Showing posts with label သီချင်းခံစားမှု. Show all posts
Showing posts with label သီချင်းခံစားမှု. Show all posts

Thursday, 23 July 2026

Exes I Loved.....


 

ပိုပိုရဲ့သီချင်းကို ကျနော် 2014 မှာစနားထောင်ဖြစ်တယ်...။ အဲတုန်းက တက်သစ်စ အဆိုတော်လေး အခုဆို ချစ်ဖူးခဲ့သမျှ သူ့ရဲ့ပထမဆုံး အယ်လ်ဘမ်ကနေစတွက်ရင် သူ့အနုပညာသက်တမ်း 12 နှစ်ရှိပြီ...။ တကယ်က 2014 မတိုင်ခင် 2006-7 ကတည်းက မယ်လိုဒီဝေါလ်အဆိုပြိုင်ပွဲကို သုံးနှစ်ဆက်တိုက်ဝင်ပြိုင်ဖူးခဲ့တယ် အရွေးမခံခဲ့ရဘူး...။ ဒါနဲ့ သူရူးသွပ်လွန်းတဲ့ ဂီတကို ပြိုင်ပွဲကနေမစတော့ဘဲ ကိုယ့်ဘာသာ သီချင်းလုပ်မယ်ဆိုပြီး အချိန်တွေ ငွေတွေနဲ့ ကြိုးစားအားထုတ်ခဲ့တာ အခုဆို ပိုပိုက သူ့ FC နဲ့သူ ဆရာမကြီးဖြစ်နေပြီ....။ ရည်းစားတစ်ယောက်နဲ့ပြတ်တိုင်း ကုန်ကြမ်းရ သီချင်းကောင်းတွေရတာမို့လည်း သူ့ကို မြန်မာပြည်ရဲ့ တေလာဆွိဖ်ဇ်လို့တောင် ပြောကြတယ်...။

အခုတစ်ခေါက် သူ့ရဲ့ ဒုတိယအကြိမ် One Lady Show ကို ရန်ကုန် Strand Hotel မှာလုပ်ဖြစ်တာ Show ရဲ့ Title ကို Exes I Loved ဆိုပြီးပေးထားတယ်...။ ရည်းစားတစ်ယောက်နဲ့ပြတ်တိုင်း အသဲကွဲသီချင်းတွေကို စုစည်းထားတာလေး ပြန်လုပ်တဲ့ပွဲပေါ့....။ အဲဒီထဲမှာ "သံယောဇဉ်လက်ကျန်" နဲ့ "Breaking Heart" ကို ခုမှသေချာနားထောင်ဖူးလို့ ကြိုက်နေတာ...။ You Tube မှာ အပိုင်းသုံးပိုင်းခွဲပြီး သူ့ရဲ့ Po Po ဆိုတဲ့ channel ကနေ တင်ထားပါတယ်...။ အပျိုကြီးက တကယ်လှလာတာ ဖက်ရှင်တွေလည်း တော်တော်မိုက်တယ် ဝတ်ထားတာလေး သဘောကျမိ....။









မိုးငွေ့

Wednesday, 8 July 2026

အလွမ်းရဲ့ထုထည်.....


မိစန္ဒီရဲ့ "အလွမ်းရဲ့ထုထည်"ကို လွန်ခဲ့သော ဆယ်နှစ်ကျော်ကတည်းက နားထောင်ဖူးခဲ့တာ....။ ခုချိန်ထိလည်း အသက်ဝင်တုန်း....။ ခု ကျနော် ယူကျုမှာ နားထောင်ဖြစ်နေတာက ပိုပိုနဲ့ featuring  ပြန်ဆိုထားတာလေး သိပ်ကြိုက်လို့ နေ့တိုင်းနားထောင်ဖြစ်နေတယ်...။ ပိုပိုတော့ သူ့ထက်နဲနဲစောတယ်...။ ကျနော်သူတို့ကိုစသိတာ 2014 လောက်က ဟုတ်တယ် အဲနှစ်မှာ ကျနော် သူတို့ နှစ်ယောက်သီချင်းကို တော်တော်လေးနားထောင်ဖြစ်ခဲ့တယ်... ကျနော့်အတွက် ခံစားမှု mood ကောင်းခဲ့တဲ့ နှစ်တစ်နှစ်ပေါ့...။ ခုတော့ သူတို့တွေက ဆရာမကြီးတွေဖြစ်နေပြီ....သီချင်းလောကမှာ....။



 
အလွမ်းရဲ့ ထုထည် Live show


အလွမ်းရဲ့ ထုထည် Party Mixing



မိုးငွေ့

Wednesday, 1 July 2026

ကြယ်တွေကြွေသွားသည့်တိုင်.....


 

ဘာရယ်မဟုတ်မဘူး စာမရေးဖြစ်တော့ စာလာဖတ်သူတွေရဲ့ အဖတ်များတဲ့ ပို့စ်တွေကို ပြန်ဝင်ဖတ်ရင်း အိန်ဂျယ်စာစုများထဲက "လမင်းနဲ့ကြယ်စင်" ဆိုတဲ့ပို့စ်လေး အဲတုန်းက အရမ်းကိုအေးဆေးတည်ငြိမ်တဲ့ခံစားမှုနဲ့ရေးခဲ့တဲ့ ပို့စ်လေးကို ပြန်ဖတ်ရင်း မျိုးကြီးသီချင်းလေးနဲ့ ပြန်တွဲတင်ပေးလိုက်ပါတယ်...။ အဲအချိန်တုန်းက မျိုးကြီးရဲ့ ကြယ်တွေကြွေသွားသည့်တိုင် သီချင်းထဲက စာသားလေးနဲ့ကိုက်ညီလို့ ခေါင်းစဉ်လေးပေးလိုက်တာတော့ မှတ်မိတယ်...။





"လမင်းနဲ့ကြယ်စင်"

မင်းဟာ လတစ်စင်းဖြစ်ခဲ့မယ်ဆိုရင် ကိုယ်ဟာ မင်းဘေးနားက ကြယ်မှုန်မွှားလေးတစ်ပွင့်ပဲဖြစ်မှာပါ…….

ကိုယ့်ကိုမှတ်မိလားဘယ်သူလဲတဲ့….။ ကိုယ်ကမင်းလိုမဟုတ်ပါဘူး မင်းဆီက ဖုန်းနံပါတ်ရကတည်းက ph contact ထဲမှာ အိန်ဂျယ်ပုံလေးနဲ့ထည့်မှတ်ထားပြီးသားပါ…။ ဖုန်းသံမြည်ကတည်းက မင်းဆိုတာကိုယ်သိပြီးသား နဲနဲကလေး အံ့အားသင့်သွားတာပဲရှိတာ..။ အော်…ပြောသေးတယ် ဖုန်းအရင်စဆက်တာ ကျွန်တော်နော်တဲ့….။ ကိုယ့်ကို မင်းဖုန်းနံပါတ်ပေးပြီးကတည်းက ကိုယ့်ဖုန်းကို မင်းမျှော်နေခဲ့တာတဲ့…မဆန်းဘူးလား….။ ကိုယ်ကမင်းအနှောက်ယှက်ဖြစ်မှာစိုးလို့ ဖုန်းနံပါတ်လေးကို contact ထဲမှာ သိမ်းထားရုံလေးသိမ်းထားတာ မင်းဆီကိုဘာအကြောင်းကိစ္စမှမရှိဘဲ ကိုယ်မဆက်ချင်ဘူး…။ 

မင်းအသံလေးကိုစကြားလိုက်ရချိန်မှာ မျှော်လင့်ထားသလိုမဟုတ်ဘဲ ကိုယ်နှလုံးသားတွေအေးဆေးတည်ငြိမ်နေလွန်းခဲ့တယ်…..။ သွေးအေးသွားတာမဟုတ်ဘူး…..။
နေတတ်သွားတာပါ….။ ပြီးတော့ ရင်ခုန်သံတွေဗလောင်ဆူနေရအောင် ကိုယ်က ဆယ်ကျော်သက်မှမဟုတ်ဘဲ….။

ကိုယ့်နှလုံးသားကို ကိုယ့်ဘာသာတကယ်ပဲ အကျဥ်းချထားလိုက်ပြီလား…..

မင်းအပြုံးတွေက မင်းပျော်နေတယ်လို့မပြောကြဘူး….။ 

မင်းက စိတ်ညစ်ရင် သံစဉ်တွေနဲ့ပေါက်ကွဲတယ် ကိုယ်ကတော့ စကားလုံးတွေအဖြစ်ဖွင့်အံတယ်…။ တူတော့မတူကြဘူးပေါ့…။ ဒါပေမယ့် ကိုယ်နားလည်ပေးလို့ရပါတယ်.....။

မင်းမျက်ဝန်းတွေကိုကိုယ်မကြည့်ပါဘူး…။ ဒါပေမယ့် မင်းနှလုံးသားကဒဏ်ရာဟောင်းကို ကိုယ်မြင်နေရတယ်…။ မင်းစကားတွေထဲက မင်းအသံတွေထဲက နာကျင်မှုတချို့ကို ကိုယ်ကူးဆက်ခံစားမိနေတယ်….။ အချိန်တွေဒီလောက်ကြာမြှင့်သွားတဲ့အထိ မင်းကို ခုလိုပြုစားနိုင်စွမ်းလွန်းခဲ့တဲ့ မိန်းကလေးကို ကိုယ်တွေ့ဖူးချင်လိုက်တာ…။ လှတာမလှတာထက် သူဟာ မင်းအတွက် နတ်သမီးတစ်ပါးဖြစ်ခဲ့မှာပါ….။

သီချင်းဆိုနေတဲ့ မင်းမျက်နှာလေးကို မင်းမသိအောင်ဘေးက ကိုယ်မကြာခဏခိုးခိုးကြည့်မိခဲ့တယ်…။ ဖြူဝင်းတဲ့ မင်းပါးပြင်တွေက ပန်းသွေးရောင်တွေသန်းနေတယ်….။ မင်းစိတ်ညစ်ပြီး မရိတ်ဘဲပစ်ထားခဲ့တဲ့မေးစေ့နဲ့ စိုရဲတဲ့နှုတ်ခမ်းတစ်ဝိုက်က နှုတ်ခမ်းမွှေးခပ်ကြမ်းကြမ်းတွေက ကျိုးတို့ကျဲတဲပေါက်နေကြတယ်….။ 

ဘာကြောင့်အိန်ဂျယ်လို့ခေါ်သလဲဆိုတဲ့ မေးခွန်းက ကိုယ့်ကိုတွေ့တိုင်းမေးရမယ့် မေးခွန်းတစ်ခုလို့များ မင်းမှတ်ဉာဏ်မှာအသေစွဲမှတ်ထားသလား….။ မင်းက အိန်ဂျယ်လို့ခေါ်တာမကြိုက်ဘူးလေ ကိုယ်တို့ အဲဒီနာမည်အကြောင်းမဆွေးနွေးကြစို့နဲ့….။

မင်ပိန်သွားတယ်….။ မျက်လုံးတွေအရောင်နဲနဲမှိန်သွားတာကလွဲရင် အပြုံးဖြူဖြူတွေက တောက်ပဆဲပဲ။
ကိုယ့်ကို မင်းကျေးဇူးခဏခဏတင်စရာမလိုပါဘူး….။ ကိုယ်ဟာ…မင်းအတွက် ထာဝရ ရင်ဖွင့်ဖော်တစ်ယောက်ပါလို့ ပြောထားပြီးသားပဲ…။ 

ကိုယ်စိတ်မညစ်ပါဘူး….။ တကယ်စိတ်ညစ်နေတာကမင်းပါ….။ 

အိမ်အပြန်နှုတ်ဆက်လမ်းခွဲခဲ့ပြီးတော့ မင်းဆီက ကျေးဇူးတင်ပါတယ်ဆိုတဲ့ မက်ဆေ့ချ်တစ်ခုဝင်လာတယ်…။ ကိုယ်လဲ ကျေးဇူးတင်ပါတယ်လို့ပြန်ပို့ လိုက်တယ်…။ ကိုယ့်ရဲ့ ကျေးဇူးတင်မှုအနက်အဓိပ္ပါယ်ကို မင်းရေရေရာရာသိမှာမဟုတ်ပါဘူး….။ သိစရာလည်းမလိုဘူးလေ…။

လမ်းမီးတိုင်က အလင်းဝါကျင့်ကျင့်တွေဖြာကျနေတဲ့ အရောင်မွဲကတ္တရာလမ်းကိုဖြတ်ကူးပြီး ကိုယ့်တိုက်ခန်းလှေကားကျဉ်းကနေတက်လာခဲ့တော့တယ်….။ ကိုယ်အိမ်ပြန်ရောက်ပြီဆိုတဲ့အကြောင်း မင်းကိုဖုန်းလှမ်းဆက်ပြောလိုက်တယ်…မင်းက ကားပေါ်မှာပဲရှိနေသေးတယ်တဲ့…။

ညက အခါတိုင်းထက် တိတ်ဆိတ်ခြောက်သွေ့လွန်းတယ်………

ကြယ်တွေ ကိုယ့်ကိုကြည့်နေကြမလား.....

ကောင်းကင်ကို ကိုယ်မော့မကြည့်ဖြစ်ဘူး… 

လမင်းကြီးကရော……???


မိုးငွေ့ 
6th November '2012


Thursday, 18 June 2026

သမုဒယနဲ့ချည်တဲ့နွယ်.....

 





ကျနော့်ဘလော့သက်တမ်းတစ်လျှောက်မှာ  G fatt သီချင်းကို ခု ပထမဆုံးတင်ခြင်းပဲဖြစ်ပါတယ် ....။ ရှေ့မှာအထပ်ထပ်အခါခါ ပြောခဲ့ပြီးသလို ကျနော်အနှစ်သက်ဆုံး ဂီတဟာ Rap, Hip hop , R&B သီချင်းတွေ လို့ဆိုပေမယ့် ကျနော် G fatt သီချင်းတွေကို တချို့ပုဒ်တွေပဲနားထောင်ခဲ့ဖူးတယ်...။ G fatt ရဲ့ ရေးနေကျ ဆိုနေကျအတိုင်း Melodic rap, Emotional rap ပုံစံနဲ့ပဲ ဒီတစ်ပုဒ်မှာ သူ့ရဲ့ မှော်ဝင်စားမှုအားနဲ့ အဆင့်မီတဲ့ စာသားသံစဉ်တွေရဲ့ အရည်အသွေးကိုတော့ ရိပ်မိနေပေမယ့် လွန်ခဲ့တဲ့ လေးလလောက်ကတည်းက ထွက်ထားခဲ့တဲ့ "သမုဒယနဲ့ချည်တဲ့နွယ်"ကို ကျနော် ဘာလို့ အခုမှသေချားနားထောင်ဖြစ်သွားသလဲလို့ တိတ်တိတ်လေးနောင်တရမိတယ်...။ G fattဟာ "သမုဒယနဲ့ချည်တဲ့နွယ်"ကို သူ့ You Tube Channelမှာ တင်ပြီး လေးရက်မြှောက်နေ့မှာပဲ ကြည့်ရှုသူ နှစ်သန်းကျော်ရခဲ့တယ်.... ။ ကျနော် စနားထောင်နေတဲ့အချိန်ထိ လေးလကျော်အတွင်းမှာကို viewer 24သန်းကျော်သွားပြီ....။ ကျနော့်ကို ဒီအချိန်ရောက်မှ ဒီသီချင်းကိုသေချာနားထောင်ဖြစ်အောင် ကျနော့်ရဲ့ အိန်ဂျယ်လ်တမင်စီစဉ်ဖန်ဆင်းထားတာလို့ ယုံကြည်နေတယ်....။ 

ကျနော်က အိမ်အလုပ်တွေထဲမှာ အဝတ်လျှော် မီးပူတိုက်ရတာကို အပျင်းဆုံးပဲ...။ ဒီ"သမုဒယနဲ့ချည်တဲ့နွယ်" သီချင်းလေးကိုနားထောင်ဖြစ်တဲ့ပုံက ခုရက်ပိုင်း မိုးတွေကဆက်တိုက်ရွာ နေမထွက်တဲ့ရက်တွေကများလာတော့ အဝတ်တွေမခြောက်လို့ လျှော်ထားတဲ့ အဝတ်ပုံတွေကို မီးပူထိုးဖို့ ဖြစ်လာခဲ့တယ်...။ ဒါနဲ့ မီးပူတိုက်ရင်း အစပိုင်းတော့ ကျနော့်ရဲ့ You Tube Channel မှာ Selection လုပ်ထားတဲ့  မိုးသီချင်းတွေကို နားထောင်နေခဲ့သေးတယ် နောက်တော့ ဒီသီချင်းတွေချည်း ငါနေ့တိုင်းနားထောင်တာငြီးငွေ့လာပြီ သေချာနားမထောင်ဖြစ်သေးတဲ့သီချင်းအသစ်လေး နားထောင်ဦးမှဆိုပီး စဉ်းစားလိုက်တာ G fatt ရဲ့ ဒီသီချင်းလေးကို သတိရလိုက်မိတယ် အစပိုင်းက tiktok မှာ ဒီသီချင်းနဲ့ဆော့နေကြတာ Chorus အပိုဒ်လေးကိုတော့ သိနေတယ်...။ ဒါနဲ့ You Tube မှာကျနော်ဖွင့်နားထောင်ရင်း အောက်မှာရေးထားတာလေးတွေကို အသေးစိပ်ဖွင့်ဖတ်ကြည့်ဖြစ်တယ် ထူးခြားတာက တေးရေး G fatt လို့ တကူးတကန့် ရေးမပြထားဘူး တခြား music ဖန်တီးပေးသူတို့ ဟာမိုနီလိုက်ပေးသူတွေကိုပဲ ရေးပြထားတာ...။ ကောမန့်ဝင်ဖတ်ကြည့်တော့ ကော်မန့်မန့်သူ ရှစ်ထောင်ကျော်ရှိတယ်...အဲမယ် သီချင်းနားထောင်ပြီး လူပေါင်းရှစ်ထောင်ကျော်ရဲ့ ရင်းတွင်းခံစားချက်တွေ ချရေးသွားလိုက်တာ အစုံပဲ.... ။ G fatt ရဲ့ဖန်တီးမှုဟာ ဒီတစ်ပုဒ်တော့ သူ့ရဲ့  master pieces ပဲ ...အသေအချာပဲ ။ 

"သမုဒယနဲ့ချည်တဲ့နွယ်" သီချင်းစာသားရဲ့နက်ရှိုင်းမှုဟာ  Hip Hop နဲ့ R&B ပေါင်းစပ်ထားတဲ့ သီချင်းတစ်ပုဒ်ချည်းသက်သက်မဟုတ်တဲ့ Literary Rap (စာပေဆန်သောရက်ပ်) , ကဗျာရှည်တစ်ပုဒ် , သံစဉ်တွေထည့်ထားတဲ့ လူတစ်ယောက်ကပြောပြနေတဲ့ ပုံပြင်ရှည်တစ်ပုဒ်, အသံရုပ်ရှင်တစ်ကားလို့ ကျနော်မြင်တယ်...။ သူ့ဖန့်တီးမှုကြီးက တကယ်ကျွတ်ဆင်ကြီး..... flow တွေ beat တွေကအစပေါ့...။ သူ့သမိုင်းမှာလည်း အချိန်တိုတိုနဲ့ viewerအများဆုံးရတဲ့ သီချင်းပဲ...။ အခုကျနော့်ဘလော့မှာမတင်သေးခင် စာရေးနေချိန်မှာပဲ ကြည့်ရှုမှုက (views : 25,839,484)...။ You Tube မှာ subscribers ခုနှစ်သိန်းကျော်ရှိတဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ လွန်ခဲ့တဲ့တစ်နှစ်ကျော်ကထွက်ထားတဲ့ "နှစ်လေးငါးခြောက်ဆယ်" သီချင်းတောင် ဒီနေ့ထိ views  လေးသန်းကျော်ပဲရခဲ့တာ...။ G fatt ရဲ့ "သမုဒယနဲ့ချည်တဲ့နွယ်" ကတော့ စံချိန်ချိုးသွားပြီထင်တယ် မြန်မာ့ဂီတလောကမှာ...။ ပြီးတော့ ကျနော့်သက်တမ်းမှာ နားထောင်ဖူးခဲ့သမျှသီချင်းတွေထဲမှာ စာသားအရှည်ဆုံးနဲ့ ကြာချိန်6မိနစ်လောက်ရှိတဲ့ ပထမဆုံးတော့ ထူးခြားတဲ့သီချင်းတစ်ပုဒ်ပါပဲ....။ 

🎵သမုဒယနဲ့ချည်တဲ့နွယ်🎵
တိတ်ဆိတ်တဲ့ မိုးညမှာ နောက်ခံသံစဉ်ပါးပါး စကားလုံးအားကောင်းကောင်းနဲ့ အနုပညာမြှောက်လွန်းတဲ့ ကဗျာတစ်ပုဒ် biography တစ်ခုကို စည်းချက်မှန်မှန်နဲ့ ရွတ်ပြနေတာကို ကျနော် ဆယ်ကြိမ်ထက်မက ဘယ်နှစ်ခေါက်မှန်းမသိ နားထောင်ဖြစ်သွားခဲ့တယ်...။ 

"သမုဒယနဲ့ချည်တဲ့နွယ်"  အင်တာဗျူးဗီဒီယိုဖိုင်တွေ ဘာတွေလည်း သိပ်မရှိဘူး...။  ကျနော်တို့ ငယ်ငယ်ကခေတ်ဆို အနုပညာမြင်ကွင်း ရွှေအမြုတေ မဟေသီ စတဲ့ မဂ္ဂဇင်းစာမျက်နှာတွေမှာ သူနဲ့ပတ်သက်တဲ့ အသေးစိပ်အကြောင်းအရာတွေ သီချင်းပိုင်ရှင်နဲ့ အပြန်အလှန်ပြောဆိုဖြစ်တဲ့ အင်တာဗျူးတွေ ဖတ်နေရပြီ...။ မဂ္ဂဇင်းစာအုပ်တွေဖတ်ရတဲ့ခေတ်ကိုတောင်ပြန်လွမ်းသွားပြီ...။ ကျနော်ရှာတွေ့တာလေးတစ်ခုတော့ MC က ဗျူးထားတာလေး တင်ပေးလိုက်ပါတယ် အောက်မှာ....။ 







lyric :🎵🎵       

ဘဒ္ဒကမ္ဘာကြီးထဲ လူလာဖြစ်တဲ့ တင်္ဒဂခဏတာလေးမှာ
စင်္ကြာဝဠာကြီးနဲ့သာယှဉ် ကိုယ်တို့ဟာ မထင်မရှားဘဝပါလေ
တစ်သက်သာဘဝခရီးထဲ မင်းဖြတ်သန်းဖို့ သင်ကြားသမျှအရာတွေမှာ
ဒုက္ခ....နဲ့တွေ့ရင် ရင်ဆိုင်ဖို့အတွက် အင်အားမျှပါစေ
ဟိုမှာကြည့်စမ်းကွယ် ပန်းပွင့်လေးတွေဝင့်ကြွားလှပနေ
ညိုးငယ်ချိန်ရောက်တော့ အပင်ဖျားနားကကြွေ
ကိုယ်တို့ဟာ သေမင်းလက်မှာ ဝပ်တွားရမှာမသွေ
ကိုယ်သာ...အရင်သွားပါရစေ ကိုယ်မရှိတော့တဲ့ကမ္ဘာထဲမှာ မင်းဟာကျင့်သားရပါစေ

ကိုယ်ဟာ လွင်ပြင်ကျယ်ကိုကျော်လွန်ပြီးတဲ့နောက်
ပင်လယ်ကိုဖြတ်ပျံပြီး သမုဒ္ဒရာထဲ
လေနီးကြမ်းတွေဆိုး မုန်တိုင်းတွေတိုးမိတော့
ကိုယ်အတောင်ပံတွေဟာ စုတ်ဖွာကြဲ
ခေါင်းကိုငုံ့ကာလွဲ တောင်းပန်တိုးလျှိုးရတယ်
မလုပ်ပါနဲ့လို့ ကမ္ဘာမြေရေ ဒါဘယ်လို ဒုက္ခငရဲ
ဒီကြယ်ဟာ အမှောင်ယံထဲပြုတ်ကျခဲ့တဲ့ ဥက္ကာခဲ
အားလုံးဟာ မုန်းလောက်ပါပြီ သိက္ခာတွေကုန်းကောက်စရာမရှိ
ပခုံးညောင်းစရာခရီးက အရာရာကိုလွှတ်ချပြီးတဲ့နောက်
ကိုယ်ပိုင်ဆိုင်တာဆိုလို့လည်း အရှုံးပေါင်းရာချီ
သေရာပါ Trauma တွေ ဉီးနှောက်မှာငြိ
ဝါးလုံးခေါင်းရှာပြီး သာရတဲ့လတစ်စင်းဟာ
April နေ့ရက်တွေထဲက ပြေးထွက်လာပြီးနောက်
မင်းရင်ခွင်ထဲကလွဲပြီးတော့လည်း ပုန်းအောင်းစရာမရှိ
လူတွေဟာ ဘယ်လိုများလည်း အချစ်ရယ်လို့
မင်းဆီမှာ ခေါင်းထိုးပြော ငိုရတဲ့အဖြစ်ရယ်
ကိုယ်တည်ဆောက်ခဲ့သမျှ ကိုယ်ပြန်ဖြိုချခဲ့ပစ်မယ်
ကိုယ့်အမြှီးကိုယ်ပြန်ပြီးမြိုရတဲ့ ခေတ်ထဲမှာ
မင်းကိုပြန်ရခဲ့တာ
ဒါဘုရားသခင်ရဲ့ တစ်ခုတည်းသော သနားကြင်နာမှုပဲ
တစ်ခြားတစ်ပါးသူရဲ့လက်ထဲတော့ မထားချင်ပါဘူးရယ်
ဒါကြောင့်ပဲကိုယ်ဟာ ကြားဝင်ကာလုခဲ့တယ်
ကိုယ့်မှာက မင်းပဲရှိတာ သူတို့ကရွေးချယ်စရာတွေအများကြီးပဲနေမှာ
သံယောဇဉ်တွေထားခဲ့မိလေသမျှ ပြန်စွန့်လွှတ်ဖို့ဆိုတာလည်း အားမရှိတဲ့အနေအထားပါ
ဝါးဓနိနဲ့နေရနေရ ချစ်ခြင်းမေတ္တာတွေကိုတော့
မင်းဆီကလွဲ တခြားနည်းနဲ့မဖွေရှာ
မျက်ရည်မိုးတွေက အတားဆီးမဲ့ကြွေကျလာ
အဲလို ကိုယ်တို့ရဲ့ ခါးသီးတဲ့နေများမှာ
ကမ္ဘာရဲ့အမှောင်ခြမ်းမှာ မင်းလှမ်းငေးတိုင်းမြင်ဖို့ လောင်ကျွမ်းပြနေမယ်
ဘယ်သူ့ကို အချစ်ခဲ့ဆုံးလည်း အချစ်ခဲ့ဆုံးလည်း မေးတိုင်း
မင်းနာမည်ပဲ ခုထိကယောင်ကတမ်းထဖြေတယ်
မိတ္ထီလာ ကလောနဲ့ အောင်ပန်းကလေ ညောင်ရွှေမြို့တစ်ဝိုက်က တောင်တန်းအလှတွေပေါ်
မင်းလက်တွဲပြီး‌ နောက်တစ်ခေါက် လျှောက်စမ်းပါစေ
ကိုယ်တို့အတူနင်းဖူးခဲ့တဲ့ ထောင်နှုတ်ခမ်းဝတွေ

ကိုယ်ဟာ နောင်တများစွာသယ်ပိုးရင်းနဲ့ လူ့ဘဝကြီးလယ်
ကိုယ်စွန့်စားခဲ့သမျှ နားကျည်းခဲ့သမျှ ဘယ်သူ့မှမသိလည်း
ဒီလူဆိုးဘက်မှာ အချစ်ဟာရပ်တည် တကူးတက ရှိမြဲရယ်
ဒါဟာ သမုဒယနဲ့ချည်တဲ့နွယ်
ကိုယ်အော်ဟစ်ခဲ့သမျှ အနိုင်ကျင့်ခဲ့သမျှ တူးဆွမိဆဲ
ကိုယ်ဖွက်ထားခဲ့သမျှ ချစ်ခြင်းတရားကို ခုမှသိတယ်
ဒီကမ္ဘာကြီးထဲမှာ အသက်ရှင်ရတာ မထူးရသည့်ထဲ
မင်းကိုထပ်ဆုံးရှုံးရရင် ရူးရချည်ရဲ့ကွယ်......🎵🎵       

မြို့တစ်ဖက်ကမ်းမြို့ကနေထိုင်ပြီး တွေးခဲ့မိ
ဒီအိမ်ပြန်လမ်းတွေဟာ ဘယ်လောက်မိုင်ခရီးဝေးမလဲမသိ
ဘယ်သူနဲ့မှယှဉ်ပြိုင်မရွေးနဲ့နော်
တစ်ခုခုဆို ဘဲကြီးမှာ ကွိုင်သီးလေးပဲရှိတာ
ကြောက်စိတ်တွေဟာ အလွန်အကဲပါ အချစ်ရေ
ဒီလူဟာ အတိတ်တွေရဲ့ နွံထဲမှာနစ်နေ
ဘာကိုမှမကျွံရဲစရာနှစ်တွေမှာ မင်းရှိလို့ ပျော်စရာတွေဒွန်တွဲကာ ရစ်ခွေ
နောင်တရမှာကို အတပ်သိလျက်သားနဲ့ ဘူတာမှားပြီး သွားရပ်မိတဲ့ ရထားငယ်
အခက်ခဲတွေကြုံလာတော့ သတ္တိတကယ်အားနည်း
မင်းမရှိတော့လူတွေအလယ်မှာ မျက်စိသူငယ်နားသူငယ်
တိုက်ခန်းလေးတစ်ခုထဲမှာ မနက်ထိလည်းကတယ်
ငါတို့တောင်ပေါ်ရွာလေးကိုလည်း ပတ်ကြည့်ခဲ့ကြတယ်
အထီးကျန်လွန်းတဲ့မင်းအတွက်အဖော်ဆိုပြီး ခွေးလေးတစ်ကောင်ပေးခဲ့တာရော မှတ်မိရဲ့လားကွယ်
ဘဝတွေမပျက်သွားအောင် အဖက်ဖက်က ကျပ်တည်းရတဲ့ကြားက
ကိုယ်ဟာတည်ထောင်နေရတော့ တခါတလေလည်း ကိုယ့်သံသယတွေဟာ
မုန်တိုင်းတစ်ခုလို အနီရောင်အနေအထားကျော်
ဒီသံယောဇဉ် ဒီမေတ္တာတွေဟာ ဒီကမ္ဘာမြေအဆုံထိအောင် ချည်နှောင်စေသားပေါ့
ငါတို့အသက်တွေမမီအောင် ရှည်လျားသော
သံသရာထဲ ဘယ်ဘဝရောက်ရောက် ငါ့အနားလာ ဂဂျီဂဂျောင်တွေကျနော်
ဒါဟာ ငါမင်းကိုချစ်ခဲ့သမျှ ငါ့ဘဝတစ်လျှောက်လုံးစာ ဖွက်ထားသမျှတွေပဲ
မင်းသိတဲ့အတိုင်းပဲပေါ့  G Fatt ဟာ ရင်ဘတ်ကမပါဘဲ ပါးစပ်ဖျားကနေမကြွယ်
နောက်ဆုံးတစ်နေ့မှာ ငါတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ပြတ်သားရလေမယ်
ငါမင်းကို စိတ်ချလက်ချရလို့
ဒီကမ္ဘာကြီးကနေ ထွက်သွားပါရစေကွယ်......🎵🎵       

(မင်းအတွက် အလှဆုံး...သီချင်းလေးတစ်ပုဒ်
ငါဖန်တီးပေးခဲ့တယ်........🎵🎵       
မိုးကုတ်စက်ဝိုင်းအထိ တိမ်းများသိသလို ကြယ်များသိပါစေကွယ်
မင်းအတွက် အလှဆုံးသီချင်းလေးတစ်ပုဒ်
ငါဖန်တီးပေးခဲ့တယ်.........🎵🎵       
ဆောင်းခိုငှက်များလည်း  ဒီချစ်ခြင်းတရားကို ခံစားမိလေမယ်)  repeat 2 times

ကိုယ်ဟာ နောင်တများစွာသယ်ပိုးရင်းနဲ့ လူ့ဘဝကြီးလယ်
ကိုယ်စွန့်စားခဲ့သမျှ နားကျည်းခဲ့သမျှ ဘယ်သူ့မှမသိလည်း
ဒီလူဆိုးဘက်မှာ အချစ်ဟာရပ်တည် တကူးတက ရှိမြဲရယ်
ဒါဟာ သမုဒယနဲ့ချည်တဲ့နွယ်.......🎵🎵       
ကိုယ်အော်ဟစ်ခဲ့သမျှ အနိုင်ကျင့်ခဲ့သမျှ တူးဆွမိဆဲ
ကိုယ်ဖွက်ထားခဲ့သမျှ ချစ်ခြင်းတရားကို ခုမှသိတယ်
ဒီကမ္ဘာကြီးထဲမှာ အသက်ရှင်ရတာ မထူးရသည့်ထဲ
မင်းကိုထပ်ဆုံးရှုံးရရင် ရူးရချည်ရဲ့ကွယ်
ရူးရချည်ရဲ့ ရူးရချည်ရဲ့ကွယ်................🎵🎵       


                  
မင်းအတွက် အလှဆုံးသီချင်းလေးတစ်ပုဒ်
ငါဖန်တီးပေးခဲ့တယ်........🎵🎵       
မိုးကုတ်စက်ဝိုင်းအထိ တိမ်းများသိသလို ကြယ်များသိပါစေကွယ်
မင်းအတွက် အလှဆုံးသီချင်းလေးတစ်ပုဒ်
ငါဖန်တီးပေးခဲ့တယ်.........🎵🎵       
ဆောင်းခိုငှက်များလည်း  ဒီချစ်ခြင်းတရားကို ခံစားမိလေမယ်



ကျနော်တို့ မရှိနေနိုင်တော့မယ့် နောင်နှစ်တစ်ရာမကတဲ့အချိန်အထိ ခေတ်သစ်မြန်မာရဲ့ ရက်ပ်ဂီတလောကမှာ "သမုဒယနဲ့ချည်တဲ့နွယ်" ဟာ လူငယ်မျိုးဆက်တိုင်းရဲ့ ရင်မှာ ကြယ်တစ်ပွင့်လို ဆက်လက် တောက်ပနေလိမ့်မယ်လို့ မျှော်လင့်ပါတယ်..။


မိုးငွေ့

Tuesday, 21 April 2026

အချစ်လေးတစ်ယောက်ထဲ.....


 

အခုသီချင်းလေးက ကျနော် အရှေ့ပို့စ်မှာတင်ပေးထားတဲ့ နတ်သမီးပုံပြင် စီးရီးထဲမှာပါတဲ့ အက်လက်စ်ရဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်...။ MV မှာ သရုပ်ဆောင်တာက ပိုင်‌ဇေနဲ့ခင်လေးနွယ်.....။ ဖြိုးကြီးရဲ့ "နှုတ်ဆက်ပါတယ်" လည်းကြိုက်တယ်...။ စီးရီးကာဗာနာမည်ဖြစ်တဲ့ "နတ်သမီးပုံပြင်"က Rဇာနည်ရဲ့ သီချင်း...။ စိုင်းရဲ့ "စိတ်ကူးယဉ်အနမ်းများနဲ့" သီချင်းက ဒီစီးရီးထဲကဆိုတာ ခုမှသိလိုက်ရ....။


နာကျင်တဲ့ အသည်းနှလုံးတွေကို မြင်ကြည့်ပေါ့

ဒါဆို မင်းလေးနားမလည်မလား

ဆုံဆည်းခွင့်လေးတော့ ပြန်ရချင်နေတယ်

အခွင့်ရေးလေးပေးပါကွယ်

မျှော်လင့်ခြင်းများ ငါ့ရင်မှာ ရှိသေးလို့

ဘယ်အရာနဲ့မှ အစားမထိုးပါဘူး

ကံတရားတော့ ကိုယ့်ဖက်ခွင့်ပြုမယ်ဆိုရင်

တစ်နေ့အရောက်လှမ်းလာခဲ့မယ်....

တကယ်ဆို တို့ ဖြစ်ချင်တာတွေ မဖြစ်တော့ဘူး

ဒီလိုအရှုံးနဲ့ ဆုံးရမလား

ကြေကွဲမှုများနဲ့ ရင်မှာပြည့်နှက်လို့

နင်လေ ခံစားနားလည်ပေးပါ

ငါ မင်းအနားရှိတိုင်း အချိန်တိုင်းအသင့်ပဲ

ဒီဘဝထဲ အချစ်လေးတစ်ယောက်တည်း ရှိနေတယ်...



မိုးငွေ့


Wednesday, 1 April 2026

Fairy Tale.....

 



ကျနော်မှတ်မိနေသေးတာတော့ ကိုမျိုးကျော့ရဲ့ "ပေါ့ပေါ့လေးပါပဲ"ကို အဲဖက်ခေတ်တုန်းက "နတ်သမီးပုံပြင်"ဆိုပြီး မင်းမော်ကွန်း ပန်းဖြူ အိနြာကျော်ဇင် နဲ့ရိုက်ထားတဲ့ ဗီဒီယိုခွေ အရမ်းပေါက်ခဲ့တာ...။ ကျနော်‌ဆယ်တန်းအောင်လို့ တက္ကသိုလ်တက်ဖို့စောင့်နေတဲ့ကြားကာလ 1994-1995 ဝန်းကျင်... ဒါရိုက်တာကမောင်မျိုးမင်းလို့ထင်တယ် အဲလို Romance ကားမျိုးတွေက သူပဲအရိုက်များတာ...။ 

အခုတစ်ခါ Ah Boy က featuring  သီရိဆွေနဲ့  Fairy Tale ဆိုပြီး ဗားရှင်းအသစ်နဲ့ပြန်ဆိုတာလည်းကောင်းတယ်...။ တစ်လက်ဆထဲ အဲတုန်းက နတ်သမီးပုံပြင်ဆိုတဲ့ အခွေထဲက သီချင်းတွေကိုပါ ပြန်တင်ပေးလိုက်ပါတယ်...။ အဲထဲမှာ အဆိုတော်စုံတယ် စည်သူလွင် အဲလက်စ် စိုင်းစိုင်းခမ်းလှိုင် မြေပဲယို Rဇာနည် ဖြိုးကြီးတို့ပါတယ် တစ်ခွေလုံးနားထောင်ကောင်းပါ့....။ နတ်သမီးပုံပြင်သွားရှာရင် အဲသီချင်းတွေပါအတွဲလိုက်တွေ့လို့...။






doodle ဆွဲရင်းနားထောင်ဖြစ်တဲ့ ခေတ်သစ် နတ်သမီးပုံပြင်


မိုးငွေ့

Tuesday, 17 March 2026

အခုမှချစ်တတ်ပြီ.....


 

Tiktok မှာ ဒီသီချင်းလေး trend ဖြစ်နေလို့ ဘယ်သူဆိုလည်းသွားစပ်စုတော့မှ ပန်းရောင်ခြယ်တို့ ညီအစ်မနှစ်ယောက်ပြန်ဆိုထားတာ ကလေးမလေးတွေက ချစ်စရာကောင်းလိုက်တာ အထူးသဖြင့် ပန်းသွန်းခြယ်က ပိုလှလာတယ် သူ့အစ်မထက်လည်း ဆွဲဆောင်မှုပိုရှိတယ်...။ သီချင်းစာသားတွေကို ရင်းနှီးပါတယ်လို့ စဉ်းစားနေတာ သူတို့အဖေ ကိုဂရေဟမ်ရဲ့သီချင်း မခိုင်ကြီးလည်းဆိုဖူးတယ်...။ နောက်ပြီး ဂျူဝယ်လ်နဲ့ဂေးဂေးနှစ်ယောက်လည်း ပြန်ဆိုဖူးတယ်...။ ပြောရမယ်ဆို ဗားရှင်းအသစ်တွေမှာ မြူးဆစ်ပိုင်းကို သိပ်ပြောင်းမထားပေမယ့် အဆိုပိုင်းမှာ အဆိုရှင်တွေရဲ့ skillတွေနဲ့သီချင်းရဲ့ လှပကြွရွမှုကတော့ ပုံစံမတူဘူး တစ်ပုဒ်နဲ့တစ်ပုဒ်က...။ ဆိုတော့ overall အနေနဲ့ပြောရရင် လေးပုဒ်လုံး သူ့ပုံစံနဲ့သူကောင်းတယ်...။ ကျနော့် အကြိုက်ကတော့ ဗားရှင်းအသစ် ပြန်ဆိုတာလေးတွေကို ပိုကြိုက်တယ်...။












မိုးငွေ့

Tuesday, 6 January 2026

အလင်းစက်.....


 




ဘာမှမထူးခြားဘူး 2025 ကုန်လို့ နောက်နှစ်သစ်ရောက်သွားလည်း ဒါက ဒါက ဒါပဲ....။ ပျင်းစရာတောင်ကောင်းလာပြီ....။ အခြေအနေမကောင်းဘူး ကျနော်တော်တော်စာရေးပျင်းသွားပြီပဲ.....။ 


မိုးငွေ့

Friday, 2 January 2026

ကမ္ဘာသား.....


 

You Tube မှာ သီချင်းရှာရင်း လွန်ခဲ့တဲ့ ခုနှစ်နှစ်က " The Voice " Semi-final ပြိုင်ပွဲမှာ လင်းလင်းရေးပေးတဲ့ အာဇာနည်ဆိုထားတဲ့ "ကမ္ဘာသား"ဆိုတဲ့ သီချင်းလေးကို ပြန်ကြည့်ဖြစ်တော့ မျက်ရည်တောင်ဝဲမိတယ်...။ အဲတုန်းက 2019  ကျနော်တို့ မြန်မာနိုင်ငံ ဒီမိုကရေစီဆိုတဲ့ နာမည်ခံလေးကို တခဏလေးရလိုက်တဲ့ ငါးနှစ်တာအတွင်းက ခံစားစံစားခဲ့ရတဲ့ အဖြစ်အပျက်တွေ....။ အဲငါးနှစ်မှာ ကျနော်တို့ နိုင်ငံခြားမှာ အွန်လိုင်းကနေပဲ  မြင်ဖူးကြားဖူးခဲ့ရတဲ့ Entertainment Co တွေ နဲ့ တခြားနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစုတွေ အများကြီးပဲဝင်လာခဲ့တယ်...။ အစိုးရုံးတွေမှာလည်း  အချိန်ငါးနှစ်အတွင်း စည်းစနစ်ပိုင်းဆိုင်ရာ ပြောင်းလဲတိုးတက်မှုတွေက အရမ်းကို တိတိသာသာရှိခဲ့တယ်...။ အဲထဲမှာ နိုင်ငံတကာမှာ ကျနော်တို့ အာရှဖက်မှာ နိုင်ငံတိုင်းလိုလိုရှိနေခဲ့တဲ့ "The Voice " ဆိုတဲ့ အဆိုင်ပြိုင်ပွဲလေးလည်းပါခဲ့တယ် နောက်ထပ် Entertainment နဲ့ပတ်သက်တဲ့ တခြားတီဗီအစီအစဉ်တွေအများကြီးပါပဲ ....။ 

ကျနော်အခုပြောမယ့် 2018 " The Voice " Semi-final ပြိုင်ပွဲမှာ ဇာနည်ဆိုသွားတာခဲ့ အဲတုန်းက Judges တွေက ကျားပေါက် နီနီခင်ဇော် Rဇာနည် နဲ့ လင်းလင်းတို့ပဲဖြစ်တယ်....။ အာဇာနည်ဆိုထားတဲ့ "ကမ္ဘာသား"ဆိုတဲ့ သီချင်းလေးကို ကြည့်ပြီး မျက်ရည်ကျရတဲ့အထိ စိတ်မကောင်းဖြစ်သွားခဲ့တယ်...။ အဲဒိုင်လေးယောက်ထဲက နီနီကလွှဲလို့ ကျန်သုံးယောက်က 2021 စစ်ဖက်ဆစ်အာဏာရှင်တွေ အာဏာသိမ်းပြီးနောက်ပိုင်း  တော်လှန်ရေးနဲ့ မိမိဘဝ မိမိ မိသားစုကို စတေးပြီး နိုင်ငံကို စွန့်ခွာသွားခဲ့ကြရတဲ့ တကယ့်အနုပညာအရည်အသွေးပြည့်ဝတဲ့ ပညာရှင်စစ်စစ်တွေ....။ အခုနိုင်ငံထဲမှာကျန်ရစ်ခဲ့သူတွေကတော့ အများစုကအနုပညာနာမည်ခံတွေ သာယာစီးတွေ အတုအယောင်တွေ လုပ်စားတွေ ကပ်ဖားယက်ဖားနဲ့ ငွေရလမ်းမြင်တဲ့ တကိုယ်ကောင်းသမားတွေချည်းပဲ....။ နိုင်ငံတစ်နိုင်ငံမှာ culture ဆိုတဲ့တာ အရေးကြီးတဲ့နေရာမှာပါတယ်...။ ကမ္ဘာမှာ culture မရှိတဲ့ နိုင်ငံတွေလည်းရှိတာပဲ...။ ခုတော့ ကျနော်တို့နိုင်ငံက ယဉ်ကျေးမှုတွေ အနုပညာတွေဆိုတာ ကန်းနေပြီ.....။

R ဇာနည် ရဲ့အသံပါဝါကောင်းကောင်းနဲ့ လင်းလင်းရဲ့ စကားလုံးအင်အားတွေနဲ့ တစ်ပုဒ်လုံးကောင်းတယ် အပြစ်ပြောစရာကိုမရှိတာရော...။ Chorus : က စာသားတွေအရမ်းမိုက်တယ်......။

"ယုံကြည်တဲ့အတိုင်းပြောမယ်

 ယုံကြည်တဲ့အတိုင်းတွေးမယ်

 ယုံကြည်တဲ့အတိုင်း ရှေ့သို့ရှေ့သို့လျှောက်မယ် အမှားအမှန်များက ခင်ဗျားတို့သဘော...."


 


2019 The Voice အစီအစဉ်မှာတော့ လင်းလင်းမပါတော့ဘဲ ရန်ရန်းချန်း ဝင်လာခဲ့တယ် သူသည်လည်း 2021 နောက်ပိုင်းမှာ နိုင်ငံကို စွန့်ခွာသွားခဲ့ရတဲ့သူတစ်ယောက်ပါပဲ....။ ပြောရမယ်ဆို ရန်ရန်းချန်းတို့ အက်ဆစ်အဖွဲ့ လေးယောက်မှာ ဟိန်းဇော်ဟန်က အရင်ကတည်းက ဆုံးပါးသွားခဲ့တယ် ကျန်သုံးယောက်မှာ ဇေယျာသော်လည်း နိုင်ငံရေးပုန်ကန်မှုနဲ့ ကြိုးပေးခံခဲ့ရသလို နောက်နှစ်ယောက်ဖြစ်တဲ့ ရန်ရန်ချန်းနဲ့ အနက္ဃ လည်း နိုင်ငံမှာ နေခွင့်မရှိတော့တဲ့သူတွေဖြစ်သွားပြီ....။ ကျနော်တို့ အခြေအနေပြန်ကောင်းလာတဲ့တစ်နေ့ ဘရိုတို့နဲ့ ပြန်ဆုံချင်ပါတယ်....။


Happy New Year 2026 


မိုးငွေ့

Monday, 8 December 2025

တဖြေးဖြေးဝေး.....



 



ခုတလော ကျနော် Doodles ဆွဲရင်း နားထောင်ဖြစ်နေတဲ့ အားတီရဲ့ သီချင်းကောင်းတစ်ပုဒ်...။ သူ Single တစ်ပုဒ်ထွက်ထားတဲ့ "တစ်ခဏလေးဖြစ်ဖြစ်" ဆိုတဲ့ သီချင်းလေးလည်းကောင်းတယ်  ဗိုက်တာမင်ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့တွဲဆိုထားတဲ့ပုဒ်ကို အောက်မှာ Bonus တင်ပေးလိုက်ပါတယ်...။






 

🎵🎵

ဘယ်လိုပြီးဆုံးမလဲ

ကြိုတင်ပြီးမသိနိုင်ခဲ့

ဒီအိပ်မက်များနောက်ကွယ်

ငါဖွေရှာရင်းမောတယ်

ဟူး..... အရှုံးပေးဖို့ ခက်နေ ဟူး........

ရှေးဆက်ဖို့လည်းမလွယ်ဘူး... ဟူး...

ဆုံဆည်းခွင့်မရှိတော့.... ဟူး....

🎵တဖြေးဖြေး တို့နှစ်ယောက်ဟာ မိုင်ထောင်ချီဝေး

တဖြေးဖြေး တို့နှစ်ယောက်ဟာ စည်းများခြားနေ

တဖြေးဖြေး တို့နှစ်ယောက်အနာဂတ်တွေ

တဖြေးဖြေး.....တဖြေးဖြေး....🎵

🎵တဖြေးဖြေး တို့နှစ်ယောက်ဟာ မိုင်ထောင်ချီဝေး

တဖြေးဖြေး တို့နှစ်ယောက်ဟာ စည်းများခြားနေ

တဖြေးဖြေး တို့နှစ်ယောက်အနာဂတ်တွေ

တဖြေးဖြေးဝေး ချစ်လျက်နဲ့ဝေး....🎵


မရယ်နိုင်သောနေ့ရက်

နာကျင်သောအပြုံးနဲ့....

ချည်နှောင်ခြင်းပျက်ပြယ်

ကံကြမ္မာရဲ့လှည့်ကွက်ထဲ

ဟူး..... အရှုံးပေးဖို့ ခက်နေ ဟူး........

ရှေးဆက်ဖို့လည်းမလွယ်ဘူး... ဟူး...

ဆုံဆည်းခွင့်မရှိတော့ဘူး... ဟူး....

🎵တဖြေးဖြေး တို့နှစ်ယောက်ဟာ မိုင်ထောင်ချီဝေး

တဖြေးဖြေး တို့နှစ်ယောက်ဟာ စည်းများခြားနေ

တဖြေးဖြေး တို့နှစ်ယောက်အနာဂတ်တွေ

တဖြေးဖြေး.....တဖြေးဖြေး....🎵

🎵တဖြေးဖြေး တို့နှစ်ယောက်ဟာ မိုင်ထောင်ချီဝေး

တဖြေးဖြေး တို့နှစ်ယောက်ဟာ စည်းများခြားနေ

တဖြေးဖြေး တို့နှစ်ယောက်အနာဂတ်တွေ

တဖြေးဖြေးဝေး ချစ်လျက်နဲ့ဝေး....🎵


တစ်သက်လုံးပိုင်ဆိုင်ခွင့်မရပေမယ့်

တစ်ဘဝလုံးအတွက် မေ့မရနိုင်တဲ့ ချစ်ခြင်းမေတ္တာဆိုတာ ဒါမျိုးလား

ငါတို့ ဆုံဆည်းဖို့မရှိတော့ဘူး...... ချစ်လျက်နဲ့ဝေး.......





Wednesday, 29 October 2025

အသည်းနှလုံးပြန်တမ်း.....


 

တကယ်က ကျနော်ကားမောင်းရင်း FM ကလွှင့်တဲ့ စိုင်းစိုင်းသီချင်းတစ်ပုဒ်ကို ကြိုက်လို့ You Tube မှာသွားရှာရင်း ဒီသီချင်းလေးကိုတွေ့ခဲ့တာပါ...။ ကျနော်ရှာနေတဲ့သီချင်းက စိုင်းစိုင်းရဲ့ ပိတောက်ကတဲ့ဂီတ ထဲက "ယုံပါ" ဆိုတဲ့ ရုပ်ရှင်ဇာတ်ဝင်တေးတစ်ပုဒ်ဖြစ်မှန်း အဲကျမှလည်းသိတာ...။ "အသည်းနှလုံးပြန်တမ်း"က အဲလက်စ်  featuring သီဆိုပေးထားတာ...။ 

ဒီသီချင်းက သေဆုံးသွားပြီဖြစ်တဲ့ ကျနော့်နှလုံးသားအတွက် ပြန်တမ်းစာတစ်ပုဒ်လို့လည်းပြောလို့ရသလို ကျနော့်ကို အမြဲသတိရနေတဲ့ ကျနော့်ကို ဘယ်တော့မှမေ့မရတော့တဲ့သူတစ်ယောက်အတွက်လည်း ဖြစ်ပါတယ်...။




Wednesday, 15 October 2025

ရင်ခွင်သစ်.....

 

ကိုမျိုးကျော့ပြန်ဆိုတဲ့ "ရင်ခွင်သစ်"


ဒီသီချင်းကို ကျတော်တို့ ငယ်ငယ် ချာတိတ်ကတည်းက နားထောင်ခဲ့ဖူးတဲ့ တာရာရဲ့  "ပုလဲသီတစ်ကွဲစီ"အခွေထဲကလို့မှတ်မိတယ်....။ ပြောမယ်ဆို ကျနော်တကယ့်ကလေးဘဝထဲက ဂီတကိုနှစ်သက်မြတ်နိုးခဲ့ဖူးတာပဲ..ခုအချိန်ခုအရွယ်အထိ ကျနော် သီချင်းတွေကို ခေတ်နဲ့အညီ လိုက်နိုင်သလောက်နားထောင်ဖြစ်နေတယ် ကျနော်မသိ နားမထောင်ဖူးတဲ့ အသစ်တွေလည်း အများကြီးရှိမှာပါ....။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ကတော့ ကိုယ့်ခေတ် ကိုယ့်အခါက သီချင်းကိုတော့ ဒီနေ့ထိမေ့မရ နားထောင်နေတာ စွဲလန်းနေတာကလည်း သီချင်းတွေကို ရူးသွပ်လွန်းလို့လည်းပါတယ်...။ တစ်ခါက ကျနော့် မိတ်ဆွေတစ်ယောက် ကျနော့်ကို " သီချင်းရယ် ကော်ဖီရယ် ဖုန်းရယ် အဲသုံးမျိုးထဲကဆို ခင်ဗျားဘာရွေးမလဲ"လို့ မေးဖူးတယ်လေ...။ အဲတုန်းက ကျနော်က သီချင်းကိုရွေးလိုက်တော့ သူအံ့အားသင့်သွားတယ်....။ 

သူက " အင်း ကောင်းသားပဲ ကော်ဖီမသောက်ရလဲ နွားနို့သောက်လို့ရတာပဲ သီချင်းနားမထောင်ဘဲဘာမှလုပ်လို့မရဘူး ခင်ဗျားရွေးတာမိုက်သားပဲ"တဲ့ ...."ဖုန်းကိုမရွေးတာတော့ လေးစားစရာပဲ"လို့ ကျနော့်ကိုမှတ်ချက်ချဖူးတယ်...။  ပြီးတော့ပြောသေးတယ် "ခင်ဗျားက နှစ်ဆယ်ရာစုကို ပိုစွဲလန်းတယ်လို့ ပြောလို့ရလား? "တဲ့....။ တကယ်တော့ ဖုန်းတို့ အင်တာနက်တို့မရှိတဲ့ခေတ်ကလည်း သူ့ဘာသာသူ ကောင်းကျိုးဆိုးကျိုးရှိသလို အခု ခေတ်နည်းပညာထွန်းကားလာတော့လည်း ဆိုးကျိုးကောင်းကျိုးရှိတာခြင်းတူတူပါပဲ...။

တာရာရဲ့ ပုလဲသီတစ်ကွဲဆီ သီချင်းနားထောင်ဖူးတုန်းက ကျနော်ကဆယ်တန်းအောင်ခါစ မြီးကောင်ပေါက်အရွယ်ပဲရှိသေး....စွဲစွဲလန်းလန်းကိုနားထောင်ခဲ့ဖူးတာပေါ့...။ ဒီသီချင်းက "R ဇာနည်"ကို အဆိုရှင်တစ်ယောက်အဖြစ် ပရိတ်သတ်တွေ မှတ်မှတ်ထင်ထင်ရှိခဲ့တဲ့ သီချင်းလည်းဟုတ်တယ်....။ အခုက ကျနော် ကိုမျိုးကျော့ပြန်ဆိုတာလေး သဘောကျလို့ လာတင်ထားတာ.... မူရင်းသီချင်းရဲ့ music instrument အတီးနဲ့ ဒီဖက်ခေတ် music arrangement ကဘာမှမဆိုင်တော့ဘူးလေ...။ အဲတော့ အရသာခြင်းတော့ နားထောင်ရတာကွာတယ်....။ တခြား တာရာဆိုထားတဲ့ "တမ်းတခွင့်ပြုပါ(ပုလဲသီတစ်ကွဲစီ)" "အသည်းကွဲညနေခင်းများ" "အစဉ်အမြဲ" "ဂန္ဓဝင်ဆည်းဆာ" သူတို့ခေတ်တုန်းက တာရာနဲ့ ကိုငှက်ကြီးတို့က အသံ color တော်တော်ဆင်တူကြတယ်...။ ဒါပေမယ့် စတိုင်လ်တော့ကွာပါတယ်...။


တေးရေး ကလိုမှုးရေးထားပြီး တာရာဆိုထားတဲ့ ရင်ခွင်သစ်



Tuesday, 30 September 2025

အတောင်ပံတွေ.....

 





ကိုမျိုးကျော့ရဲ့ သီချင်းကောင်းတွေထဲမှာ ဒီတစ်ပုဒ်ကိုလည်း မေ့ထားလို့မရဘူး....။ ကျနော်အရမ်းကြိုက်ခဲ့ feel ခဲ့ဖူးတဲ့ သီချင်းထဲမှာပါတဲ့ "အတောင်ပံတွေ"....။

ရှေ့ကပြောဖူးခဲ့သလိုပဲ ကိုမျိုးကျော့ ဖန်တီးထားတဲ့ သီချင်းတွေအပုဒ်တိုင်းလိုလိုက ပုံပြင်တစ်ပုဒ်လို ဒဏ္ဍာရီဆန်တယ် ....။ စကားလုံး music နဲ့  arrangement အပိုင်းဘာမှပြောစရာမလိုဘူး....။ ကျနော်တို့လို မြူးဇစ်ကိုချစ်ပြီး အနုပညာကိုရူးသွပ်တဲ့သူတွေအတွက်တော့ ချီးကျူးထောပနာပြုဖို့ စကားလုံးရှာမရတော့ပြီပေါ့...။ ဒါကျနော့်အကြိုက်ကိုပြောပြတာနော် လူတိုင်းဒီလို ခံစားမိချင်မှ ခံစားမယ်....။

နေ့စဉ် ထမင်းစားရဖို့အလုပ်လုပ်ပြီးရင် music တွေနဲ့ Art တွေကြား နေနေရတဲ့ အချိန်အတိုင်းအတာတစ်ခုက ကျနော့်ရဲ့တစ်နေ့တာအတွက် အမောပြေဆုံး အပျော်ရွှင်ရဆုံး စိတ်ချမ်းသာရဆုံးအချိန်တွေပဲ....။ 




Thursday, 18 September 2025

မရတော့ဘူး.....

 





သီချင်းလေးက နားထောင်လို့ကောင်းပါတယ် သုံးထားတဲ့ စကားလုံးတွေက သိမ်မွေ့မှုမရှိဘူးလားလို့ အစက တစ်တော့မှာ အဲသီချင်းလေးဆော့ကြတာအတိုတဖြတ်လေးပဲကြားဖူးပါတယ်...။ တစ်ညနေကျတော့ ကားမောင်းရင်း FM က လွှင့်လို့ သီချင်းနာမည်လေးသိလို့ You Tube မှာသွားရှာလိုက်တာ .... ပြီးတော့ သီချင်းနာမည်ကလည်း "မရတော့ဘူး" ဆိုတော့ တစ်မျိုးကြီးပဲ နားထဲ ကန့်လန့် သီချင်းလေးက သံစဉ်လေးလှသားနဲ့....။ သူ့ချစ်သူကို သတိရလို့ ဖွဲ့ထားတဲ့သီချင်းပါပဲ...။ သတိရတာတောင် သူက "ပိုးစိုးပက်စက် သတိရနေတာ"ဆိုပြီး အဲလိုစကားလုံးမျိုးကို အလွမ်းသီချင်းထဲထည့်သုံးတာ ကျနော်တော့ တစ်ခါမှမကြားဖူးခဲ့ဘူး....။ အခုခေတ်လူငယ်တွေရဲ့ စတိုင်လ်ထင်ပါရဲ့....။ ဒါမယ့် သူ့သီချင်းလေးက trend ဖြစ်နေတာ viral ဖြစ်နေတာ ...။ သီချင်းတစ်ပုဒ်အသစ်ထွက်ရင် tik tok မှာဆော့ပြနိုင်လို့ trend ဖြစ်သွားရင် တခြားကြော်ငြာတောင်မလိုတော့ဘူး...။ အခု digital marketing တွေက လိုက်လို့မမီ...။ အဆိုရှင်ကောင်မလေးနာမည်က "ချစ်စနိုးဆု" တဲ့ ရုပ်လေးက ချစ်စရာလေးပါ ချောချောလေး....။



Thursday, 11 September 2025

လွမ်းနေရုံသက်သက်.....


 

ဒီသီချင်းကို ကျနော် TikTok မှာတွေ့တာ.... အဲသီချင်းလေးနဲ့ဆော့ကြတာ နားထောင်ကောင်းလိုက်တာ လွမ်းစရာကောင်းတဲ့ သီချင်းလေးပေါ့...။ အဆိုရှင်က C Drone တဲ့ တခါမှမကြားဖူးဘူး သူ့အသံက ကိုကြီးငဲတို့လို tone မျိုး ....။ သီချင်းအဆိုကောင်းတယ် you tube မှာ သွားရှာတော့ အရှေ့မှာ ဟဲလေးနဲ့ရင့်အောင်တို့ ဖြိုးပြည့်စုံတို့ ဆိုထားခဲ့ဖူးတဲ့ ပေါက်ပြီးသားသီချင်းတစ်ပုဒ်ဖြစ်တဲ့ "အချစ်ဦး"ကို ဆိုပုံလေးနဲနဲပြောင်းပြီး ပြန်ဆိုထားတာလေးလည်းကောင်းတယ်...။ အဲတစ်ပုဒ်ပါ ကျနော်အောက်မှာတင်ပေးထားပါတယ်...။

ကျနော် ပုဂံသွားခဲ့တုန်းက ရုပ်ရှင်မင်းသားဒေါင်း ဇာတ်ဝင်ခန်းတစ်ခန်းသွားရိုက်ခဲ့ဖူးတဲ့ ဧရာဝတီ မြစ်ကမ်းနဘေးက ရွှေကွန်ချာဘုရားမှာ ကျနော် C Drone ရဲ့ လွမ်းနေရုံသက်သက်သီချင်းလေးနဲ့ တစ်တော့ဆော့ထားသေးတယ်...။ ကျနော်က အဲသီချင်းသိလို့ထည့်လိုက်တာမဟုတ်ဘူး ကျနော့်ဗီဒီယိုနဲ့လိုက်ဖက်တဲ့ သီချင်းကို တစ်တော့ကရွေးပေးတော့ အဲသီချင်းလေးသဘောကျပြီးသုံးလိုက်တာ...။





ကျမဘဝမှာ နေဝင်ချိန်တွေကို သူနဲ့အများဆုံးအတူရှိခဲ့ ကုန်ဆုံးခဲ့ဖူးတာ မှတ်မှတ်ရရပါပဲ....

ပြီးတော့......

ကျမဘယ်တော့မှ မေ့ပစ်လို့မရနိုင်တဲ့ သူပေးခဲ့တဲ့ ထာဝရ အမှတ်တရတွေပါပဲ....



Monday, 1 September 2025

အထီးကျန်.....



ကျနော်မှတ်မိသလောက်တော့ "အထီးကျန်"က မိုးမိုး ဆိုတာထားတဲ့သီချင်းလည်းရှိတယ်...။ မိုးမိုးဆိုထားတဲ့ မူရင်းသီချင်းလေးကို Chorus အပိုဒ်ယူပြီး ပြန်ဆိုတာလည်း ကျနော်သေချာမသိဘူးဗျ...။ ထားပါတော့ စိုင်းစိုင်းရဲ့ 2019 မှာလုပ်သွားတဲ့ ရှိုးမှာတော့ သူပြောတာ သူ့ဘဝမှာတကယ်အမှတ်တရပါပဲ သီချင်းအကြောင်းအရာကို တွေးပြီး ရေးတာရော တီးတာရော 24နာရီအတွင်းပြီးသွားတဲ့ သီချင်းတစ်ပုဒ်လို့ပြောဖူးတယ်...။ စိုင်းစိုင်းထည့်ထားတဲ့ စာသားတွေက တကယ်လန်ထွက်အမိုက်စားစကားလုံးကြီးတွေပဲ အဲဒါလေးတော့ ဘစိုင်းကိုတကယ်လေးစားတယ် စကားလုံးတွေက တစ်ပုဒ်နဲ့တစ်ပုဒ်ထပ်မသွားဘူး...။ သီချင်းတိုင်း စကားလုံးတွေကို ပန်းလေးတွေလိုပဲ လှလှပပလေးတွေ လေးလေးနက်နက်လေးတွေနဲ့ ကြွယ်ဝစေတယ်...။

ခုဒီပို့စ်မှာ ကျနော် အဓိကနားထောင်စေချင်တာက ပြီးခဲ့တဲ့ မေလက ကိုမျိုးကျော့လုပ်သွားတဲ့ မေ 31 Live Show မှာ ကိုမျိုးကျော့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ကောင်းမြတ်တို့ ပြန်ဆိုထားတာလေးပါ....။ စိုင်းစိုင်းရဲ့ Rap စာသားတွေကို ကောင်းမြတ်လေးက ဖီးလ်ပြီးဆိုထားတာလေး ဒီအပိုဒ်ကို ငါဆိုချင်တာကွာ ဆိုတဲ့ ပုံစံမျိုး သိတယ်မလား...။ 

🎵 အလွမ်းတွေနဲ့အဆွေးတွေနဲ့ ငါဘယ်လိုရင်ဆိုင်ရမလဲ 🎵

🎵 မင်းမရှိဘဲ ဒီလူ့ဘဝထဲငါမနေတတ်ဘူး ချစ်သူရယ် 🎵

🎵 နာကျည်းတတ်တဲ့ စိတ်နစ်ခုကို ငါရချင်တယ် 🎵

🎵 ခွင့်မလွှတ်တဲ့ စိတ်တစ်ခုကိုငါရချင်တယ် 🎵










 

Thursday, 28 August 2025

အဝေးကြီးပဲ.....




ကိုမျိုးကျော့ရဲ့ "အဝေးကြီးပဲ" သီချင်းက Rap & Roll (Virus-3) အခွေထဲကတစ်ပုဒ်...။ 1994 က တိတ်ခွေခေတ်ပဲရှိသေးတော့ အခွေလို့ပဲသုံးလိုက်တယ် အယ်လ်ဘမ်တွေဘာတွေပြောလို့မရသေးဘူး...။ အဲတုန်းက အဲသီချင်းလေးနားထောင်ပြီး စိတ်ကူးယဉ်လို့ကောင်းတဲ့အရွယ်ပေါ့....။ ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်ဖို့ စောင့်နေတဲ့အချိန် သင်တန်းတွေ လျှောက်တက်နေရတဲ့အချိန် အပူအပင်ကင်းမဲ့နေတဲ့အချိန်တွေပေါ့...။

ကြိုက်တယ် အဲသီချင်းလဲ ကျနော်က ကိုယ်ကြိုက်တဲ့သီချင်းဆို မျက်စိမှိတ်နားထောင်ရင်း စိတ်ကူးထဲ  အဲသီချင်းနဲ့ လိုက်ဖက်မယ့် MV လေးကို အမြဲစိတ်ကူးမြင်ယောင်လေ့ရှိတယ်...။ တကယ်တမ်း ဒီသီချင်းကို MV အတွက် အဲဖက်ခေတ်က ဘာမှမရိုက်ထားကြပေမယ့် နောက်ပိုင်းပရိတ်သတ်တွေပဲ သူတို့ဘာသာ စာသားထည့် အရုပ်ထည့်ပြီးတင်ကြတာရယ် ကိုမျိုးကျော့ live show တွေမှာဆိုတာတွေရယ်ပဲတင်ထားကြတာ မူရင်းကတော့ Audio only ပဲတွေ့တယ်...။





 

Monday, 25 August 2025

ဆက်သွယ်မှု ဧရိယာပြင်ပ.....


 







"လူကြီးမင်း ခေါ်ဆိုသော ဆယ်လူလာဖုန်းမှာ စက်ပိတ်ထားပါသဖြင့် ခေါ်ဆိုလို့ မရနိုင်ပါရှင်"

အဲခေတ်က ဆယ်လူလာဖုန်းကိုင်ဖူးတဲ့သူတိုင်း ဖုန်းဆက်သွယ်မှုဧရိယာပြင်ပရောင်ရင် အဲအသံကို ကြားဖူးကြမှာပါ...။ အခုခေတ် mpt တို့ Atom တို့ Oredoo တို့တော့ ဘယ်လိုတွေအသံထွက်ကြလဲမသိ mpt ကတော့ သူ့မိခင်အရင်းအတိုင်းထွက်မယ်ထင်တယ်...။

ကျနော်တို့ တိုင်းပြည်ကို ဟမ်းဖုန်းတွေစဝင်တော့ နိုကီရာအမျိုးအစား ဆယ်လူလာဖုန်းတွေ  အတုံးလိုက်အတစ်လိုက်တွေကိုစကိုင်ရတာပဲ....။ ကီးပက်ပေါ့ နောက်တော့ တခြားအမျိုးအစားတွေဖြစ်တဲ့ ဟာဝေးတို့ ဘလက်ဘယ်ရီတို့ထပ်ထွက်လာတယ် အဲဒါလဲ တော်တော်ကြာမှပါ....။ အဲခေတ်က ဖုန်းတစ်လုံးကိုင်နိုင်တဲ့သူက အကောင်ပဲ တစ်လုံးကို သိန်းသုံးဆယ်ကျော်ပေါက်ဈေးရှိတယ်....။ မှတ်မှတ်ရရ ကျနော်တစ်ခါ ဖုန်းမဲပေါက်ဖူးလို့ ရောင်းစားတာ သိန်းနှစ်ဆယ်ကျော်လားမသိရဖူးလို့ စမ်းချောင်းကအိမ်ခန်းအသစ်ပြောင်းခါစ တီဗီ အဲကွန်းတွေ ဝယ်လိုက်သေးတယ် အဲပိုက်ဆံနဲ့....။

ကိုမျိုးကျော့ ဒီသီချင်းထွက်တော့ ကျနော်တို့ အိမ်မပြောင်းသေးဘူး အဒေါ်အိမ်မှာကပ်နေနေရတုန်း 2004 ဝန်းကျင်လောက်က...။ ကိုမျိုးကျော့ရဲ့ အဲဒီအမ်ဘမ်က အီလက်ထရိုပေါ့ဖက်ပိုသွားတယ် ဂီတအမျိုးအစားက ဒိုးလုံး featuring ပါဝင်ထားတဲ့ " မခံနိုင်ဘူး" ဆိုတဲ့တစ်ပုဒ်က ခုထိပေါက်တုန်းရော...။








Thursday, 21 August 2025

ဆွေး.....

 


ဒီသီချင်းလေးကို ခုမှ သုံးယောက်ဆိုထားမှန်းသိသလို အရင်က ရွှေထူးဆိုတဲ့ Rapping အပိုင်းလေးကိုပဲ tiktok မှာနားထောင်ဖူးတာ...။ ရွှေထူး ရွှေမှုန်ရတီ ငွေမှုန်ရတီ တို့ ဆိုထားတဲ့ ဆွေး...အဲသီချင်းလေးထွက်တာ နှစ်နှစ်လောက်ရှိပြီ....။ ရွှေမှုန်ရတီရဲ့အသံလေးကိုပိုကြိုက်တယ်... ပြည့်စုံတဲ့မိန်းကလေးဆန်ဆန် နူးနူးညံ့ညံ့အသံလေးတစ်ခု...။ အခု တစ်တော့မှာက ရွှေမှုန်ဆိုတဲ့အပိုင်းကို ဆော့ကြတာများတယ်...။

ဆွေး 🎶🎶