အဲဒီညက နတ်တော်လပြည့်ကျော်နှစ်ရက်နေ့ည ကျမမှတ်မိနေတယ်....။
"လစထွက်တဲ့အချိန်ကို စောင့်ကြည့်ဖူးလား"တဲ့ သူကျမကိုမေးဖူးတယ်...။
ငယ်စဉ်က မီးမလင်းတဲ့ နယ်မြို့ငယ်လေးကနေ ကြီးပြင်းလာသူမို့ လထွက်တာကို မကြာခနကြည့်ဖူးခဲ့ပေမယ့်
အခုတော့ မြို့ပြရဲ့ အလင်းရောင်ကြောင့် ကျမရဲ့အိပ်ခန်း မှန်ပြူတင်းနားမှာသာတဲ့ ညတစ်ချို့တွေမှာပဲ လပြည့်လကို တကူးတကန့်ကြည့်ဖြစ်တော့တယ်....။
အဲညတုန်းက သူက "ကိုယ့်ဆီမှာ လထွက်နေပြီ မင်းကြည့်နေလား"တဲ့...။ ကျမ လထွက်ကြည့်မယ်ဆိုတာ သူမှတ်မိနေတယ် ကျမဆီကို သူဖုန်းခေါ်လာခဲ့တာ...။
ပြီးတော့ "လရောင်အောက်ကလိပ်ပြာ" အဲဒီနာမည်ရှိပြီးသားလားလို့ သူဆက်မေးတယ်....။
လသာတဲ့ညတွေကို ကျမ skip လုပ်ထားတာ ကြာပြီ
အရင်ကျမအိပ်ခန်းကလို လကို မမြင်ရတော့တာလဲပါတယ်
ကျမအိပ်တဲ့အခန်းလေး ညသန်းခေါင်ကျော်အချိန် တခါတလေ မနက် တစ်ချက်ထိုး နှစ်ချက်ထိုးလောက်မှာ လရောင်လင်းထိန်လာတဲ့အခါ အိပ်ရာကနိုးလာခဲ့ပြီး ကင်မရာနဲ့ရိုက်ထားတတ်တာမျိုး
ခုတော့ တပေါင်းလပြည့်ညကိုတောင် မေ့လျော့တဲ့အထိ
ပျော်ရွှင်မှုတွေ လရောင်အောက်က လိပ်ပြာတွေလို ကျမအနားကနေ အဝေးကို ပျံဝဲသွားခဲ့တာကြာပြီ...
ပြီးခဲ့တဲ့ တန်ခူးလပြည့်ညက လထွက်ချိန် ကားမောင်းနေရင်းကနေ တွေ့ရတော့ ချက်ချင်းပျော်သွားတယ်
လှလိုက်တာ.....
ပြီးတော့ ...
သတိရလိုက်တာ....
လရောင်အောက်က လိပ်ပြာ.........
Revolution will prevail
No comments:
Post a Comment