ကျနော်တို့ဘဝမှာ
အမြဲတမ်း ရင်ဘတ်ထဲ
သိမ်းထားတဲ့ လူတစ်ယောက်တော့ရှိကြတယ်
အမြဲတမ်း ရင်ဘတ်ထဲ
သိမ်းထားတဲ့ လူတစ်ယောက်တော့ရှိကြတယ်
အဲဒီလူဟာ ဟိုးအဝေးကြီးမှာ ဖြစ်နိုင်သလို
အနီးအနားမှာလည်း ဖြစ်ချင်ဖြစ်နေလိမ့်မယ်
မခေါ်ရလည်းဖြစ်တယ်
မတွေ့ရလည်းရတယ်
ပတ်သက်မှုဆိုတာထက်
ရင်ဘတ်ထဲကခံစားမှုတစ်ခုပါ
ချစ်တာမချစ်တာက ကျယ်ပြန့်တာမို့
မြတ်နိုးတယ်ပဲဆိုကြပါစို့
တကူးတကန့်ကြီး
နှုတ်မဆက်ဖြစ်ဘူး
တခါတရံလဲလနဲ့ချီပြီးစကားမပြောဖြစ်ဘူး
ပြောဖြစ်ရင်လဲခနလောက်ပဲ
သူနှစ်သက်တဲ့အရာတွေတွေ့ရင်
(အထူးသဖြင့် မိုးရွာနေရင်)
တကယ့်အခက်အခဲတွေနဲ့ကြုံရင်
သတိရလိုက်တယ်
ဒီလိုပဲရိုးရှင်းပါတယ်
အမြဲထုတ်မပြောဖြစ်တဲ့
ရင်ဘတ်ထဲကသိမ်းထားတဲ့
ကျနော်တို့ရဲ့တစ်စုံတစ်ယောက်ပေါ့
သေရာပါသိမ်းထားရမယ့် လူတစ်ယောက်ပေါ့😔
#crd
No comments:
Post a Comment