Showing posts with label simply coral's kitchen (baking). Show all posts
Showing posts with label simply coral's kitchen (baking). Show all posts

Monday, 6 June 2022

Durian Cake …..






ဒီနှစ်က ဒူးရင်းသီးပေါတယ်ပြောရမလား အသီးပေါတယ် ဈေးမပေါဘူးဆိုပါတော့ အသီးကောင်း အသားထူအစေ့ပါးတွေ အသေးတစ်လုံးကို တစ်သောင်းခွဲ အကြီးက နှစ်သောင်းခွဲ....။ ဒူးရင်းကိတ်မလုပ်ဖူးသေးလို့ စမ်းလုပ်ကြည့်တာ ပထမကြိမ်မှာပဲ အောင်မြင်တယ်....။ ကိတ်မုန့်သားကိုတော့ You Tube က Apron ကို Credit ပေးပါတယ် သူလုပ်ပြထားတဲ့ Japanese Cotton Sponge Cake ကိုယူပြီး အလယ်မှာ ဒူးရင်းခရင်မ်ထည့်လိုက်တာပါပဲ လွယ်တယ်...။ Cotton Cake တို့ရဲ့ထုံးစံအတိုင်း ရေခံပြီးဖုတ်ရပါတယ်...။ အောက်မှာ Recipe လေးရေးပေးပါမယ်....။ ဒူးရင်းသီးခရင်မ်ထည့်ပြီးပုံကို မရိုက်ထားလိုက်မိလို့ စားခါနီး မုန့်ပုံပဲရလိုက်တယ်...။ ၈လက်မပတ်လည် လေးဒေါင့်ပုံကိတ်လေးပါ...။ ငါးယောက်လောက်တော့ အသာလေးစားလို့ရပါတယ်...။ 

ကြက်ဉငါးလုံးကို အကာနဲ့အနှစ်သေချာခွဲထားပါ ...။ အကာထည့်မယ့်ဇလုံက သန့်ရှင်းခြောက်သွေ့ဖို့လိုပါတယ်..။ ဆီကိုမီးဖိုပေါ် ပူစီပေါင်းထလာတဲ့အထိ အပူပေးပြီး မုန့်နယ်မယ့်ဇလုံထဲမှာ ခနအအေးခံပါ ဆီခပ်နွေးနွေးမှာ ကိတ်ဂျုံကိုဇကာစစ်ထည့်ပြီး ယောင်းမနဲ့သမအောင်မွှေပေးပါ....။ သမသွားရင် နို့ထည့်ပြီးဆက်မွှေပေးပါ...။ ပြီးရင် ကြက်ဉအဝါနှစ်ငါးလုံးနဲ့ ကြက်ဉအပိုတစ်လုံးထည့်ပြီး မွှေပေးပါ...။ သူ့ Recipe မှာမပါပေမယ့် ကြက်ဉအဝါမုန့်နှစ်ထဲကို ကျမကကြက်ဉနံ့ပျောက်အောင် Vanilla သုံးစက်လောက်ထည့်ပါတယ်...။

ကြက်ဉအကာကို လျှပ်စစ်မွှေတံနဲ့ အရှိန်နည်းနည်းနဲ့ ဆယ်မိနစ်လောက်အပွရိုက်ပေးပါ ရိုက်နေစဉ်အခါမှာပဲ သကြားကို နဲနဲဆီထည့်ပေးပါ...။ ကျမ ဗန်နီဂါနဲနဲထည့်ပါတယ်...။ ကြက်ဉအကာ ဖြူဝင်းပြီးတောင့်တဲ့အထိရိုက်ပေးဖို့လိုပါတယ်နော်...။ ပြီးတာနဲ့ အကာ သုံးပိုင်းပိုင်းပြီး ကြက်ဉအနှစ်မုန့်သားထဲကို ထည့်မွှေပေးပါ...အကာအဖြူနှစ်တွေပျောက်သွားတဲအထိမွှေပေးဖို့လိုပါတယ်...။ အားလုံးသမသွားရင် မုန့်ဖုတ်ခွက်ထဲထည့်ပြီး လေမခိုအောင် သုံးလေးချက်လောက် မုန့်ခွက်ကို ရိုက်ချပေးပါ...။ ၁၇၀ စင်ဒီဂရိတ်ကြိုတင်အပူပေးထားတဲ့ မီးဖိုထဲ ရေထည့်ထားတဲ့ဗန်းထဲမှာ မုန့်ဖုတ်ခွက်ထည့်ပြီး မိနစ် ၅၀ ကနေ ၆၀အထိဖုတ်ပေးပါ...။ 

မုန့်ရရင် အအေးခံပြီး ကိတ်လှီးဓါးနဲ့ နှစ်လွှာ,လွှာလိုက်ပါ...။ မုန့်သေသေချာချာအေးပြီဆိုမှ ဒူးရင်းသီးခရင်ခ်ကိုအပြည့်သုတ်လိမ်းပြီး အပေါ်တစ်ချပ်ပြန်အုပ်လိုက်ပါ ရေခဲသေတ္တာထဲ သုံးနာရီလောက်အအေးခံပြီးမှ စားသုံးပါနော်....။ အကောင်းဆုံးကတော့ ဒူးရင်းသီးခရင်မ်ကို ရေခဲသေတ္တာထဲ တစ်ညသိပ်ပြီးမှသုံးပါ...ခရင်မ်သားတောင့်ပြီး အရည်မပျော်နေဖို့ပါ...။ ဒူးရင်းကိတ်က အေးအေးလေးစားမှကောင်းတာပါ ပြီးတော့ စားမကုန်ရင်လဲ အပြင်မှာမထားပါနဲ့ ရေခဲသေတ္တာထဲပဲထည့်သိမ်းထားပါ....။ ရေခဲသေတ္တာထဲ ဘယ်လောက်အအေးခံထားထား ကိတ်သားလေးက မာမသွားဘဲ နူးညံ့အိစက်နေပါလိမ့်မယ်...။ 

မှတ်ချက်။       ။ ပါဝင်ပစ္စည်းတွေအားလုံး အခန်းအပူချိန်မှာရှိနေရပါမယ်...။ 

ဒူးရင်းသီးခရင်မ်လုပ်ဖို့ တစ်သောင်းခွဲတန်တစ်လုံးဝယ်တာ တစ်ဝက်နီးပါးလောက်သုံးထားပါတယ်...။ ဒူးရင်းသီးအသားက အချိုဓါတ်ပါပြီးသားမို့ ခရင်မ်ရိုက်တဲ့အချိန်မှာ သကြားထပ်မထည့်တော့ပါဘူး...။ ခရင်မ်အမြှုပ်ထတဲ့အထိရိုက်ပြီး ဒူးရင်းအသားတွေကို ခနထည့်မွှေလိုက်ပါတယ် ဒါပါပဲ...။ 







IMPORTANT: Please use the exact weight and make sure that all cake base ingredients are at room temperature. Prepare 8'' x 8'' square pan. 



For Egg White Mixture

Vege Oil 50ml / 4 Tbsp
Cake flour 80g/  2/3cup
Milk  80ml / 1/4cup
Egg yolk 5
Egg  1


For Egg Yolk Mixture

Egg white 5
Sugar 80g / 1/3cup
Salt 1/4tsp


For Filling 

Durian 150g
Cold Whipping Cream 100g
Icing Sugar 1Tbsp (Optional)


Preheat oven 170C. Sieved cake flour and set aside. Separate egg yolk and white. Heat the Oil until the bubble come out. In the large mixing bowl combine the oil and cake flour. Then add in milk and mixed. Add egg yolk and one extra egg.

Using the electric mixer, whisk egg white in the lowest speed and  for at least 10mins to stiff peaks. Using a hand whisk or a spatula, gently fold in the egg whites to the egg yolks mixture in 3-4 batches. It is ok to mix the 1st batch of egg white more vigorously into the egg yolk mixture but the subsequent portions must be folded in very gently. Make sure that most of the white is not visible after folding.

Pour batter into baking tray. Use a spatula to spread the batter evenly and gentle tap the filled tray on the kitchen top to remove any large bubble. Bake at 170C in water bath for 50-60min.

For durian filling, beat the whipping cream and icing sugar with electric mixer until pale and add in fresh durian flake and mixed. Due to the durian sweetness mine is lack of sugar.




အပူပေးထားတဲ့ ဆီခပ်နွေးနွေးမှာ ကိတ်ဂျုံရောပြီး သမအောင်မွှေပေးပါ



ဆီနယ်ထားတဲ့ ဂျုံမုန့်သားထဲကို နို့ထည့်နယ်





ကြက်ဉအကာရည် ငါးလုံး




၁၀မိနစ်လောက် စက်နဲ့အပွရိုက်လိုက်တော့ ဒီလိုပုံဖြစ်သွား










အကာနဲ့အနှစ်သမပြီးပုံ




မုန့်ဖုတ်ဖို့အဆင်သင့်ဖြစ်ပါပြီ




 

Happy Baking !!!!!!


Facebook page မှာ Food Lover ကို like and share 
လုပ်ဖို့မမေ့နဲ့နော်


___________________
Revolution will prevail
မိုးငွေ့

Thursday, 3 March 2022

Banana Diary's (2).....

My version of Home Made Sun Dry Banana


ဒီတစ်ခေါက် Banana Diary's ကနေ ငှက်ပျောခြောက်လုပ်နည်းလေးတင်ပေးလိုက်ပါတယ်....။ My Version of Sun Dry Banana ပေါ့....။ ငှက်ပျောခြောက်လုပ်တာက ရခိုင်ငှက်ပျောသီးသည်အကောင်းဆုံးပါ....။ တခြားငှက်ပျော်သီးနဲ့လုပ်ကြလားတော့မသိဘူး....။ ငှက်ပျောခြောက်ကို ခရီးထွက်ရင် လမ်းမှာကားရပ်နားတဲ့အချိန်ဆို အမြဲဝယ်စားဖြစ်တယ်....။ သိပ်တော့မလတ်ဆတ်ဘူးပေါ့....။ ပုသိမ် ချောင်းသာ ငွေဆောင်သွားတဲ့ ခရီးလမ်းမှာအများအားဖြင့် ရောင်းကြတယ်...။ ငှက်ပျောခြောက်အချိုကြော် အဆိမ့်ကြော်ကတော့ နာမည်ကြီးပေါ့....။ ကျွန်မက ငှက်ပျောခြောက်ကို ဒီလိုအစိုအပျော့နဲ့ပိုကြိုက်တယ်....ဆီကြော်ထက်....။ ကျန်းမာရေးနဲ့လဲ ပိုညီညွှတ်တယ်....။ ထမင်းစားပြီး အချိုးတည်းမလား ဒီတိုင်း သရေစာအနေနဲ့စားမလား အကုန်အိုကေတယ်....။ 

ခရီးမသွားဖြစ်ရင်တော့ City Mart မှာရောင်းတဲ့ Gu Gu တံဆိပ် ငှက်ပျောခြောက်ကိုဝယ်စားလေ့ရှိတယ်....။ နောက်ပိုင်း ဈေးထဲ ငှက်ပျောသီးအုန်းနို့ပေါင်းလုပ်စားတော့ ငှက်ပျောသီးတွေပိုရင် နေလှန်းပြီးစမ်းလုပ်ကြည့်ရင်းက လုပ်တတ်သွားတာ....။ ဘာသကြား ဘာပျားရည်မှဆမ်းစရာမလိုဘူး...သူ့သဘာဝအတိုင်းချိုမွှေးလေး...။ ကိုယ်နေလှန်းမယ့် ငှက်ပျောသီးကတော့ အမှည့်ဖြစ်ဖို့လိုပါတယ်...။ တအားအမှည့်မလွန်ဘဲ အလုံးမပျက် မှည့်အိနေတဲ့ အနေအထားလောက်ပေါ့....။ ကျွန်မက အလုံးလိုက်မလှန်းဘဲ ငှက်ပျောသီးတစ်လုံးကို သုံးလွှာခွဲလွှာလိုက်တယ်....။ စကောမှာ ငှက်ပျောဖတ်မဟုတ်ရင် ဆီစုပ်စက္ကူခံပြီး နှစ်နေလောက်လှန်းပေးပါ နေအပြင်းဆုံးအချိန်မှာလှန်းပါ...။ နေမရှိတဲ့အရပ်ကဆိုရင်တော့ Oven ထဲ 100-110 ဒီဂရီလောက်နဲ့ တစ်နာရီလောက် Bake လုပ်ပေးပါ...။ ပြီးရင် ပေါင်းချောင်အိုးထဲ နာရီဝက်လောက်ပေါင်းပေးပါ ဒါဆို အရောင်ရဲရဲလှလှနဲ့ စိုအိချိုမွှေးငှက်ပျောခြောက်ပေါင်းကို အိမ်မှာ လွယ်လွယ်ကူကူလုပ်စားလို့ရပါပြီ...။ အအေးခံပြီး အလုံပိတ်ဘူးလေးနဲ့ ရေခဲသေတ္တာထဲ တစ်ပတ်ကနေ နှစ်ပတ်ထိထားပြီးစားလို့ရပါတယ်....။ နှစ်ပတ်တောင်မခံဘူးကိုယ်တွေ လုပ်ထားရင်တစ်ဘူးက နှစ်ရက်သုံးရက်ပဲ....။ BKK မှာဆို စက္ကူဘူးတွေနဲ့ ရယ်ဒီမိတ်လုပ်ရောင်းတာလဲဝယ်စားဖူးတယ် အရည်အသွေးကောင်း Packaging ဘာညာသာရကာနဲ့ဆိုတော့ ဈေးကြီးပေးဝယ်စားရတယ် ...။ ခုလို နည်းသိသွားတော့ လုပ်စားရတာလွယ်ကူတဲ့အပြင် ငှက်ပျောသီး တစ်ထောင် ထောင်ငါးရာဖိုးပဲလုပ်ဦး အများကြီးစားရတယ်....။ 



နာရီဝက်ခနပေါင်းထားတဲ့ နေလှန်းပြီးငှက်ပျောခြောက်



၁၀၀ ဒီဂရီနဲ့ တစ်နာရီလောက် Bake လုပ်ထားတဲ့ ငှက်ပျောခြောက်လှလှလေးတွေ
 


Happy Baking!!!!


_________________
Revolution will prevail
မိုးငွေ့


Friday, 4 February 2022

Banana Diary’s (1) .....





ကျွန်မတို့ အိမ်မှာ အခု Bakery နဲ့ပတ်သက်တဲ့ Small Business လေးတစ်ခုလုပ်နေတာ ရှေ့ပို့စ်မှာတုန်းက တင်ဖူးခဲ့ပါတယ်....။ Facebook မှာ Food Lover နာမည်နဲ့ ပေ့ချ်တစ်ခုဖွင့်ပြီး အလုပ်စနေတာ သုံးလကျော်လောက်ရှိနေပါပြီ....။ လူသိနည်းနေသေးတာမို့ သင့်တင့်တဲ့ အော်ဒါလေးတွေကိုတော့လုပ်နေရပါတယ်....။ လောလောဆယ် Burnt Cheesecake, Crumble Cheesecake, Sea Salt Cream Cheese Chiffon Cake နဲ့  နောက်ဆုံး ရိုးရိုး ဗန်နီလာအရသာ Muffin Cup Cake လေးလဲ လူကြိုက်များပြီး အော်ဒါကောင်းနေပါတယ်....။ မုန့်စားရတာကြိုက်တဲ့ မုန့်ဖုတ်ရတာနှစ်သက်တဲ့ စာဖတ်သူတွေ ကျွန်မရဲ့ Food Lover စာမျက်နှာလေးကို Fackbook သုံးရင်း ကြုံရင် Like and Share လေး လုပ်ပေးသွားကြပါဦးလို့ တောင်းဆိုပါတယ်...။

ကျွန်မ အကြိုက်ဆုံးအသီးက ငှက်ပျောသီး ဖြစ်ပါတယ်....။ ဒါကြောင့် ကျွန်မ ဘာမုန့်လုပ်လုပ် ငှက်ပျောသီးနဲ့ပတ်သက်တဲ့မုန့်တွေကို လုပ်စားဖြစ်တာများတယ်....။ တွေးကြည့်တာ လူတစ်ယောက်ဟာ‌ မွေးလာပြီး အမေနို့သောက်ပြီးရင် ပထမဆုံးစားဖူးတဲ့အသီးက ဘာဖြစ်မလဲဆိုတာလေ...။ အဲဒီမှာ ငှက်ပျောသီးကိုသွားတွေ့တယ်....။ ဘာလို့လဲဆိုတော့ ကလေးလေးတွေက သွားလဲမပေါက်သေးတော့ တခြားမာတဲ့အသီးတွေလဲကျွေးလို့မရသေးဘူးလေ.... ဆိုတော့ အသီးပျော့ပျော့ အဟာရလဲရတဲ့ ဝယ်ရတာလဲလွယ်ကူတဲ့ ဖီးကြမ်းလိုငှက်ပျောသီးမျိုးတော့ အမေတွေက သေးသေးလေးတွေဖဲ့ပြီး ကျွေးဖူးကြမှာပဲ ဟုတ်တယ် တစ်ရာမှာ ကိုးဆယ်ကိုးကတော့ မလွဲနိုင်ဘူး....။ ဒါကြောင့် လူတစ်ယောက် လူဖြစ်လာတဲ့အချိန်မှာ စပြီးစားဖူးတဲ့ အသီးဟာ ငှက်ပျောသီးလို့ ကျွန်မခုပဲ သတ်မှတ်လိုက်တယ်...။ 

ကျွန်မလုပ်တဲ့ Banana Muffin ရဲ့ ထူးခြားချက်က Cold Press Coconut Oil အုန်းဆီသုံးတယ် ဒိန်ချဉ်ထည့်တယ် ပါဝင်ပစ္စည်းက ဘာမှသိပ်မရှိဘူးဆိုပေမယ့် အရည်အသွေးကောင်းတဲ့ အုန်းဆီစစ်စစ်ကိုသုံးထားတာမို့ အရသာထူးခြားမှုကတော့ သာမန်မုန့်တွေထက် ကွာပါတယ်...။ အခုငွေဈေးတက် ကုန်ကြမ်းတွေပျက်တဲ့အချိန်မှာ အရင်က အုန်းဆီ တစ်လီတာပုလင်းကလဲ နှစ်ဆတက်သွားပါတယ်....။ အုန်းဆီအစား အနံ့မရှိတဲ့ နေကြာဆီသုံးလို့ရပါတယ်...။ ဒါပေမယ့် မုန့်ရဲ့အရသာနဲ့ အရည်အသွေးကတော့ နဲနဲဆီကွာခြားသွားပါလိမ့်မယ်....။ ကိတ်မုန့်တစ်လုံး ဘာကြောင့်ဈေးကြီးလဲဆိုတာ ကိုယ်တိုင် မုန့်လုပ်တဲ့အချိန်မှ သေချာနားလည်သွားတယ် သုံးရတဲ့ပစ္စည်း အရည်သွေးကောင်းလေ မုန့်တန်ဖိုးကကြီးလေလေပဲ....။ အစားအသောက်တစ်ခုလုပ်တဲ့နေရာမှာ ကျွန်မက သန့်ရှင်းမှုနဲ့ကျန်းမာရေးကို ဦးစားပေးလုပ်လေ့ရှိတယ်...။ ရာဂဏန်းပဲပေးပြီးဝယ်စားလို့ရတဲ့ ငှက်ပျော်သီးကိတ်တွေဆိုတာ ငှက်ပျောသီးအစစ်မသုံးဘဲ Flavor တွေ တာရှည်ခံမှိုသတ်ဆေးတွေ ဆိုးဆေးတွေ သက်သာတဲ့ဆီနဲ့သကြားတွေ သုံးပြီးလုပ်လို့ရပါတယ်....။

ကလေးကြိုက် ကာတွန်းရုပ်လေးတွေနဲ့ မုန့်ခွက်တွေက ကျွန်မ ကိုတာဘာရူးသွားတုန်းက ဝယ်ခဲ့တဲ့ ပစ္စည်းတွေ ခုမှထုတ်သုံးဖြစ်တယ်....။ လောလောဆယ် ကျွန်မတို့ pages မှာ Banana Muffin ကို Menu တစ်ခုအနေနဲ့ မထည့်ရသေးပေမယ့် ဒီမှာတော့ အသိလာပေးတာပါ....ကျွန်မရဲ့ Banana Muffin အရသာလေးကို ဒီကနေပေးမြည်းလို့ရရင်သိပ်ကောင်းမှာပဲလို့...။ ခုလိုဆောင်းရာသီလေးမှာ အေးအေးစိမ့်စိမ့်လေးနဲ့ လက်ဖက်ရည် ကော်ဖီနဲ့ဖြစ်ဖြစ် နေ့ခင်းနေ့လည် လက်ဖက်စိမ်းရည်နဲ့ဖြစ်ဖြစ် ချစ်ခင်သူတွေကို လက်ဆောင်ပေးချင်လို့ဖြစ်ဖြစ် စားလို့အလွန်အရသာတွေ့မယ့် သဘာဝငှက်ပျောသီးနံ့မွှေးမွှေးလေးနဲ့မုန့်တစ်ခုဆိုတာ လက်တွေ့မှာယူစားသုံးလို့ရပါပြီ....မီနူးထဲမထည့်ရသေးပေမယ့် အော်ဒါလင့်ကနေမဟုတ်ဘဲ နှစ်ရက်ကြိုတင်ပြီး မေးလ်ကနေတဆင့်မှာယူနိုင်ပါတယ်.....။ Thank you. Love you all.....

gmail : coralnyo@gamil.com
Instagram : Love_raincoral











































_____________________
Revolution will prevail
မိုးငွေ့



 

Thursday, 2 December 2021

My Small Home Business ......

Burnt Cheesecake 




Crumble Fruits and Nuts Cheese Cake








Sea Salt Cream Cheese Chiffon Cake














ကျွန်မတို့ရဲ့ အိမ်တွင်းစီးပွားရေးလုပ်ငန်းသေးသေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်လို့ပါ.....။ ဒီပို့စ်ကတော့ Commercial  သီးသန့်ပို့စ်တစ်ခုပါပဲ.....။ ဒီကာလမှာ ဘာလုပ်လုပ်ခက်ခဲနေကြတယ်ဆိုပေမယ့် ဇိမ်နဲ့ထိုင်စားရဖို့ လူချမ်းသာမဟုတ်လို့ ဝမ်းတစ်ထွာအတွက် ကြံရဖန်ရတာပေါ့....။ ဒီ မုန့်ဖုတ်အော်ဒါကို တကယ်လက်တွေ့လုပ်နေတာက ကျွန်မရဲ့မောင်လေးပါ ကျွန်မကတော့ အကြံပေးတစ်ယောက်သက်သက်ပါပဲ....။ ပထမဦးဆုံး Brunt Cheesecake နဲ့စခဲ့တာပါ.... Face book မှာ Food Lover - Food Paradise လို့ရိုက်ထည့်ပြီးရှာလို့ရပါတယ်...။ ကျွန်မရဲ့ စာဖတ်သူများ အဝေးကနေအားမပေးနိုင်ရင်တောင်မှ ပေ့ချ်မှာ Like & Follow လေးလုပ်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်....။ Instagram မှာဆိုရင်တော့ foodlover_food paradise မှာလဲ Follow လုပ်ပေးနိုင်ပါတယ်....။ လောလောဆယ်အထိ မုန့်သုံးမျိုးကို‌ အော်ဒါလက်ခံပေးနေပါတယ်....။  Burnt Cheesecake ရိုးရိုး မျက်နှာပြင်တူးတဲ့ Cream Cheese အသားနဲ့ဆိမ့်နေတဲ့ ချိစ်ကိတ်ရယ်.....။ မူလ Burnt Cheesecake ပေါ်မှာမှ သစ်သီး(ပန်းသီး)စိပ်လေးတွေမြှုပ်ထားပြီး ဂျုံ ထောပတ်နဲ့ သကြားနယ်ထားတာကို အပေါ်ကနေဖြူးပြီးပြန် Bake ထားတဲ့ Crumble Cheesecake ရယ်.... Chiffon ကိတ်သားမွမွလေးပေါ်မှာ Cream Cheese, Sea Salt နဲ့ Icing Sugar နဲ့ ရောစပ်ထားတဲ့ Cream ကိုလောင်းပြီး သစ်သီးခြောက်နဲ့ အစေ့ဆံတွေဖြူးထားမယ့်ကိတ်ပဲဖြစ်ပါတယ်....။ အရသာကတော့ အိမ်မှာလုပ်စားတဲ့အတိုင်း အရည်အသွေးအပြည့်အဝနဲ့ စေတနာ မေတ္တာ အရင်းခံပြီး လုပ်ပေးမှာပါ....။ 

နောက်ထပ်ကြော်ငြာဝင်စရာတစ်ခုကတော့ အကြောင်းအမျိုးမျိုးကြောင့် ဆိုင်ပိတ်ထားရတဲ့ (Online မှာပဲရောင်း) CW ( Commune Wear ) ဆိုင်လေး ပြန်ဖွင့်ပါပြီဆိုတဲ့အကြောင်းလေးပြောချင်ပါတယ်....။ ရန်ကုန်ဆိုင်ခွဲကို ခုမှပြန်ဖွင့်ပေမယ့် တောက်လျှောက်တော့ အွန်လိုင်းနဲ့ရောင်းနေခဲ့ပါတယ်....။ စလုံးမှာနေတဲ့သူတွေအတွက် Commune Wear Singapore လို့ Google မှာရှာပြီး Website မှာ  Explore လုပ် မိမိစိတ်ကြိုက်ဝင်ရောက်ကြည့်ရှု မှာယူနိုင်ပါတယ်....။ အောက်ပုံတွေကတော့ Singapore ဆိုင်ခွဲမှာ တင်ထားတဲ့ ဖိနပ်တွေဖြစ်ပါတယ်....။ အခက်ခဲကြောင့် ရန်ကုန်မှာတော့ ဒီထဲကဖိနပ်ဒီဇိုင်းတစ်ချို့မတင်နိုင်သေးပါဘူး....။ Calf Leather စစ်စစ်နဲ့ Hand made ချုပ် ဖိနပ်လေးတွေပါ.....။ ကိုယ့်စိတ်ကြိုက် ဒီဇိုင်းနဲ့ကာလာပေးပြီး ထိုင်းမှာ အော်ဒါမှာချုပ်ထားတာဖြစ်ပါတယ်....။ ရန်ကုန်ဆိုင်ခွဲကိုလည်း Commune Wear Myanmar လို့ ရှာပြီး Website ကနေ အော်ဒါမှာနိုင်ပါတယ်.....။ သရေဖိနပ်တွေအပြင် ဖန်စီ နားဆွဲလှလှလေးတွေ ရင်ထိုးလေးတွေ Leather Card Holder တွေ သရေလက်ကိုင်အိတ်တွေ လက်ပွေ့အိတ်တွေနဲ့ ယောကျာ်းစီး ဖိနပ်တွေ တခြား Collaborate လာလုပ်ထားတဲ့သူတွေရဲ့  ယောက်ျားခေါင်းလိမ်းဆီတွေ ဂျယ်တွေ အမွှေးဖယောင်းတိုင်တွေ ပို့စ်စကဒ်လေးတွေ ချည်ပေါင်းသားအဝတ်အစားတွေလည်း အစုံရှိပါတယ်....။ မုန့်ရော တခြားလိုအပ်တဲ့ ပစ္စည်းလေးတွေရော အားပေးကြပါ ချစ်တို့ရေ......။ အွန်လိုင်းဈေးသည်သံနဲ့ပြောကြည့်တာ....။  တောင်းဆိုတဲ့ Rating များရင်တော့ Face Book က Food Blogger တွေလို Live လွှင့်ပြီး Review အတွက် ကိတ်မုန့်တွေစားပြပါမယ်လို့ :) 

Face Book သုံးတဲ့ စာဖတ်သူများလဲ ဒီပို့စ်လေးကို မိမိတို့ Wall တွေမှာ အပန်းမကြီးရင် ရှယ်ပေးလို့ရပါတယ်လို့.... Love You All …..❤️😍😻🥰


Ps: 

You tube မှာ ကိုကြီးကို Subscribe လေးလဲလုပ်ပေးကြပါဦး အယောက်တစ်ထောင်ပြည့်ရင် အကျိုးရှိတာလေးလုပ်စရာရှိလို့ပါ ကျေးဇူးတင်ပါတယ် 😍😍😍







































































































































__________________
Revolution Will Prevail
မိုးငွေ့