မုန့်လုံးရေပေါ်တွေကို အမြင်ဆန်းအောင်လို့ အရောင်လေးတွေထည့်လုံးဖြစ်ခဲ့တယ်...။ ပန်းရောင်လေးက Pink colour ကိုရေထဲတစ်စက်ချဖျော်ပြီး အပြာရောင်လေးက Blue colour တစ်စက်နဲ့ဖျော်ထည့်ထားတာပါ..။ အဝါရောင်လေးက ဆွမ်းမွှေးရွက်ကြိတ်ပြီးရတဲ့ အပေါ်ဆုံးအရေကြည်လေး ထည့်နယ်ထားတာပါ...။ မုန့်စပ်တဲ့အချိုးကတော့ ကောက်ညှင်းမှုန့်လေးဆ ဆန်ကြမ်းတစ်ဆနဲ့ပါ...။ အတာသင်္ကြန်မှာ အပါမဖြစ် မြန်မာ့ရိုးရာမုန့်လေးကို သင်္ကြန်အကြိုနေ့တုန်းက လုပ်စားဖြစ်တာလေး ပြန်တင်ပေးလိုက်တာပါ...။
မုန့်ဖက်ထုပ်ကို ဒါပထမဆုံးအကြိမ်လုပ်ဖူးတာ...။ မုန့်နှစ်အချိုးကတော့ မုန့်လုံးရေပေါ်အတိုင်းပဲ နယ်ပါတယ်...။ မုန့်သားထဲကို ဆွမ်းမွှေးကြိတ်ရည်လေးထည့်ထားသေးတယ် ခပ်မွှေးမွှေးနဲ့ စားရတာ ရိုးရိုးမုန့်ဖက်ထုပ်ကနေခွဲထွက်တယ်...။ မုန့်သားနူးညံမွှေးမြပြီး အတွင်းဖက်က အုန်းယိုလေးက ချိုအီလို့ပေါ့...။
အုန်ယိုလုပ်နည်းလေးက လွယ်ပါတယ်...။ ထန်းလျက်အမဲ နှစ်ဆယ်သားလောက်ကို ရေမြှုပ်ရုံလေး ထည့်ကျိုတယ်...။ ထန်းလျက်အားလုံး အရေပျော်သွားတာနဲ့ ရေစစ်နဲ့စစ်လိုက်တယ်...။ ထန်းလျက်ခဲတွေက သဲတွေအမှိုက်တွေသိပ်ပေါတာကိုး...။ စစ်ပြီးသား ထန်းလျက်ရည်ပျစ်ပျစ်လေးကို မီးပေါ်ပြန်တင်ပြီး အုန်းဆံခြစ်လေးတွေထည့်ပြီး ထန်းလျက်ရည်လေးခမ်းပြီး အုန်းယိုလေး စေးလာတဲ့အထိမွှေပေးပြီးရင် ရပါပြီ...။
ငှက်ပျောဖက်ကို မုန့်တစ်လုံးစာ ခပ်သေးသေး ညှပ်ပြီး ရေစိုဝတ်လေးနဲ့သုတ်ပြီး နေပြပေးထားပါ...။ တချို့ကတော့ မိုင်ခရိုဝေ့ထဲထည့်လှည့်ပါတယ်...။ မုန့်မထုတ်ခင် ဖက်ကို ဆီသုတ်ပေးရပါမယ်...။ ဒါမှ ဖက်ကိုခွာစားတဲ့အခါ မကပ်အောင်လို့ပါ...။ မုန့်နှစ်ကို လက်တစ်ဆုပ်စာလုံးပြီး အပြာလေးလုပ်လိုက်ပါ အုန်းယိုကို မိမိစိတ်ကြိုက်ထည့်ပြီး ထာပနာလိုက်ပါလေ...ဖက်ကိုသေချာကျကျနန ထုတ်ပြီး မိနစ်နှစ်ဆယ်လောက်ပေါင်းအိုးထဲပေါင်းရင် ကျက်ပါပြီ...။
မိုးငွေ့





