Friday, 9 September 2011

“ဘလော့ဂါဆိုတာဘာလဲ”



နတ်ဆိုးလေးတဂ်တဲ့ပို့စ်လေးပါ.....။ ကျေးဇူး...နတ်.... ကုန်ကြမ်းပြတ်တုန်းလာတဂ်လို့.....။ အတဂ်ခံရတဲ့ ဘလော့ဂါအတော်များများ ရေးပြီးတင်နေကြပါပြီ....။ ဘလော့ဂါဆိုတာဘာလဲ ဆိုတဲ့ အဓိပ္ပါယ်ကို အကျယ်တ၀င့်ဖွင့်မပြတော့ပါဘူးလေ....။ ရှေ့က အတဂ်ခံရတဲ့ ပုဂ္ဂိုလ်များရှင်းလင်းပြီးသားဆိုတော့....။

ကျမရဲ့ ဘလော့ဂါကို ဖွင့်ဆိုပုံတွေက နည်းနည်း စိတ်ကူးယဉ်ဆန်နေမလားလို့.....။ ရေးမယ့်သာရေးရတာ ဒီခေါင်းစဉ်က နည်းနည်းတော့စားတယ်ဗျ....။

ဘလော့ဂါ...ဆိုတာဘာလဲတဲ့...အလွယ်ကလေး လူတစ်ယောက်ပဲပေါ့....။ အဲဒီလူရဲ့ စိတ်ထဲက ခံစားသမျှတွေကို ဖွင့်ချထားရာ....မှတ်တမ်း မှတ်စု.... လူတစ်ယောက်ရဲ့ ဒိုင်ယာရီ... လူတစ်ယောက်ရဲ့ ဘ၀တစ်စိတ်တဒေသ တစ်ခါတစ်ခါ လူတစ်ယောက်ရဲ့ ၀ိဥာဉ်လည်းဖြစ်ချင်ဖြစ်နေမှာ....။ အဲဒီဘလော့ဂါဆိုတဲ့လူတွေက သူတို့ထက်သန်ရာ အကြောင်းအရာ... သူတို့ဝါသနာတချို့ သူတို့ရင်ဖွင့်စရာ... သူတို့နားခိုရာအဖြစ် ဘလော့ကိုမှီခိုအားထားကြတယ်....။ အဲဒီဘလော့ကိုမှီခိုအားထားပြီး ပြောချင်ရာပြော တင်ချင်ရာတင်တဲ့သူကို ဘလော့ဂါလို့ခေါ်တယ်....။

လူအမျိုးမျိုး စိတ်အဖုံဖုံရှိကြတဲ့အထဲမှာ ဘလော့ဂါတွေရဲ့ ရင်ဖွင့်သံအသီးသီးက ပြခန်းကြီးတစ်ခုထဲက ပန်းချီကားချပ်တွေလိုပါပဲ.....။ တချို့က ပန်းပွင့်ပုံတွေချည်းဆွဲကြတယ်....။ တချို့က ဟင်းသီးဟင်းရွက်ပုံတွေ ဆွဲတယ်...။ တိရစ္ဆာန်ပုံတွေ.... စိတ္တဇဆန်ဆန်ကားတွေ....ဘာသာတရားနဲ့ပတ်သက်တာတွေ ဒဏ္ဍာရီထဲကပုံပြင်တွေ အတောင်ပံနဲ့ နတ်သမီးလေးတွေ....ရာဇ၀င်ထဲကပုံရိပ်တွေ မျဉ်းဖြောင့်တွေ မျဉ်းကွေးတွေ စက်ဝိုင်းရောင်စုံတွေ.....တကယ့်ကို ခမ်းခမ်းနားနားတွေ့ရပါလိမ့်မယ်....။ ဒါတွေအားလုံးဟာ ဘလော့ဂါတွေကိုယ်တိုင်ဖန်ဆင်းထားကြတာပါ....။ တနည်းအားဖြင့် အွန်လိုင်း စာပေအ၀ိုင်းအစုလေးပါပဲ.....။

အွန်လိုင်းက ဘလော့ဂါတွေနဲ့ အပြင်လောက စာရေးသူတွေ ဘာကွာသလဲဆိုတော့ ဘလော့ဂါတွေကတော့ အချင်းချင်းတစ်ယောက်အိမ် တစ်ယောက်အ၀င်အထွက် များတော့ ပိုပြီး ချစ်ခင်ကြတယ်...ရင်းနှီးကြတယ် နွေးထွေးကြတယ်.... မောင်နှမအရင်းချာလို ကူညီရိုင်းပင်းကြတယ်....။ ပြောရဦးမယ် ဘလော့ဂါတွေက ဘလော့မှာတင်မဟုတ်ဘူး မျက်နှာစာမျက်နှာမှာတောင် အစုအဖွဲ့နဲ့ ကြီးစိုးနေကြပုံများ....။ ချစ်စရာကောင်းပါတယ်....။ တစ်ယောက်နဲ့တစ်ယောက် မိုင်ရာချီ ထောင်ချီဝေးနေကြပေမယ့် တကယ့်အရင်းအချာလိုချစ်ခင် တွယ်တာတတ်ကြတာ...။ အပြင်မှာတစ်ခါမှမဆုံဖူးကြပေမယ့် တကယ် တွေ့ဆုံဖြစ်ကြတဲ့အခါလည်း ထူးဆန်းစွာ တစ်ယောက်ကိုတစ်ယောက် စိမ်းမနေဘဲ.... ဟိုးးးနှစ်ပရိစ္တေကတည်းက ရင်းနှီးကျွမ်းဝင်လာကြတဲ့ မိတ်တွေသဖွယ်...ရှိကြတာပါပဲ...။ အဲဒါဟာ အွန်လိုင်းက ဘလော့ကရတဲ့ ဘလော့ဂါတွေရဲ့ အဖြူရောင် ကြိုးမျှင်တွေပါပဲ......။

ဤသည်မှာ အကျွန်ုပ်၏ ဘလော့ဂါဖွင့်ဆိုချက်ပြီး၏....။ ((ဟမ်))....ဒါလေးပဲလားလို့ မမေးနဲ့ ဒါလေးပဲ ရေးလို့ထွက်တယ်ကွယ်....း)

ကဲ... နတ်ရေ.... တဂ်ပို့စ်လေးအတွက် ကျေနပ်လိမ့်မယ်ထင်ပါတယ်......။ နတ်ကိုယ်တိုင်တဂ်ထားတဲ့ လူတွေလဲစုံနေပြီဆိုတော့ တခြားဘလော့ဂါတွေကို နာမည်တပ်ပြီးဆက်မတဂ်တော့ပေမယ့် မရေးရသေးတဲ့ ဘလော့ဂါတွေနဲ့ အတဂ်မခံရသေးတဲ့ ဘလော့ဂါများလည်း ၀မ်းသာပျော်ရွှင်စွာ ရေးတင်ပေးကြပါလို့ မေတ္တာဖြင့်တောင်းဆိုပါ၏။ ဒီပို့စ်လေးမတင်ခင်မှာ လင်းခေတ်ဒီနိုရဲ့ “ဘလော့ဂါဆိုတာ”ပို့စ်ကို ခပ်မိုက်မိုက်လေး ဒီလိုဖတ်ရလိမ့်မယ်...။


မေတ္တာအားဖြင့်
မိုးငွေ့

20 comments:

အနှိုင်းမဲ့ said...

ဖတ်ရတာဆန့်တစ်ငင်ငင်နဲ့...
ဂစ်တာတီးကောင်းနေတုန်း ကြိုးပြတ်သွားသလိုပဲ :D

သဒ္ဓါလှိုင်း said...

စိတ်ကူးယဉ်ဆန်တယ်လို့ပြောတဲ့ မမိုးရဲ့ blogger ဆိုတာလေးကို စိတ်ကူးယဉ်ဆန်ဆန်လေး ဖတ်သွားပါတယ်။
ချစ်တဲ့
သဒ္ဓါ

mstint said...

ဘလော့ဂါရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်လေး ဖတ်သွားပြီ မိုးငွေ့ရေ။ ဘလော့ဂါတွေရဲ့ တစ်ဦးနဲ့တစ်ဦးချစ်ခင် ရင်းနှီး နွေးထွေးမှုလေးတွေကို ခံစားသွားတယ်။
စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Cameron said...

မယ်နှိုင်းပြောမှပဲ ပြန်ဖတ်ကြည့်တော့ ဟုတ်တုတ်တုတ်...

Anonymous said...

ဖတ်သွားတယ် ဒါပေမယ့် ဘလော့ဂါဆိုတာ ဘာကိုဆိုလိုမှန်းအခုထိမသိသေးဘူး ....

SHWE ZIN U said...

မိုးငွေ့ ရဲ့

ဖွင့်ဆိုချက်လေး ကို လည်းဖတ်သွားတယ် ဒါနဲ့ ဘလောဂ့်ဂါ တွေ ဟာ တယောက်အိမ်တယောက် လာလည် ရင် မုန့်တွေ အများကြီးကျွေးတယ်တဲ့ ရန်ကုန် ရောက်ရင် ဝင်ခဲ့မယ်နော်

Cameron said...

မကြီးရွှေစင်>> မန်းလာရင် နှိပ်စက်ဖို့ စဉ်းစားထားပြီးသား...

Maung Myo said...

ဘလော့ဂါ ဆိုတာ တစ်ထွာကို တစ်တောင် လောက်ရေးသူပေါ့ကွယ် ( ကိုယ့်ပါသာ ကိုယ် ပြောတာနော် တူများတွေကိုမပြောဘူးး)))

ချော(အစိမ်းရောင်လွင်ပြင်) said...

အပေါ်က ကော်မန့်ကမှားသွားလို့ဖျက်လိုက်တာ မမိုးရေ။
မရွှေစင်ပြောတာလေး သဘောကျတယ်
ဘလော်ဂါဆိုတာ တစ်ယောက်အိမ်တစ်ယောက်လာလည်ရင် မုန့်တွေကျွေးကြတယ်ဆိုတာလေ
ဟိဟိ သဘောတူတယ်
ရန်ကုန်လာရင် မမိုးဆီရောက်အောင်လာဦးမှာ
မုန့်ကျွေးမယ် မဟုတ်လား

အနှိုင်းမဲ့ said...

ဟုတ်တယ်..သူ့ဆီကိုရောက်အောင်သာဝင်လည်
သူက မုန့်တွေလဲအများကြီးဝယ်ကျွေးတတ်သလို ထမင်းလဲဖိတ်ကျွေးတတ်တယ်။ :P

မဒမ်ကိုး said...

အွန် မဒိုးကန်ကလွဲရင် ဘလော့ဂါတွေအကုန်လုံးကတော်ကြတယ်တော့
အကုန် ဖွင့်ဆိုလိုက်ကြတာရှယ်ပဲ
မဒိုးကန်သာ ဦးနှောက်ထဲမှာစဉ်းစားတိုင်း အစာတွေပဲမြင်နေတား)
ဒါကြောင့်စဉ်းစားညဏ်ရင့်သန်တဲ့ ကိုရင့်ကို လွဲချလိုက်တား)

မိုးယံ said...

အော် အဲဒါလည်း ဘလော့ဂါပဲကိုး။... ဘလော့ဂ်ဂါ အချစ် လို့သာ ဘာသာပြန်လိုက်ချင်တော့တယ်

ဟုတ်တယ်လေ... စကားလုံး တစ်လုံးထဲမှာ ပျော်ဝင်နေတဲ့ အဓိပ္ပါယ်တွေက..မနည်းဘူးနော...

တစ်ယောက်တစ်မျိုးဖွင့်ဆိုနေကြတာ...ပျော်စရာကြီး။

ညီလင်းသစ် said...

တစ်ယောက်နဲ့တစ်ယောက် ဖေးဖေးမမ ရှိတယ်ဆိုတာ အမှန်ပါပဲ၊ အပြန်အလှန် နှုတ်ဆက်မှုတွေနဲ့ ချစ်စရာ ကောင်းတဲ့ ရပ်ဝန်းလေး...။

စံပယ်ချို said...

ဖြူဖြူစင်စင်လေးနဲ့စိတ်ဝင်စားအောင်ရေးတတ်လို့
မိုးငွေ့လေးလိုအေးချမ်းပါစေ
နောင်လဲဒီထက်ရေးနိုင်ပါစေမိုးငွေ့ရေ
ချစ်ခင်တဲ့ jasmine

Angelhlaing(May everybody be happy and healthy! said...

မမရေ ဘလော့ဂါတွေ တစ်ယောက်အိမ်တစ်ယောက် လာလည်ရင် မုန့်တွေအများကြိး ကေမးရတယ်တဲ့ အထက်က မမတွေပြောကြတော့ မြန်မာပြည်ပြန်ရောက်ရင်တော့ အနှံလာလည်ပစ်လိုက်မယ်လို့ :):)

blackroze said...

မကြီးမိုးငွေ့ရေ
ဘလော့ဂါဆိုတာကတော့မကြီးမိုးငွေ့
ရေးထားသလိုပါဘဲ...

ဒါဆိုမကြီးအဖြေမှန်ပါတယ်ကွယ်...

ခင်တဲ့ညီမ blackroze

Han Kyi said...

တော်တော်လည်တဲ့ မိုးငွေ့ပဲ...ဖတ်လာရင်းနဲ့ အောက်ပိုင်းကျမှ နှစ်ပေါက်တစ်ပေါက်ကပ်ရိုက်သွားတာ ခံလိုက်ရတယ်..း)))ဒါနဲ့ပဲ သူညွှန်းထားတဲ့ဘက်ကို ဆက်လိုက်သွားပြီး ဖတ်ယုရတယ်...ဦးဟန်ကြည်လည်း တက်ဂ်ပို့ရေးရဦးမှာဆိုတော့ မိုးငွေ့ကပြောပါသည်ဆိုပြီး နှစ်ပေါက်တစ်ပေါက်ကို သုံးပေါက်တစ်ပေါက်နဲ့ကပ်ပြီး အနိုင်ယူရင်ကောင်းမလားလို့ စဉ်းစားလိုက်မိပါသဗျား...

နတ်ဆိုးလေး said...

ဖတ်သွားပြိ.. မမိုးငွေ့ရေ... ဒါပေမယ့်... အနှိုင်းမဲ့ ပြောသလို ဇက်တောက် ကြီးးး

ဘာပဲ ဖြစ်ဖြစ် ကျေးဇူးပါ..

ညီရဲသစ် said...

ဘလော့ဂါတွေရဲ့ ရင်ဖွင့်သံအသီးသီးက ပြခန်းကြီးတစ်ခုထဲက ပန်းချီကားချပ်တွေလိုပါပဲ.....

ဒီအသုံးအနှုန်းလေး ကြိုက်တယ် အစ်မ...
တကယ်တော့ ဘေလာ့ဂ္ဂါဆိုတာ ဘေလာ့ဂ္ဂါပါဘဲ...

မေသိမ့်သိမ့် ကျော် said...

ဟုတ် မှတ်သားသွားပါတယ်ရှင်။း)
ဖတ်လို့ကောင်းတုန်း မီးပျက်သလိုပဲ။း) ဒါပေမယ့် ကြိုက်တယ်။


ခင်တဲ့
မေသိမ့်