ဓမ္မစေတီ Market Palace က District Cafe မှာ သူ့ဆိုင်က ကော်ဖီတွေ မုန့်တွေအကုန်ကြိုက် ဈေးကတော့ သူများထက်များတယ်...။ သူတို့ဆိုင်က အရင် ဆရာစံလမ်းမှာဆို အမေရိကန်ဖရိတ်ဖတ်စ် အမြဲစားဖြစ်တယ်ရောက်တိုင်း သူ့ဆီက ပေါင်မုန့် ဝက်အူချောင်း အကုန်ကောင်း နောက်ပြီး သူတို့လုပ်ရောင်းတဲ့ Almond chocolate cookies လေးအရမ်းကောင်းတယ်...။ ဒိန်ချဉ်သီးစုံဆလပ်လည်းကောင်းတယ်....။ ခုနောက်ပိုင်း နာမည်ကြီးနေတာက လက်ဖက်စိမ်းမှုန်ကို စတော်ဗယ်ရီသီးအနှစ်နဲ့ဖျော်တဲ့ Macha strawberry latte....။
ဒီကော်ဖီဆိုင်နာမည် မမှတ်မိတော့ဘူး ဒီပုံလေးက ၂၀၂၀ ကတည်းက သွားသောက်ထားတာရယ်....။ ဂျင်းထန်းလျက် ကော်ဖီအေး... သောက်လို့တော့ကောင်းတယ်...။ နွေနေပူပူနေ့ခင်းအတွက် ရေငတ်ပြေလေး...။ ဆိုင်က ဗိုလ်တစ်ထောင်ဖက်မှာ မဟာဗန္ဓုလလမ်းမပေါ်က Arban Plaza ထဲမှာလို့ထင်တယ်...။
ဒါလေးက မုန့်လက်ကောက်ကို fine dining ပုံလေးနဲ့ presentation ပြင်ထားတာ
ဟော ဒါလေးရောပဲ မုန့်ပြားသလက် မုန့်ပသလက်လဲခေါ်တာပဲ ဘိန်းမုန့်အဖြူ အဆိမ့် အဲလိုလဲခေါ်တာပဲ
မြန်မာ့ရိုးရာမုန့်ကို fine dining ပုံလေးလုပ်ရောင်းတာ အဲတုန်းက ခရီးသွားလုပ်ငန်းကလည်း
အလုပ်ဖြစ်နေတော့ tourist attraction ဖြစ်အောင်လုပ်ရောင်းရတာပေါ့
အညာသားကျောကုန်းမုန့်ဆိုတာ ကြားဖူးကြတယ်မလား...။ သူက အဲလိုဖက်နဲ့ထုပ်ပြီးလိမ်ထားတော့ ဖြည်လိုက်ရင် မုန့်သားတွေက တွန့်လိမ်နေတာလေ အရောင်ကလည်းမဲတော့ အညာသားကျောကုန်းအရောင်နဲ့တူလို့ခေါ်တယ်ထင်တာပဲ ...။ နာမည်ကြားရင်တော့ စားချင်စရာမရှိပေမယ့် စားကြည့်အရသာအတော်ရှိပါတယ်...။
ကပ်ကြေးနဲ့ညှပ်ပြီး အုန်းဆံနုလေးဖြူးစားတော့ အရသာရှိ
အရသာက ကျနော်တို့အိမ်မှာလုပ်စားတဲ့ ရှမ်းမုန့်ဖက်ထုပ်နဲ့တူတယ် အီကွေ့နဲ့လဲတူတယ်...
ရွှေဘဲက ဘဲကင်မဟုတ်ဘူး ကြည့်မြင်တိုင်လမ်းမပေါ်က ယူနန်တရုတ်ဆိုင်တစ်ဆိုင်ကပဲ ဘဲကင်ဆို ရွှေဘဲပဲစားကောင်းတယ်လို့ ကျနော်တို့ဦးနှောက်က အသေမှတ်ထားကြတာ သူ့ထက်ကောင်းတာတွေလည်းရှိပါတယ် ဘယ်လိုဖြစ်ဖြစ် ဆိုင်မှာပူပူနွေးနွေးထိုင်စားတာပဲကောင်းတာ...။
ကြက်ဝါပြုတ်တဲ့ ဆော့စ်နဲ့တို့စားရတယ် သူက ရေဆူဆူမှာ သူ့အပူချိန်နဲ့သူ သူ့ကြာချိန်နဲ့သူ နည်းစနစ်တိတိကျကျနဲ့ ပြုတ်ထားတဲ့ ကြက်ပြုတ်...။
တရုတ်မုန်ညင်းချဉ်သုံးထပ်သားပေါင်း သူ့ဆိုင်က နာမည်ကြီးဟင်းတစ်ခွက်ပဲ
ဒီကြွက်နားရွက်မှိုသုပ်လေးသုပ်ထားတာ အရသာတော်တော်ကောင်းတယ်
ရှာလကာရည်နဲ့ ငရုတ်သီးကြော်ဆီက အဓိက ဇာတ်လိုက်
ဝက်စတူးဟင်း မြင်တာနဲ့အီနေပြီ
ကျတော်တို့နားက အောင်မင်္ဂလာ ခေါက်ဆွဲဆိုင် သူ့ဆိုင်က အမဲရွတ် အမဲလုံးခေါက်ဆွဲ အရမ်းကောင်း ရှမ်းမုန်ညှင်းချဉ်စိမ်းစိမ်းလေးနဲ့စား ဖက်ထုပ်အိုးကပ်ကြော်လေးလဲကြိုက်တယ်...
စလူမုန့် မုန့်လုံးကြီးကြော်နဲ့ ရွှေထမင်းကို ကာဖီလေးနဲ့တွဲစား
သာကူကျိုသောက်တိုင်း ငယ်ငယ်က ကျနော်တို့ရွာထဲ နေ့ခင်းဆို အိုးနဲ့ခေါင်းပေါ်ရွက်ပြီးလာရောင်းတဲ့ သာကူကျိုလေးကို အရမ်းသတိရတယ် အဲလိုအရသာမျိုး ဒီဖက်ခေတ်မှာဘယ်လိုလုပ်လုပ်မရတော့ဘူး...
မုန့်ဟင်းခါးထဲ ကျနော့်လိုထမင်းထည့်စားတာဘယ်သူကြိုက်ကြလဲ
မိုးငွေ့














No comments:
Post a Comment