Monday, 19 September 2011

ရောက်ရာပေါက်ရာလေးတွေ

ခုတလော ကျန်းမာရေးကသိပ်မကောင်းတော့ အသစ်လည်းမတင်ဖြစ်သလို သူများတကာတွေဆီကိုလည်း အလည်မသွားနိုင်ဘူး...။ အလည်ရောက်ခဲ့တာတောင်မှာ ကော်မန့်မပေးခဲ့နိုင်ပြန်ဘူး....။ အသစ်တင်ချင်တယ် ကိုယ်က ဒီနေရာလေးနဲ့ အသက်ရှင်နေရတာ....။ draft ထဲမှာတော့ တိုးလို့တန်းလန်းပို့စ်တွေအများကြီး... ဘယ်ဟာမှလက်စမသတ်နိုင်တော့ တင်မရဘူးဖြစ်နေတယ်...။ စာမရေးဘဲ အချောင်ခိုပြီး ပုံချည်းတင်မယ်လုပ်တော့လည်း လိုင်းမကောင်းလို့ ဒေါင်းလုတ်မဆွဲနိုင်ပြန်ဘူးဗျာ...။ တကယ်ပါပဲ....။ လူကလည်း ကယောင်ချောက်ချား.... သူများတွေအိမ်လည်ပြီး နာမည်မှားရေးလိုရေးခဲ့နဲ့....။ တလောကပဲ ကိုရဲစီဘောက်မှာသွားပြီး မောင်ဖြိုးဆိုပြီးရေးခဲ့တယ်...။ အမရေ မောင်ဖြိုးဘလော့က ဒါဒါဒါပါလို့ ကိုရဲကပြန်ရေးရတယ်...။ ဖြိုးမောင်မောင်နဲ့ကိုယ်က ဖဘမှာ ဘော်ဒါတွေ ... ဘလော့မှာသာကိုယ့်ကို သူက ဘယ်သူဘယ်ဝါမှန်းသိပ်မသိလို့ထင်တယ် စီဘောက်မှာသိပ်ပြီး လာမနောက်ဘူး...။ ကိုရဲကျတော့ ဘလော့မှာသိတယ်... ဖဘမှာ မသိဘူး...။ သူတို့ ကြောင်ဂိုဏ်းအဖွဲ့ကို နတ်သမီးဆီမှာ စသိတာ...။ ယောကျာင်္းတွေဖြစ်ပြီး ကြောင်ချစ်တတ်တယ်ဆိုလို့ နဲနဲလေးအံ့အားသင့်သွားပါတယ်....။ ကိုယ်ကတော့ မိန်းမဖြစ်ပြီး ဘာအကောင်မှမချစ်တတ်တာလေ...။ ဒါနဲ့ ဖဘမှာ ကြောင်မောင်မျိုးကစပြီး ကိုနိုင် ကိုလတ် မောင်ဖြိုး သူတို့ကိုသိတယ်...။ တကယ်တမ်း သူတို့ ကြောင်အဖွဲ့က ခြောက်ယောက်လား ခုနှစ်ယောက်လား ရှိတယ်ပြောတယ်...။ ကိုနိုင်နဲ့ကြုံတော့ မင်းတို့ ကြောင်အဖွဲ့အကြောင်းပို့စ်လေးရေးစမ်းပါလို့ တောင်းဆိုထားသေးတယ်...။ လောလောဆယ်ထိတော့ ကိုမောင်လေးခေါ်ကိုနိုင်ထွဋ်တစ်ယောက် မျောလွင့်တိမ်နဲ့အတူ ဘယ်ကိုရောက်နေတယ်မသိ....။ တစ်ခုပြောရဦးမယ်.... မိုးငွေ့ဘလော့မှာ ဒီနှစ်ပိုင်းမှသာ မောင်နှမတွေစုံစုံလင်လင်ကို ဘလော့ရိုးလ်မှာ လင့်တွေအကုန်ချိပ်ထားတာ ကိုယ်သိသမျှသူတွေအကုန်နီးပါးပါပဲ....။ ဘလော့ဂါအသစ်တွေကလည်း များလာတယ်သလို နာမည်ဆင်တူတွေကလည်း သိပ်များနေတယ်....။ ကိုညီလင်းသစ် နာမည်နဲ့ခပ်ဆင်ဆင် ညီရဲသစ်တဲ့ အလင်းသစ်၏နေ့စွဲများတဲ့ ဟော....ကိုလတ်ကျပြန်တော့ အမှောင်ထဲကအလင်းစက်များ ကိုရဲဘလော့ကျတော့ အမှတ်တရနေ့စွဲများတဲ့ မ၀ါကျတော့ အမှတ်တရလေးများတဲ့...။ အဲသလို ဆင်တူလေးတွေဖြစ်နေလို့ သူတို့ဘလော့ဘေးမှာ လင့်ချိပ်ရင် နာမည်လေးတွေကိုပါကောက်ထည့်ရတယ် မဟုတ်ရင် အသစ်တက်လာတာနဲ့ ဒါကဘယ်သူဘယ်ဝါဆိုတာ မနည်းဖမ်းနေရတယ်...။ လူက ခေါင်းသိပ်မကောင်းချင်တော့ဘူး...။ ဘာပဲဖြစ်ဖြစ်ပါ ကိုယ်နေမကောင်းတုန်းလူနာလာမေးကြသူတွေရော သတိတရရှိနေတဲ့သူတွေရော မရှိတဲ့သူတွေရော အားလုံးကို ကျေးဇူးအများကြီး အများကြီးတင်ပါတယ်လို့..........။ အော်...ပြောဖို့ကျန်သွားတယ်.... နေမကောင်းလို့လားမသိဘူး အိန်ဂျယ့်ကိုပိုလွမ်းနေမိတယ်... သူကတော့ သူ့အလုပ်နဲ့သူအမြဲရှုပ်နေလို့ ကိုယ့်ကိုတောင်သတိရမယ်မထင်ဘူး....။ မိုးငွေ့

14 comments:

SHWE ZIN U said...

ညီမ ရေ

နောက်နေ့ တွေမှ ဧရာဝတီဟင်း လေးတွေ ချက်ကျွေးမယ် နေကောင်းနေတယ်နော်

ခင်တဲ့
ရွှေစင်ဦး

စံပယ်ချို said...

ဘာပဲဖြစ်ဖြစ်ကျန်မာရေးကိုတော့ဂရုစိုက်ပါနော်
နေကောင်းမှစာတွေရေးနိုင်မှာလေ....
ဘာတွေစားချင်လဲ....ပို့ပေးမှာပါ
စာတွေရေးနော်....စောင့်နေတယ်.
ချစ်ခင်တဲ့ jasmine

Anonymous said...

ုအခုတော့ရှင်းသွားပြီလား

မအိမ်သူ said...

ကျန်းမာပါစေ မိုးငွေ့ရေ။ အိန်ဂျယ်ကဗျာလေးတွေ အိန်ဂျယ်အက်ဆေးလေးတွေ ဖတ်ဖို့မျှော်နေမယ်။း)

blackroze said...

ွှအိန်ဂျယ်က အလုပ်ရှုပ်နေလို့မကြီးကိုသတိမရဘူး
ဆိုရင်တောင်
ပစ်ပစ်တို့က သတိရနေမှာပါနော်...

ချစ်တဲ့ pigpig

အင်ကြင်းသန့် said...

အိန်ဂျယ်ကိုသတိရတာလည်းရပေါ့ မမိုးရေ....
ကျန်းမာရေးလည်းဂရုစိုက်ပါနော်။


ဂျင်း

ငွေလမင်း said...

ကျန်းမာရေး ဂရုစိုက်ပါ

ကျန်းမာမှ စာရေးနိင်မည် မဟုတ်ပါလားး

မဒမ်ကိုး said...

မိုးရေ မြန်မြန်နေကောင်းပါစေ
မဒိုးကန်တော့ခုမှနလန်ထတာ
သိပ်တောင်မကောင်းသေးဘူး

စာအသစ်တွေမြန်မြန်တင်နိုင်ပါစေ .
မဒိုးကန်ကတော့ကိုရင့်ကိုခနအားကိုးလိုက်ဦးမယ်
(နေမကောင်းတုန်းခနချောင်ခိုနေတား)

ချစ်တဲ့
မဒိုးကန်

ညီရဲသစ် said...

အစ်မရေ..
အမြန်နေကောင်း ကျန်းမာပြီး စာတွေ များများ ရေးနိုင်ဖို့ ဆုတောင်းပေးသွားပါတယ်။ ဟုတ်တယ် အစ်မရေ ကျွန်တော့် နာမည်က ကိုညီလင်းသစ်နာမည်နဲ့ ဆင်နေတယ်။ ကျွန်တော်က google မှာ ရှာတော့ ဒီနာမည် မရှိတာနဲ့ ဒီနာမည်ကိုပဲ သုံးလိုက်တာ...

ညိမ်းနိုင် said...

အဟင့်....မေ့ချင်ယောင်ဆောင်နေတာရယ်....ခုတော့....:))
ဖဘနဲ့ဘလမှာ နာမည်မတူရင် အူကြောင်ကြောင်တွေ
အတော်ဖြစ်သဗျ...၊နို့ မိုးငွေ့ရောဘာထူးတုန်း...၊ရှာလိုက်
ရတာ...ဖဘမှာ....:))))

အမ်တီအန် said...

နေကောင်းကျန်းမာအောင် ဂရုစိုက်ပါညီမရေ...။
အမြန်ဆုံးနေကောင်းပြီး စာတွေ ရေးနိုင်ပါစေနော်..။

ချော(အစိမ်းရောင်လွင်ပြင်) said...

မမိုး
နေကောင်းပြီလား
စိတ်ကိုလည်းပျော်ပျော်ရွှင်ရွှင်ထားနော်
စိတ်ချမ်းသာမှ လူလည်း ကျန်းမာမယ်လေ။
ပျော်စရာလေးတွေတွေးပြီး နေကောင်းကျန်းမာစိတ်ချမ်းသာပါစေ မမိုးရေ။

Maung Myo said...

ကြောင်ဂိုဏ်းမှာ ကျနော်တစ်ယောက်ပဲ ကြောင်ပျို ကျန်တာတွေ ကြောင်အို အစ်မရ သွားမပြောနဲ့နော်း))

Mon Petit Avatar said...

Take care of yourself, sis, and wish you are in good health soon!