Thursday, 22 January 2026
မမ.....
Friday, 16 January 2026
My Health Update.....
Hello everyone !!!!
မိုးငွေ့
Friday, 9 January 2026
You Found Me.....

Tuesday, 6 January 2026
အလင်းစက်.....
ဘာမှမထူးခြားဘူး 2025 ကုန်လို့ နောက်နှစ်သစ်ရောက်သွားလည်း ဒါက ဒါက ဒါပဲ....။ ပျင်းစရာတောင်ကောင်းလာပြီ....။ အခြေအနေမကောင်းဘူး ကျနော်တော်တော်စာရေးပျင်းသွားပြီပဲ.....။
မိုးငွေ့
Friday, 2 January 2026
ကမ္ဘာသား.....
You Tube မှာ သီချင်းရှာရင်း လွန်ခဲ့တဲ့ ခုနှစ်နှစ်က " The Voice " Semi-final ပြိုင်ပွဲမှာ လင်းလင်းရေးပေးတဲ့ အာဇာနည်ဆိုထားတဲ့ "ကမ္ဘာသား"ဆိုတဲ့ သီချင်းလေးကို ပြန်ကြည့်ဖြစ်တော့ မျက်ရည်တောင်ဝဲမိတယ်...။ အဲတုန်းက 2019 ကျနော်တို့ မြန်မာနိုင်ငံ ဒီမိုကရေစီဆိုတဲ့ နာမည်ခံလေးကို တခဏလေးရလိုက်တဲ့ ငါးနှစ်တာအတွင်းက ခံစားစံစားခဲ့ရတဲ့ အဖြစ်အပျက်တွေ....။ အဲငါးနှစ်မှာ ကျနော်တို့ နိုင်ငံခြားမှာ အွန်လိုင်းကနေပဲ မြင်ဖူးကြားဖူးခဲ့ရတဲ့ Entertainment Co တွေ နဲ့ တခြားနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစုတွေ အများကြီးပဲဝင်လာခဲ့တယ်...။ အစိုးရုံးတွေမှာလည်း အချိန်ငါးနှစ်အတွင်း စည်းစနစ်ပိုင်းဆိုင်ရာ ပြောင်းလဲတိုးတက်မှုတွေက အရမ်းကို တိတိသာသာရှိခဲ့တယ်...။ အဲထဲမှာ နိုင်ငံတကာမှာ ကျနော်တို့ အာရှဖက်မှာ နိုင်ငံတိုင်းလိုလိုရှိနေခဲ့တဲ့ "The Voice " ဆိုတဲ့ အဆိုင်ပြိုင်ပွဲလေးလည်းပါခဲ့တယ် နောက်ထပ် Entertainment နဲ့ပတ်သက်တဲ့ တခြားတီဗီအစီအစဉ်တွေအများကြီးပါပဲ ....။
ကျနော်အခုပြောမယ့် 2018 " The Voice " Semi-final ပြိုင်ပွဲမှာ ဇာနည်ဆိုသွားတာခဲ့ အဲတုန်းက Judges တွေက ကျားပေါက် နီနီခင်ဇော် Rဇာနည် နဲ့ လင်းလင်းတို့ပဲဖြစ်တယ်....။ အာဇာနည်ဆိုထားတဲ့ "ကမ္ဘာသား"ဆိုတဲ့ သီချင်းလေးကို ကြည့်ပြီး မျက်ရည်ကျရတဲ့အထိ စိတ်မကောင်းဖြစ်သွားခဲ့တယ်...။ အဲဒိုင်လေးယောက်ထဲက နီနီကလွှဲလို့ ကျန်သုံးယောက်က 2021 စစ်ဖက်ဆစ်အာဏာရှင်တွေ အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးနဲ့ မိမိဘဝ မိမိ မိသားစုကို စတေးပြီး နိုင်ငံကို စွန့်ခွာသွားခဲ့ကြရတဲ့ တကယ့်အနုပညာအရည်အသွေးပြည့်ဝတဲ့ ပညာရှင်စစ်စစ်တွေ....။ အခုနိုင်ငံထဲမှာကျန်ရစ်ခဲ့သူတွေကတော့ အများစုကအနုပညာနာမည်ခံတွေ သာယာစီးတွေ အတုအယောင်တွေ လုပ်စားတွေ ကပ်ဖားယက်ဖားနဲ့ ငွေရလမ်းမြင်တဲ့ တကိုယ်ကောင်းသမားတွေချည်းပဲ....။ နိုင်ငံတစ်နိုင်ငံမှာ culture ဆိုတဲ့တာ အရေးကြီးတဲ့နေရာမှာပါတယ်...။ ကမ္ဘာမှာ culture မရှိတဲ့ နိုင်ငံတွေလည်းရှိတာပဲ...။ ခုတော့ ကျနော်တို့နိုင်ငံက ယဉ်ကျေးမှုတွေ အနုပညာတွေဆိုတာ ကန်းနေပြီ.....။
R ဇာနည် ရဲ့အသံပါဝါကောင်းကောင်းနဲ့ လင်းလင်းရဲ့ စကားလုံးအင်အားတွေနဲ့ တစ်ပုဒ်လုံးကောင်းတယ် အပြစ်ပြောစရာကိုမရှိတာရော...။ Chorus : က စာသားတွေအရမ်းမိုက်တယ်......။
"ယုံကြည်တဲ့အတိုင်းပြောမယ်
ယုံကြည်တဲ့အတိုင်းတွေးမယ်
ယုံကြည်တဲ့အတိုင်း ရှေ့သို့ရှေ့သို့လျှောက်မယ် အမှားအမှန်များက ခင်ဗျားတို့သဘော...."




