"လူကြီးမင်း ခေါ်ဆိုသော ဆယ်လူလာဖုန်းမှာ စက်ပိတ်ထားပါသဖြင့် ခေါ်ဆိုလို့ မရနိုင်ပါရှင်"
အဲခေတ်က ဆယ်လူလာဖုန်းကိုင်ဖူးတဲ့သူတိုင်း ဖုန်းဆက်သွယ်မှုဧရိယာပြင်ပရောင်ရင် အဲအသံကို ကြားဖူးကြမှာပါ...။ အခုခေတ် mpt တို့ Atom တို့ Oredoo တို့တော့ ဘယ်လိုတွေအသံထွက်ကြလဲမသိ mpt ကတော့ သူ့မိခင်အရင်းအတိုင်းထွက်မှာပါ...။
ကျနော်တို့ တိုင်းပြည်ကို ဟမ်းဖုန်းတွေစဝင်တော့ နိုကီရာအမျိုးအစား ဆယ်လူလာဖုန်းတွေ အတုံးလိုက်အတစ်လိုက်တွေကိုစကိုင်ရတာပဲ....။ ကီးပက်ပေါ့ နောက်တော့ တခြားအမျိုးအစားတွေဖြစ်တဲ့ ဟာဝေးတို့ ဘလက်ဘယ်ရီတို့ထပ်ထွက်လာတယ် အဲဒါလဲ တော်တော်ကြာမှပါ....။ အဲခေတ်က ဖုန်းတစ်လုံးကိုင်နိုင်တဲ့သူက အကောင်ပဲ တစ်လုံးကို သိန်းသုံးဆယ်ကျော်ပေါက်ဈေးရှိတယ်....။ မှတ်မှတ်ရရ ကျနော်တစ်ခါ ဖုန်းမဲပေါက်ဖူးလို့ ရောင်းစားတာ သိန်းနှစ်ဆယ်ကျော်လားမသိရဖူးလို့ စမ်းချောင်းကအိမ်ခန်းအသစ်ပြောင်းခါစ တီဗီ အဲကွန်းတွေ ဝယ်လိုက်သေးတယ် အဲပိုက်ဆံနဲ့....။
ကိုမျိုးကျော့ ဒီသီချင်းထွက်တော့ ကျနော်တို့ အိမ်မပြောင်းသေးဘူး အဒေါ်အိမ်မှာကပ်နေနေရတုန်း 2004 ဝန်းကျင်လောက်က...။ ကိုမျိုးကျော့ရဲ့ အဲဒီအမ်ဘမ်က အီလက်ထရိုပေါ့ဖက်ပိုသွားတယ် ဂီတအမျိုးအစားက ဒိုးလုံး featuring ပါဝင်ထားတဲ့ " မခံနိုင်ဘူး" ဆိုတဲ့တစ်ပုဒ်က ခုထိပေါက်တုန်းရော...။
No comments:
Post a Comment