ကျွန်မတို့
နှစ်ယောက်နေ့စဉ်ဖုန်းပြောကြတဲ့ Topic
ထဲမှာ အများဆုံးက ကျွန်လွန်ခဲ့တဲ့နှစ်တွေတုန်းက ပတ်သက်ခဲ့ဖူးတဲ့
အကြောင်းအရာတွေဖြစ်တာများတယ်....။ သူက မှတ်ဉာဏ်မကောင်းတော့ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ကျွန်မကိုဘယ်နေရာမှာ
ဘာတွေဖြစ်ပျက်ခဲ့တာတွေကို စကားစပ်ရင်စပ်မိသလို မေးတော့တာပါပဲ...။ တကယ်က သူ
မမှတ်မိတာမဟုတ် ကျွန်မရဲ့ မှတ်ဉာဏ်ကို စစ်ဆေးနေတာ... ကျွန်မသိတာပေါ့...။
"ဒီတစ်ခေါက်တွေ့တော့ Reception ကောင်တာမှာ မင်းအရမ်းပြာယာခတ်နေတာရော အရင်က
မင်းအဲလိုမဟုတ်ပါဘူး...." ဒီတစ်ခေါက် သူတည်းတဲ့ ဟိုတယ်ကောင်တာမှာ ကျွန်မက Online Banking နဲ့ရှင်းရမှာမို့ သူ့ကိုနောက်မှာထားပြီး
ရှင်းပေးတာကို သူကမကြိုက်ဘူး ကောင်တာက ယောကျ်ားတွေနဲ့ မလိုအပ်ဘဲ
စကားမပြောစေချင်ဘူး....။ ကျွန်မက သတိမထားမိဘဲ ကိုယ်လုပ်စရာရှိတာလုပ်လိုက်တာ သူက ကျွန်မကို
အနောက်ကနေ စောင့်ကြည့်နေတာ....။
"နောက်ဆိုရင် ကိုယ့်ဘေးနားမှာပဲတည်တည်ငြိမ်ငြိမ်နေ ကိုယ့်လက်ကိုကိုင်ထား" တဲ့ သူသဝန်တိုတာလေးက ချစ်စရာလေး ကျွန်မဖြင့် အရည်ကိုပျော်လို့ Roller Coaster စီးရသေးတယ်...။
"ကိုယ်ကမင်းကို
အမြဲစောင့်ကြည့်နေတာလေ အပြုမူတိုင်းကို ဘာတစ်ခုမှ လစ်ဟင်းမသွားဘူး"
"မင်းကိုယ်နဲ့ မျက်လုံးချင်းမဆုံတာနဲ့ တပြိုင်နက်
မင်းအပြုအမူအားလုံးကို စောင့်ကြပ်ပြီးသားဖြစ်သွားရော မျက်လုံးချင်းဆုံရင်တော့
ကိုယ့် ရင်ဘတ်ထဲ လိပ်ပြာတစ်ကောင် အတောင်ပံတဖျတ်ဖျတ် ခတ်သွားသလိုပဲ
မင်းမျက်လုံးကလွဲပြီးကျန်တာတွေ မသိတော့ဘူး ဖြစ်ပြန်ရော..."
ဒီတစ်ကြိမ်မှာလည်း သူ့အပြောအဆိုက ကျွန်မနှလုံးသားကို ဆွဲထုတ်လိုက်နိုင်တာပဲ....။
"ချစ်ဖို့ကောင်း..."
"အဲလို အမူအရာတွေနဲ့မင်းကိုယ့်ကို အထပ်ထပ်ချည်နှောင်နေပြီ သိရဲ့လား..."
"ဟင့်အင်း မသိဘူး..."
"ပြောပြဦး အဲဒီတုန်းက
မင်းကိုယ့်ကို ဘယ်နှစ်ခါ စနမ်းဖူးခဲ့လဲ ကိုယ်တကယ်မမှတ်မိတော့တာ ဆိုးလိုက်တာရော
"
တွေ့လား
စိတ်တိုချင်စရာ သူတကယ်မမှတ်မိတာလား ကျွန်မကို သက်သက်ပြန်ပြောစေချင်လို့လား... တစ်ခုခုပဲ....။ သူက အဲလိုတော့ချစ်စရာကောင်းတယ် သူတကယ်မသိရင်
မသိဘူးလို့ ရိုးရိုးသားသား ဝန်ခံလေ့ရှိတယ်....။ အဲတစ်ညနေကိုတော့ ကျွန်မ
ကောင်းကောင်းမှတ်မိနေတယ်.... ကျွန်မကို သူအိမ်ပြန်လိုက်ပို့တာ ကျွန်မတို့
အိမ်မျက်စောင်းထိုး လမ်းကြားထဲကအထွက် လမ်းထိပ်ရောက်ပြီး ကျွန်မတို့တိုက်ဖက်
လမ်းမကူးခင် သူကိုင်ထားတဲ့လက် မဖြုတ်ခင် သူ့ကိုမော့ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းကို
ကျွန်မလှမ်းနမ်းလိုက်တာ စက္ကန့်ပိုင်းလေးပါပဲ...သူကလည်း သူ့ကိုမော့ကြည့်လိုက်တဲ့
ကျွန်မမျက်လုံးတွေကို ဖတ်တတ်လို့သာ ကျွန်မကိုချက်ချင်း ပြန်နမ်းလိုက်တာပေါ့....။
အဲဒါကိုပဲ သူ့မှာ အရသာခံပြီး ပြန်ပြန်မေးတတ်သေးတာ
အဟောင်းတွေအကြောင်းပြောတိုင်း....။
Roller Coaster စီးခြင်း = ရင်ခုန်စိတ်လှုပ်ရှားခြင်း
Revolution will prevail
မိုးငွေ့
No comments:
Post a Comment