
တိမ်ခိုးတွေ
ကျွန်တော့်အိပ်ယ
ဝေနေဆဲ .... ။
သူမရဲ့ပါးပြင်မှ
စံပယ်တွေ ဖွေးဖွေးလှုပ်
မွှေးပျံ့နေမလား ..... ။
သူမရဲ့ ခြေဖမိုးဖွေးဖွေ
သွေးကြောစိမ်းစိ
ကျွန်တော်ကူးခတ်
နေခြည်နုနုကိုဆိ
သူမရဲ့ နှုတ်ခမ်းမှာ
ကျွန်တော် ဘယ်တော့များမှ လဲပြိုခွင့်ရမလဲ .... ။
နတ်သမီးဆိုတာ
အိပ်မက်ကို ခြုံပြီး
အမြဲတမ်းလှနေသူ....။ ။
ညီမိုးဆက်
9 comments:
ကဗျာလေးကိုကြိုက်တယ်....
သူမရဲ့ ပါးပြင်မှာ
စံပယ်တွေ ဖွေးဖွေးလှုပ်
jas နာမည်ပါသွားပြီ....
ခင်တဲ့ jasmine
ခြေဖမိုးပေါ်က သွေးကြောလေးတွေ...ကောင်းလိုက်တဲ့ ပို့စ်မော်ဒန်...စိတ်ကူးယဉ်ရမှာတောင် ကြောက်သွားတယ်...
ကဗျာကောင်းလေး တစ်ပုဒ်ဖတ်လိုက်ရတဲ့အတွက် ၀မ်းသာပါသည်း)
ကြိုက်နှစ်သက်တဲ့ ကဗျာလေးတစ်ပုဒ်တော့တိုးသွားပြီ။ ကဗျာရေးတာ ပါရမီပါတယ်။
ခင်တဲ့
မေသိမ့်
စကားလုံးလေးတွေလှတယ်
စပါယ်တွေ ဖွေးဖွေးလှုပ်နေတာ
ခြေဖမိုးက သွေးကြောတွေ စိမ်းနေတာ
မျက်စိထဲ မြင်ယောင်သွားတယ်
နတ်သမီး ဆိုလို့ ရင်တွေခုန်သွားတယ် မမိုးရယ်..
း)
“သူမရဲ့နှုတ်ခမ်းမှာ ကျွန်တော် ဘယ်တော့များမှ လဲပြိုခွင့်ရမလဲ..နတ်သမီးဆိုတာ အိပ်မက်ကိုခြုံပြီး အမြဲတမ်း လှနေသူ”....
စာသားလေးတွေ ခံစားသွားပါတယ်..။
နမ်းမဝ(အဖြူရောင်နတ်သမီး)
ကောင်းပါတယ်ဗျာ ....
ကဗျာကောင်းလေးတစ်ပုဒ်ကို ဝေမျှပေးလိုက်နိုင်တာပဲ အစ်မ...
စာသားလေးတွေ သုံးထားတာ နူးညံပြီး စွဲဆောင်မှုရှိတယ်...
သုံးပုဒ်ဆိုတော့ နောက်ထပ်တွေ လာဦးမယ် ထင်တယ်...
မျှော်နေမယ် အစ်မ...
နောက်သုံးပုဒ်ကခွင့်ပြုမိန့်မကျလို့ မသေချာကြောင်းပါညီရဲသစ်...။ ကဗျာဆရာကပေးတုန်းကပေးပြီး အမကိုယ်တိုင်လည်း ဘလော့မှာတင်မယ်နော်လို့သေချာပြောပါတယ်.. .ပြီးတော့မှ ကဗျာတွေက မူပိုင်ရှိလို့တဲ့...။
Post a Comment