ကျနော်တို့ရဲ့ အမွှာဒေါ်နှစ်ယောက်ထဲက အငယ်တစ်ယောက် လွန်ခဲ့တဲ့ မတ်လ (၁)ရက်နေ့ ညနေပိုင်းမှာ ဦးနှောက်အကျိတ်နဲ့ အူမကြီးကင်ဆာရောဂါနဲ့ ဘဝတစ်ပါးကို ပြောင်းသွားခဲ့ပါပြီ...။ ပူလောင် ရှုပ်ထွေးလွန်းလှတဲ့ ဘဝကနေ ဝဋ်ကျွတ်သွားပြီလို့ပဲမှတ်ပါတယ်..။ အဒေါ်ကျန်ရစ်ခဲ့တဲ့ သူ့အသုံးအဆောင်တွေ ပစ္စည်းတွေ လက်ဝတ်ရတနာ ရွှေငွေတွေကို ကျနော်က အလျှင်းသင့်သလို လိုအပ်တဲ့နေရာတွေမှာ ခွဲခွဲလှူပေးဖြစ်နေပါတယ်...။ အသက်ရှင်စဉ်က ကိုယ်တိုင်လက်နဲ့အလှူဒါနနည်းခဲ့လို့ အခုကျနော်လုပ်ပေးတဲ့ ကောင်းမှုကုသိုလ်တွေကို အဒေါ် (ဒေါ်ခင်နှင်းထွေး) ရောက်ရာဘဝမှာ အထောက်အပံ့ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်..။ ပုံတွေထဲက မီးခိုးဖျော့လေးဝတ်ထားတဲ့ အဒေါ်ပါ...။ အနက်ရောင်နဲ့က သူ့ရဲ့ အမွှာအစ်မ....။
အဝါရောင်ဝတ်ထားတဲ့ အဒေါ်ပါ ( 2014 ဒီဇင်ဘာ ပုဂံသွားခဲ့တုန်းက)
ဒါက အဒေါ်ဆုံးပါးသွားတာရဲ့ တစ်လပြည့်အလှူ ဗိုလ်တစ်ထောင် ဂန္ဓီဆေးရုံမှာ လူနှစ်ရာစာ ထမင်းနဲ့သီးရွက်စုံကြော် ကြက်ပြုတ်ကြော်နဲ့ ဗူးသီးကြက်ရိုးပြုတ်ရည် ဝေပေးတာပါ...။
ပြီးတော့ ကျနော်တို့ သိက္ခာထပ်ပေးတဲ့ ဦးဇင်း ဦးသုန္ဒရဲ့ မကျည်းစမ်းရွာမှာ သီရှင်ကိုးပါးအတွက် ဝတ်စုံလှူပေးဖြစ်ပါတယ်...။ ရောက်ရာဘဝကနေ ကုသိုလ်အထောက်အပံ့ရပါစေ.... သာဓု သာဓု သာဓု ။
မိုးငွေ့














No comments:
Post a Comment