"ခင်ဗျားက ဘယ်ဘာသာအယူဝါဒမှမယူတော့ ကိုယ့်ကိုယ်ကို ကိုးကွယ်တဲ့သူလား..."လို့ ကျွန်မမေးတော့..."You are my idol " "ကိုယ်ကမင်းကို ကိုးကွယ်တယ်လေ..." လို့ သူပြန်ဖြေတယ်....။ သာမန်အားဖြင့် လူတွေက ကိုယ်အထင်ကြီးလေးစားရတဲ့သူ ကိုယ့်အဖေ အမေ စတဲ့သူတွေကိုသာ ကိုယ့်ရဲ့ Idol လို့ပြောလေ့ရှိတာမဟုတ်လား...။ တော်တော်များများကလည်း ကိုးကွယ်တယ်ဆိုတဲ့ စကားလုံးကို ဘာသာရေးဆိုင်ရာမှာပဲအသုံးများကြတယ် အဲမှာပဲသုံးရမယ်လို့ အရိုးစွဲလာကြတာလေ....။
ကျွန်မကဖြင့် သူ့ Idol ဖြစ်ဖို့
ဘာအရည်ချင်းတွေများ ပြည့်မှီနေလို့လဲ...။
“You are my most beautiful someone, that’s enough for the reason " တဲ့ ....။
တွေ့လား အဲလိုတွေသူဖြေတဲ့အခါ
ကျွန်မဖြင့် Roller
Coaster စီးနေရသလိုပဲ
ရင်ထဲ တလှပ်လှပ်နဲ့ ခံစားရတတ်တယ်...။
"မင်းရဲ့ကိုယ့်အချစ်ပေါ် ခံစားဖွင့်ဆိုချက်ကလဲ ဘယ်လိုကြီး.....လဲ ကလေးကစားကွင်းထဲ ရောက်နေသလိုပဲရော....."တဲ့ ....😄 မောင်လို့အခေါ်ခံချင်တဲ့သူက ကျွန်မနဲ့စကားပြောရင်တော့ သူ့ကိုယ်သူ "ကိုယ်"လို့အမြဲပြောတတ်တဲ့သူ…။ ကျွန်မရဲ့ Dear love ချစ်သောက တခါတရံ ချစ်ဖို့အရမ်းကောင်း...။ တခါတရံ သိပ်ရစ်တတ်ပြီးလဲ ချွဲတတ်သေးသူ...။
ဒီနေ့
ကျွန်မ အလုပ်ကိစ္စတစ်ခုနဲ့ ဘဏ်တစ်ခုရောက်နေတုန်း သူ့မက်ဆေ့လေးဖွင့်ဖတ်မိတယ်.....။ " တရေးနိုးသေးလား..." တဲ့ မနက် 4:21
မှာပို့ထားတာ....။ ခုနောက်ပိုင်း သူ့စကားကို တသွေမတိမ်းလိုက်နာဖြစ်နေတာကတော့
ညအိပ်တော့မယ်ဆို ဖုန်းပိတ်အိပ်တယ်... ဒါမှမဟုတ် Silent လုပ်ထားတာ...။
"မနက်က 5
နာရီနိုးတာလေ...ထုံးစံအတိုင်းပေါ့ ဆက်အိပ်လိုက်တော့ 8 နာရီထိုးရော..."
"ခင်ဗျားက အဲချိန်
တရေးနိုးလာတာလား...ဒါမှမဟုတ် မအိပ်ရသေးတာလား...? "
"မင်း နိုးတဲ့အချိန်ထိ
ကိုယ်မအိပ်ရသေးတာ..."
"ထင်တော့ထင်နေတယ်...
ဘာလုပ်နေလို့လဲ အိပ်ရေးဘယ်ဝတော့မလဲ ခင်ဗျားကလဲ.........."
"အင်း...
စာဖတ်တာများသွားတာ..."
"ခုတော့ ရေမိုးချိုးပြီး
တစ်ခုခုစားထားလိုက်နော် လန်းသွားအောင် ကျွန်မ ကတော့ဗိုက်ဆာနေပြီ ခုထိအလုပ်ကမပြီးသေးဘူး...."
"ပြီးရင်
အိမ်ပြန်ထမင်းစားမှာမဟုတ်လား... ပဲနို့ဗူးဆောင်ထားလေ နောက်ဆို ဗိုက်ဆာရင်
ပဲနို့သောက်"
"လက်တာဆွိုင်းလေ" တဲ့....
ချစ်ဖို့ကောင်း
"ပဲနို့မကြိုက်ဘူး...."
"အွန်း... " လို့ သူပြန်ဖြေရင်
ဒီ
😏 Emoji ရုပ်ကိုသာ
မြင်ယောင်ပေတော့......။
Revolution will prevail
မိုးငွေ့
No comments:
Post a Comment