အခုသီချင်းလေးက ကျနော် အရှေ့ပို့စ်မှာတင်ပေးထားတဲ့ နတ်သမီးပုံပြင် စီးရီးထဲမှာပါတဲ့ အက်လက်စ်ရဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်...။ MV မှာ သရုပ်ဆောင်တာက ပိုင်ဇေနဲ့ခင်လေးနွယ်.....။ ဖြိုးကြီးရဲ့ "နှုတ်ဆက်ပါတယ်" လည်းကြိုက်တယ်...။ စီးရီးကာဗာနာမည်ဖြစ်တဲ့ "နတ်သမီးပုံပြင်"က Rဇာနည်ရဲ့ သီချင်း...။ စိုင်းရဲ့ "စိတ်ကူးယဉ်အနမ်းများနဲ့" သီချင်းက ဒီစီးရီးထဲကဆိုတာ ခုမှသိလိုက်ရ....။
နာကျင်တဲ့ အသည်းနှလုံးတွေကို မြင်ကြည့်ပေါ့
ဒါဆို မင်းလေးနားမလည်မလား
ဆုံဆည်းခွင့်လေးတော့ ပြန်ရချင်နေတယ်
အခွင့်ရေးလေးပေးပါကွယ်
မျှော်လင့်ခြင်းများ ငါ့ရင်မှာ ရှိသေးလို့
ဘယ်အရာနဲ့မှ အစားမထိုးပါဘူး
ကံတရားတော့ ကိုယ့်ဖက်ခွင့်ပြုမယ်ဆိုရင်
တစ်နေ့အရောက်လှမ်းလာခဲ့မယ်....
တကယ်ဆို တို့ ဖြစ်ချင်တာတွေ မဖြစ်တော့ဘူး
ဒီလိုအရှုံးနဲ့ ဆုံးရမလား
ကြေကွဲမှုများနဲ့ ရင်မှာပြည့်နှက်လို့
နင်လေ ခံစားနားလည်ပေးပါ
ငါ မင်းအနားရှိတိုင်း အချိန်တိုင်းအသင့်ပဲ
ဒီဘဝထဲ အချစ်လေးတစ်ယောက်တည်း ရှိနေတယ်...
မိုးငွေ့
No comments:
Post a Comment