သီချင်းလေးက နားထောင်ပါတယ် သုံးထားတဲ့ စကားလုံးတွေက သိမ်မွေ့မှုမရှိဘူးလားလို့ အစက တစ်တော့မှာ အဲသီချင်းလေးဆော့ကြတာအတိုတဖြတ်လေးပဲကြားဖူးပါတယ်...။ တစ်ညနေကျတော့ ကားမောင်းရင်း FM က လွှင့်လို့ သီချင်းနာမည်လေးသိလို့ You Tube မှာသွားရှာလိုက်တာ .... ပြီးတော့ သီချင်းနာမည်ကလည်း "မရတော့ဘူး" ဆိုတော့ တစ်မျိုးကြီးပဲ နားထဲ ကန့်လန့် သီချင်းလေးက သံစဉ်လေးလှသားနဲ့....။ သူ့ချစ်သူကို သတိရလို့ ဖွဲ့ထားတဲ့သီချင်းပါပဲ...။ သတိရတာတောင် သူက "ပိုးစိုးပက်စက် သတိရနေတာ"ဆိုပြီး အဲလိုစကားလုံးမျိုးကို အလွမ်းသီချင်းထဲထည့်သုံးတာ ကျနော်တော့ တစ်ခါမှမကြားဖူးခဲ့ဘူး....။ အခုခေတ်လူငယ်တွေရဲ့ စတိုင်လ်ထင်ပါရဲ့....။ ဒါမယ့် သူ့သီချင်းလေးက trend ဖြစ်နေတာ viral ဖြစ်နေတာ ...။ သီချင်းတစ်ပုဒ်အသစ်ထွက်ရင် tik tok မှာဆော့ပြနိုင်လို့ trend ဖြစ်သွားရင် တခြားကြော်ငြာတောင်မလိုတော့ဘူး...။ အခု digital marketing တွေက လိုက်လို့မမီ...။ အဆိုရှင်ကောင်မလေးနာမည်က "ချစ်စနိုးဆု" တဲ့ ရုပ်လေးက ချစ်စရာလေးပါ ချောချောလေး....။
No comments:
Post a Comment