Tuesday, 30 September 2025

အတောင်ပံတွေ.....

 





ကိုမျိုးကျော့ရဲ့ သီချင်းကောင်းတွေထဲမှာ ဒီတစ်ပုဒ်ကိုလည်း မေ့ထားလို့မရဘူး....။ ကျနော်အရမ်းကြိုက်ခဲ့ feel ခဲ့ဖူးတဲ့ သီချင်းထဲမှာပါတဲ့ "အတောင်ပံတွေ"....။

ရှေ့ကပြောဖူးခဲ့သလိုပဲ ကိုမျိုးကျော့ ဖန်တီးထားတဲ့ သီချင်းတွေအပုဒ်တိုင်းလိုလိုက ပုံပြင်တစ်ပုဒ်လို ဒဏ္ဍာရီဆန်တယ် ....။ စကားလုံး music နဲ့  arrangement အပိုင်းဘာမှပြောစရာမလိုဘူး....။ ကျနော်တို့လို မြူးဆစ်ကိုချစ်ပြီး အနုပညာကိုရူးသွပ်တဲ့သူတွေအတွက်တော့ ချီးကျူးထောပနာပြုဖို့ စကားလုံးရှာမရတော့ပြီပေါ့...။ ဒါကျနော့်အကြိုက်ကိုပြောပြတာနော် လူတိုင်းဒီလို ခံစားမိချင်မှ ခံစားမယ်....။

နေ့စဉ် ထမင်းစားရဖို့အလုပ်လုပ်ပြီးရင် music တွေနဲ့ Art တွေကြား နေနေရတဲ့ အချိန်အတိုင်းအတာတစ်ခုက ကျနော့်ရဲ့တစ်နေ့တာအတွက် အမောပြေဆုံး အပျော်ရွှင်ရဆုံး စိတ်ချမ်းသာရဆုံးအချိန်တွေပဲ....။ 




No comments: