Showing posts with label simply coral's kitchen(Dessert). Show all posts
Showing posts with label simply coral's kitchen(Dessert). Show all posts

Wednesday, 28 May 2025

မုန့်လင်မယား.....



 

မုန့်လင်မယားလုပ်တဲ့အိုးလေးကို ဝယ်ထားတာကြာလှပြီ...။ လုပ်စားဖြစ်တာက ဒါ ဒုတိယအကြိမ်....။ ကျနော်တို့ လုပ်စားတဲ့မုန့်လင်မယားက ရှမ်းပြည်မှာ ကျနော်တို့ငယ်ငယ်ကစားဖူးတဲ့ အရသာအတိုင်းလုပ်တာ အုန်းနို့နဲ့ သကြားလေးဖြူးစားရတာ....။ သူ့အရာသာက ထားဝယ်က အာပုံမုန့်နဲ့တူတယ်...။ ရန်ကုန်မှာလုပ်ရောင်းသလို ငုံးဥ ပဲပြုတ် တွေ နှမ်းထောင်းတွေနဲ့မဟုတ်ဘူး...။ ပထမတစ်ခေါက်က ရန်ကုန်လိုမျိုးလုပ်စားဖူးတယ် ...။ မုန့်နှစ်စပ်တာခြင်းတော့ကွာသွားတယ်...။ ပဲပြုတ်နဲ့က အငံမုန့်လို့ဆိုပါစို့ သူ့မုန့်နှစ်ကျတော့ ဆန်မှုန့် ပဲမှုန့် ဆား ဆိုဒါ ဆီနဲနဲ ပါတယ်...။ အခု ရှမ်းပြည်ကလိုကျတော့ အချိုလို့ခေါ်ရမှာထင်တယ် သူ့မုန့်နှစ်မှာပါတာက ဆန်မှုန့် ပြောင်းကော်မှုန့်နဲနဲ ဆား နဲ့ အုန်းနို့တို့ပဲဖြစ်တယ်...။

မုန့်လင်မယားဆိုပေမယ့် အဲမုန့်လုပ်တိုင်း တစ်ခုနဲ့တစ်ခုထပ်ထားတာမျိုး တစ်ခါမှမလုပ်ဘူး အဲလို တစ်ခြမ်းဆီပဲ ပန်းကန်ထဲစီပြီးစားလေ့ရှိတယ်.....။ ရှမ်းလိုတော့ ခနုံခုတ်လို့ခေါ်တယ်...။ ယိုးဒယားကနေ ဆင်းသက်လာတဲ့ မုန့်ပဲသရေစာတစ်မျိုးလို့ထင်တယ်...။ ကျနော်အခုလုပ်စားဖြစ်တဲ့ မုန့်စပ်နည်းအချိုးအစာလေးကို ပြောပြပါမယ်...။ မွှေးဆန်စိမ်းမှုန့်တစ်ထုပ် ပြောင်းကော်မှုန့် သုံးဇွန်း baking soda လက်ဖက်ရည်ဇွန်းတစ်ဇွန်းခွဲ ဆားအနယ်ငယ်နဲ့ ရေကိုခပ်ကျဲကျဲထည့်ဖျော်ပြီး နာရီဝက် တစ်နာရီလောက် နှပ်ထားပါ....။ အုန်းနို့ကကျတော့ ကိုယ့်ဘာသာ အုန်းသီးဆံကိုအရည်ညှစ်ထားတာဖြစ်ဖြစ် အုန်းနို့ဗူးဖြစ်ဖြစ်သုံးလို့ရပါတယ်...။ ကျနော်ကတော့ အုန်းနို့ဗူးအသေးတစ်ဗူးသုံးပါတယ်...။ အုန်းနို့ကိုတော့ မုန့်နှစ်ထဲမရောပါဘူး သပ်သပ်ထားထားတာပါ...။

မု့န်လုပ်မယ့်အိုးလေးကို ဆီသုတ်ပြီး အရင်အပူလေးထား....။ ကျနော်တို့အိုးက လျှပ်စစ်အိုးမဟုတ်ဘူး ဂက်စ်နဲ့တည်ရတာ...။ မီးကို အသေးဆုံးထိထားပြီးကြော်ပေးပါ...။ အိုးပူလာရင် မုန့်နှစ်ရည်ကို ဒယ်ထဲတစ်ခွက်ခြင်းဆီလောင်းထည့် အပြည့်မထည့်ပါနဲ့ အုန့်နို့အတွက် နဲနဲနေရာချန်ထားပေးပါ...။ ခွက်လေးတွေအားလုံးမုန့်နှစ်တွေထည့်ပြီးရင် အုန်းနို့ရည်ကို ဇွန်းလေးနဲ့လိုက်ဖြည့်ပေးပါ ပြီးတာနဲ့ အဖုံးလေးခနအုပ်ထား... သုံးလေးမိနစ်လောက်ဆို အနေတော်ပဲ စားလို့ရပြီ...။ အိုးက မကပ်အိုးမို့လို့ ကော်ထုတ်ရတာလဲလွယ်တယ်...။ စားခါနီး သကြားလေးဖြူးစား ဆိမ့်ဆိမ့်လေးနဲ့ သိပ်ကောင်းပဲ...။ ဪ အရေးကြီးတာပြောဖို့မေ့ မုန့်နှစ်လေးကို အိုးထဲထည့်ခါနီးတိုင်း ဇွန်းနဲ့မွှေပေးပါ မုန့်နှစ်တွေ အနည်ထိုင်တတ်လို့ပါ....။








Friday, 14 April 2023

ရှမ်းမုန့်ဖက်ထုပ်.....











 

ကျမရဲ့မွေးရပ်မြေ ရှမ်းပြည်အရှေ့ပိုင်းမှာ သင်္ကြန်ဆိုရင် ဒီလိုရှမ်းမုန့်ဖက်ထုပ်တွေ အများကြီးလုပ်ပြီး အိမ်တွေလိုက်ဝေကြတဲ့ ဓလေ့ရှိတယ်...။ တခြား ရှမ်းတောင် ရှမ်းမြောက်ဖက်ကသူတွေလည်း လုပ်မယ်လို့ထင်ပါတယ် ဒေသအလိုက်လုပ်နည်းလေးတွေ ပါဝင်ပစ္စည်းတွေပဲ ကွဲပြားသွားမယ်ထင်ပါတယ်....။

တကယ်က နှပ်ပြီးသားမုန့်သားပေါ်မှာ ပါးပါးလှီးထားတဲ့ အုန်းသီးဖတ်နုနုလေး နှစ်ဖတ်သုံးဖတ်လောက်ထည့်ကြတယ် ကျမက ဘာမှမပါတဲ့ မုန့်သားကို အုန်းဆံလေးနဲ့ဖြူးစားရတာပိုကြိုက်လို့...။ နှစ်သက်ရင် မြေပဲဆံလေးတွေပါထည့်လည်းရတယ်...။ အွန်လိုင်းမှာ မြောက်ပိုင်းသူ မခမ်းဆုလုပ်ပြတာတော့ နှမ်း မြေပဲထောင်းတွေ မုန့်သားထဲထည့်နယ်တာတွေ့တယ် အဲလိုမျိုးတော့မစားဖူးသေးဘူး...။ 







ကျမတို့ရှမ်းပြည်မှာ သင်္ကြန်ဆို မုန့်ဖက်ထုပ်အပြင် တချို့အိမ်တွေက ရှမ်းခေါက်ဆွဲပါချက်ပြီးဝေသေးတယ်...။ အုန်းသီးဌာပနာတဲ့ မြန်မာမုန့်ဖက်ထုပ်လိုမျိုးလည်းလုပ်ကြတယ်...။ ကျမတို့ငယ်ငယ်က အဲလိုချိန်ဆို အိမ်တိုင်းနီးပါး မုန့်လုပ်ကြတော့ ကောက်ညှင်းဆန်တွေပြည်လိုက်တွေနဲ့ ကျောက်ဆုံရှိတဲ့အိမ်တွေမှာ မုန့်သွားကြိတ်ဖို့တန်းစီရတယ်...။ တရွာလုံးမှ ကြိတ်ဆုံရှိတဲ့အိမ်က ညှပ်ခေါက်ဆွဲလုပ်တဲ့အိမ်တွေမှာပဲရတာကိုး...။ ခုခေတ်တော့ ရယ်ဒီမိတ်ဆန်မှုန့်တွေရှိတော့ အဆင်ပြေတာပေါ့....။

ကျမ ရှမ်းမုန့်ဖက်ထုပ်လုပ်တဲ့ အချိုးပြောပြပါမယ်...

ကောက်ညှင်းဆန်မှုန့်  850 g
ဆန်မှုန့်  200 g
ကျိုပြီးသားထန်းလျက်ရည်ပျစ်ပျစ် 800 ml
ဆား 1 tsp
ဆီ 1 Tbsp
ရေလိုသလောက်

ဆီနဲ့ ရေကလွဲပြီး ပါဝင်ပစ္စည်းအားလုံးကို ဇလုံကြီးကြီးတစ်ခုမှာသမအောင်ရောနယ်လိုက်ပါ...။ မုန့်သားနှံစပ်ခါနီး မုန့်သားလေးခပ်ပျော့ပျော့ဖြစ်အောင် ရေကိုလိုသလောက်နည်းနည်းဆီထည့်ပေး လိုချင်တဲ့အနေထားရောက်ရင် ဆီထည့်နယ်ပြီး နာရီဝက်နှပ်ထားရမယ်....။ မုန့်သားရရင် နေပြသန့်စင်ပြီးဖြတ်ထားပြီးသား ငှက်ပျောဖက်နဲ့ထုပ်ပြီး ရေဆူဆူနှစ်ထပ်ပေါင်းအိုးမှာ နာရီဝက်ပေါင်းပါ...။ မုန့်ရရင် ခနအအေးခံ ဖက်ထဲကခွာယူပြီး အုန်းဆံခြစ်နုနုလေးဖြူးစားပါ အရမ်းကောင်း...။ အရသာက အနီးစပ်ဆုံးပြောရရင် တရုတ်အီကွေ့မုန့်နဲ့ ခပ်ဆင်ဆင်တူပါတယ်....။




_______________________
Revolution will prevail
မိုးငွေ့


Friday, 17 July 2020

စိန်တလုံးကျောက်ကျော.....





ကျွန်မ Paillin's Kitchen ရဲ့ သီးစုံသုံးလွှာ ကျောက်ကျောလုပ်နည်းလေးကိုပြန်ယူပြီး လုပ်ထားတာပါ....။ အရမ်းစားကောင်းတယ်....။ အိမ်မှာ တယ်လီဖုန်းကျောက်ကျော ၂၅ဂရမ်တစ်ထုပ်နဲ့ အုန်းနို့ဗူးလဲအဆင်သင့်ရှိနေတော့ လုပ်ကြည့်လိုက်တာ အဆင်ပြေသွားတယ်....။ သရက်သီးအတုံးလေးတွေနဲ့ ကျောက်ကျောအကြည်သားကတစ်လွှာ အုန်းနို့ကတစ်လွှာ သရက်သီးနှစ်ချည်းပဲကတစ်လွှာလုပ်ထားတာ....။ သရက်သီးအချိုနဲ့ အုန်းနို့အဆိမ့်တွဲဖက်ထွက်လာတဲ့ အရသာက တော်တော်လေးကောင်းတာ...။

Ingredients:
1st layer
water   1 1/3 cup
agar agar 1 3/4 tsp
lychee juice 2/3 cup
sugar 1/3 cup
some mango cubes

2nd layer
coconut milk  3/4 cup
sugar 1/4 cup
agar agar 3/4  + 1/8 tsp
a pitch of salt
sugar 3 Tbsp

3rd layer
Mango juice 3/4 cup
water 1/4 cup
agar agar 3/4 + 1/8 tsp

Place all the ingredient of the first layer in a sauce pan and bring to boil. Lower the heat and simmer until agar agar powder completely dissolves, about 8 minutes.

Pour the jelly into the glass dish or jelly mold  where the mango cubes are placed and leave undisturbed until set. When cool chill the jelly in the refrigerator. Continue the 2nd and 3rd layer as the same. The jelly should separate nicely into 3 layers, a clean layer with mango cubes, a coconut layer and a mango juice layer. Remove from mold, cut and serve cold.

ဖော်ပြပါအချိုးနဲ့ဆို 10x10x1.5 ဗန်းနဲ့အဆင်ပြေတယ်....။ အိမ်မှာ ဗန်းမရှိလည်း တခြားလေးတောင့်ဖန်ဗူးလေးတွေနဲ့အဆင်ပြေရာထည့်လို့ရပါတယ်....။ အရေးကြီးတာက တစ်လွှာပြီးလို့ နောက်တစ်လွှာထပ်လောင်းတဲ့အခါ လောင်းထားပြီးသားအလွှာ ခဲမခဲသေချာလက်နဲ့တို့ကြည့်ပြီးမှ နောက်တစ်လွှာထပ်လောင်းထည့်ပါ...။ မဟုတ်ရင် အလွှာလိုက်မဖြစ်ဘဲ အကုန်ရောသွားမှာ....။ ပထမဆုံးအလွှာ(အောက်ဆုံးလွှာ) ပုံမှာပြထားတာကတော့ သရက်သီးတုံးလေးတွေပါတဲ့အလွှာပေါ့...။ ပန်းကန်မှာ ပြင်ဆင်တဲ့အခါ အဲဒီအလွှာကိုအပေါ်မှာပြန်ထားရတာ...။ တယ်လီဖုန်းကျောက်ကျော ၂၅ဂရမ်တစ်ထုပ်ဆို နှစ်ခါလုပ်စားလို့ရတယ်...။ 

ကိုယ်ကျောက်ကျောထည့်မယ့်ဗန်းထဲကို လေးတောင့်တုံးလေးတွေလှီးထားတဲ့ သရက်သီးလေးတွေကို စီထည့်လိုက်ပါ...။ ပြီးရင် လက်ကိုင်အိုးတစ်ခုမှာ ပထမလွှာမှာ လိုအပ်တဲ့အရာတွေအကုန်ထည့်ပြီး သေချာသမအောင်မွှေပေးပါ Lower heat နဲ့ သကြားနဲ့ကျောက်ကျောမှုန့်တွေပျော်သွားပြီး ဆူလာတဲ့အထိအပူပေးပါ..... ။ တအားပွက်ပွက်ဆူနေအောင်မတည်ရပါ...။ ဆူလာတာနဲ့ မီးလျှော့ပြီး ခနလောက်ဆက်မွှေပေးပါ...။ ပြီးတာနဲ့ မီးပိတ်ပြီး စောစောက သရက်သီးတုံးလေးတွေစီထားတဲ့ဗန်းထဲ ဇကာစစ်နဲ့ ဖြေးညှင်းစွာလောင်းချလိုက်ပါ...။ ကျန်တဲ့ အလွှာတွေကိုလည်း ဒီတိုင်းပဲဆက်လုပ်သွားပြီး ကျောက်ကျောမျက်နှာပြင်တင်းပြီးမှ ရေခဲသေတ္တာထဲ အနည်းဆုံး ၃နာရီလောက်အအေးခံပြီးမှ လိုရာပုံလှီးဖြတ်၍ သုံးဆောင်နိုင်ပါပြီ....။






မိုးငွေ့

Tuesday, 30 June 2020

ထိုင်းသရက်သီးအုန်းနို့ကောက်ညှင်း.....

 



ဒီထိုင်း သရက်သီးအုန်နို့ကောက်ညှင်းကို အိမ်မှာတစ်ခါမှလုပ်မစားဖူးဘူး ဆိုင်မှာပဲဝယ်စားဖူးတာ...။ ခုသရက်သီးတွေပေါတော့ အိမ်မှာ အုန်းနို့ဘူးကလဲ အဆင်သင့်ရှိနေတော့ လုပ်စားဖြစ်သွားတာ...။ ပြီးတော့ ကျွန်မတို့က ရှမ်းပြည်ဇာတိမို့လို့ ကောက်ညှင်းပေါင်းကို ထမင်းလိုစားနေတာ ဒီမှာတော့ တစ်ပတ်တစ်ခါ ပိတ်ရက်တိုင်း ပေါင်းစားဖြစ်တယ်...။ အခု အမေပေါင်းတဲ့ ကောက်ညှင်းပေါင်းထဲက နဲနဲယူပြီးလုပ်ကြည့်တာ...။ ကောက်ညှင်းပေါင်းနည်းလေးကို အရင်ပြောပြမှထင်တယ်...။ ဒါက ကျွန်မတို့အိမ်က ပေါင်းတဲ့နည်းပေါ့ ...။ တစ်ယောက်နဲ့တစ်ယောက် ပေါင်းနည်းတွေမျိုးစုံကွဲပြားပါလိမ့်မယ်...။ ပေါင်းချောင်နဲ့ပေါင်းနည်း လျှပ်စစ်ထမင်းအိုးနဲ့ချက်တဲ့နည်း စသဖြင့်ပေါ့...။

ကျွန်မက လျှပ်စစ်နှစ်ထပ်ပေါင်းအိုးနဲ့ပေါင်းပါတယ်....။ ကောက်ညှင်းဆန်ကိုညကတည်းက အနောက်ရည်တွေကုန်တဲ့အထိ သေချာဆေးပြီး ရေသန့်နဲ့ နှစ်လက်မလောက် ရေမြှုပ်ပြီးစိမ်ထားပါတယ်....။ မနက်မိုးလင်းပေါင်းတဲ့အခါ စိမ်ထားတဲ့ဆန်ကို ရေထပ်မဆေးရတော့ပါဘူး...။ ဆန်ကိုဇကာတစ်ခုမှာရေစစ်ထားပါ...။ ပေါင်းမယ့်အိုးကို အောက်အိုးမှာရေထည့်ပြီး ဆူလာတဲ့အထိတည်ထားပါ...။ ကောက်ညှင်းဆန်ရေစစ်သွားရင် အပေါက်ပါတဲ့ အပေါ်အိုးမှာ ပိတ်ပါးစခင်းပြီး ကောက်ညှင်းဆန်စစ်ထားတာကို ထည့်ခင်းလိုက်ပါ ညီညီညာညာလေးခင်းပြီးရင် အဖုံးအုပ်ပြီး ရေဆူအိုးပေါ်တင်ပြီး နာရီဝက်ပေါင်းပေးပါ....။ နာရီဝက်ပြည့်ရင် အိုးကိုခဏချပြီး ဇလုံတစ်ခုထဲသွန်ထည့်ပါ ရေအေး ခွက်တစ်ဝက်လောက် နေရာအနှံ့ဖျန်းပေးပြီး (ရေက ဆန်အနည်းအများပေါ်မူတည်ပြီး အလျော့အတင်းရှိပါတယ်)...။ ယောင်းမနဲ့သမအောင်မွှေပေးပြီး ၁၅မိနစ်လောက် အဖုံးအုပ်ထားပါ...။ ရေတွေ ဆန်ထဲကိုစိမ့်ဝင်ဖို့ ခနနှပ်ထားတဲ့သဘောပါ....။ ပြီးရင် ရေဆူအိုးပေါ် နောက်ထပ် မိနစ်၂၀လောက်ထပ်ပေါင်းပေးပါ...။ 


 Credit to Rins CookBook from You Tube



For sticky rice:
1lb sticky rice
1 1/4 cups sugar
2 3/4 cups coconut milk
1 tsp salt
1 Pandan leaf

For coconut sauce:
1/2 cup coconut milk
1/2 tsp corn starch
1 Tbsp sugar
a pitch of salt
Serve with ripe mango and coconut sauce 


ကောက်ညှင်းထဲထည့်နယ်ဖို့ အုန်းနို့နှစ်လုပ်နည်းကိုပြောပြပါမယ်....။ အိုးတစ်လုံးထဲ အုန်းနို့ သကြား ဆား ဆွမ်းမွှေးရွက် ထည့်ပြီး မီးအေးအေးနဲ့ကျိုပါမယ်.... ။ အုန်နို့ပူလာပြီး သကြားပျော်ရင်ရပါပြီ တအားဆူပွက်စရာမလိုပါဘူး အုန်းဆီတွေထွက်လာမှာစိုးလို့ပါ....။ ပေါင်းထားတဲ့ ကောက်ညှင်းပူပူလေးထဲကိုလောင်းထည့်ပြီး နှံ့အောင်မွှေပေးပါ...။ ၄၅ မိနစ် အဖုံးအုပ်ထားပါ....။ ဒီနေရာမှာ ကောက်ညှင်းရော အုန်းနို့ရောပူနေတဲ့အချိန်မှာပဲ ထည့်ရောရပါမယ် အေးသွားရင် ကောက်ညှင်းတွေမာသွားတတ်ပြီး အုန်နို့စိမ့်ဝင်မှုအားလည်းနည်းသွားမှာမို့လို့ပါ...။ကောက်ညှင်းပေါ်ဆမ်းစားတဲ့ အုန်းနို့ဆော့လုပ်ဖို့ ဖန်ခွက်တစ်ခုမှာ အုန်းနို့ သကြား ဆားနဲ့ ပြောင်းကော်မှုန့်တို့ကိုထည့်ပြီး ဇွန်းနဲ့အားလုံးသမအောင်သေချာမွှေပေးပါ...။ ပြီးရင် micro wave ထဲ တစ်မိနစ် ကနေ နှစ်မိနစ်ထိ အပူပေးပါ...။ ဒါဆို အုန်းနို့ဆော့ရပါပြီ...။ ပွဲပြင်မယ်ဆို ပန်းကန်ပြားထဲ ကောက်ညှင်းကို ပုံဖော်ခွက်နဲ့ထည့်ပြီး ပဲဝါလေးလှော်စေ့ မရှိရင် နှမ်းနဲနဲဖြူးပြီး သရက်သီးစိပ်လှလှလေးတွေစိပ်ပြီး စီထည့် အပေါ်ကထပ်ဆမ်းစားလို့ရအောင် အုန်နို့အနှစ်ရည်လေးကို တစ်ခွက်သပ်သပ်ပြင်ပေးရင် သုံးဆောင်ဖို့ အဆင်သင့်ရပါပြီ...။






မိုးငွေ့

 

Friday, 19 April 2019

ကန်စွန်းဥပြင်.....




ကန်ဇွန်းဥပြင်ရဲ့အခြေခံသဘောတရားက သာကူပြင်ကလာတာပါပဲ...။ ပထမဆုံးစားဖူးတာက ဗဟိုလမ်းမပေါ်မှာရှိတဲ့ “ပန်းခရေ”ဆိုတဲ့ အိမ်ချက်မုန့်ဟင်းခါးဆိုင်ကပါ...။ ပန်းခရေမုန့်ဟင်းခါး စားကောင်းတယ် ညွှန်းကြလွန်းလို့ သွားစားရင်း အော်ဒါမှာထားတဲ့ ကန်ဇွန်းဥပြင်လေးကို မြည်းကြည့်ဖြစ်သွားတာပါ...။ အရသာတော်တော်ကောင်းတယ် သာကူပြင်ထက်ကို ကောင်းတယ်...။ တခါသုံး အဖုံးပါတဲ့ ကော်ဗူးပျော့လေးနဲ့ နှစ်လက်မပတ်လည် ထုတစ်လက်မခွဲလောက် တစ်တုံးကို တစ်ခါစာစားဖို့ ဇွန်းပါပါပြီး 1500/- ပါ...။ အဲဒါနဲ့ ဆိုင်ရှင်ကိုနည်းနည်းစပ်စုလိုက်တယ် ဒီထဲမှာဘာတွေပါလည်းပေါ့...။ အချိုက သကြားမသုံးဘူး ကန်ဇွန်းဥရဲ့ သဘာဝအချိုနဲ့ပဲဖုတ်ထားတာတဲ့ ကန်ဇွန်းဥကိုအသားထဲ ဘာတွေထည့်ထားလဲတော့ မမေးတော့ပါဘူး စားကြည့်ရင်းနဲ့ မှန်းကြည့်လိုက်တာ...။ အိမ်မှာ ပြန်လုပ်ကြည့်တော့ဖြစ်သွားတယ်..။ အသစ်အဆန်းမုန့်လုပ်ရင် ပထမဆုံးအကြိမ်က ပျက်တာများတယ်လေ ဒီတစ်ခါ ကန်ဇွန်းဥပြင်ကို စမ်းလုပ်တာမပျက်ဘူး...။ အပေါ်ယံက အုန်းနို့ကျိုနည်းလေးပဲ You Tube မှာ သာကူပြင်လုပ်တဲ့နည်းကို သွားကြည့်လိုက်တယ်...။ အုန်းနို့ပျစ်လာအောင် ဂျုံမုန့်လေးအရေဖျော်ထည့်ကျိုရတာ...။

ကျွန်မ ဒီကန်ဇွန်းဥပြင်ကို သုံးကြိမ်လုပ်ကြည့်ပြီးပြီ မြန်မာကန်ဇွန်းနဲ့တစ်ခါ ဂျပန်ခရမ်းရောင်ကန်ဇွန်းဥနဲ့ တစ်ခါ နောက်ဆုံးရွှေကန်ဇွန်းနဲ့တစ်ခါလုပ်ကြည့်ခဲ့တယ်...။  ဂျပန်ကန်ဇွန်းက အသားစေးပြီး အရောက်လှတယ် အချိုပေါ့တယ်...။ မြန်မာကန်ဇွန်းတွေကတော့ စေးပျစ်မှုနည်းတယ် အချိုလေးတယ် မုန့်ဖုတ်တဲ့အခါ ပြောင်းကော်မှုန့်လေး နည်းနည်းထည့်နယ်တယ်...။ လုပ်နည်းကို အသေးစိပ်မသိပေမယ့် ကိုယ်ဘာသာ ကိုယ်နည်းနဲ့ကိုယ် ပြောင်းကော်မှုန့်ထည့်လိုက်တာ... မုန့်သားလေးကျစ်ပြီး အခဲလေးဖြစ်အောင်လို့...။ ကျွန်မလုပ်တဲ့ ကန်ဇွန်းဥပြင် Recipe လေးကို အသေးစိပ်ပြောပြပါမယ်...။

ပါဝင်ပစ္စည်းများ

ကန်ဇွန်းဥ တစ်ပိဿာ (မိမိနှစ်သက်ရာ ကန်ဇွန်းဥ)
အုန်းနို့ တစ်လီတာဗူးတစ်ဗူး 
ဆားအနည်းငယ်
ပြောင်းကော်မှုန့်ခွက်တစ်ဝက်
ဂျုံမှုန့် ထမင်းစားဇွန်း ငါးဇွန်း

Since I was (not use) stop posted on my face book, but I have been posting my baking and cooking on my instagram. Now I have to show you guys my new recipe of sweet potatoes cake with coconut cream. Let's see.

Ingredients :

Sweet Potato 1 1/2 Kg
Coconut Milk 1 Litter
Flour  5 Tbsp
Corn Starch 1/2 Cup
Salt 1/2 tsp
Butter for grease

First, Clean up all the sweet potatoes, drain and steam for about 20 mins, make sure the sweet potatoes can mash. Preheat oven and grease the 12'' x 12 '' square pan. Then let's cool the steam sweet potatoes and peel off. Put the sweet potatoes in the large bowl and start mash. Add the corn starch and knead with hands to the smooth dough. Press the dough into the pan, level with the spatula and set a side. Add 1/2 cup of water, salt into the flour and stir thoroughly. Add the flour into the coconut milk and stir to combine. Put the coconut mixture into a saucepan, simmer  on medium heat , stirring with the whisk it all the time, gently until thick. Pour the thick coconut mixture on the sweet potatoes and bake at 200 C for 25 mins. Remove from oven, cool down totally and chill for at least 5 hours before consume.


 ပထမ 10မိနစ်လောက်ပဲအပေါ်မီးအောက်မီးပေးပါ 
ကျန်တဲ့အချိန်ကို အောက်မီးပိတ်ပြီး အပေါ်မီးနဲ့ပဲဖုတ်ပေးပါ...










ဒါက ကျွန်မတို့ မနှစ်က သိက္ခာထပ်ပေးထားတဲ့ ဦးဇင်းဦးသုန္ဒရရှိတဲ့ သုစိတ္တာရုံ ပရိယတ္တိစာသင်တိုက်က စာဖြေကိုယ်တော်တွေ အတွက် အာရုံဆွမ်းသွားကပ်တုန်းက အချိုပွဲလေးပါ ရွှေကန်းဇွန်းဥပြင်ပါ...။ ဘုန်းဘုန်းတွေကိုကပ်တဲ့ပွဲ ဓါတ်ပုံမရိုက်ထားမိလို့ ရွှေကန်ဇွန်းဥနဲ့ နောက်တစ်ခါလုပ်ဖြစ်ရင် ထပ်တင်ပါ့မယ်..။ ဦးဇင်းက ဘုန်းပေးပြီးတော့ ချီးကျူးသေးတယ် ဒကာမရဲ့ ကန်ဇွန်းဥပူတင်းက သိပ်ကောင်းတာပဲတဲ့...။ ကန်ဇွန်းဥရဲ့ သဘာဝအချိုနဲ့ အပေါ်က အုန်းနို့နံ့မွှေးမွှေးဆိမ့်ဆိမ့်နဲ့မို့ သာကူပြင်ထက် ပိုစားကောင်းတယ်ဆိုတာ အာမခံပါတယ်...။ အချိန်အားလေးရှိရင် လုပ်စားကြည့်ပါ အရမ်းလွယ်လွန်းလို့ပါ...။


Enjoy Baking !!!!!!!!!


မိုးငွေ့


Saturday, 8 November 2014

ငှက်ပျောပေါင်း.....

 
အစ်မစိုးမာလာဆီကနည်းနဲ့ပေါင်းထားတဲ့ ငှက်ပျောပေါင်းလေးပါရှင့် :)



ငှက်ပျောသီးဆယ်လုံး+အုန်းသီးခြစ်တစ်လုံးရဲ့ သုံးပုံနှစ်ပုံ+သကြားတစ်ခွက်+ပြောင်းကော်မှုန့်တစ်ခွက်





ငှက်ပျောသီးအားလုံးကိုခြေထားပြီးရင် ကြိတ်စက်ထဲကို အုန်းသီးဖတ်နဲ့သကြားထည့်ကြိတ်ပါမယ် အုန်းသီးခြစ်တွေကို မုန့်ပေါ်ဖြူးဖို့ နည်းနည်းချန်ထားပါ...။ ပြောင်းကော်မှုန့်ကိုရေနဲ့ခပ်ပျစ်ပျစ်လေးဖျော် ဆားထည့်ပြီး ကြိတ်ထားတဲ့ အုန်းသီးနဲ့သကြားထည့်ရော ငှက်ပျောသီးထည့်ရောပြီး သမအောင်မွှေ ပေါင်းမယ့်ခွက်လေးတွေကို ဆီသုပ်ပြီး မုန့်နှစ်ကို ခွက်မပြည့်ခင်လေးထိထည့်ပြီး အုန်းသီးခြစ်လေးဖြူ ပေါင်းအိုးထဲကို မိနစ် 20 လောက်ပေါင်း မုန့်ကျက်မကျက်ကို သွားကြားထိုးတံလေးနဲ့ထိုးကြည့် မုန့်နှစ်တွေကပ်ပါမလာရင် ရပါပြီ...။






ပိတ်ရက်ကလေးမှာ နေ့ခင်းစာ အစာပြေပဲဖြစ်ဖြစ် ထမင်းစားပြီးအချိုတည်းဖို့ပဲဖြစ်ဖြစ် အလွယ်တကူလုပ်စားနိုင်ဖို့ ငှက်ပျောပေါင်းပူပူလေးကို မျှဝေပေးလိုက်ပါတယ်ရှင့်....။




ပျော်ရွှင်အေးချမ်းသော ပိတ်ရက်ကလေးဖြစ်ပါစေ....:)


မိုးငွေ့

Friday, 24 January 2014

အိမ်လုပ်စတော်ရေခဲမုန့်နဲ့စတော်ဒိန်ချဉ်.....

 


ဒီနှစ်ရန်ကုန်မှာ စတော်ဗယ်ရီသိပ်ပေါတယ် ဈေးလဲမဆိုးဘူး အလုံးလေးတွေပိုသန့်လာတယ် ...။ ခါတိုင်းနှစ်တွေလို ဝါးခြင်းထဲဖက်ခုပြီး အပုပ်တွေအောက်ခံရောင်းတာမျိုးမဟုတ်တော့ဘူး...။ ဘာပဲဖြစ်ဖြစ် အလုံးသန့်ချည်းထည့်ရောင်းတော့ ဈေးကြီးလဲ စားသုံးသူက အားရကျေနပ်တယ် တန်တယ်ထင်ပြီး ဝယ်ကြတာပဲမဟုတ်လား...။ ခါတိုင်း ပေါ်ခါစဆို တခြင်းထောင့်ငါးရာလောက်ရှိတယ် ခုတစ်ခြင်းကို ရှစ်ရာတစ်ထောင်အဲလောက်ပဲ အလုံးလေးတွေက ပိစိကွေးတွေမဟုတ်တော့ အလုံးသန့်သန့်ကြီးကြီးတွေ ချိုလည်းအားကြီးချိုတယ်...။ အသီးကမာမာကြီးမဟုတ်ဘူး ပျော့တယ် သဲစင်အောင်ရေသေချာဆေးစစ်ပြီး လက်ဖျော်မယ်ဆို ဓါးနဲ့လိုသလိုလှီးပြီး သကြား ဒိန်ချဉ်ရောပြီး ခပ်ပစ်ပစ် ဖျော်သောက်ပါလေ..။ နှစ်ခြင်းဆို လူငါးယောက်စာရတယ်...။ သို့မဟုတ်လည်း ဒီတိုင်းလေး ရေခဲသေတ္တာထဲ အလုံပိတ်ဗူးလေးနဲ့အအေးခံပြီး သကြားလေးနဲ့တို့စားစား ဒီတိုင်းလေးပဲကိုက်စားစားကောင်ပါ၏။





 


ကိတ်မုန့်ကို ပိတ်ရက်မှာ အားရင်အားသလို စမ်းလုပ်ကြည့်နေတယ်...။ ဒီတစ်မျိုးက ထောပတ်သီးကိတ် ဘိုလိုတော့ Avocado pound cake လို့ခေါ်တာပဲ...။ ထောပတ်နဲ့နို့ကိုဖျော်စက်နဲ့မွှေပြီးသပ်သပ်ထား သကြား ထောပတ် ဂျုံ ပြောင်းဂျုံမှုန့် မုန်ဖုတ်ဆိုဒါ စတာတွေချင်ထားလိုက်တယ်..။ ထောပတ်နဲ့သကြား သစ်ခွအရသာတို့ကို ခရင်မ်ဖြစ်တဲ့အထိ စက်နဲ့မွှေ့ ပြီးတာနဲ့ ကြက်ဥကိုတစ်ကြိမ်တစ်လုံးဆီထည့်မွှေမယ် သမသွားမှ ကြိတ်ထားတဲ့ထောပတ်သီးနဲ့နို့ထည့်မယ် သေချာသမအောင်မွှေပြီးရင် ဇကာစစ်ထားတဲ့ဆား ဂျုံနဲ့အမှုန့်တွေအားလုံးထည့်ပြီး အနှေးနှုန်းနဲ့မွှေပေးနေမယ်...။ မုန့်ဖုတ်မယ့်ခွက်ထဲကိုထည့်ပြီး 180 ကြိုတင်အပူပေးထားတဲ့ မုန့်ဖုတ်ဖိုထဲ 45 မိနစ်ဖုတ်မယ်...။ သွားကြားထိုးတံလေးနဲ့ထိုးစမ်းကြည့်ပြီး မညစ်ပေဘဲပြန်ထွက်လာရင် ရပါပြီရှင်...။


Avocado Pound cake 

*makes a loaf pan Flesh of 1 Avocado 50ml milk 125g butter, softened 150g sugar 1/2tsp vanilla extra 2 eggs 200g cake flour 40g Polenta (fine corn meal) 1/2tsp baking powder 1/2tsp baking soda 1/4tsp salt Method 1. Blend avocado flesh together with milk, set aside. 2. Beat butter, sugar and vanilla until light and creamy. 3. Add in eggs one at a time, beating well after each addition. 4. Put in avocado milk mixture, combine well. 5. Add in flour, Polenta, baking powder, baking soda and salt, mix well. 6. Bake in a pre-heated oven at 180c for 45 minutes or until done when tested with a skewer.






အိမ်နားချင်းကအစ်မတွေဆီသွားတော့ သူတို့အိမ်မှာ ငှက်ပျောချဉ်တစ်ခိုင်ကြီးတွေ့တာနဲ့ တောင်းခဲ့တာ ဆယ်လုံးလောက်ဖြုတ်ခဲ့တယ် သူတို့က တခိုင်ဖြတ်ယူသွားတဲ့...။ အဲငှက်ပျောချဉ်ကိုအခွံခွာ အဖုံးလုံတဲ့ ဗူးထဲထည့်ပြီး ခဲခန်းထဲခဲထားလိုက်တယ်...။ အမေက ဒိန်ချဉ်ဖျော်ဖို့စတော်ဗယ်ရီကို သကြားနဲ့နှပ်ထားတာကို နဲနဲယူပြီး သူ့လဲခဲထားလိုက်တယ်...။ တစ်ညသိပ်ထား လိုက်တယ်ပေါ့...။ နောက်နေ့ကျမှ ခဲထားတဲ့ ငှက်ပျောခုနှစ်လုံး စတော်ဗယ်ရီလက်တဆုပ်စာနဲ့ သကြားခုနှစ်ဇွန်း နွားနို့ 50ml ရောပြီးဖျော်စက်ထဲကြိတ်လိုက်တယ်...။ ပုံထဲကအတိုင်းပစ်ပစ်လေးရတယ် အဲဒါကို ခွက်ထဲထည့်ပိတ် ပြန်ခဲထားနောက်တစ်ညပေါ့...။ ညမသိပ်ချင်လဲ ငါးနာရီခဲပြီးရင် စားလို့ရပါပြီ။


Freezer ထဲက သန့်ရှင်းလတ်ဆတ် လည်ချောင်းနာရမှာလည်းမပူရတဲ့ အိမ်လုပ်ငှက်ပျောစတော်ရေခဲမုန့်လေးကို ကြိုက်ရာပန်းကန်ခွက်ယောက်ထဲထည့်ပြီး သုံးဆောင်လို့ရပါပြီ



  ဒါက စတော်ဗယ်ရီချည်းလုပ်ထားတဲ့ ရေခဲမုန့်

ပျော်ရွှင်ချမ်းမြေ့သော ပိတ်ရက်လေးဖြစ်ပါစေ...:)



မိုးငွေ့

Monday, 1 July 2013

ရွှေဖရုံသီးကြက်ဥပေါင်းနှင့် နမ်းကပ်ကြော်မုန့်

ချိုဆိမ့်မွှေးကြက်ဥဖရုံသီးပေါင်း



ချေထားတဲ့ရွှေဖရုံနှစ်တွေကို ကြက်ဥနဲ့ရောပြီး ပေါင်းမယ့်ခွက်အောက်ခံမှာ ညောင်စေကျအောင်ကျိုထားတဲ့ ကြံသကာခံပြီး ကြက်ဥနှစ်ကိုလောင်းထည့်ထားတာ



 ရွှေဖရုံသီး(အစေးသီးကိုရွေးဝယ်ပါ) 450g သို့မဟုတ် တစ်ခြမ်းကို နှစ်စိပ်ပြန်စိပ်ထားတာ မိုက်ခရိုဝေ့ဖ်ထဲ 8မိနစ်လောက်လှည့်လိုက်ပါ...။ ပေါင်းအိုးထဲထည့်ပေါင်းရင် အချိန်ကြာပါတယ်။


ရလာတဲ့ ရွှေဖရုံသီးအနှစ်ကို ယောက်မနဲ့(သို့) potato mash နဲ့ကျေအောင်ခြေပြီး ကောက်ညှင်းမှုန့် တစ်ခွက်ခွဲထည့် ညောင်စေးကျအောင်ကျိုထားတဲ့ ကြံသကာထည့် ဆားနဲနဲထည့်ပြီး နယ်


ဒါက လုံးဝချောမွတ်သွားအောင် (ကိတ်မုန့်နယ်တဲ့အခါ Fold လုပ်ပြီးနယ်တဲ့နည်းနဲ့) နယ်ထားတဲ့ မုန့်သား


မကပ်တဲ့အိုးမှာ မုန့်ကိုအပြားဝိုင်းလေးလုပ်ပြီး နမ်းအဖြူအနက်ရောထားတဲ့ ပန်းကန်ထဲမှာ နှစ်ဖက်ကပ်ပြီး မီးမြေ့မြေ့မှာ တစ်ဖက်ကိုသုံးမိနစ်ဆီကြော်ပေးပါ...။ ဖရုံသီးအရသာနဲ့နမ်းနဲ့ ဆိမ့်ဆိမ့်ကလေးစားလို့ကောင်းတယ်...။


ဒါကမကြော်ချင်ရင် ဆီသုပ်ထားတဲ့ ကြွေခွက်ထဲထည့် နမ်းဖြူးပြီး မိနစ်နှစ်ဆယ်ပေါင်းထားတဲ့ ရွှေဖရုံသီးမုန့်
အီကွေ့မုန့်လိုပဲ စေးစေးလေးနဲ့


မိုးအေးအေးမှာ ရွှေဖရုံမုန့်ပေါင်းလေးတွေနဲ့ နွေးထွေးပျော်ရွှင်ကြပါစေ


မိုးငွေ့


Tuesday, 23 October 2012

သီးစုံဂျယ်လီ နဲ့ ကော်ဖီဂျယ်လီ နို့ဆမ်း





 


ဂျယ်လီလုပ်ဖို့ဒီစာအုပ်လေးဝယ်ဖတ်တယ်...။ သူက agar power ကိုဘယ်လိုအချိုးထည့်ဆိုပြီး ရေးထားတယ် သူ့အတိုင်းလုပ်ကြည့်တာ ဂျယ်လီကနဲနဲမာသွားတယ်...။ ဒါနဲ့ ရေထပ်ထည့်ပြီးပြန်ကျိုတယ်... အမှုန့်တစ်ဗူးထပ်ဝယ်လာပြီး ရေနွေးနဲ့ဖျော်ပြီးထပ်ထည့်တော့ အဆင်ပြေသွေားတယ်...။ အမှန်တော့ ဂျယ်လီလုပ်တဲ့ အမှုန့်ကသပ်သပ်ရှိတာ ကျောက်ကျောနဲ့မတူဘူး..။



စီးတီးမတ်ကနေ ဒီအထုပ်လေးဝယ်ခဲ့တယ် ထပ်ပြီးစမ်းလုပ်ကြည့်ချင်လို့.... သူရေးထားတာကတော့ coffee agar dessert mix တဲ့...


Junction Square ကထောင့်ရှစ်ရာတန်ဆိုင်က၀ယ်ခဲ့တာ ပန်းသီးပုံခွက်နှစ်လုံးနဲ့ ကိတ်မုန့်ဖုတ်တဲ့ ခွက်တစ်ခု အမှန်တော့ ဂျယ်လီမိုခွက်လေးတွေသွားရှာတာ အဲဒါပဲတွေ့ခဲ့တယ်... အဲဒီဆိုင်က မီးဖိုချောင်သုံး အိုးခွက်ပန်းကန်ပိစိလေးတွေချစ်စရာလေးတွေအများကြီးပဲ ရောက်တိုင်းသွားသွားငမ်းနေကျလေ...


 
 ဒါက နို့စမ်းမဆမ်းခင် ကော်ဖီဂျယ်လီလေး


ကော်ဖီဂျယ်လီနို့ဆမ်း စားလို့ရပါပြီရှင်.... အထုပ်ထဲက အညွှန်းအတိုင်းအတိအကျလုပ်တာ ဘာမှမခက်ဘူး ရေ 480ml ထဲကိုအမှုန့်တစ်ထုပ်လုံးထည့်ပြီး ရေဆူလာတဲ့အထိမွှေပေးရတာ.. ကော်ဖီ သကြား ဂျယ်လီအမှုန့်အကုန်ရယ်ဒီစပ်ထားပြီးသားလေ... 


 ဒါလေးက ပန်းသီးခွက်နှစ်ခွက်ထဲထည့်ပြီး ပိုတဲ့အရည်ကို အိမ်မှာရှိတဲ့ ဂျယ်လီခွက်ထဲကိုထည့်လိုက်တာ တစ်ကဒ်စာရတယ်...
 
အချိုပွဲစားဖို့ ဇွန်းခရင်းလေးတွေလည်းဝယ်ခဲ့တယ်

 ဖက်ထုပ်ပုံဖော်တဲ့ခွက်လေးနဲ့ ဖက်ထုပ်လှိမ့်တဲ့သစ်သားချောင်း
ဒါလေးအကောင်ထည်ဖော်ပြီးရင်တင်ပေးမယ်...း)

cookies cutter ၊ pan cake ring နဲ့ မုန့်လုပ်တဲ့အခါ ထောပတ်တို့ ကြက်ဥတို့သုတ်တဲ့ ဘရှပ်ပါဝယ်ခဲ့သေးတယ်... အဲဒီကာ့တာတွေကို ကွပ်ကီးလုပ်ဖို့မဟုတ်ဘူး ကောက်ညှင်းပဲသိတ်နှမ်းသိတ်မုန့်လုပ်မလို့ အပြာရောင်လေးတွေ့လား အိန်ဂျယ်လေးပါပါတယ်...း)

 
ထမင်းသွားစားနေကျ ယိုဒယားဆိုင်တစ်ဆိုင်ကလုပ်တဲ့ ဆွမ်းမွှေးဒူးရင်းကိတ်ကိုကြိုက်လွန်းလို့ အခြေခံခြင်းတူတဲ့ ဒီမုန့်လုပ်စာအုပ်လေးဝယ်လာတယ်...။ လောလောဆယ် မုန့်ဖုတ်တဲ့မီးဖိုကိုမ၀ယ်ရသေးတာ..။ ပြောတာလဲကြာနေပါပြီ...။ နှစ်စကတည်းက ခုထိအကောင်ထည် မဖော်နိုင်သေးဘူး...။ မုန့်ဖုတ်ဖြစ်လို့အောင်မြင်သွားရင် လာကြွား...အဲလေ လာကျွေးပါဦးမယ် သယ်ရင်းတို့ကို...။

ဥပုသ်နေ့မှာ ဥပုသ်စောင့်တဲ့သူတွေရော သက်သတ်လွတ်စားသူတွေ မစားသူတွေအားလုံး အချိုတည်းနိုင်ဖို့ တင်ပေးလိုက်ပါတယ်...။

မိုးငွေ့

Wednesday, 17 October 2012

အချိုပွဲနှင့် သရေစာများ.....

 
ကောက်ညှင်းမှုန့် နှစ်ခွက်ကို ဆားအနည်းငယ်နဲ့ရေလိုသလောက်ရောပြီး အားရပါးရနယ်ပေးပါ...လိုအပ်ရင် လက်တီးနဲ့ထိုးနယ်ပါ...။ နယ်ပြီးသားကောက်ညှင်းဒိုးသားကို ပိတ်ပါးအစိုလေးနဲ့ဖုံးပြီး မိနစ်နှစ်ဆယ်လောက်နှပ်ထားပါ...။ အဲဒီချိန်မှာ ညကတည်းကစိမ်ထားတဲ့ ပဲဝါလေးကိုပေါင်းပြီး ကြိတ်စက်နဲ့ကြိတ်မယ် ...။ ထန်းညှပ်မသုံးချင်ရင် သကြားညိုကို အရောင်ရအောင် အိုပူတိုက်လှော်ပြီး သကြားပျော်မှ ပဲထဲထည့်နယ်ထားမယ်...။ နောက်...မုန့်လုံးကပ်ဖို့ နှမ်းအဖြူနဲ့အမဲ....။ အုန်းသီးကြိုက်ရင် အုန်းယိုထိုးပြီးလည်းအစာသွတ်လို့ရပါတယ်...။

နယ်ထားတဲ့ ကောက်ညှင်းဒိုးသားကို အရွယ်တော်အလုံးလေးလုံးပြီး ပဲထည့်ဖို့ မုန့်သားကိုလက်ဝါးနဲ့ပြားအောင်ဖိလိုက်ပါ ပဲထည့်ပြီး သေချာပြန်လုံးပြီး နှမ်းကပ်လိုက်ရင် ပုံထဲကအတိုင်းနှမ်းဖြူနဲ့ နှမ်းမဲ ကောက်ညှင်းလုံးလေးတွေရပြီပေါ့....။ ဇောက်နက်တဲ့ ဒယ်ထဲ ဆီဆူအောင်ထားပြီး မီးနဲနဲပြန်လျှော့ နှမ်းကပ်လုံးတွေကို ရွှေဝါရောင်သန်းလာတဲ့အထိကြော်ပေးပြီး kitchen paper နဲ့ဆီစစ်ပေးထားပါ...။ ကြော်တာနဲနဲကြာတာနဲ့ မုန့်သားတွေကွဲထွက်လာပါလိမ့်မယ်..။ ဒါကြောင့်ကြော်တဲ့အခါ သတိထားပေးရပါမယ်...။ ဒီမုန့်ကို ပူပူနွေးနွေးချက်ချင်းစားတာ ပိုကောင်းပါတယ်...။ နှမ်းကပ်မုန့်လုံးတွေကို ဟိုတယ်ကြီးတွေမှာ fried sesames ball ဆိုပြီး ထမင်းစားဝိုင်းအပြီးမှာ အချိုတည်းလေ့ရှိတဲ့ မုန့်တစ်မျိုးပါ..။ သူတို့ကတော့ အမြင်လှအောင် စက္ကူခွက်လေးနဲ့ထည့်တာပေါ့...။

 ယိုးဒယား အုန်းနို့ကောက်ညှင်း ကြက်ဥပူတင်း

ဒါက ယိုးဒယားအချိုပွဲလေးတစ်ခုပါ...။ ကောက်ညှင်းကို ညကတည်းကစိမ်ထား ဒါမှမဟုတ် မပေါင်းခင် သုံးနာရီလောက်စိမ်လဲဖြစ်ပါတယ်...။ ကောက်ညှင်းဆန်နို့ဆီဗူးတစ်ဗူး (ဆန်ချိန်ခွက်နဲ့နှစ်ခွက်)ကို ရေစင်စင်ဆေးပြီး ဆန်ရေမြှုပ်အောင်ရေထည့်စိမ်ထားမယ်...။ မနက်ကျ ပေါင်းအိုးထဲ ပိတ်ပါးခင်းပြီး အောက်အိုးရေဆူတာနဲ့ စပေါင်းလို့ရပါပြီ...။ နာရီဝက်ပေါင်းရပါမယ်..။
ကောက်ညှင်းပေါင်းနေတုန်း ကြက်ဥပေါင်းလေးလုပ်မယ်...။ ကောက်ညှင်းထဲကို အုန့်နို့နဲနဲရယ် သကြားရယ် ထည့်နယ်ရမယ်..။ အုန်းသီးကိုလတ်လတ်ဆတ်ဆတ်ပဲ ဆိုင်က အမဲဖတ်မပါအောင် အဖြူခြစ်ခိုင်းပြီး အိမ်မှာ ကိုယ့်ဘာသာ ရေနွေးနဲ့အရည်ပြန်ညှစ် လိုက်တယ်...။ စောစောက ကောက်ညှင်းထဲကို အုန်းနို့ဦးရေလေး ခွက်တစ်ဝက်စာဆမ်း သကြားသုံးဇွန်းထည့်ပြီးနယ်ထားပြီး ဗူးတစ်ခုထဲထည့်ထားမယ်...။ ကောက်ညှင်းကိုပန်ကန်ထဲထည့် ကြက်ဥပေါင်းလေးကိုဇွန်းလေးနဲ့လွှာပြီးတင် အုန်နို့လေးထပ်ဆမ်းပြီး သုံးဆောင်လို့ရပါပြီ...။



ကြက်ဥနှစ်လုံးနဲ့ကြက်ဥအနှစ်တစ်လုံးထဲကို သကြားထမင်းစားဇွန်းငါးဇွန်းနဲ့ နွားနို့ ၁/၂ ခွက်ထည့်ပြီး သကြားပျော်သွားတဲ့ အထိခေါက်ပေးပါ...။ ပြီးရင် ကြက်ဥပေါင်းရမယ့်ခွက်ထဲကို ဇကာပေါက်အသေးဆုံးလေးနဲ့ စစ်ပြီးလောင်းထည့်ပါ...။ အိုကေ ဒါက ကြက်ဥပေါင်းဖို့ရသွားပြီ...။ မိနစ်နှစ်ဆယ်ပဲပေါင်းရမယ်...။ ကြက်ဥပေါင်းခွက်ကို ချွေးရည်တွေမကျအောင် plastic wrap နဲ့အုပ်ပြီးပေါင်းမယ်...။ မိနစ်နှစ်ဆယ်ပြည့်တာနဲ့ ပလတ်စတစ်လေးကိုလှပ်ပြီး ဓါးဖျားနဲ့မဟုတ်ရင် သွားကြားထိုးတံလေးနဲ့ထိုးကြည့် ကြက်ဥဖတ်တွေကပ်ပါမလာရင်ရပြီ...။

ဗီယက်နမ်ဆီထမင်းကိုတော့ ဒီမှာ တစ်ခါရေးဖူးပါတယ်....

အချိုပွဲတွေစားပြီး အီဆိမ့်သွားကုန်ကြပြီလား.... have a nice day.....:)

မိုးငွေ့