ကျွန်မ Paillin's Kitchen ရဲ့ သီးစုံသုံးလွှာ ကျောက်ကျောလုပ်နည်းလေးကိုပြန်ယူပြီး လုပ်ထားတာပါ....။ အရမ်းစားကောင်းတယ်....။ အိမ်မှာ တယ်လီဖုန်းကျောက်ကျော ၂၅ဂရမ်တစ်ထုပ်နဲ့ အုန်းနို့ဗူးလဲအဆင်သင့်ရှိနေတော့ လုပ်ကြည့်လိုက်တာ အဆင်ပြေသွားတယ်....။ သရက်သီးအတုံးလေးတွေနဲ့ ကျောက်ကျောအကြည်သားကတစ်လွှာ အုန်းနို့ကတစ်လွှာ သရက်သီးနှစ်ချည်းပဲကတစ်လွှာလုပ်ထားတာ....။ သရက်သီးအချိုနဲ့ အုန်းနို့အဆိမ့်တွဲဖက်ထွက်လာတဲ့ အရသာက တော်တော်လေးကောင်းတာ...။
Ingredients:
1st layer
water 1 1/3 cup
agar agar 1 3/4 tsp
lychee juice 2/3 cup
sugar 1/3 cup
some mango cubes
2nd layer
coconut milk 3/4 cup
sugar 1/4 cup
agar agar 3/4 + 1/8 tsp
a pitch of salt
sugar 3 Tbsp
3rd layer
Mango juice 3/4 cup
water 1/4 cup
agar agar 3/4 + 1/8 tsp
Place all the ingredient of the first layer in a sauce pan and bring to boil. Lower the heat and simmer until agar agar powder completely dissolves, about 8 minutes.
Pour the jelly into the glass dish or jelly mold where the mango cubes are placed and leave undisturbed until set. When cool chill the jelly in the refrigerator. Continue the 2nd and 3rd layer as the same. The jelly should separate nicely into 3 layers, a clean layer with mango cubes, a coconut layer and a mango juice layer. Remove from mold, cut and serve cold.
ဖော်ပြပါအချိုးနဲ့ဆို 10x10x1.5 ဗန်းနဲ့အဆင်ပြေတယ်....။ အိမ်မှာ ဗန်းမရှိလည်း တခြားလေးတောင့်ဖန်ဗူးလေးတွေနဲ့အဆင်ပြေရာထည့်လို့ရပါတယ်....။ အရေးကြီးတာက တစ်လွှာပြီးလို့ နောက်တစ်လွှာထပ်လောင်းတဲ့အခါ လောင်းထားပြီးသားအလွှာ ခဲမခဲသေချာလက်နဲ့တို့ကြည့်ပြီးမှ နောက်တစ်လွှာထပ်လောင်းထည့်ပါ...။ မဟုတ်ရင် အလွှာလိုက်မဖြစ်ဘဲ အကုန်ရောသွားမှာ....။ ပထမဆုံးအလွှာ(အောက်ဆုံးလွှာ) ပုံမှာပြထားတာကတော့ သရက်သီးတုံးလေးတွေပါတဲ့အလွှာပေါ့...။ ပန်းကန်မှာ ပြင်ဆင်တဲ့အခါ အဲဒီအလွှာကိုအပေါ်မှာပြန်ထားရတာ...။ တယ်လီဖုန်းကျောက်ကျော ၂၅ဂရမ်တစ်ထုပ်ဆို နှစ်ခါလုပ်စားလို့ရတယ်...။
ကိုယ်ကျောက်ကျောထည့်မယ့်ဗန်းထဲကို လေးတောင့်တုံးလေးတွေလှီးထားတဲ့ သရက်သီးလေးတွေကို စီထည့်လိုက်ပါ...။ ပြီးရင် လက်ကိုင်အိုးတစ်ခုမှာ ပထမလွှာမှာ လိုအပ်တဲ့အရာတွေအကုန်ထည့်ပြီး သေချာသမအောင်မွှေပေးပါ Lower heat နဲ့ သကြားနဲ့ကျောက်ကျောမှုန့်တွေပျော်သွားပြီး ဆူလာတဲ့အထိအပူပေးပါ..... ။ တအားပွက်ပွက်ဆူနေအောင်မတည်ရပါ...။ ဆူလာတာနဲ့ မီးလျှော့ပြီး ခနလောက်ဆက်မွှေပေးပါ...။ ပြီးတာနဲ့ မီးပိတ်ပြီး စောစောက သရက်သီးတုံးလေးတွေစီထားတဲ့ဗန်းထဲ ဇကာစစ်နဲ့ ဖြေးညှင်းစွာလောင်းချလိုက်ပါ...။ ကျန်တဲ့ အလွှာတွေကိုလည်း ဒီတိုင်းပဲဆက်လုပ်သွားပြီး ကျောက်ကျောမျက်နှာပြင်တင်းပြီးမှ ရေခဲသေတ္တာထဲ အနည်းဆုံး ၃နာရီလောက်အအေးခံပြီးမှ လိုရာပုံလှီးဖြတ်၍ သုံးဆောင်နိုင်ပါပြီ....။
မိုးငွေ့
No comments:
Post a Comment