ဒီပို့စ်ကတော့ ကျနော် အရုပ်လက်ဆောင်ရထားတဲ့ အရုပ်လေးရဲ့အကြောင်း လာပြောပြချင်တာပါ...။ အရုပ်မကြိုက်တတ်တဲ့လူက တော်တော်တော့ရှားမယ်ထင်တယ် အသက်အရွယ်ကြီးကြီးငယ်ငယ်အရုပ်ကြိုက်တတ်ကြတာကျနော်တွေ့ဖူးတယ်...။ မွှေးပွအရုပ်စုတ်ဖွားတွေကိုလုံးဝမကြိုက် ကိုယ့်ကလေးတွေကိုတောင်ဝယ်ပေးမဆော့တဲ့သူလည်းတွေ့ဖူးတယ်...။ ကျနော့်ဦးလေးတစ်ယောက်ဆို အခုအသက်ခုနှစ်ဆယ်ကျော်အရွယ်အထိ အရုပ်တွေ သူကြိုက်တာတွေ့ရင်ဝယ်စုတုန်း သူ့အခန်းထဲမှာ မှန်ဗီဒိုတစ်ခုထဲ အရုပ်သေးသေးမွှားမွှားလေးတွေအများကြီးပဲထည့်ထားတာ ပြီးတော့ နိုင်ငံတစ်နိုင်ငံရောက်တိုင်း ရေခဲသေတ္တာမှာ ကပ်တဲ့ အမှတ်တရအရုပ်တွေလည်းများကြီးပဲ သူ့ရေခဲသေတ္တာဘေးဖက်ခြမ်းတစ်ခုလုံးအောက်ခြေနားထိပြည့်တော့မယ်...။ အဲဒါကိုကြည့်ခြင်းအားဖြင့်လည်း ကိုယ်ဘယ်နှစ်နိုင်ငံကိုရောက်ခဲ့ပြီးပြီဆိုတဲ့ အမှတ်အသားတစ်ခုပဲ....။ ကောင်းလိုက်တာ ကျနော်ဆို ဦးလေးအိမ်ရောက်တိုင်း အကြာကြီးအဲအရုပ်တွေကိုသွားကြည့်တာ...။
အရှေ့ပို့စ်မှာတုန်းက ကျနော် Skull Panda အရုပ်လိုချင်လို့ အွန်လိုင်းကနေ 190000/- နဲ့ ငွေလွှဲပြီးဝယ်ထားတယ်လို့ ပြောခဲ့ဖူးတယ်လေ... အဲဒါ အလိမ်ခံလိုက်ရတယ်...။ ကျနော် ငွေကြိုပေးလိုက်တာ အဲဒီပေ့ချ်က လုံးဝပိတ်သွားတယ် ...။ အဲလိုပါဆို အွန်လိုင်းမှာ ပစ္စည်းဝယ်ခဲ့ပေါင်းမနည်းတော့ဘူး အခုမှကြုံလိုက်ရတာ ကျားဖြန့်တွေ တော်တော်ဆိုးနေပြီး အခုဆို ဘာဝယ်ဝယ် COD မရရင်မဝယ်တော့ဘူး မှတ်သွားပြီ....။ လိုင်းပေါ်မှာ ဈေးရောင်းကောင်းတဲ့ပေ့ချ်ဆို လူလိမ်တွေက ပေ့ချစ်တုတွေအများကြီးပွားပြီး လုပ်စားနေကြတာလဲပွစိကျဲလို့တဲ့...။
အခုကျနော်လိုချင်တဲ့ Skull Panda အရုပ်ကို ကျနော့်အိန်ဂျယ်က သိသွားလို့ထင်တယ် လက်ဆောင်ပေးတဲ့လူပေါ်လာခဲ့တာ အဲဒါနဲ့ဗူလေးဖောက်လိုက်တော့ Sneaky Chestnut လေးပေါက်တယ်...။ တကယ်က ကျနော်လိုချင်တာ မျက်နှာမဲအရုပ်လေး or မီးခိုးပြာအရောင်လေး or ပန်းခရမ်းလေး or အနီရောင် မဟုတ်ရင် secret အရုပ်လေးပေါ့....။ ဒါပေမယ့် ကျနော်ရလိုက်တာက Sneaky Chestnut လေး ...။ သူ့အကြောင်းလေးကိုသိချင်လို့ ဒီနေ့ AI ကိုသွားမေးလိုက်တာ ငါ့ဘလော့မှာစာရေးမှာမို့ စုံစုံလေးရေးပေးဆိုတော့ AI က သေချာ စိတ်ရည်ရှည်လေး ပြောပြတယ် ...။ ခုနောက်ပိုင်းကျနော်လဲ တစ်ခုခုဆို AI နဲ့စကားသွားသွားပြောဖြစ်နေတတ်ပြီ...။
Skull Panda You Found Me series မှာ Sneaky Chestnut ရဲ့ ကာရိုက်တာလေးက လူတိုင်းရဲ့အတွင်းစိတ်ထဲမှာ ဖုံးကွယ်ထားတတ်တဲ့ Sneaky side နဲ့ မပြောချင်တဲ့စိတ်ကူးတွေ ထုတ်မပြချင်တဲ့ ခံစားချက်"တွေကို ကိုယ်စားပြုထားတာပါတဲ့...။ သူက အေးအေးလေးလို့ ထင်ရပေမယ် ဂျစ်တူးတူးလေးနဲ့ "အကြောင်းအရာတစ်ခုကိုသိပေမယ့် မပြောဘူး" ဆိုတဲ့ vibe ကိုထင်ဟပ်စေတယ်...။ သူက ချစ်စရာကောင်းပြီး နည်းနည်းမလိမ္မာဘူး တခါတလေ မိုက်တယ်တဲ့ AI ကအဲလိုကြီးပြောပေးတာ ကျနော့်ကာရိုက်တာအတိုင်းပဲလို့ LOL !!!!
Sneaky Chestnut ကိုလက်ဆောင်ရထားတာက ကိုယ့်အတွင်းစိတ်ကို နားထောင်ဖို့အမေ့ပါနဲ့လို့ ပြောသလို အမြဲတမ်း perfect ဖြစ်နေစရာမလိုဘဲ ကိုယ့်ရဲ့ Sneaky side လေးကိုပါ လက်ခံနိုင်ဖို့ သတိပေးနေတဲ့ ကာရိုက်တာလို့လည်း မြင်နိုင်ပါတယ်...။ လူတိုင်းမှာ မပြောဖြစ်တဲ့ စိတ်ကူလေးတွေရှိတတ်တယ်...။Sneaky Chestnut က အဲဒီစိတ်လေးတွေကို မဖုံးကွယ်လည်းရပါတယ်လို့ တိတ်တိတ်ကလေးပြောနေသလိုပါပဲ..။
ကျနော်လဲ AI ရေးပေးတဲ့အချက်အလက်တချို့နဲ့ ဒီပို့စ်လေးရေးဖြစ်သွားတာပါပဲ... သူကပြောသေးတယ် စာရေးချင်တဲ့နေ့ mood များတဲ့အချိန် idea မထွက်တဲ့အချိန် ဘယ်အချိန်မဆို လာခေါ်လို့ရပါတယ်နော်တဲ့ ဘလော့ရေးတဲ့ခရီးမှာ အမြဲအတူရှိပေးပါမယ်ဆိုပဲ.... ကျေးဇူးအများကြီးတင်ပါတယ်...။ ကျနော်သိချင်တဲ့ အချက်အလက်တွေကိုပဲအဓိကလိုချင်တာပါ ကျန်တဲ့စာရေးတဲ့ mood နဲ့ idea အပိုင်းကတော့ ကျနော့်ကိုယ်ပိုင်အတွေးတိုင်းပဲရေးချင်ပါတယ် ....။ အရာရာ အေအိုင်ကိုချည်း အားမကိုးချင်ပါဘူးလေ...နော့...။ ကြာရင် ကျနော်တို့ လူစင်စစ်တွေ ငပျင်းကျကုန်ရော့မယ်...။
ခုနောက်ပိုင်း ကျနော်တကယ်လုပ်ချင်တဲ့ ကိုယ်စိတ်ပါတဲ့အလုပ်ဆို tiktok မှာတင်ဖြစ်ပါတယ်...။ ကျနော့် တစ်တော့က ကျနော်တကယ်ဖြစ်ချင် ပြောချင် လုပ်ချင်တဲ့ အမှန်တရားတွေကို သရုပ်ဖော်ပြတဲ့နေရာတစ်ခုပါ...။ ဘလော့ကတော့ ကျနော့်ရဲ့ စိတ်ကူးနဲ့အိပ်မက်တွေကို အသေးစိပ် ပုံဖော်ရေးသားတဲ့ ကျနော်ချစ်တဲ့သူတွေနဲ့ဘဝရဲ့အမှတ်ရစရာ သိမ်းထားရာနေရာ...။ ကျနော့် IG ကတော့ ပုံရိပ်တွေကိုအမှတ်တရသိမ်းထားတဲ့နေရာ....။ ကျနော် ဆိုရှယ်မှာ အဲသုံးခုပဲသုံးပါတယ်...ဟုတ် ။
ချစ်စရာလေးပါ ကျနော့်အကြိုက်ဆုံးအရုပ်မဟုတ်ပေမယ့်
ဒါဟာ ကျနော့်ရဲ့ guardian angel ကပေးတဲ့လက်ဆောင်မို့

blind box ကိုကံစမ်းမဲဖောက်ရတာဟာ ကိုယ့်ကံတရားကပေးတဲ့ ကိုယ်နဲ့ထိုက်တန်တဲ့ လက်ဆောင်တစ်ခုပါပဲ
မိုးငွေ့


No comments:
Post a Comment