ပိတ်ရက်ရှည်တုန်းက Joox ထဲက ဒီနှစ် မိုးရာသီ သီချင်းတွေစုစည်းထားတာ ဝင်ကြည့်တော့ ကျွန်မတခါမှ နားမထောင်ဖူးသေးတဲ့ ရော့ခ်အဖွဲ့အသစ်လေးတစ်ခုဖြစ်တဲ့ Born for You(BFY) ရဲ့ မိုးရွာတိုင်းလွမ်း တွေ့သွားတယ်....။ မိုးကိုချစ်တဲ့သူပီပီ မိုးရာသီရောက်တိုင်း မိုးနဲ့ပတ်သက်တဲ့ သီချင်းတွေ ရှာဖွေ စုစည်း နားထောင်နေကျ တခြား မိုးနဲ့ပတ်သက်တဲ့ သီချင်းအဟောင်းတွေလည်းပြန်နားထောင်ဖြစ်တယ်...။ ဒါပေမယ့် ဒီတစ်ပုဒ်ကိုတော့ အထပ်ထပ်နားထောင်မိနေတဲ့ ဒီနှစ်ကျွန်မရဲ့မိုးရာသီသီချင်း.....။
Born for You အဖွဲ့မှာ အဖွဲ့သား၆ယောက်ရှိတယ်...။ သူတို့တွေထဲက ကျွန်မ instagram မှာ follow လုပ်ထားတဲ့ ဉီးစောဖိုးခွားရဲ့ သား ZIG တစ်ယောက်ကိုပဲသိတယ်....။ သူက rapping အပိုင်းလေး ဒီမိုးရွာတိုင်းလွမ်းမှာ ဆိုထားတယ်...။ Main Vocal ကိုဆိုတဲ့ ချာတိတ်အသံလည်းကောင်းတယ် ကျန်တဲ့အဖွဲ့သားတွေကတာ့ Lead , Rhythm နဲ့ Bass ဂီတာရယ်... drummer ရယ် ....။ Born for You ရဲ့တခြားသီချင်းတွေဖြစ်တဲ့ မလုပ်ပစ်လိုက်နဲ့, အချစ်စစ်လမ်း, ချစ်ရသူ, Hopeless နဲ့ Fake Smile တို့လည်းကောင်းတယ်....။
အောက်မှာ သူတို့အဖွဲ့ရဲ့ ကိုယ်ရေးအကျဉ်းလေးကိုဖော်ပြပေးလိုက်ပါတယ်...။
Genre
Rock
Band Members
Vocalist - Daniel Jack, ZiG
Lead Guitarist - Kaw Shee
Rhythm Guitarist - Seng Naw Ja
Bassist - Leo
Drummer - Michael
Backing Vocal/ Guitar - Zoe
Band Manager -John Oscar
Lead Guitarist - Kaw Shee
Rhythm Guitarist - Seng Naw Ja
Bassist - Leo
Drummer - Michael
Backing Vocal/ Guitar - Zoe
Band Manager -John Oscar
Hometown
Yangon,Myanmar
About
Born For You (BFY) is a music band from Myanmar which is united with young talented members.
Biography
Most
of the band members are graduated with music major from Liberal Arts
Program(LAP) and all the band members are multi-talented musicians.

Awards
Winner of Urban Talent (Acoustic) from Duwun Media.
မိုးအေးအေးမှာ လွမ်းမောစရာကောင်းတဲ့ မိုးသီချင်းလေးနားထောင်ပြီး အိပ်ယာထဲ ကာဖီတစ်ခွက်နဲ့ ဖီးလ်နိုင်ကြပါစေလို့စ်.....:)
မိုးငွေ့
No comments:
Post a Comment