Lancome ရဲ့ Clarifique ဆိုတဲ့ Spot Eraser လေးကို ကျမအဒေါ် ဒီတစ်ခေါက်ပြန်လာတော့ ပေးတာ..။ Lancome Skin care တွေကို ကျမ သိပ်မသုံးဖူးဘူး ဟိုးအရင်က ရေမွှေးတော့သုံးဖူးခဲ့တယ် ကြာပါပြီ...။ Skin Care တွေ အလှကုန်တွေ တော်တော်များများ ကိုယ့်ဘာသာကိုယ် ဝယ်တာနည်းတယ် အဒေါ်တွေဝယ်ပေးတာများတယ်...။ အဒေါ်က ဒီတစ်ခေါက်ပြန်လာတော့ အဲဒီ Lancome ဗူးလေးကို "ရော့ နင့်မျက်နှာမှ မှဲ့ခြောက်တွေရှိနေပြီ ဒါမှဲ့ခြောက်ပျောက်တယ် လိမ်း"ဆိုပြီးပေးလိုက်တာ...။ ကျမ တစ်ခါတော့လိမ်းကြည့်လိုက်တယ် ခရင်မ်အသားလေးက အေးမြမြ မပျစ်မကျဲနို့ရည်လေး...။ ကျမက မျက်နှာမှာရှိတဲ့ အညိုရောင် အစက်အပျောက်သေးသေးလေးတွေကို ပျောက်အောင် မလုပ်ချင်ပါဘူး အဲဒါလေးတွေက အသက်အရွယ်ကြီးရင့်ခြင်းရဲ့ အမှတ်အသား လက္ခဏာတွေ သူ့ကို ဒီတိုင်းထားတာက ပိုသဘာဝကျတယ်...။ သူများနိုင်ငံမှာ မှည့်ခြောက်မရှိလို့ မိတ်ကပ်လိမ်းပြီးတိုင်း အညိုရောင်မိတ်ကပ်တွေကို အစက်အပျောက်လေးတွေ မျက်နှာမှာထည့်ပြီးတောင် အလှဆင်ကြသေးတယ်...။ ဒါကြောင့် ဒီဗူးလေးကိုတော့ မျက်နှာအမဲစက်တွေပျောက်ချင်တဲ့ သူငယ်ချင်းတစ်ယောက်ကို လက်ဆောင်ပြန်ပေးလိုက်တော့မယ်လို့.....။
ဒီဒေါက်ဖိနက်လေးက Very Good Girl ရေမွှေးပုလင်းလေး (Carolina Herrera)...။ အနံ့လေးက မဆိုးပါဘူး ခပ်အီအီ sexy ကျကျလေးပေမယ့် performance သိပ်မကောင်းဘူး တစ်နေကုန်မစွဲဘူး...။ တကယ်က ကျမအကြိုက်အနံ့မျိုးတော့မဟုတ်ဘူး...။ အခုရေမွှေးတစ်ပုလင်းဝယ် ခုနှစ်သိန်း ရှစ်သိန်းက အနည်းဆုံးဖြစ်နေတော့ Decant လေးတွေကိုပဲ သုံးဖြစ်တော့တာ ကိုယ့်ဟာနဲ့ကိုယ်ဆို....။ ဒါလေးကတော့ မနှစ်ကတည်းက အဒေါ်ပဲဝယ်လာပေးတာ သိပ်မကြိုက်ပေမယ့် ကိုယ့်ဘာသာနဲ့ဆို ဈေးကြီးတယ်လေ လက်ဆောင်ရတုန်းလေး ယူထားရတာ...။ Bad Girl လေးလဲ သုံးကြည့်ချင်ပါသေးတယ်...။
မျက်နှာကို foundation မိတ်ကပ်တွေ နေ့တိုင်းမလိမ်းဖြစ်ပေမယ့် အပြင်သွားဖြစ်နေတော့ ဖုန်တွေဘာတွေနဲ့ဆို ညနေပိုင်းရေမချိုးခင် ဒါလေးနဲ့တော့ Cleansing လုပ်သင့်ပါတယ်..။ သူက အဆီအမျိုးအစား လက်ဝါးထဲ နည်းနည်းထည့် မျက်နှာအနှံ့သုပ်လိမ်းပြီး Wet tissue လေးနဲ့သုပ်ပစ်လိုက်ရင် အဆင်ပြေပါတယ်...။
ဒါလည်း ဒီတစ်ခေါက် အဒေါ်ပါလာတဲ့ MAC Set လေးပဲ Essence လို အရည်လေးတစ်ပုလင်းပါတယ် Mascara တစ်တောင့်နဲ့ မြေပဲခွံရောင် Matte type နှုတ်ခမ်းနီလေးပါတယ်...။ နှုတ်ခမ်းမခြောက်ဘဲ ချောချောမွတ်မွတ်လေး ဆိုးလို့တော့ကောင်းတယ်...။ ဗူးဝိုင်းပြားလေးက ရွှေနုရောင် အလက်လေးတွေပါတဲ့ Highlighter လေးပါ....။
ဒါလေးကတော့ Top Ten UV protection ထဲမှာ ထိပ်ဆုံးကပါတယ်... ။ ဟိုတလောက အွန်လိုင်းမှာ ဈေးချလို့ ဝယ်ထားတာ 32000/- တဲ့ လိမ်းလိုက်ရင် စေးကပ်ကပ်မဖြစ်ဘူး မပူဘူး အသားလေး မွတ်မွတ်လေးဖြစ်တယ်...။ မျက်နှာတစ်ခုမှာ ဘာမိတ်ကပ်မှမလိမ်းချင်ရင်တောင် တစ်နေ့တာအတွက် နေလာင်ကာဖို့ ဒါလေးတွေ မလိမ်းမဖြစ်လိမ်းထားသင့်ပါတယ်...။
Sephora က နှုတ်ခမ်းဆီလေး အုန်းဆီနံ့လေးနဲ့ နှုတ်ခမ်းနီအရောင်မတင်ခင် အောက်ခံလိမ်းပေး ညဖက် အိပ်ရာမဝင်ခင် Skin Care ပြီးတိုင်းလိမ်းပေး သဘာဝ အုန်းသီးကပဲထုတ်ထားတာမို့လို့ ဘာမှဘေးမဖြစ်ဘူး....4U2 တဲ့ ညီမလေး BKK ကပြန်လာလို့ ဝယ်လာတာ သူလည်း မြေပဲခွံရောင်ပဲ ဒါပေမယ့် Gel Type..။
Instagram မှာ ထိုင်း Beauty Blogger တစ်ယောက် ညွှန်းထားတာတွေ့လို့ ညီမလေး BKK သွားတုန်း မှာလိုက်တာ B.60 ပေးရတယ်...။ နှုတ်ခမ်းနီအသားကောင်းတယ် မခြောက်ဘူး ဆိုးလိုက်ရင် စိုစိုပြောင်ပြောင်လေး...။ Tarte Cosmetic ကထုတ်တဲ့ Tarte Maracuja Juicy Shimmer က BKK မှာ အရမ်းတွေ ခေတ်စားနေတဲ့ နှုတ်ခမ်းဆိုးဆီလေး...။
ဒါက ရုံးကအစ်ကိုတစ်ယောက် BKK သွားတုန်းက မှာဖြစ်လိုက်တဲ့ Body Lotion လေး သူလည်း ထိုင်းမင်းသမီးတွေ ကြော်ငြာလို့ ရောင်းကောင်းနေတဲ့ SPF 15 ပါတဲ့ Nivea Lotion...။ အနံ့လေးက သစ်သီးနံ့လေးမွှေးပြီး စေးကပ်ကပ်မဖြစ်ဘူး လိမ်းလို့ကောင်းတယ်...။ SPF ပါတဲ့ Lotion အမျိုးအစားတွေကို ညဖက် မလိမ်းသင့်ပါဘူး...။
Miss Dior Moisturizing Body Milk ကတော့ ရေမွှေး lotion လို့ပြောလို့ရတယ် လိမ်းထားလိုက်ရင် ရေမွှေးဆွတ်ထားသလိုပဲ မွှေးကြိုင်နေရော ညရေချိုးပြီးရင် ကျမ ဒါလေးလိမ်းဖြစ်တယ်...။
_________________
Revolution will prevail
မိုးငွေ့
No comments:
Post a Comment