး တစ်မျိုးတွင် အနှစ် ၅၀၀ စီရှိသည်၊ ဘုရားပရိနိဗ္ဗာန် စံပြီးစအချိန်မှ စ၍ ဝိမုတ္တိယုဂ ခေတ် စတင်ခဲ့ရာ သာသနာ အနှစ် ၅၀၀ တွင် ဝိမုတ္တိယုဂ ခေတ်ကုန်ဆုံး သွားခဲ့ပြီးလျှင် သမာဓိယုဂ ခေတ် ဖြစ်ပေါ်လာခဲ့သည်။ ထို သမာဓိယုဂ ခေတ် သည် သာသာနာ အနှစ် ၁၀၀၀ ၌ ကုန်ဆုံးခဲ့ပြီးနောက် သီလယုဂခေတ်သို့ ရောက်ခဲ့ပြန်သည်။ သာသနာနှစ် ၁၅၀၀ တွင် သီလယုဂခေတ် ကုန်ဆုံးခဲ့ပြီး သုတယုဂ ခေတ် ထွန်းပေါ် လာပြန်၏။ သုတယုဂ ခေတ်သည် သာသနာ အနှစ် ၂၀၀၀ နှစ်၌ ကုန်ဆုံး သွားပြီးနောက် ၂၅၀၀ မှစ၍ ဝိမုတ္တိယုဂ ခေတ်ကြီး ပြန်လည် ထွန်းကား လာရလေသည်” ဟူသတည်း။
မှတ်ချက်။ ။ ဝီကီဒီးပီးယားမှ ကူးယူဖော်ပြပါသည်....။
မိုးငွေ့



















