ကျနော်မှတ်မိနေသေးတာတော့ ကိုမျိုးကျော့ရဲ့ "ပေါ့ပေါ့လေးပါပဲ"ကို အဲဖက်ခေတ်တုန်းက "နတ်သမီးပုံပြင်"ဆိုပြီး မင်းမော်ကွန်း ပန်းဖြူ အိနြာကျော်ဇင် နဲ့ရိုက်ထားတဲ့ ဗီဒီယိုခွေ အရမ်းပေါက်ခဲ့တာ...။ ကျနော်ဆယ်တန်းအောင်လို့ တက္ကသိုလ်တက်ဖို့စောင့်နေတဲ့ကြားကာလ 1994-1995 ဝန်းကျင်... ဒါရိုက်တာကမောင်မျိုးမင်းလို့ထင်တယ် အဲလို Romance ကားမျိုးတွေက သူပဲအရိုက်များတာ...။
အခုတစ်ခါ Ah Boy က featuring သီရိဆွေနဲ့ Fairy Tale ဆိုပြီး ဗားရှင်းအသစ်နဲ့ပြန်ဆိုတာလည်းကောင်းတယ်...။ တစ်လက်ဆထဲ အဲတုန်းက နတ်သမီးပုံပြင်ဆိုတဲ့ အခွေထဲက သီချင်းတွေကိုပါ ပြန်တင်ပေးလိုက်ပါတယ်...။ အဲထဲမှာ အဆိုတော်စုံတယ် စည်သူလွင် အဲလက်စ် စိုင်းစိုင်းခမ်းလှိုင် မြေပဲယို Rဇာနည် ဖြိုးကြီးတို့ပါတယ် တစ်ခွေလုံးနားထောင်ကောင်းပါ့....။ နတ်သမီးပုံပြင်သွားရှာရင် အဲသီချင်းတွေပါအတွဲလိုက်တွေ့လို့...။
doodle ဆွဲရင်းနားထောင်ဖြစ်တဲ့ ခေတ်သစ် နတ်သမီးပုံပြင်
မိုးငွေ့
No comments:
Post a Comment